< မဿဲ 5 >

1 ထိုလူအပေါင်းတို့ကို မြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့် တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။
जब येशूले भिडलाई देख्‍नुभयो, उहाँ डाँडामाथि जानुभयो । उहाँ तल बस्‍नुभएपछि उहाँका चेलाहरू उहाँकहाँ आए ।
2 ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမဩဝါဒပေးတော်မူသည်မှာ၊
उहाँले आफ्नो मुख खोल्नुभयो र तिनीहरूलाई यसो भन्दै सिकाउनुभयो,
3 စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူ တို့၏ နိုင်ငံဖြစ်၏။
“धन्य आत्मामा दीन हुनेहरू, किनभने स्वर्गको राज्य तिनीहरूकै हो ।
4 စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်း သို့ ရောက်ကြလတံ့။
धन्य हुन् तिनीहरू जसले शोक गर्दछन्, किनभने तिनीहरूले सान्त्वना पाउनेछन् ।
5 စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတံ့။
धन्य नम्रहरू, किनभने तिनीहरूले पृथ्वीमा राज्य गर्नेछन् ।
6 ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့ သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။
धन्य धार्मिकताको निम्ति भोकाउने र तिर्खाउनेहरू, किनभने तिनीहरू तृप्‍त पारिनेछन् ।
7 သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်း ကို ခံကြလတံ့။
धन्य दयावन्तहरू, किनभने तिनीहरूले दया पाउनेछन् ।
8 စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။
धन्य आत्मामा शुद्ध हुनेहरू, किनभने तिनीहरूले परमेश्‍वरलाई देख्‍नेछन् ।
9 သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။
धन्य मेलमिलाप गराउनेहरू, किनभने तिनीहरू परमेश्‍वरका सन्तान कहलाइनेछन् ।
10 ၁၀ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။
धन्य धार्मिकताका निम्ति सताइएकाहरू, किनभने स्वर्गको राज्य तिनीहरूकै हो ।
11 ၁၁ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။
तिमीहरू धन्यका हौ, जब मानिसहरूले तिमीहरूको अपमान गर्दछन् र तिमीहरूलाई दुःख कष्‍ट दिन्छन्, वा मेरो खातिर तिमीहरूका विरुद्धमा झुटो रूपमा सबै किसिमका दुष्‍ट कुराहरू भन्दछन् ।
12 ၁၂ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှ ပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲကြပြီ။
आनन्दित होओ र निकै खुसी होओ, किनकि स्वर्गमा तिमीहरूका इनाम ठुलो हुनेछ । किनभने यसरी नै तिमीहरूभन्दा अगिका अगमवक्‍ताहरूलाई मानिसहरूले सताएका थिए ।
13 ၁၃ သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။
तिमीहरू यस पृथ्वीका नून हौ । तर यदि नूनले आफ्नो स्वाद गुमायो भने, यसलाई फेरि कसरी नुनिलो बनाउने? यसलाई बाहिर फ्याँक्‍न र मानिसहरूका खुट्टाले कुल्चनबाहेक अरू कुनै पनि कामको निम्ति त्यो उपयोगी हुँदैन ।
14 ၁၄ သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သော မြို့ကို မကွယ်နိုင်။
तिमीहरू यस संसारका ज्योति हौ । डाँडामाथि बसालिएको सहर कहिल्यै पनि लुक्‍न सक्दैन ।
15 ၁၅ ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။
न त मानिसहरूले बत्ती बालेर डालोमुनि राख्दछन्, बरु त्यसलाई सामदानमाथि राख्दछन्, र घरमा भएका प्रत्येकको निम्ति त्यसले उज्यालो दिन्छ ।
16 ၁၆ ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါး ရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။
