< မဿဲ 26 >

1 ထိုဒေသနာတော်ရှိသမျှတို့ကို ယေရှုသည် အကုန်အစင်ဟောတော်မူပြီးလျှင်၊ တပည့်တော်တို့အား၊
Amikor Jézus mindezeket a beszédeket befejezte, ezt mondta tanítványainak:
2 နှစ်ရက်လွန်မှပသခါပွဲနေ့ရောက်မည်ကို သင်တို့သိကြ၏။ ထိုအခါ လူသားကိုလက်ဝါးကပ်တိုင်မှာ ရိုက် သတ်စေခြင်းငှါ အပ်နှံကြလိမ့်မည်ဟု မိန့်တော်မူ၏။
„Tudjátok, hogy két nap múlva húsvétnak ünnepe lesz, és az Emberfia elárultatik, hogy megfeszítsék.“
3 ထိုအခါ ယဇ်ပုရောဟိတ်အကြီးကျမ်းပြုဆရာတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည်၊ ကယာဖအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦး၌ စည်းဝေးကြပြီးလျှင်၊
Akkor egybegyűltek a főpapok, az írástudók és a nép vénei a főpap házában, akit Kajafásnak hívtak.
4 ယေရှုကို ပရိယာယ်အားဖြင့် ဘမ်းဆီး၍ သတ်အံ့သောငှါ တိုင်ပင်ကြ၏။
És tanácsot tartottak, hogy Jézust csellel elfogják és megölik.
5 သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကိုစိုးရိမ်၍ ပွဲနေ့တွင်မပြုနှင့်ဦးဟု ပြောဆိုကြ၏။
De ezt mondták: „Ne az ünnepen: nehogy zendülés legyen a nép között.“
6 ဗေသနိရွာတွင် ရှိမုန်အမည်ရှိသောလူနု၏ အိမ်၌ ယေရှုရှိတော်မူသည်ဖြစ်၍၊
Amikor Jézus Betániában, a poklos Simon házában volt,
7 မိန်းမတယောက်သည် အဘိုးများစွာထိုက်သော ဆီမွှေးကျောက်ဖြူခွက်တလုံးကို အထံတော်သို့ ယူခဲ့၍၊ စားပွဲနားမှာ လျောင်းတော်မူသော ကိုယ်တော်၏ခေါင်းပေါ်၌ သွန်းလောင်းလေ၏။
odament hozzá egy asszony, akinél drága kenetnek alabástrom szelencéje volt, és ezt a fejére öntötte, amint az asztalnál ült.
8 တပည့်တော်တို့သည် မြင်လျှင် ဒေါသစိတ်ရှိသည်ဖြစ်၍ အဘယ်ကြောင့် အကျိုးမဲ့ဆုံးစေသနည်း။
Látva ezt tanítványai, bosszankodtak, és ezt mondták: „Mire való ez a tékozlás?
9 ထိုဆီမွှေးကို အဘိုးများစွာနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟုဆိုကြ၏။
Mert eladhatták volna ezt a kenetet nagy áron, és odaadhatták volna árát a szegényeknek.“
10 ၁၀ ယေရှုသည် သိတော်မူလျှင် ထိုမိန်းမကို အဘယ်ကြောင့်နှောင့်ရှက်ကြသနည်း။ သူသည် ငါ၌ ကောင်း သောအမှုကိုပြုပြီ။
Amikor ezt észrevette Jézus, ezt mondta nekik: „Miért bántjátok ezt az asszonyt? Hiszen jó dolgot cselekedett velem.
11 ၁၁ ဆင်းရဲသောသူတို့သည် သင်တို့၌ အစဉ်ရှိကြ၏။ ငါမူကား သင်တို့၌အစဉ်ရှိသည်မဟုတ်။
Mert a szegények mindenkor veletek lesznek, de én nem leszek mindenkor veletek.
12 ၁၂ ဤဆီမွှေးကို ငါ့ကိုယ်အပေါ်၌ သွန်းလောင်းသည်မှာ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှါ ပြုသတည်း။
Mert amikor ő ezt a kenetet testemre öntötte, a temetésemre gondolva cselekedte azt.
