< မိက္ခာ 2 >

1 ဒုစရိုက်ကို ပြုခြင်းငှါ အိပ်ရာပေါ်မှာ မကောင်း သော အကြံကိုကြံ၍၊ မိုဃ်းလင်းသောအခါ အခွင့်ရသည် အတိုင်း ပြုတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။
Tsoka kwa amene amakonzekera chiwembu, kwa amene amakonzekera kuchita zoyipa usiku pa mabedi awo! Kukacha mmawa amakachitadi chifukwa ali ndi mphamvu zochitira zimenezo.
2 သူတပါး၏အိမ်နှင့် လယ်ယာတို့ကို တပ်မက်၍ အနိုင်အထက်သိမ်းယူလျက်၊ လူနှင့်သူ၏အိမ်ကို၎င်း၊ လူကြီးနှင့်သူ၏အမွေဥစ္စာကို၎င်း လုယက်၍ ညှဉ်းဆဲ တတ်ကြ၏။
Amasirira minda ndi kuyilanda, amasirira nyumba ndi kuzilanda. Amatenga nyumba ya munthu mwachinyengo, munthu mnzawo kumulanda cholowa chake.
3 သို့ဖြစ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့လည်ပင်းမလွတ်၊ ခေါင်းမကြွနိုင်သော ဘေးဒဏ် ကို ထိုသို့သော အိမ်ထောင်တဘက်၌ ငါကြံစည်၏။ ဆိုးသောကာလဖြစ်လိမ့်မည်။
Nʼchifukwa chake Yehova akuti, “Ine ndikukonzekera kubweretsa tsoka pa anthu awa, tsoka limene simudzatha kudzipulumutsa nokha. Inu simudzayendanso monyada, pakuti idzakhala nthawi ya masautso.
4 ထိုကာလတွင် သင်တို့ တဘက်၌ ပုံစကားကို သုံး၍၊ အလွန်ပြင်းစွာ မြည်တမ်းရသော စကားဟူမူကား၊ ငါတို့သည် ရှင်းရှင်းပျက်စီးကြပြီ။ ငါ့အမျိုးသား ခံစားရ သော အဘို့ကိုလဲ၍ ငါ့လက်မှ ရုပ်တော်မူပြီတကား။ ငါတို့ လယ်ကွက်များကို ရုပ်သိမ်း၍၊ သူတပါးတို့အား ဝေဖန် တော်မူပြီ။
Tsiku limenelo anthu adzakuchitani chipongwe; adzakunyogodolani ndi nyimbo iyi yamaliro: ‘Tawonongeka kotheratu; dziko la anthu anga lagawidwa. Iye wandilanda! Wapereka minda yathu kwa anthu otiwukira.’”
5 ထိုကြောင့်၊ ထာဝရဘုရား၏ပရိသတ်တော်တွင်၊ သင်တို့ ခံစားရသောအဘို့ကို ကြိုးတန်းနှင့် တိုင်းထွာသောသူ မရှိရ။
Nʼchifukwa chake simudzakhala ndi munthu mu msonkhano wa Yehova kuti agawe dziko pochita maere.
6 ပရောဖက်ပြုသော သူတို့၊ ပရောဖက်မပြုကြ နှင့်။ သူတို့သည် ရှက်ကြောက်မည်အကြောင်း ပရောဖက် မပြုရကြ။
Aneneri awo amanena kuti, “Usanenere! Usanenere ndi pangʼono pomwe zimenezi; ife sitidzachititsidwa manyazi.”
7 ထာဝရဘုရား၏ဝိညာဉ်တော်သည် ဆီးတား ခြင်းကို ခံရသလော။ ဤအမှုတို့ကို ပြုတော်မူသလောဟု ဣသရေလအမျိုးသားမေးလျှင်၊ ဖြောင့်မတ်စွာ ကျင့်သော သူသည် ငါ့စကားအားဖြင့် အကျိုးကို ရသည်မဟုတ် လော။
Inu nyumba ya Yakobo, monga zimenezi ndi zoyenera kuzinena: “Kodi Mzimu wa Yehova wakwiya? Kodi Iye amachita zinthu zotere?” “Kodi mawu ake sabweretsa zabwino kwa amene amayenda molungama?
