< မဿဲ 6 >
1 ၁ လူများတို့ မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြ လော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။
“Mwĩmenyererei mũtigekage ciĩko cianyu cia ũthingu mbere ya andũ nĩguo mamuone. Mũngĩĩka ũguo-rĩ, mũtirĩ kĩheo mũkaaheo nĩ Ithe wanyu ũrĩa ũrĩ igũrũ.
2 ၂ ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုရကြပြီ။
“Nĩ ũndũ ũcio, rĩrĩa ũkũheana kĩndũ kũrĩ arĩa abatari, ndũkae kwanĩrĩra ũrĩa ũreka na tũrumbeta, ta ũrĩa hinga ciĩkaga thunagogi-inĩ na njĩra-inĩ, nĩguo itĩĩagwo nĩ andũ. Ngũmwĩra atĩrĩ na ma, acio nĩmarĩkĩtie kwamũkĩra kĩheo kĩao gĩothe.
3 ၃ သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လက်ျာလက်ပြုသည် အမှုကို လက်ဝဲလက်မျှမသိစေနှင့်။
No hĩndĩ ĩrĩa ũkũheana kĩndũ kũrĩ arĩa abatari-rĩ, ndũkareke guoko gwaku kwa ũmotho kũmenye ũrĩa guoko gwaku kwa ũrĩo kũreeka,
4 ၄ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတံ့။
nĩgeetha ũheani ũcio waku ũtuĩke wa hitho-inĩ. Nake Ithe wanyu, ũrĩa wonaga maũndũ marĩa mekagĩrwo hitho-inĩ, nĩakamũhe kĩheo.
5 ၅ သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများ တို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ၏။ ငါအမှန်ဆို သည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ၏။
“Na rĩrĩa mũkũhooya-rĩ, mũtikanatuĩke ta hinga, nĩgũkorwo ciendaga kũhooya irũgamĩte thĩinĩ wa thunagogi na macemanĩrio ma njĩra nĩguo cionwo nĩ andũ. Ngũmwĩra atĩrĩ na ma, icio nĩirĩkĩtie kwamũkĩra mũcaara wacio wothe.
6 ၆ သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကိုဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့။
No hĩndĩ ĩrĩa ũkũhooya, toonya nyũmba yaku, ũhinge mũrango na ũhooye Thoguo ũrĩa ũtoonekaga. Nake Thoguo ũrĩa wonaga maũndũ marĩa mekagĩrwo hitho-inĩ, nĩagakũhe mũcaara waku.
7 ၇ သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ၏။
Na ningĩ hĩndĩ ĩrĩa mũkũhooya-rĩ, tigagai kũhũhũtĩka ta andũ arĩa matetĩkĩtie Ngai, nĩgũkorwo meciiragia nĩ mekũiguuo nĩ ũndũ wa kũraihia mahooya.
8 ၈ ထိုသူတို့နည်းတူမပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့ အလိုရှိသမျှတို့ကို သင်တို့မတောင်းမှီ သင်တို့ အဘသိတော်မူ၏။
Mũtigatuĩke tao, nĩgũkorwo Ithe wanyu nĩoĩ kĩrĩa kĩmũbatairie o na mũtanamũhooya.
9 ၉ ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။
“Nĩ ũndũ ũcio mwagĩrĩirwo nĩkũhooyaga atĩrĩ: “‘Ithe witũ ũrĩ igũrũ, rĩĩtwa rĩaku nĩrĩamũrwo,
10 ၁၀ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။
ũthamaki waku nĩũũke, ũrĩa wendete Wee nĩwĩkagwo gũkũ thĩ ta ũrĩa wĩkagwo kũu igũrũ.
11 ၁၁ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။
Tũhe ũmũthĩ irio ciitũ cia gũtũigana.
12 ၁၂ သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ် တို့၏အပြစ်များကို လွှတ်တော်မူပါ။
Na ũtũrekere mahĩtia maitũ, ta ũrĩa o na ithuĩ tũrekagĩra arĩa matũhĩtagĩria.