मानिसहरूका बिचमा तिमीहरूको ज्योति यसरी चम्कियोस्, कि तिनीहरूले तिमीहरूका असल कामहरूलाई देखून् र स्वर्गमा हुनुहुने तिमीहरूका पिताको प्रशंसा गरून् ।
17 ၁၇ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။
म अगमवक्‍ताहरू वा व्यवस्थालाई नष्‍ट गर्न आएको हुँ भनी नसोच । म तिनलाई नष्‍ट गर्न होइन, तर पुरा गर्न आएको हुँ ।
18 ၁၈ ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှ ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ။
किनकि म तिमीहरूलाई साँचो रूपमा भन्दछु, कि स्वर्ग र पृथ्वी टलेर नगएसम्म र सबै कुरा पुरा नभएसम्म, व्यवस्थाको एउटै पनि कुरा वा बिन्दु बितेर जानेछैन ।
19 ၁၉ ထိုကြောင့် အကြင်သူသည်၊ အငယ်ဆုံးသောပညတ်တခုကို ကိုယ်တိုင်လွန်ကျူး၍ သူတပါးတို့အား လည်း ထိုအတူသွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူဖြစ်လိမ့်မည်။ အကြင်သူ သည် ကိုယ်တိုင်ကျင့်၍ သူတပါးတို့အားလည်း သွန်သင်၏။
त्यसकारण, जसले यी आज्ञाहरूका सानाभन्दा साना कुरालाई भङ्ग गर्दछ र अरूलाई पनि त्यसो गर्न सिकाउँदछ, त्यो स्वर्गको राज्यमा सबैभन्दा तुच्छ ठहरिनेछ । तर जसले यी कुराहरूलाई मान्दछ र त्यही गर्न सिकाउँदछ, ऊ स्वर्गको राज्यमा सबैभन्दा उच्‍च ठहरिनेछ ।
20 ၂၀ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူဖြစ်လိမ့်မည်။ သင်တို့ ကျင့်သောအကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ကျင့်သောအကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရကြဟု ငါအမှန်ဆို၏။
किनकि म तिमीहरूलाई भन्दछु, कि तिमीहरूको धार्मिकता फरिसी र शास्‍त्रीहरूको भन्दा बढी भएन भने, तिमीहरू कुनै रीतिले परमेश्‍वरको राज्यमा प्रवेश गर्नेछैनौ ।
21 ၂၁ လူအသက်ကို မသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ် စကားကို သင်တို့ကြားရပြီ။
प्राचीन समयमा तिनीहरूलाई यसो भनिएको तिमीहरूले सुनेका छौ, ‘हत्या नगर’ र ‘हत्या गर्नेचाहिँ इन्साफको जोखिममा पर्नेछ ।’
22 ၂၂ ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်း ကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ်၌ မီးရှို့ခြင်းကို ခံထိုက်ပေ၏။ (Geenna g1067)
तर म तिमीहरूलाई भन्दछु, आफ्नो भाइसँग रिसाउने जो कोही इन्साफको जोखिममा पर्नेछ । र जो कसैले आफ्नो भाइलाई ‘तँ काम नलाग्‍ने मानिस!’ भनेर भन्छ भने, त्यो न्यायालयमा उभ्याइने जोखिममा पर्नेछ । र जो कसैले ‘तँ मूर्ख!’ भन्दछ, त्यो नरकको आगोमा पर्ने जोखिममा हुनेछ । (Geenna g1067)
23 ၂၃ ထိုကြောင့် သင်သည်ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌ အပြစ်တင်ခွင့် တစုံတခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍ သွားလော့။
त्यसकारण, यदि तिमीले वेदीमा आफ्नो भेटी चढाउँदै गर्दा तिम्रो भाइसँग तिम्रो विरुद्धमा केही कुरा छ भन्‍ने कुरा तिमीलाई याद आयो भने,
24 ၂၄ ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန်၍ ပူဇော်သက္ကာကို တင်လော့။
तिम्रो भेटी त्यही वेदीको अगाडि छोड र आफ्नो बाटो लाग । पहिले आफ्नो भाइसँग मिलाप गर, र तब आऊ र आफ्नो भेटी चढाऊ ।
25 ၂၅ တရားတွေ့ဘက်နှင့်အတူ လမ်း၌သွားစဉ်တွင်ပင်၊ သူ၏စိတ်ကို ပြေစေခြင်းငှါ အလျင်အမြန်ပြုလော့။ သို့မဟုတ် တရားတွေ့ဘက်သည် တရားသူကြီး၌ အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။