13 ၁၃ ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတပြင်လုံးတွင် ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကို အောက်မေ့စရာဘို့ သူပြုသောဤအမှုကို ကြားပြောရကြလတံ့ဟု မိန့်တော်မူ၏။
Bizony mondom néktek, hogy ahol az egész világon prédikálják majd az evangéliumot, amit ez énvelem cselekedett, azt is hirdetik majd az ő emlékezetére!“
14 ၁၄ ထိုအခါ တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးတို့ထံ သို့သွား၍၊
Akkor a tizenkettő közül egy, akit Iskariótes Júdásnak hívtak, a főpapokhoz ment,
15 ၁၅ အကျွန်ုပ်သည် ယေရှုကို ကိုယ်တော်တို့လက်သို့အပ်လျှင် အဘယ်မျှလောက်ပေးပါမည်နည်းဟု လျှောက်သော်၊ ထိုသူတို့က ငွေအကျပ်သုံးဆယ်ပေးမည်ဟု ဝန်ခံကြ၏။
és ezt mondta: „Mit akartok nekem adni, ha én kezetekbe adom őt?“Azok pedig harminc ezüstpénzt rendeltek neki.
16 ၁၆ ထိုအခါမှစ၍ ကိုယ်တော်ကိုအပ်ခြင်းငှါ အဆင်သင့်သောအချိန်ကာလကို ရှာကြံလျက်နေ၏။
És ettől fogva keresete az alkalmat, hogy elárulja őt.
17 ၁၇ အဇုမပွဲ ပဌမနေ့၌ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စား တော်မူဘို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးကြသော်၊
A kovásztalan kenyerek első napján odamentek Jézushoz a tanítványok, és ezt mondták: „Hol akarod, hogy elkészítsük neked a húsvéti bárányt?“
18 ၁၈ ကိုယ်တော်က၊ မြို့တွင် ဤမည်သောသူ၏အိမ်သို့သွားကြ၊ ဆရာမှာလိုက်သည်ကား၊ ငါ့အချိန်နီးပြီ။ သင့်အိမ်၌ ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကို ငါခံမည်ဟု ထိုသူကို ပြောကြလော့ဟု မိန့်တော်မူ၏။
Ő pedig ezt válaszolta: „Menjetek el a városba ahhoz a bizonyos emberhez, és ezt mondjátok neki: A Mester üzeni: Az én időm közel van; nálad tartom meg a húsvétot tanítványaimmal.“
19 ၁၉ တပည့်တော်တို့သည် စီရင်တော်မူသည်အတိုင်းပြု၍ ပသခါပွဲကို ပြင်ဆင်ကြ၏။
És úgy cselekedtek a tanítványok, amint Jézus parancsolta nekik, és elkészítették a húsvéti bárányt.
20 ၂၀ ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော်မူ၏။
Mikor pedig beesteledett, letelepedett a tizenkettővel,
21 ၂၁ စား၍နေကြစဉ် ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်ဟု မိန့်တော်မူလျှင်၊
és amikor ettek, ezt mondta: „Bizony mondom néktek, közületek egy elárul engem.“
22 ၂၂ တပည့်တော်တို့သည် အလွန်ဝမ်းနည်း၍ သခင်၊ အကျွန်ုပ်လောဟု အသီးအသီးမေးလျှောက်ကြ၏။
És felettébb megszomorodva kezdték mindannyian kérdezni tőle: „Én vagyok-e az, Uram?“
23 ၂၃ ကိုယ်တော်ကလည်း ငါနှင့်အတူ ပုကန်တွင် လက်နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်။
Ő pedig így felelt: „Aki velem együtt mártja kezét a tálba, az árul el engem.
