< မဿဲ 9 >
1 ၁ ထိုအခါ ကိုယ်တော်သည် လှေစီး၍ ကူးပြန်သဖြင့်၊ မိမိမြို့သို့ ရောက်တော်မူ၏။
Un laivā kāpis Viņš cēlās pāri un nāca Savā pilsētā.
2 ၂ လက်ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သားမစိုးရိမ်နှင့်။ သင်၏အပြစ် ကို လွတ်စေပြီဟု မိန့်တော်မူ၏။
Un lūk, pie Viņa atnesa melmeņu sērdzīgu, tas gulēja gultā. Kad nu Jēzus redzēja viņu ticību, tad Viņš sacīja uz to melmeņu sērdzīgo: “Ņemies drošu sirdi, Mans dēls, tavi grēki tev piedoti.”
3 ၃ ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောသည်ဟု ထင်ကြ၏။
Un lūk, kādi no tiem rakstu mācītājiem runāja paši pie sevis: “Šis zaimo Dievu.”
4 ၄ ယေရှုသည် ထိုသူတို့၏စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့်ငြူစူသောစိတ် ရှိကြသနည်း။
Un Jēzus redzēja viņu domas un sacīja: “Kāpēc jūs domājiet ļaunu savās sirdīs?
5 ၅ အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကို လွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။
Kas ir vieglāki? Vai sacīt: “Tev tavi grēki top piedoti,” Vai sacīt: “Celies un staigā?”
6 ၆ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့ သွားလော့ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။
Bet lai jūs zināt, Tam Cilvēka Dēlam varu esam virs zemes grēkus piedot,” (tad Viņš uz to melmeņu sērdzīgo sacīja: ) “Celies, ņem savu gultu un ej uz mājām.”
7 ၇ ထိုသူသည်လည်း ထ၍ မိမိအိမ်သို့ သွားလေ၏။
Un viņš cēlās un gāja mājās.
8 ၈ လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းရှိ၍၊ လူတို့အား ဤသို့သောအခွင့်ကို အပ်ပေးတော်မူသော ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
Kad tie ļaudis to redzēja, tad tie brīnījās un teica Dievu, kas tādu varu cilvēkiem devis.
9 ၉ ယေရှုသည် ထိုအရပ်မှ ကြွတော်မူလျှင်၊ မဿဲအမည်ရှိသော သူတယောက်သည် အခွန်ခံရာတဲ၌ ထိုင် နေသည်ကို မြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။
Un kad Jēzus no turienes aizgāja, tad Viņš redzēja vienu cilvēku pie muitas būdas sēžam, vārdā Mateju (jeb: Levi), un uz to sacīja: “Nāc Man pakaļ.” Un tas cēlās un gāja Viņam pakaļ.
10 ၁၀ ထိုနောက်မှ အိမ်တွင် စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် လာ၍ ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌လျောင်းကြ၏။
Un notikās, Tam pie galda sēžot viņa namā, redzi, daudz muitnieku un grēcinieku nāca un sēdēja līdz ar Jēzu un Viņa mācekļiem pie galda.
11 ၁၁ ဖာရိရှဲတို့သည် မြင်လျှင် တပည့်တော်တို့အား၊ သင်တို့ဆရာသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့် အတူ အဘယ်ကြောင့် စားသနည်းဟုဆိုကြ၏။
Kad tie farizeji to redzēja, tad tie sacīja uz Viņa mācekļiem: “Kāpēc jūsu mācītājs ēd ar muitniekiem un grēciniekiem?”
12 ၁၂ ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့ သာလျှင် အလိုရှိကြ၏။
Bet to dzirdējis Jēzus uz tiem sacīja: ‘Veseliem ārsta nevajag, bet neveseliem.
13 ၁၃ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှါ သင်တို့သွား၍ သင်ကြလော့။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှါ၊ ငါလာသည် မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ၊ ငါလာသတည်းဟု မိန့်တော်မူ၏။
Tad ejat nu un mācaties, kas tas ir: “Man patīk žēlastība un ne upuris!” Jo Es neesmu nācis, taisnus aicināt pie atgriešanās no grēkiem, bet grēciniekus.”
14 ၁၄ ထိုအခါ ယောဟန်၏ တပည့်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ အကျွန်ုပ်တို့နှင့် ဖာရိရှဲတို့သည် အဖန် တလဲလဲအစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။
Tad Jāņa mācekļi pie Viņa nāca un sacīja: “Kāpēc mēs un tie farizeji tik daudz gavējam, un Tavi mācekļi negavē?”
