< မိက္ခာ 3 >
1 ၁ ငါဆိုသည်ကား၊ အိုယာကုပ်အမျိုးမင်း၊ ဣသ ရေလအမျိုးသူကြီးတို့၊ နားထောင်ကြပါလော့။ သင်တို့ သည် တရားသဖြင့် စီရင်ခြင်းအမှုကို နားလည်အပ်သည် မဟုတ်လော။
And I say, “Now hear, O heads of Jacob, And you judges of the house of Israel, Is it not for you to know the judgment?
2 ၂ သုစရိုက်ကို မုန်း၍ ဒုစရိုက်ကို နှစ်သက်လျက်၊ သူတပါးအရေကို၎င်း၊ အရိုး၌ကပ်သော အသားကို၎င်း ဆွဲယူလျက်၊
You who are hating good, and loving evil, Taking violently their skin from off them, And their flesh from off their bones,
3 ၃ ငါ့လူတို့၏အသားကို စားလျက်၊ အရေကို ခွာ လျက်၊ အရိုးတို့ကို ချိုးလျက်၊ ဟင်းအိုး၌ ချက်သော သားတစ်၊ အိုးကင်း၌ပြုတ်သော အမဲသားကို ပြုသကဲ့သို့ အရိုးအသားကို စဉ်းလျက်နှင့်ပင်၊
And who have eaten the flesh of My people, And their skin from off them have stripped, And their bones they have broken, And they have spread [them] out as in a pot, And as flesh in the midst of a cauldron.”
4 ၄ သင်တို့သည် ထာဝရဘုရားကို အော်ဟစ်ကြ သော်လည်း နားထောင်တော်မမူ။ ဒုစရိုက်ကို ပြုကြသည် နှင့်အညီ၊ ထိုကာလ၌ မျက်နှာတော်ကို လွှဲတော်မူလိမ့် မည်။
Then they cry to YHWH, And He does not answer them, And hides His face from them at that time, As they have made evil their doings.
5 ၅ ငါ၏လူတို့ကို မှားယွင်းစေလျက် ဝစွာ စားရ သောအခါ၊ ငြိမ်ဝပ်ခြင်းအကြောင်းရှိသည်ဟု ကြွေးကြော် လျက်၊ မလုပ်ကျွေးသောသူကိုကား၊ စစ်တိုက်ခြင်းငှါ ပြင် ဆင်လျက်၊ ပရောဖက်ပြုသောသူတို့၊
Thus said YHWH concerning the prophets Who are causing My people to err, Who are biting with their teeth, And have cried “Peace,” And he who does not give to their mouth, They have sanctified against him war:
6 ၆ သင်တို့သည် ရူပါရုံကို မမြင်နိုင်မည်အကြောင်း၊ ညဉ့်အချိန်ရောက်လိမ့်မည်။ အနာဂတ်ကို မဟောနိုင် မည်အကြောင်း၊ မှောင်မိုက်ဖြစ်လိမ့်မည်။ ပရောဖက်တို့၌ နေဝင်လိမ့်မည်။ နေ့အချိန်၌ပင် မှောင်မိုက်ဖုံးလွှမ်းလိမ့် မည်။
“Therefore you have a night without vision, And you have darkness without divination, And the sun has gone in on the prophets, And the day has been black over them.
7 ၇ ထိုအခါ ပရောဖက်တို့သည် ရှက်ကြောက်ကြ လိမ့်မည်။ အနာဂတ်ကို ဟောသောသူတို့သည် စိတ်ပျက် ကြလိမ့်မည်။ ဘုရားသခင်ထူးတော်မမူသောကြောင့်၊ ထိုသူအပေါင်းတို့သည် မိမိတို့နှုတ်ကို ဖုံးထားကြလိမ့်မည် ဟု ထာဝရဘုရားမိန့်တော်မူ၏။
And the seers have been ashamed, And the diviners have been confounded, And all of them have covered their lip, For there is no answer, O God.”
8 ၈ ငါမူကား၊ ယာကုပ်အမျိုး လွန်ကျူးခြင်း၊ ဣသ ရေလအမျိုးပြစ်မှားခြင်းကို သူတို့အား ဘော်ပြနိုင်မည် အကြောင်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်အားဖြင့် အရှိန်တန်ခိုး၊ ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။
And yet I have been full of power by the Spirit of YHWH, And of judgment, and of might, To declare to Jacob his transgression, And to Israel his sin.
9 ၉ ဖြောင့်မတ်စွာ စီရင်ခြင်းကို ရွံရှာ၍ ခပ်သိမ်း သောတရားကို ဖျက်လျက်၊
Now hear this, O heads of the house of Jacob, And you judges of the house of Israel, Who are making judgment abominable, And pervert all uprightness.
10 ၁၀ လူအသက်ကို သတ်ခြင်းအမှုဖြင့် ဇိအုန်မြို့ကို ၎င်း၊ အဓမ္မအမှုဖြင့် ယေရုရှလင်မြို့ကို၎င်း ပြုစုသော ယာကုပ်အမျိုးမင်း၊ ဣသရေလအမျိုးသူကြီးတို့၊ နား ထောင်ကြပါလော့။
Building up Zion with blood, And Jerusalem with iniquity.
11 ၁၁ မင်းတို့သည် လက်ဆောင်ကို ရခြင်းငှါသာ တရားမှုကို စီရင်တတ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် အခကိုရခြင်းငှါသာ သင်ပေးတတ်ကြ၏။ ပရောဖက်တို့ သည် ငွေကို ရခြင်းငှါသာ အနာဂတ်ကို ဟောတတ်ကြ၏။ သို့သော်လည်း၊ ထာဝရဘုရားကို ခိုလှုံလျက်၊ ထာဝရ ဘုရားသည် ငါတို့တွင် ရှိတော်မူသည်မဟုတ်လော၊ ဘေး ဥပဒ်မရောက်နိုင်ဟု ဆိုတတ်ကြသည်တကား။
Her heads judge for a bribe, And her priests teach for hire, And her prophets divine for silver, And on YHWH they lean, saying, “Is not YHWH in our midst? Evil does not come in on us.”
12 ၁၂ ထိုကြောင့်၊ သင်တို့အတွက် ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့ သည်လည်း မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင် သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ်လိမ့်မည်။
Therefore, for your sake, Zion is plowed a field, and Jerusalem is heaps, And the mountain of the house [is] for high places of a forest!