24 ၂၄ ကျမ်းစာလာသည်အတိုင်း လူသားသည်သွားရမည်။ သို့သော်လည်း လူသားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် ဘွားမြင်ခြင်းကိုမခံရလျှင် အနေသာ၍ကောင်းသည်ဟု မိန့်တော်မူ၏။
Az Emberfia jóllehet elmegy, amint meg van írva felőle, de jaj annak az embernek, aki az Emberfiát elárulja; jobb volna annak az embernek, ha nem született volna meg.“
25 ၂၅ ကိုယ်တော်ကို အပ်နှံမည့်သူယုဒရှကာရုတ် ကလည်း၊ အရှင်ဘုရား၊ အကျွန်ုပ်လောဟု မေးလျှောက် လျှင်၊ သင်ဆိုသည့်အတိုင်းမှန်သည်ဟု ပြန်ပြောတော်မူ၏။
Megszólalt Júdás is, aki elárulta őt, és ezt mondta: „Én vagyok az, Mester?“Ő ezt felelte: „Te mondtad.“
26 ၂၆ ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တို့အား ပေးတော်မူ၏။
Mikor pedig ettek, vette Jézus a kenyeret, hálát adott, megtörte és a tanítványoknak adta, és ezt mondta: „Vegyétek és egyétek, ez az én testem!“
27 ၂၇ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ သင်တို့ရှိသမျှသည် သောက် ကြလော့။
Azután vette a poharat, és hálát adott, nekik adta, és ezt mondta: „Igyatok ebből mindnyájan,
28 ၂၈ ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။
mert ez az én vérem, az új szövetség vére, amely sokakért kiontatik bűnöknek bocsánatára.
29 ၂၉ ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော်၏နိုင်ငံ၌ သင်တို့နှင့်အတူ ငါမသောက်မှီ နေ့တိုင်အောင် ယခုမှစ၍တဖန် ငါမသောက်ရဟု မိန့်တော်မူ၏။
Mondom pedig néktek: Mostantól fogva nem iszom a szőlőtőkének ebből a terméséből mind ama napig, amikor újat iszom veletek Atyámnak országában.“
30 ၃၀ ထို့နောက် သီချင်းဆိုကြပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။
És dicséretet énekelve, kimentek az Olajfák hegyére.
31 ၃၁ ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကိုငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြ လိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညဉ့်တွင် သင်တို့ရှိသမျှသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည်။
Akkor ezt mondta nekik Jézus: „Mindnyájan ezen az éjszakán megbotránkoztok énbennem. Mert meg van írva: »Megverem a pásztort, és elszélednek a nyájnak juhai.«
32 ၃၂ သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော်၊
De föltámadásom után előttetek megyek majd Galileába.“
33 ၃၃ ပေတရုက၊ ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့်စိတ်ပျက်ကြသော်လည်း၊ အကျွန်ုပ်သည် စိတ် အလျှင်းမပျက်ပါဟု လျှောက်လေ၏။
Péter pedig így felelt neki: „Ha mindnyájan megbotránkoznak is tebenned, én soha meg nem botránkozom.“
34 ၃၄ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊
Jézus ezt mondta neki: „Bizony mondom néked, ezen az éjszakán, mielőtt megszólal a kakas, háromszor megtagadsz engem.“
35 ၃၅ ပေတရုက၊ ကိုယ်တော်နှင့်တကွသေရသော်လည်း အကျွန်ုပ်သည်ကိုယ်တော်ကို မငြင်းမပယ်ပါဟု လျှောက်ပြန်၏။ တပည့်တော်အပေါင်းတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
Péter ezt mondta neki: „Ha meg is kell veled halnom, akkor sem tagadlak meg téged.“Hasonlóképpen szóltak a többi tanítványok is.
36 ၃၆ ထိုအခါ ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်အရပ်သို့ ရောက်တော်မူလျှင်၊ ငါသည် ဟိုအရပ်သို့ သွား၍ ဆုတောင်းစဉ်တွင် ဤအရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊
Akkor elment Jézus velük egy helyre, amelyet Gecsemánénak hívtak, és ezt mondta a tanítványoknak: „Üljetek le itt, míg elmegyek, és amott imádkozom.“
37 ၃၇ ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွား၍၊ နှလုံးသောစိတ်ပူပန်ခြင်းသို့ ရောက်တော် မူ၏။
És maga mellé vette Pétert és Zebedeusnak két fiát, kezdett szomorkodni és gyötrődni.