15 ၁၅ ယေရှုကလည်း မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့်အတူ ရှိစဉ်အခါ သူတို့သည် စိတ်မသာ ညည်းတွားတတ်ကြသလော။ မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော်တို့နှင့် ခွာ၍ ယူသွား သော အချိန်ကာလရောက်လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
Un Jēzus uz tiem sacīja: “Vai kāzu ļaudis var bēdāties, kamēr brūtgāns pie viņiem? Bet nāks dienas, kad tas brūtgāns viņiem būs atņemts, un tad tie gavēs.
16 ၁၆ အဝတ်ဟောင်းကို အထည်သစ်နှင့်ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သည် အဝတ်ဟောင်းကို စား၍ အပေါက်ကျယ်တတ်၏။
Un neviens nelāpa vecas drēbes ar jaunas vadmalas ielāpu, jo tas ielāps noplīst no tām drēbēm un plīsums paliek lielāks.
17 ၁၇ ၎င်းနည်းဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင်၊ သားရေဘူးသည် စုတ်ကွဲသဖြင့်၊ စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ အသစ်သော စပျစ်ရည်ကို အသစ်သောသားရေဘူး၌ထည့်လေ့ရှိ၏။ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီးဟု မိန့်တော်မူ၏။
Un jaunu vīnu nelej vecos ādas traukos, citādi tie trauki plīst, un vīns izgāžas, un tie trauki iet bojā. Bet jaunu vīnu lej jaunos traukos, tad abi kopā paliek veseli.”
18 ၁၈ ထိုစကားကို မိန့်တော်မူစဉ် အရာရှိတယောက်သည် လာ၍ ပြပ်ဝပ်လျက်၊ အကျွန်ုပ်၏ သမီးသည် ယခုပင် သေဆဲရှိပါ၏။ သို့သော်လည်း၊ ကိုယ်တော်သည်ကြွ၍ သူ့အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက် ရှင် ပါလိမ့်မည်ဟု လျှောက်၏။
Un Viņam ar tiem tā runājot, redzi, viens virsnieks nāca un Viņa priekšā metās zemē un sacīja: “Mana meita nupat nomirusi, bet nāc un liec Savu roku uz viņu, tad tā taps dzīva.”
19 ၁၉ ယေရှုသည် ထ၍ တပည့်တော်နှင့်အတူ ထိုသူ နောက်သို့လိုက်တော်မူ၏။
Un Jēzus piecēlies gāja tam pakaļ ar Saviem mācekļiem.
20 ၂၀ ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသော မိန်းမတယောက်က၊
(Un redzi, viena sieva, kas divpadsmit gadus bijusi asins sērdzīga, nāca no aizmugures un aizskāra Viņa drēbju vīli.
21 ၂၁ ငါသည် အဝတ်တော်ကိုသာ တို့လျှင် ချမ်းသာရမည်ဟု စိတ်ထင်နှင့် နောက်တော်သို့ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွားကို တို့လေ၏။
Jo tā sacīja pati pie sevis: “Kaut vien Viņa drēbes varētu aizskart, tad es paliktu vesela.”
22 ၂၂ ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင်တော်မူလျှင်၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီဟု မိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ၏။
Tad Jēzus atgriezās un to ieraudzījis sacīja: “Ņemies drošu sirdi, Mana meita! Tava ticība tev palīdzējusi.” Un tā sieva palika vesela tanī pašā stundā.)
23 ၂၃ အရာရှိအိမ်သို့ ရောက်တော်မူ၍ တီးမှုတ်သော သူတို့နှင့် များစွာသောလူတို့သည် အုန်းအုန်းသဲသဲ ပြု ကြသည်ကိုမြင်လျှင်၊
Kad nu Jēzus tā virsnieka namā nāca un redzēja tos stabulniekus un to ļaužu troksni,
24 ၂၄ ဖယ်ရှားကြလော့။ မိန်းမငယ်သေသည်မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊ ထိုသူတို့သည် ပြက်ယယ်ပြုကြ၏။
Tad Viņš uz tiem sacīja: “Atkāpjaties! Jo tā meitene nav mirusi, bet guļ.” Bet tie par Viņu smējās.
25 ၂၅ ထိုလူများကို ပြင်သို့ထွက်စေပြီးမှ အတွင်းသို့ဝင်၍၊ မိန်းမငယ်၏လက်ကို ကိုင်တော်မူသည်တွင် သူသည် ထလေ၏။
Bet kad tas ļaužu pulks bija izdzīts, tad Viņš gāja iekšā un to satvēra pie rokas. Tad tā meitiņa cēlās augšām.