13 ၁၃ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင်ဟု ဆုတောင်းကြလော့။
Na ndũgatũtware magerio-inĩ, no ũtũhonokagie kuuma kũrĩ ũrĩa mũũru.’
14 ၁၄ သင်တို့သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။
Nĩgũkorwo mũngĩrekera andũ hĩndĩ ĩrĩa mamũhĩtĩria, o nake Ithe wanyu ũrĩa ũrĩ igũrũ nĩarĩmũrekagĩra.
15 ၁၅ သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော် မမူ။
No mũngĩaga kũrekera andũ mehia mao-rĩ, o nake Ithe wanyu ndarĩmũrekagĩra mehia manyu.
16 ၁၆ သင်တို့သည် အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ် ခြင်းမရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှါ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။
“Ningĩ rĩrĩa mũkwĩhinga kũrĩa irio-rĩ, tigagai gũtukia mothiũ manyu ta ũrĩa hinga ciĩkaga, nĩgũkorwo nĩitukagia mothiũ macio nĩguo cionie andũ atĩ nĩciĩhingĩte kũrĩa irio. Ngũmwĩra atĩrĩ na ma, icio nĩirĩkĩtie kwamũkĩra mũcaara wacio wothe.
17 ၁၇ ငါအမှန်အကန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ၏။
No rĩrĩa wĩhingĩte kũrĩa, wĩhakage maguta mũtwe na wĩthambage ũthiũ,
18 ၁၈ သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကိုလူများတို့ရှေ့မှာမထင်ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ရှိတော်မူသော သင်တို့အဘရှေ့တော်၌သာထင်ရှားစေခြင်းငှါ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကို လည်းသစ်လော့။ မထင်ရှားသောအရာကိုမြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော် မူလတံ့။
nĩguo andũ matikamenye atĩ nĩwĩhingĩte kũrĩa, tiga o Thoguo ũrĩa ũtoonekaga amenye; nake Thoguo ũrĩa wonaga maũndũ marĩa mekagĩrwo hitho-inĩ, nĩagakũhe mũcaara.
19 ၁၉ သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။
“Tigagai kwĩigĩra mĩthiithũ gũkũ thĩ, kũrĩa indo irĩĩagwo nĩ memenyi na ikaroota, na kũrĩa aici mabunjaga makaiya.
20 ၂၀ သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းဖူး ကြလော့။
No mwĩigagĩrei mĩthiithũ igũrũ, kũrĩa ĩtangĩrĩĩo nĩ memenyi kana ĩroote, na kũrĩa aici matangĩbunja maiye.
21 ၂၁ အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက် တတ်၏။
Nĩgũkorwo kũrĩa mĩthiithũ yanyu ĩrĩ, nokuo ngoro cianyu o nacio irĩĩkoragwo irĩ.
22 ၂၂ မျက်စိကား ကိုယ်၏ ဆီမီးဖြစ်၏။ ထိုကြောင့် မျက်စိကြည်လင်လျှင် တကိုယ်လုံးလင်းလိမ့်မည်။
“Riitho nĩrĩo tawa wa mwĩrĩ. Maitho maku mangĩkorwo marĩ mega, mwĩrĩ waku wothe nĩũrĩiyũragwo nĩ ũtheri.
23 ၂၃ မျက်စိမြှေးရှက်လျှင် တကိုယ်လုံးမိုက်လိမ့်မည်။ သင်၏ အလင်းသော်ကား၊ မှောင်မိုက်ဖြစ်လျှင် ထို အမိုက်သည် အလွန်မိုက်စွတကား။
No rĩrĩ, maitho maku mangĩkorwo nĩ mathũku, mwĩrĩ waku wothe ũrĩiyũragwo nĩ nduma. Naguo ũtheri ũrĩa ũrĩ thĩinĩ waku ũngĩkorwo nĩ nduma-rĩ, nduma ĩyo kaĩ nĩ nene-ĩ!