तिमीलाई दोष लगाउनेसँग अदालतको बाटोमा तिनीसँगै जाँदै गर्दा नै छिट्टै मिलाप गर, नत्रता तिमीलाई दोष लगाउनेले तिमीलाई न्यायकर्ताको हातमा सुम्पिदेला, र न्यायकर्ताले अधिकारीको हातमा सुम्पिदेलान्, र तिमीलाई झ्यालखानामा फ्याँकिदेलान् ।
26 ၂၆ လျော်ပြစ်ငွေ ရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရဟု ငါအမှန်ဆို၏။
साँच्‍चै म तिमीहरूलाई भन्दछु, तिमीहरूको ऋणको एक-एक पैसा चुक्ता नगरुन्जेलसम्म तिमीहरू त्यहाँबाट कहिल्यै बाहिर आउनेछैनौ ।
27 ၂၇ သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။
तिमीहरूले यसरी भनिएको सुनेका छौ, ‘व्यभिचार नगर ।’
28 ၂၈ ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။
तर म तिमीहरूलाई भन्दछु, कि यदि कसैले एउटी स्‍त्रीलाई अभिलाषाको दृष्‍टिले हेर्दछ भने, त्यसले आफ्नो हृदयमा त्यससँग व्यभिचार गरिसकेको हुन्छ ।
29 ၂၉ ထိုကြောင့် လက်ျာမျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုပျက်သော် သာ၍ကောင်း၏။ (Geenna g1067)
र यदि तिम्रो दाहिने आँखाको कारण तिमी ठोकर खान्छौ भने, त्यसलाई निकलिदेऊ र तिमीबाट टाढा फ्याँकिदेऊ । किनकि सम्पूर्ण शरीर नरकमा फ्याँकिनुभन्दा आफ्नो शरीरको कुनै एउटा भाग गुमाउनु नै तिम्रो लागि असल हुन्छ । (Geenna g1067)
30 ၃၀ ထိုနည်းတူ လက်ျာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုသာ ပျက်သော်သာ၍ကောင်း၏။ (Geenna g1067)
र यदि तिम्रो दाहिने हातको कारण तिमी ठोकर खान्छौ भने, त्यसलाई काटिदेऊ र तिमीबाट टाढा फ्याँकिदेऊ । किनकि सम्पूर्ण शरीर नरकमा जानुभन्दा आफ्नो शरीरको कुनै एउटा भाग गुमाउनु नै तिम्रो लागि असल हुन्छ । (Geenna g1067)
31 ၃၁ တဖန်တုံ၊ မယားနှင့်ကွာလိုလျှင် ဖြတ်စာကို အပ်ပေးစေဟူသော ပညတ်စကားရှိပြီ။
यसो पनि भनिएको थियो, ‘जसले आफ्नी पत्‍नीलाई त्याग्दछ, उसले तिनलाई पारपाचुकेको प्रमाण पत्र देओस् ।’
32 ၃၂ ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏။ ကွာသောမိန်းမနှင့် စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား၏။
तर म तिमीहरूलाई भन्दछु, कि कामुक अनैतिकताको कारणबाहेक आफ्नी पत्‍नीलाई त्याग्‍नेले तिनलाई व्यभिचारिणी तुल्याउँदछ । र तिनको पारपाचुकेपछि तिनीसँग विवाह गर्नेले व्यभिचार गर्दछ ।
33 ၃၃ တဖန်တုံ၊ မဟုတ်မမှန်ဘဲလျက် ကျိန်ဆိုခြင်းကိုမပြုရ။ ကျိန်ဆိုခြင်းကို ပြုသည်အတိုင်း ထာဝရဘုရား ရှေ့တော်၌ တည်စေလော့ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။
फेरि, तिमीहरूले प्राचीन समयमा भएकाहरूलाई यसो भनिएको सुनेका छौ, ‘झुटो शपथ नखा, तर परमप्रभुमा ती शपथहरू पुरा गर् ।’
34 ၃၄ ငါပညတ်သည်ကား၊ ကျိန်ဆိုခြင်းကို အလျင်းမပြုရ။ ကောင်းကင်ဘုံကို တိုင်တည်၍မကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင်၏ ပလ္လင်တော်ဖြစ်သတည်း။
तर म तिमीहरूलाई भन्दछु, कि शपथ खाँदै नखाओ, न त स्वर्गको, किनकि त्यो परमेश्‍वरको सिंहासन हो;
35 ၃၅ မြေကြီးကို တိုင်တည်၍မကျိန်ရ။ မြေကြီးကား ဘုရားသခင်၏ ခြေတော်တင်ရာ ခုံဖြစ်သတည်း။ ယေရှု ရှလင်မြို့ကို တိုင်တည်၍မကျိန်ရ။ မဟာမင်းကြီး၏မြို့တော် ဖြစ်သတည်း။
न त पृथ्वीको, किनकि त्यो उहाँको निम्ति पाउदान हो; न त यरूशलेमको, किनकि त्यो महान् राजाको सहर हो;
36 ၃၆ ဆံခြည်တပင်ကိုမျှ ဖြူစေခြင်း၊ မည်းစေခြင်းငှါမတတ်နိုင်သော်၊ ကိုယ်ဦးခေါင်းကိုတိုင်တည်၍ မကျိန်ရ။
न त आफ्नो शिरको शपथ खाओ, किनकि तिमीहरूले एउटै केशलाई पनि सेतो वा कालो बनाउन सक्दैनौ ।
37 ၃၇ သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။
