< မိက္ခာ 1 >
1 ၁ ယုဒရှင်ဘုရင်ယောသံမင်း၊ အာခတ်မင်း၊ ဟေဇ ကိမင်းတို့လက်ထက်၌ မောရရှရွာသားမိက္ခာသည် ရှမာရိ မြို့နှင့် ယေရုရှလင်မြို့အဘို့ ခံရသော ထာဝရဘုရား၏ ဗျာဒိတ်တော်ဟူမူကား၊
Слово Господнє, що було до морешетського Михе́я за днів Йотама, Ахаза та Єзекії, Юдиних царів, яке він бачив на Самарію та Єрусалим.
2 ၂ အိုလူများအပေါင်းတို့၊ ကြားကြလော့။ အို ပြည် နှင့် ပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ အရှင် ထာဝရဘုရားတည်းဟူသော သန့်ရှင်းသော ဗိမာန်တော် ထဲက ဘုရားရှင်သည် သင်တို့ တဘက်၌ သက်သေ ခံတော်မူမည်။
„Почуйте оце, всі наро́ди, послухай, ти земле та все, що на ній! і хай буде за свідка на вас Господь Бог, Господь з храму святого Свого́!
3 ၃ ထာဝရဘုရားသည် ကျိန်းဝပ်တော်မူရာ အရပ် ဌာနတော်ထဲက ထွက်ကြွဆင်းသက်၍၊ မြင့်သော မြေ အရပ်တို့ကို နင်းတော်မူမည်။
Бо Госпо́дь ось виходить із місця Свого́, і Він сходить і ступає по висо́тах землі.
4 ၄ မီးရှေ့မှာ ဘယောင်းကဲ့သို့၎င်း၊ ချောက်ကြီးမှ ဆင်းသော ရေကဲ့သို့၎င်း ရှေ့တော်၌ တောင်တို့သည် အရည်ဖြစ်၍၊ ချိုင့်တို့သည်လည်း အက်ကွဲကြလိမ့်မည်။
І то́пляться гори під Ним, і та́нуть доли́ни, мов віск від огню́, мов ті во́ди, що ллються з узбі́ччя.
5 ၅ ထိုအမှုသည် ယာကုပ်လွန်ကျူး၍ ဣသရေလ အမျိုး ပြစ်မှားသောကြောင့် ရောက်သတည်း။ ယာကုပ် လွန်ကျူးရာကား အဘယ်သို့နည်း။ ရှမာရိမြို့မဟုတ် လော။ ယုဒ၏မြင့်ရာအရပ်ကား အဘယ်မှာရှိသနည်း။ ယေရုရှလင်မြို့၌ရှိသည်မဟုတ်လော။
Усе це за прови́нення Якова, за гріхи́ дому Ізраїля. Хто провинення Якова, — чи ж не Самарія? А хто гріх дому Юдиного, — чи ж не Єрусали́м?
6 ၆ ထိုကြောင့်၊ ရှမာရိမြို့ကို လယ်ပြင်၌ မြေပုံကဲ့သို့၎င်း၊ စပျစ်ဥယျာဉ် စိုက်ရာအရပ်ကဲ့သို့၎င်း ငါဖြစ်စေ မည်။ မြို့ရိုးကျောက်တို့ကို ချိုင့်ထဲသို့ သွန်ပစ်၍၊ မြို့ရိုး အမြစ်ကို လှန်ပြမည်။
І зроблю́ Самарі́ю руїною в полі, за місце сади́ти виноград, і повикида́ю в долину камі́ння її, і відкрию осно́ви її.
7 ၇ ခပ်သိမ်းသော ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့မည်။ သူငှါးလုပ်၍ ရသမျှသောအခတို့ကို မီးရှို့မည်။ မှားသော ဘုရားရှိသမျှတို့ကို သုတ်သင်ပယ်ရှင်းမည်။ ပြည်တန်ဆာ လုပ်၍ ဥစ္စာကို ဆည်းဖူးသည်ဖြစ်၍၊ ထိုဥစ္စာသည် ပြည် တန်ဆာလက်သို့ တဖန်ရောက်ရဦးမည်။
І пото́вчені будуть усі її і́доли, всі ж дару́нки її за розпусту попа́лені бу́дуть в огні, і всіх бовва́нів її Я віддам на спусто́шення. Бо зібрала вона від дару́нків за блуд, і на подару́нки за блуд це пове́рнеться.