38 ၃၈ ထိုအခါ ယေရှုက၊ ငါသည် သေလောက်အောင် စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့် အတူစောင့်၍ နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၏။
Ekkor ezt mondta nekik: „Felette igen szomorú az én lelkem mindhalálig! Maradjatok itt, és virrasszatok énvelem.“
39 ၃၉ ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပြပ်ဝပ်၍အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။
És egy kissé előre menve, arcra borult, és így könyörgött: „Atyám! Ha lehetséges múljék el tőlem e pohár; mindazáltal ne úgy legyen, amint én akarom, hanem amint te.“
40 ၄၀ တပည့်တော်တို့ရှိရာသို့ ပြန်၍ သူတို့သည် အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူလျှင်၊ သင်တို့ သည် တနာရီခန့်မျှ ငါနှင့်အတူစောင့်၍နေခြင်းငှါ ဤသို့မစွမ်းနိုင်သလော။
Ekkor odament a tanítványokhoz, és alva találta őket, és ezt mondta Péternek: „Így nem bírtok velem virrasztani egy óráig sem?
41 ၄၁ စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက်စောင့်နေကြလော့။ စိတ်ဝိညာဉ် ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊
Virrasszatok, és imádkozzatok, hogy kísértésbe ne essetek; mert jóllehet a lélek kész, de a test erőtlen.“
42 ၄၂ တဖန်သွား၍ အကျွန်ုပ်အဘ၊ ဤခွက်ကိုအကျွန်ုပ်မသောက်ဘဲ လွန်၍မသွားရလျှင် ကိုယ်တော် အလို ရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းပြန်၏။
Ismét elment másodszor is, és így könyörgött: „Atyám! Ha el nem múlhat tőlem e pohár, hogy ki ne igyam, legyen meg a te akaratod.“
43 ၄၃ ထိုနောက်တပည့်တော်တို့ရှိရာသို့လာ၍ သူတို့သည် မျက်စိလေးလံသဖြင့် တဖန်အိပ်ပျော်လျက် နေကြ သည်ကိုတွေ့တော်မူလျှင်၊
És amikor visszatért, ismét alva találta őket, mert elnehezedtek szemeik.
44 ၄၄ သူတို့ကိုထားခဲ့၍ တဖန်သွားပြီးလျှင် ရှေ့မြွက်ဆိုသည်နည်းတူ သုံးကြိမ်မြောက်အောင် ဆုတောင်း တော်မူ၏။
Otthagyva őket ismét elment, és imádkozott harmadszor ugyanazokkal a szavakkal szólva.
45 ၄၅ ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန်လာလျှင် ယခုအိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြလော့။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန်ရောက်လာပြီ။
Ekkor odament tanítványaihoz, és ezt mondta nekik: „Aludjatok immár, és nyugodjatok. Íme, elközelgett az óra, és az Emberfia a bűnösök kezére adatik.
46 ၄၆ ထကြ၊ ငါတို့သည် သွားကြကုန်အံ့။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ၏။
Keljetek fel, menjünk! Íme, közel van, aki elárul engem.“
47 ၄၇ ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်လာ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင်အကြီးအကဲဖြစ်သောသူများ စေလွှတ်သောလူအစုအဝေးအပေါင်း တို့ သည် ထားနှင့် ဒုတ်များကို ကိုင်လျက်ပါကြ၏။
Amikor még beszélt, íme, Júdás, egy a tizenkettő közül, eljött a főpapoktól és a nép véneitől, és vele együtt nagy sokaság fegyverekkel és fustélyokkal.
48 ၄၈ ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဘမ်းကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊
Aki pedig őt elárulta, jelt adott nekik: „Akit én majd megcsókolok, ő az, fogjátok el őt.“
49 ၄၉ ကိုယ်တော်ရင်းသို့ ချက်ခြင်းချဉ်းကပ်၍ အရှင်ဘုရား၊ မင်္ဂလာရှိပါစေသောဟု ဆိုလျက်နမ်းလေ၏။
És mindjárt Jézushoz lépve ezt mondta: „Üdvözlégy, Mester!“És megcsókolta.
50 ၅၀ ယေရှုကလည်း၊ အဆွေ၊ အဘယ်အခင်းရှိ၍ လာသနည်းဟုမေးတော်မူပြီးမှ၊ ထိုသူများတို့သည် လာ၍ ကိုယ်တော်ကို ဆွဲကိုင်ဘမ်းဆီးကြ၏။
Jézus pedig ezt mondta neki: „Barátom, miért jöttél?“Akkor odamentek hozzá, kezeiket Jézusra vetették, és elfogták őt.
