< မိက္ခာ 5 >

1 ယခုမူကား၊ အိုဗိုလ်ခြေသတို့သမီ၊ စည်းဝေး၍ ခင်းကျင်းလော့။ ငါတို့ကို ဝိုင်းထားကြပြီ။ ဣသရေလ မင်း၏ပါးကို ကြိမ်လုံးနှင့် ရိုက်ကြပြီတကား။
Agora ajunta-te em tropas, ó filha de tropas; fazem cerco ao nosso redor; ferirão ao juiz de Israel com vara no rosto.
2 အိုဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့ တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေ လအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဘို့ သင်၏ အထဲမှာ ပေါ်ထွန်းလတံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာ မှစ၍ ပေါ်ထွန်းသော သခင်ဖြစ်၏။
Porém tu, Belém Efrata, [ainda que] sejas pequena entre as famílias de Judá, de ti me sairá o que será governador em Israel; e suas saídas são desde o princípio, desde os dias antigos.
3 သို့ဖြစ်၍၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမသည် မဘွားမှီတိုင်အောင်၎င်း၊ ဣသရေလအမျိုး သားတို့နှင့်တကွ ကျန်ကြွင်းသော ညီအစ်ကိုတို့သည် မပြောင်းလဲမှီတိုင်အောင်၎င်း၊ သူတို့ကို စွန့်ပစ်တော်မူ လိမ့်မည်။
Por isso ele os entregará até o tempo em que a que estiver de parto der à luz; então o resto de seus irmãos voltarão a estar com os filhos de Israel.
4 ထိုသခင်သည် ရပ်၍ ထာဝရဘုရား၏အစွမ်း သတ္တိနှင့်၎င်း၊ မိမိဘုရားသခင် ထာဝရဘုရား၏နာမ တော်တန်ခိုးအာနုဘော်နှင့်၎င်း၊ မိမိသိုးစုကို ကျွေးမွေး လိမ့်မည်။ သူတို့သည်လည်း တည်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုသခင်သည် မြေကြီးစွန်းတိုင်အောင် အစိုးရ၍၊ ရန်ငြိမ်းခြင်းအကြောင်းဖြစ်တော်မူလိမ့်မည်။
E eles se levantará, e governará com a força do SENHOR, com a grandeza do nome do SENHOR seu Deus; e eles habitarão [seguros], porque agora ele será engrandecido até os confins da terra.
5 အာရှုရိလူသည် ငါတို့ပြည်သို့လာ၍၊ ငါတို့ ဘုံ ဗိမာန်များကို နင်းသောအခါ၊ သိုးထိန်းခုနစ်ပါးနှင့် လူကြီး ရှစ်ပါးတို့သည် ငါတို့တွင် ပေါ်ထွန်း၍၊
E este será nossa paz; quando a Assíria vier a nossa terra, e quando pisar nossos palácios, então levantaremos contra ela sete pastores, e oito príncipes dentre os homens;
6 ထားလက်နက်ဖြင့် အာရှုရိပြည်ကို၎င်း၊ မြို့ တံခါးဝအတွင်း၌ နိမ်ရောဓနိုင်ငံကို၎င်း သုတ်သင်ပယ် ရှင်းသောအားဖြင့်၊ ငါတို့ပြည်သို့ လာ၍၊ ငါတို့နယ်အတွင်း တွင် နင်းသော အာရှုရိလူ၏လက်မှ ငါတို့ကို ကယ်လွှတ် လိမ့်မည်။
E dominarão a terra da Assíria pela espada, e a terra de Ninrode em suas entradas; assim ele [nos] livrará do assírios, quando vierem contra nossa terra e invadirem nossas fronteiras.
7 ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တပါးအမျိုးသား အများတို့တွင် နေ၍၊ ထာဝရဘုရား ပေးတော်မူသောနှင်းကဲ့သို့၎င်း၊ လူကို မငံ့လင့်၊ လူသားတို့ ၏ အလိုသို့မလိုက်သော မိုဃ်းရေကဲ့သို့၎င်း ဖြစ်ကြလိမ့် မည်။
E o restante de Jacó estará no meio de muitos povos, como o orvalho do SENHOR, como gotas sobre a erva, que não esperam ao homem, nem aguardam os filhos de homens.
8 ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တပါးအမျိုးသားအများတို့တွင် နေ၍၊ တောသားရဲတို့တွင် ခြင်္သေ့ကဲ့သို့၎င်း၊ သိုးစုတို့တွင် ခြင်္သေ့ပျိုကဲ့သို့၎င်း ဖြစ်ကြ လိမ့်မည်။ ခြင်္သေ့ဝင်သောအခါ အဘယ်သူမျှ မကယ်နှုတ် နိုင်အောင် နင်း၍ ကိုက်စားတတ်၏။
E o restante de Jacó estará entre as nações, no meio de muitos povos, como o leão entre os animais do bosque, como o leão jovem entre os rebanhos de ovelhas, o qual quando passa, atropela e despedaça, de modo que ninguém há que possa livrar.
9 သင်၏ရန်ဘက်၌ နေသောသူတို့ကို သင်တိုက် ၍၊ ရန်သူအပေါင်းတို့သည် ဆုံးရှုံးကြလိမ့်မည်။
Tua mão se erguerá sobre teus adversários, e todos os teus inimigos serão exterminados.
10 ၁၀ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်၏မြင်းတို့ကို သင့်အလယ်က ငါပယ်ရှင်း၍၊ သင်၏ ရထားတို့ကိုလည်း ဖျက်ဆီးမည်။
E será naquele dia, diz o SENHOR, que destruirei teus cavalos do meio de ti, e acabarei com tuas carruagens.
11 ၁၁ သင်၏ပြည်၌ မြို့ရိုးတို့ကို ငါပယ်ရှင်း၍၊ သင်၏ ရဲတိုက်ရှိသမျှတို့ကို ဖြိုဖျက်မည်။
Também destruirei as cidades da tua terra, e derrubarei todas as tuas fortalezas.
12 ၁၂ သင်၏နယ်၌ စုန်းလုပ်သောသူတို့ကို ငါပယ်ရှင်း ၍၊ သင်၌ ဗေဒင်ဟောသောသူမရှိရ။
Também destruirei as feitiçarias de tua mão, e não terás mais adivinhadores.
13 ၁၃ ထုလုပ်သော ရုပ်တုဆင်းတုတို့ကို သင့်အလယ် က ငါပယ်ရှင်း၍ ၊ ကိုယ်လက်နှင့်လုပ်သော အရာကို နောက်တဖန်သင်မကိုးကွယ်ရ။
Também destruirei as tuas imagens de escultura e tuas colunas de idolatria do meio de ti, e nunca mais te encurvarás diante da obra de tuas mãos;
14 ၁၄ အာရှရပင်တို့ကိုလည်း သင့်အလယ်၌ ငါနှုတ်၍၊ သင်၏မြို့တို့ကိုလည်း ငါဖျက်ဆီးမည်။
Também arrancarei teus bosques do meio de ti, e arruinarei tuas cidades.
15 ၁၅ ငါ့စကားကို နားမထောင်သော တပါးအမျိုး သားတို့ကို ပြင်းစွာ အမျက်ထွက်၍ အပြစ်ဒဏ်ကို ငါစီရင် မည်။
E com ira e com furor farei vingança das nações que não [me] deram ouvidos.

< မိက္ခာ 5 >