< မိက္ခာ 5 >
1 ၁ ယခုမူကား၊ အိုဗိုလ်ခြေသတို့သမီ၊ စည်းဝေး၍ ခင်းကျင်းလော့။ ငါတို့ကို ဝိုင်းထားကြပြီ။ ဣသရေလ မင်း၏ပါးကို ကြိမ်လုံးနှင့် ရိုက်ကြပြီတကား။
Saberi se sada u èete, èetnice, opsjedi nas, neka biju prutom po obrazu sudiju Izrailjeva.
2 ၂ အိုဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့ တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေ လအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဘို့ သင်၏ အထဲမှာ ပေါ်ထွန်းလတံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာ မှစ၍ ပေါ်ထွန်းသော သခင်ဖြစ်၏။
A ti, Vitlejeme Efrato, ako i jesi najmanji meðu tisuæama Judinijem, iz tebe æe mi izaæi koji æe biti gospodar u Izrailju, kojemu su izlasci od poèetka, od vjeènijeh vremena.
3 ၃ သို့ဖြစ်၍၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမသည် မဘွားမှီတိုင်အောင်၎င်း၊ ဣသရေလအမျိုး သားတို့နှင့်တကွ ကျန်ကြွင်းသော ညီအစ်ကိုတို့သည် မပြောင်းလဲမှီတိုင်အောင်၎င်း၊ သူတို့ကို စွန့်ပစ်တော်မူ လိမ့်မည်။
Zato æe ih ostaviti dokle ne rodi ona koja æe roditi; tada æe se ostatak braæe njegove vratiti sa sinovima Izrailjevijem.
4 ၄ ထိုသခင်သည် ရပ်၍ ထာဝရဘုရား၏အစွမ်း သတ္တိနှင့်၎င်း၊ မိမိဘုရားသခင် ထာဝရဘုရား၏နာမ တော်တန်ခိုးအာနုဘော်နှင့်၎င်း၊ မိမိသိုးစုကို ကျွေးမွေး လိမ့်မည်။ သူတို့သည်လည်း တည်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုသခင်သည် မြေကြီးစွန်းတိုင်အောင် အစိုးရ၍၊ ရန်ငြိမ်းခြင်းအကြောင်းဖြစ်တော်မူလိမ့်မည်။
I stajaæe i pašæe ih silom Gospodnjom, velièanstvom imena Gospoda Boga svojega; i oni æe nastavati, jer æe on tada biti velik do krajeva zemaljskih.
5 ၅ အာရှုရိလူသည် ငါတို့ပြည်သို့လာ၍၊ ငါတို့ ဘုံ ဗိမာန်များကို နင်းသောအခါ၊ သိုးထိန်းခုနစ်ပါးနှင့် လူကြီး ရှစ်ပါးတို့သည် ငါတို့တွင် ပေါ်ထွန်း၍၊
I on æe biti mir; kad doðe Asirac u našu zemlju, i kad stupi u dvore naše, tada æemo podignuti na nj sedam pastira i osam knezova iz naroda.
6 ၆ ထားလက်နက်ဖြင့် အာရှုရိပြည်ကို၎င်း၊ မြို့ တံခါးဝအတွင်း၌ နိမ်ရောဓနိုင်ငံကို၎င်း သုတ်သင်ပယ် ရှင်းသောအားဖြင့်၊ ငါတို့ပြည်သို့ လာ၍၊ ငါတို့နယ်အတွင်း တွင် နင်းသော အာရှုရိလူ၏လက်မှ ငါတို့ကို ကယ်လွှတ် လိမ့်မည်။
I oni æe opasti zemlju Asirsku maèem i zemlju Nevrodovu na vratima njegovijem; i on æe nas izbaviti od Asirca kad doðe u našu zemlju i kad stupi na meðu našu.
7 ၇ ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တပါးအမျိုးသား အများတို့တွင် နေ၍၊ ထာဝရဘုရား ပေးတော်မူသောနှင်းကဲ့သို့၎င်း၊ လူကို မငံ့လင့်၊ လူသားတို့ ၏ အလိုသို့မလိုက်သော မိုဃ်းရေကဲ့သို့၎င်း ဖြစ်ကြလိမ့် မည်။
I ostatak æe Jakovljev biti usred mnogih naroda kao rosa od Gospoda i kao sitan dažd po travi, koja ne èeka èovjeka niti se uzda u sinove èovjeèije.
8 ၈ ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တပါးအမျိုးသားအများတို့တွင် နေ၍၊ တောသားရဲတို့တွင် ခြင်္သေ့ကဲ့သို့၎င်း၊ သိုးစုတို့တွင် ခြင်္သေ့ပျိုကဲ့သို့၎င်း ဖြစ်ကြ လိမ့်မည်။ ခြင်္သေ့ဝင်သောအခါ အဘယ်သူမျှ မကယ်နှုတ် နိုင်အောင် နင်း၍ ကိုက်စားတတ်၏။
I ostatak æe Jakovljev biti meðu narodima, usred mnogih naroda, kao lav meðu zvijerima šumskim, kao laviæ meðu stadima ovaca, koji kad ide tlaèi i rastrže i nema nikoga da izbavi.
9 ၉ သင်၏ရန်ဘက်၌ နေသောသူတို့ကို သင်တိုက် ၍၊ ရန်သူအပေါင်းတို့သည် ဆုံးရှုံးကြလိမ့်မည်။
Ruka æe ti se uzvisiti nad protivnicima tvojim, i svi æe se neprijatelji tvoji istrijebiti.
10 ၁၀ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်၏မြင်းတို့ကို သင့်အလယ်က ငါပယ်ရှင်း၍၊ သင်၏ ရထားတို့ကိုလည်း ဖျက်ဆီးမည်။
I u ono æu vrijeme, govori Gospod, istrijebiti konje isred tebe i potræu kola tvoja.
11 ၁၁ သင်၏ပြည်၌ မြို့ရိုးတို့ကို ငါပယ်ရှင်း၍၊ သင်၏ ရဲတိုက်ရှိသမျှတို့ကို ဖြိုဖျက်မည်။
I zatræu gradove u tvojoj zemlji, i razvaliæu sva tvrda mjesta tvoja;
12 ၁၂ သင်၏နယ်၌ စုန်းလုပ်သောသူတို့ကို ငါပယ်ရှင်း ၍၊ သင်၌ ဗေဒင်ဟောသောသူမရှိရ။
I istrijebiæu vraèanje iz ruku tvojih, i neæeš imati gatara;
13 ၁၃ ထုလုပ်သော ရုပ်တုဆင်းတုတို့ကို သင့်အလယ် က ငါပယ်ရှင်း၍ ၊ ကိုယ်လက်နှင့်လုပ်သော အရာကို နောက်တဖန်သင်မကိုးကွယ်ရ။
I istrijebiæu likove tvoje rezane i stupove tvoje isred tebe, i neæeš se više klanjati djelu ruku svojih;
14 ၁၄ အာရှရပင်တို့ကိုလည်း သင့်အလယ်၌ ငါနှုတ်၍၊ သင်၏မြို့တို့ကိုလည်း ငါဖျက်ဆီးမည်။
I iskorijeniæu gajeve tvoje isred tebe, i raskopaæu gradove tvoje,
15 ၁၅ ငါ့စကားကို နားမထောင်သော တပါးအမျိုး သားတို့ကို ပြင်းစွာ အမျက်ထွက်၍ အပြစ်ဒဏ်ကို ငါစီရင် မည်။
I izvršiæu osvetu s gnjevom i ljutinom na narodima koji ne slušaše.