8 ၈ ထိုအမှုကြောင့် ငါသည် ငိုကြွေးမြည်တမ်းမည်။ အဝတ်ကိုချွတ်၍ အချည်းစည်း လည်သွားမည်။ မြေခွေး ကဲ့သို့ အူလျက်၊ ကုလားအုပ်ငှက်ကဲ့သို့ မြည်လျက်နေမည်။
Над оцим голоси́тиму я та рида́тиму, ходитиму бо́сий й наги́й, заво́дити буду, немов ті шака́ли, і буду тужи́ти, як стру́сі!
9 ၉ သူခံရသော ဒဏ်နာမပျောက်နိုင်။ ယုဒပြည် အောင် ကူးသဖြင့်၊ ငါ၏အမျိုးသားနေရာ ယေရုရှလင်မြို့ တံခါးသို့ ရောက်လေပြီ။
Бо рани її невиго́йні, бо це аж до Юди прийшло, воно досягло́ аж до брами наро́ду Мого, аж до Єрусалиму.
10 ၁၀ ဂါသမြို့၌ သိတင်းမပြောကြနှင့်။ အလျှင်းမငို ကြွေးကြနှင့်။ ဗေသောဖရာမြို့မှာ မြေမှုန့်၌ လူးလဲလျက် နေကြလော့။
Цього не оголо́шуйте в Ґаті, і плакати — не плачте, качайтесь по по́росі в Бет-Леафрі.
11 ၁၁ အိုရှဖိရမြို့သမီး၊ အဝတ်ကို ချွတ်၍ အရှက်ကွဲ လျက် သွားလော့။ ဇာနန်မြို့သမီးသည် ငိုကြွေးခြင်းကို ပြုလျက်မထွက်ရ။ ဗေသဇေလမြို့သည် သင်တို့တည်းခို ရသော အခွင့်ကို မပေးရ။
Переходь собі ти, о мешка́нко Шафіру, нага́, осоро́млена, — вже бо не вийде мешка́нка Цаанану, голосі́ння Бет-Гаецелу не дасть вам спини́тися в ньому.
12 ၁၂ မာရုတ်မြို့သမီးသည်လည်း ကောင်းသောအရာ ကို တောင့်တ၍ နာကျင်လျက်ရှိ၏။ အကြောင်းမူကား၊ ထာဝရဘုရားထံတော်မှ ဘေးဒဏ်သည် ယေရုရှလင်မြို့ တံခါးသို့ ရောက်လေပြီ။
Бо мешка́нка Мароту чекала добра, та до єрусалимської брами зійшло оце лихо від Господа.
13 ၁၃ အိုလာခိရှမြို့သမီး၊ လျင်မြန်သော မြင်းကို ရထား၌ကလော့။ သင်သည် ဣသရေလ၏ လွန်ကျူးခြင်း ကို လက်ခံ၍၊ ဇိအုန်သတို့သမီးအား အပြစ်လမ်းကို ပြသ တည်း။
Запряжи баскі ко́ні до воза, мешка́нко Лахішу! Ти поча́ток гріха́ для сіонської до́ньки, бо знайшли́сь серед тебе провини Ізраїлеві,
14 ၁၄ ထိုကြောင့် သင်သည် ဂါသပြည် မောရရှက်မြို့ သို့ လက်ဆောင်ကို ပေးလိုက်ရမည်။ အာခဇိပ်မြို့သားတို့ သည် ဣသရေလရှင်ဘုရင်တို့ကို လှည့်စားကြလိမ့်မည်။
тому́ то даси розводо́ві листи на Морешет-Ґат. Доми Ахзіва — ома́на для Ізраїлевих царів.
15 ၁၅ အိုမရေရှမြို့သမီး၊ သင်၏ဥစ္စာကို အမွေခံသော သူကို ငါခေါ်ခဲ့မည်။ သူသည် ဣသရေလဘုန်း၊ အဒုလံ မြို့သို့ ရောက်လိမ့်မည်။
Спрова́джу тобі те спадкоє́мця Я, о мешка́нко Мареші, — Аж по Адуллам прийде слава Ізраїля.
16 ၁၆ ချစ်ဘွယ်သော သင်၏သားသမီးတို့သည် သိမ်း သွားခြင်းကို ခံရသောကြောင့်၊ သူတို့အတွက် သင်သည် ခေါင်းပြောင်အောင် ဆံပင်ကို ရိတ်၍နေလော့။ ရွှေ လင်းတကဲ့သို့ ကျယ်စွာသော ခေါင်းပြောင်ခြင်းကို ပြုလော့။
Зроби собі лисину та острижися за синів своїх лю́бих, пошир свою лисину, мов ув орла́, бо пішли на вигна́ння від тебе вони!