8 ရှေးကာလ၌ပင် ငါ၏လူတို့သည် ရန်ဘက်ပြု၍ ထကြ၏။ စစ်တိုက်ရာမှ ပြန်၍ ဘေးကိုမကြောက်ဘဲ၊ ရှောက်သွားသောသူတို့၏ ပြင်အဝတ်နှင့် အတွင်းအဝတ် ကို လုယူတတ်ကြ၏။
Posachedwapa anthu anga andiwukira ngati mdani. Mumawavula mkanjo wamtengowapatali anthu amene amadutsa mosaopa kanthu, monga anthu amene akubwera ku nkhondo.
9 ငါ့လူတို့၏မယားများကို သူတို့သာယာသော နေရာထဲက နှင်ထုတ်၍၊ သူတို့သားများမှ ငါ၏ဘုန်းကို အစဉ်နှုတ်ယူ ကြပြီ။
Mumatulutsa akazi a anthu anga mʼnyumba zawo zabwino. Mumalanda ana awo madalitso anga kosatha.
10 ၁၀ ထ၍ သွားကြလော့။ ဤပြည်သည် သင်တို့ငြိမ် ဝပ်ရာအရပ်မဟုတ်။ ဤအရပ်သည် ညစ်ညူးသော ကြောင့်ကြီးစွာသော ပျက်စီးခြင်းနှင့် ပျက်စီးရလိမ့်မည်။
Nyamukani, chokani! Pakuti ano si malo anu opumulirapo, chifukwa ayipitsidwa, awonongedwa, sangatheke kuwakonzanso.
11 ၁၁ ကိုယ်အလိုသို့ လိုက်၍ မုသားစကားကို သုံး သော သူက၊ ငါသည် ပရောဖက်ပြု၍ စပျစ်ရည်တရား နှင့် သေရည်သေရက်တရားကို ဟောပြောမည်ဟုဆိုလျှင်၊ ထိုသူသည် ဤလူတို့၏ပရောဖက်ဖြစ်ရလိမ့်မည်။
Ngati munthu wabodza ndi wachinyengo abwera nʼkunena kuti, ‘Ine ndidzanenera ndipo mudzakhala ndi vinyo ndi mowa wambiri, woteroyo adzakhala mneneri amene anthu awa angamukonde!’
12 ၁၂ အိုယာကုပ်၊ ငါသည် သင်၏အမျိုးသားအပေါင်း တို့ကို၎င်း၊ ကျန်ကြွင်းသော ဣသရေလအမျိုးသား အပေါင်းတို့ကို၎င်း ဆက်ဆက်စုဝေးစေမည်။ သိုးခြံ၌ သိုး များကဲ့သို့၎င်း၊ ကျက်စားရာအရပ်ထဲမှာ သိုးစုကဲ့သို့၎င်း သူတို့ကို ငါစု၍ ထားမည်။ လူများသောကြောင့် အသံကြီး လိမ့်မည်။
“Inu banja la Yakobo, ndidzakusonkhanitsani nonse; ndidzawasonkhanitsa pamodzi otsala a ku Israeli. Ndidzawabweretsa pamodzi ngati nkhosa mʼkhola, ngati ziweto pa msipu wake; malowo adzadzaza ndi chinamtindi cha anthu.
13 ၁၃ အနိုင်အထက်ဖွင့်သောသူသည် သူတို့ရှေ့မှာ သွား၏။ သူတို့သည်လည်း အနိုင်အထက် ဖွင့်၍ တံခါးဝ ဖြင့် ရှောက်သွားကြ၏။ သူတို့ ရှင်ဘုရင်သည် သူတို့ရှေ့ မှာသွား၍ ထာဝရဘုရားသည် လမ်းပြတော်မူ၏။
Amene adzawapulumutse adzayenda patsogolo pawo; iwo adzathyola chipata ndipo adzatuluka. Mfumu yawo idzawatsogolera, Yehova adzakhala patsogolo pawo.”

< မိက္ခာ 2 >