तर तिमीहरूको बोली ‘होलाई हो नै’, वा ‘होइनलाई होइन नै’ भन्‍ने होस् । त्योभन्दा बढी जुनसुकै कुरा पनि दुष्‍टबाट आएको हुन्छ ।
38 ၃၈ သူ့မျက်စိကို ဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကိုခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကို ခံစေ ဟူသော ပညတ်စကားကို သင်တို့ကြားရပြီ။
तिमीहरूले यसो भनिएको सुनेका छौ, ‘आँखाको सट्टामा आँखा, र दाँतको सट्टामा दाँत ।’
39 ၃၉ ငါပညတ်သည်ကား၊ နှောင့်ရှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတဘက်ကို သူတပါးပုတ်လျှင် ပါးတဘက်ကို လှည့်၍ပေးဦးလော့။
तर म तिमीहरूलाई भन्दछु, जो दुष्‍ट छ त्यसलाई प्रतिरोध नगर । त्यसको सट्टामा, जसले तिम्रो दाहिने गालामा हिर्काउँछ, उसलाई तिम्रो अर्को गाला पनि थापिदेऊ ।
40 ၄၀ သင့်အင်္ကျီကို ယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့။
र यदि कसैले तिमीसँग अदालतमा जान चाहन्छ, र तिम्रो दौरा लिएर जान्छ भने, त्यसलाई तिम्रो खास्टो पनि देऊ ।
41 ၄၁ အကြင်သူသည် သင့်ကို အနိုင်ပြု၍ ခရီးတတိုင်သွားစေ၏။ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။
र जसले तिमीलाई एक किलोमिटर जानको लागि बाध्य गराउँछ, उसँग दुई किलोमिटर जाऊ ।
42 ၄၂ တောင်းသောသူအားပေးလော့။ ချေးငှါးလိုသောသူကိုလည်း မငြင်းမပယ်နှင့်။
तिमीहरूसँग माग्‍ने जो कोहीलाई देओ, र तिमीहरूसँग उधारो माग्‍न चाहनेहरूलाई इन्कार नगर ।
43 ၄၃ ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။ ရန်သူကို မုန်းလော့ဟူသောပညတ်စကားကို သင်တို့ ကြား ရပြီ။
तिमीहरूले यसो भनिएको सुनेका छौ, ‘आफ्नो छिमेकीलाई तिमीहरूले प्रेम गर र शत्रुलाई घृणा गर ।’
44 ၄၄ ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသော ငှါ။ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်း သောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့။
तर म तिमीहरूलाई भन्दछु, तिम्रा शत्रुहरूलाई प्रेम गर र तिमीहरूलाई सताउनेहरूका निम्ति प्रार्थना गर, “तिमीहरूलाई सराप्‍नेहरूलाई आशिष् देओ, र तिमीहरूलाई घृणा गर्नेहरूका निम्ति असल काम गर”
45 ၄၅ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်းသောသူမကောင်း သောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့ အပေါ်၌ မိုဃ်းကို ရွာစေတော်မူ၏။
ताकि तिमीहरू स्वर्गमा हुनुहुने तिमीहरूका पिताका छोराहरू कहलाइन सक । किनकि उहाँले असल र दुष्‍ट दुवैका लागि आफ्नो घामलाई उदाउन लगाउनुहुन्छ अनि धर्मी र अधर्मी दुवैका लागि झरी पठाइदिनुहुन्छ ।
46 ၄၆ သင်တို့ကို ချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤ မျှလောက်ပြုကြသည် မဟုတ်လော။
किनकि यदि तिमीलाई प्रेम गर्नेहरूलाई मात्र प्रेम गर्छौ भने तिमीहरूले के इनाम पाउँछौ र? के कर उठाउनेहरूले पनि त्यसै गर्दैनन् र?
47 ၄၇ အဆွေအမျိုးတို့အားသာ လောကဝတ်ပြုလျှင် အဘယ်သို့ထူးမြတ်သနည်း။ သာသနာပလူတို့ပင် ထို အတူ ပြုကြသည်မဟုတ်လော။
र यदि तिमीहरूले आफ्ना दाजुभाइहरूलाई मात्र अभिवादन गर्दछौ भने, अरूहरूले भन्दा तिमीहरूले के बढी गर्‍यौ र? के गैरयहूदीहरूले पनि त्यस्तै गर्दैनन् र?
48 ၄၈ ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့ သည်လည်း စုံလင်ခြင်းရှိကြလော့။
त्यसकारण, जसरी तिमीहरूका स्वर्गीय पिता सिद्ध हुनुहुन्छ, त्यसरी नै तिमीहरू पनि सिद्ध हुनुपर्दछ ।

< မဿဲ 5 >