< မဿဲ 3 >
1 ၁ ထိုကာလအခါ ဗတ္တိဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီး ပြီ။
Pamazuva iwayo kwakauya Johwani Mubhabhatidzi, achiparidza murenje reJudhiya,
2 ၂ ထို့ကြောင့် နောင်တရကြလော့ဟု ယုဒတော၌ဟောလေ၏။
uye achiti: Tendeukai; nokuti ushe hwematenga hwaswedera.
3 ၃ ပရောဖက်ဟေရှာယဟောဘူးသည်ကား၊ တော၌ဟစ်ကျော်သောသူ၏အသံမှာ၊ ထာဝရဘုရား ကြွ တော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟူသောအချက်၌ ထိုယောဟန်ကို ဆိုလို သတည်း။
Nokuti uyu ndiye wakarehwa nezvake naIsaya muporofita, achiti: Inzwi reanodanidzira murenje: Gadzirirai mugwagwa waIshe, ruramisai nzira dzake.
4 ၄ ယောဟန်သည် ကုလားအုပ်အမွေးနှင့်ရက်သော အဝတ်ကိုဝတ်လျက်၊ ခါး၌သားရေခါးပန်းကို စည်း လျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သော ပျားရည်ကို စားလျက်နေ၏။
Uyuwo Johwani waiva nechipfeko chake chemakushe ekamera nebhanhire rechikumba rakapoteredza chiuno chake; nekudya kwake kwaiva mhashu neuchi hwedondo.
5 ၅ ထိုအခါ ယေရုရှလင်မြို့မှစ၍ ယုဒပြည်သူပြည်သား၊ ယော်ဒန်မြစ်နားမှာနေသောသူအပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍၊
Zvino kwakabudira kwaari Jerusarema neJudhiya rese nedunhu rese rakapoteredza Joridhani;
6 ၆ မိမိတို့အပြစ်များကို ဘော်ပြလျက်ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံကြ၏။
ndokubhabhatidzwa naye muna Joridhani vachireurura zvivi zvavo.
7 ၇ ဖာရိရှဲနှင့် ဗဒ္ဒုကဲအများတို့သည် ဗတ္တိဇံကို ခံအံ့သောငှာလာကြသည်ကို ယောဟန်သည်မြင်လျှင်၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောသေဒဏ်မှ ပြေးသွားစိမ့်သောငှာ၊ အဘယ်သူသည် သင်တို့ကိုသတိပေး ဘိသနည်း။
Asi wakati achiona vazhinji veVaFarisi neVaSadhusi vachiuya kurubhabhatidzo rwake akati kwavari: Zvizvarwa zvenyoka, ndiani wakakuratidzirai kuti mutize hasha dzinouya?
8 ၈ နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။
Naizvozvo berekai zvibereko zvakafanira kutendeuka.
9 ၉ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံတို့ကို ထုတ်ဘော်ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။
Uye musafunga kutaura mukati menyu muchiti: Tina Abhurahama anova baba; nokuti ndinoti kwamuri: Mwari anokwanisa kubva pamabwe aya kumutsira Abhurahama vana.
10 ၁၀ သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍၊ ကောင်းသောအသီးမသိးသောအပင် ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရ၏။
Uye ikozvinowo sanhu ratoiswa pamudzi wemiti, naizvozvo muti umwe neumwe usingaiti chibereko chakanaka unotemwa ugokandirwa mumoto.
11 ၁၁ ငါသည်နောင်တအဘို့အလိုငှါ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော် နှင့်၎င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။
Ini zvirokwazvo ndinokubhabhatidzai nemvura mupinde mukutendeuka; asi uyo anouya shure kwangu ane simba kupfuura ini, wandisina kufanira kutakura shangu dzake; iye achakubhabhatidzai neMweya Mutsvene nemoto.
12 ၁၂ လက်တော်တွင် စံကောပါလျက်၊ မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ မိမိဂျုံစပါးကို ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှိတော်မူလတံ့ဟု ယောဟန်ဟောပြော၏။
Ane rusero rwuri muruoko rwake, uye achachenesa buriro rake kwazvo, ndokuunganidzira zviyo zvake mudura, asi hundi achaipisa nemoto usingadzimiki.
13 ၁၃ ထိုအခါ ယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှါ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော် မူ၏။
Ipapo Jesu wakabva Garirea akasvika paJoridhani kuna Johwani, kuti abhabhatidzwe naye.
14 ၁၄ ယောဟန်ကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည် အကြောင်းရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလောဟု ယေရှုကိုဆီးတားလေ၏။
Asi Johwani wakamurambidza achiti: Ini kunodikanwa kuti ndibhabhatidzwe nemwi, asi imwi mouya kwandiri?
15 ၁၅ ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။
Asi Jesu achipindura wakati kwaari: Tenda ikozvino, nokuti saizvozvo zvakatifanira kuti tizadzise kururama kwese. Ipapo akamutendera.
16 ၁၆ ယေရှုသည်ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကိုမြင်ရ၍၊
Asi Jesu, wakati abhabhatidzwa, akakwira pakarepo achibva mumvura; zvino tarira, matenga akamuzarukira, ndokuona Mweya waMwari achiburuka senjiva, achiuya pamusoro pake.
17 ၁၇ ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။
Zvino tarira, inzwi richibva kumatenga richiti: Uyu ndiye Mwanakomana wangu anodikanwa, wandinofara maari kwazvo.