24 ၂၄ အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦးကို မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြ။
“Gũtirĩ mũndũ ũngĩhota gũtungatĩra aathani eerĩ. Nĩ ũndũ no athũũrire ũmwe, na ende ũcio ũngĩ; kana eheane harĩ ũmwe, na anyarare ũcio ũngĩ. Mũtingĩtungatĩra Ngai na mũtungatĩre mbeeca.
25 ၂၅ ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဘို့မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ် သည်မဟုတ်လော။
“Nĩ ũndũ ũcio ngũmwĩra atĩrĩ, tigagai gũtangĩkĩra mĩoyo yanyu, nĩ ũndũ wa kĩrĩa mũrĩrĩĩaga kana kĩrĩa mũrĩnyuuaga; kana kĩrĩa mũrĩĩhumbaga mĩĩrĩ yanyu. Githĩ muoyo ndũrĩ bata gũkĩra irio, naguo mwĩrĩ ũkagĩa bata gũkĩra nguo?
26 ၂၆ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။
Ta rorai nyoni cia rĩera-inĩ; itihaandaga, kana ikagetha, kana ikaiga magetha ikũmbĩ, no Ithe wanyu ũrĩa ũrĩ Igũrũ nĩaciheaga irio. Githĩ inyuĩ mũtikĩrĩ a bata mũno gũkĩra icio?
27 ၂၇ အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။
Nũũ wanyu ũngĩhota kuongerera muoyo wake ithaa o na rĩmwe nĩ ũndũ wa gwĩtanga?
28 ၂၈ အဝတ်အဘို့၌ အဘယ်ကြောင့်စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့်။
“Na nĩ kĩĩ gĩtũmaga mwĩtange nĩ ũndũ wa nguo? Ta rorai itoka cia gĩthaka ũrĩa ikũraga. Itirutaga wĩra kana ikogotha ndigi,
29 ၂၉ သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး၏အဝတ်သည် ထိုအပင်တပင်မျှ၏ အဝတ်ကို မမှီဟု ငါဆို၏။
no ngũmwĩra atĩrĩ, o na Solomoni arĩ na riiri wake wothe ndagemete ta kĩmwe gĩacio.
30 ၃၀ ယုံကြည်အားနည်းသော သူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက် ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်း တော်မူမည် မဟုတ်လော။
Angĩkorwo ũguo nĩguo Ngai ahumbaga nyeki ya gĩthaka ĩrĩa ĩrĩ ho ũmũthĩ na rũciũ ĩgaikio mwaki-inĩ-rĩ, githĩ inyuĩ ndarĩkĩmũhumbaga wega makĩria, inyuĩ mwĩtĩkĩtie o hanini?
31 ၃၁ ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း။ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍မစိုးရိမ်ကြနှင့်။ ထို အရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။
Nĩ ũndũ ũcio-rĩ, tigagai gwĩtanga, mũkĩũria atĩrĩ: ‘Tũkũrĩa kĩĩ?’ kana ‘Tũkũnyua kĩĩ?’ kana ‘Tũkwĩhumba kĩĩ?’
32 ၃၂ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။
Nĩgũkorwo maũndũ maya mothe nĩmo macaragio nĩ andũ arĩa matetĩkĩtie Ngai. No Ithe wanyu wa igũrũ nĩoĩ atĩ nĩmũbataragio nĩmo.
33 ၃၃ ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာ များကို ထပ်၍ပေးတော်မူလတံ့။
No ambai mũcarie ũthamaki wake na ũthingu wake, na maũndũ maya mangĩ mothe o namo nĩarĩmũheaga.
34 ၃၄ ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ၏။
Nĩ ũndũ ũcio tigagai gwĩtanga nĩ ũndũ wa rũciũ, nĩgũkorwo rũciũ nĩrũgetangĩkĩra ruo rwene. O mũthenya ũrĩ na mathĩĩna maguo ma kũũigana.