26 ၂၆ ထိုသိတင်းစကားသည် တပြည်လုံး၌ နှံ့ပြားကျော်စောလေ၏။
Un šī slava tapa daudzināta pa visu to zemi.
27 ၂၇ ထိုအရပ်မှ ယေရှုသည် ကြွတော်မူစဉ်၊ မျက်စိကန်းသောသူနှစ်ယောက်တို့သည် နောက်တော်သို့ လိုက်၍ ဒါဝိဒ်၏သားတော်၊ ကျွန်တော်တို့ကို သနားတော်မူပါဟု ဟစ်ကြော်ကြ၏။
Un kad Jēzus no turienes aizgāja, tad divi akli Viņam nāca pakaļ brēkdami un sacīdami: “Tu Dāvida dēls, apžēlojies par mums!”
28 ၂၈ အိမ်သို့ ဝင်တော်မူလျှင်၊ မျက်စိကန်းသောသူတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ကိုယ်တော်က လည်း၊ ဤအမှုကို ငါတတ်နိုင်သည်ကို ယုံသလောဟု မေးတော်မူလျှင်၊ ယုံပါ၏သခင်ဟု လျှောက်ကြ၏။
Un Viņam namā ieejot tie aklie piestājās, un Jēzus uz tiem sacīja: “Vai jūs ticat, ka Es spēju to darīt?” Tie uz Viņu sacīja: “Ticam gan, Kungs.”
29 ၂၉ ထိုအခါ သူတို့၏ မျက်စိကို တို့တော်မူ၍၊ သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေဟု မိန့်တော် မူလျှင်၊
Tad Tas aizskāra viņu acis sacīdams: “Lai jums notiek pēc jūsu ticības.”
30 ၃၀ သူတို့သည် မျက်စိပွင့်လင်းလေ၏။ ယေရှုကလည်း၊ အဘယ်သူမျှ မသိစေခြင်းငှါ သတိပြုကြလော့ဟု မြစ်တားတော်မူ၏။
Un viņu acis tapa atvērtas. Un Jēzus tiem stipri aizliedza un sacīja: “Pielūkojiet, ka neviens to nedabū zināt.”
31 ၃၁ သို့သော်လည်း ထိုသူတို့သည် သွား၍ သိတင်းတော်ကို တပြည်လုံး၌ နှံ့ပြားကျော်စောစေ၏။
Bet tie aizgājuši Viņu izslavēja pa visu to zemi.
32 ၃၂ ထိုသူတို့သည် ထွက်သွားကြသည်နောက်၊ နတ်ဆိုးစွဲသော လူအ တယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။
Kad nu tie bija aizgājuši, redzi, tad pie Viņa atnesa cilvēku, kas bija mēms un velna apsēsts.
33 ၃၃ နတ်ဆိုးကို နှင်ထုတ်တော်မူပြီးမှ ထိုအသောသူသည် စကားပြော၏။ လူအစုအဝေးတို့သည်လည်း အံ့ဩ၍၊ ဣသရေလအမျိုး၌ ဤကဲ့သို့ မမြင်ရစဖူးဟု ပြောဆိုကြ၏။
Un kad velns bija izdzīts, tad tas mēmais runāja. Un tie ļaudis brīnījās un sacīja: “Tas vēl nekad iekš Israēla nav redzēts.”
34 ၃၄ ဖာရိရှဲတို့ကလည်း၊ နတ်ဆိုးအကြီးကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ပြောဆိုကြ၏။
Bet tie farizeji sacīja: “Viņš izdzen velnus caur velnu virsnieku.”
35 ၃၅ ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူများခံရသောအနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီ လှည့် လည်တော်မူ၏။ လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။
Un Jēzus gāja apkārt pa visām pilsētām un miestiem, mācīdams viņu baznīcās un sludinādams to priecas mācību no Tās Valstības un dziedinādams tiem ļaudīm visas sērgas un visas vājības.
36 ၃၆ အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။
Un kad Viņš tos ļaužu pulkus redzēja, tad Viņam sirds par tiem iežēlojās, jo tie bija izklīduši un pamesti, kā avis, kam nav gana.
37 ၃၇ ထိုအခါ ကိုယ်တော်က၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။
Tad Viņš uz Saviem mācekļiem sacīja: “Pļaujama gan daudz, bet maz pļāvēju.
38 ၃၈ ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စေလွှတ်တော်မူမည်အကြောင်း၊ စပါးရှင်ကို ဆုတောင်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
Tāpēc lūdziet tā pļaujamā Kungu, lai izdzen strādniekus Savā pļaujamā.”