51 ၅၁ ထိုအခါ ယေရှုနှင့်ပါသောသူတယောက်သည် လက်ကိုဆန့်၍ ထားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ် မင်း၏ ကျွန်တယောက်ကိုခုတ်သဖြင့် နားရွက်ပြတ်လေ၏။
És íme, egy azok közül, akik Jézussal voltak, kinyújtva kezét, szablyáját kirántotta, és a főpap szolgáját megcsapva, levágta annak egyik fülét.
52 ၅၂ ယေရှုကလည်း သင့်ထားကို သူ့နေရာ၌ပြန်ထားလော့။ ထားကိုကိုင်သောသူရှိသမျှတို့သည် ထားဖြင့် ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်။
Akkor ezt mondta neki Jézus: „Tedd helyére szablyádat, mert akik fegyvert fognak, fegyverrel kell veszniük.
53 ၅၃ ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကို၎င်း၊ တောင်းလျှင် ကောင်းကင်တမန်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကို၎င်း၊ သင်သည်မထင်သလော။
Vagy azt gondolod, hogy nem kérhetném most az én Atyámat, hogy adjon ide mellém tizenkét sereg angyalnál is többet?
54 ၅၄ သို့ဖြစ်လျှင် ဤသို့သော အမူအရာတို့သည်ဖြစ်ရမည်ဟူသော ကျမ်းစာချက်သည် အဘယ်သို့ပြည့်စုံ အံ့နည်းဟု မိန့်တော်မူ၏။
De miképpen teljesednének be az Írások, hogy így kell lennie?“
55 ၅၅ ထိုအခါ ယေရှုက၊ သင်တို့သည် ထားပြကိုဘမ်းသကဲ့သို့ ငါ့ကိုဘမ်းအံ့သောငှါ ထားနှင့်ဒုတ်များကို လက်စွဲလျက် လာကြသည်တကား။ ငါသည် ဗိမာန်တော်၌ နေ့တိုင်းဆုံးမဩဝါဒပေးလျက် သင်တို့အလယ်၌ ထိုင်နေစဉ်အခါ၊ သင်တို့သည် ငါ့ကို မဘမ်းဆီးကြ။
Ugyanekkor ezt mondta Jézus a sokaságnak: „Mint valami latorra úgy jöttetek, fegyverekkel és fustélyokkal, hogy megfogjatok engem? Naponként nálatok ültem, tanítva a templomban, és mégsem fogtatok el engem.“
56 ၅၆ ထိုအကြောင်းအရာမူကား၊ အနာဂတ္တိကျမ်းစာ ပြည့်စုံမည်အကြောင်းတည်းဟု လူအစုအဝေးတို့ကို မိန့် တော်မူ၏။ ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကို စွန့်ပစ်၍ပြေးကြ၏။
Mindez pedig azért lett, hogy beteljesedjenek a próféták írásai. Ekkor elhagyták őt a tanítványok mind, és elfutottak.
57 ၅၇ ကိုယ်တော်ကို ဘမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာ၊ လူအကြီးအကဲများစည်းဝေးရာ ယဇ်ပုရော ဟိတ်မင်း ကယာဖထံသို့ ဆောင်သွားကြ၏။
Azok pedig megfogták Jézust, elvitték Kajafáshoz, a főpaphoz, ahol az írástudók és vének összegyűltek.
58 ၅၈ ပေတရုသည်လည်း၊ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးတိုင်အောင်ကိုယ်တော်နှင့် ဝေးစွာလိုက်၍ အတွင်း သို့ ဝင်ပြီးလျှင်၊ ထိုအမှု၏ အဆုံးကိုသိမြင်ခြင်းငှါ မင်းလုလင်တို့နှင့်အတူ ထိုင်နေ၏။
Péter pedig követte őt távolról, egészen a főpap pitvaráig, és bement, leült a szolgákkal, hogy lássa a dolgok végét.
59 ၅၉ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲ၊ လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကိုသတ်ရမည် အ ကြောင်းမမှန်သောသက်သေကို ရှာသော်လည်းမတွေ့ကြ။
A főpapok pedig és a vének és az egész tanács hamis bizonyítékot keresett Jézus ellen, hogy megölhessék őt,
60 ၆၀ မမှန်သောသက်သေခံအများ လာသော်လည်း သက်သေကိုမတွေ့ကြ။ နောက်ဆုံး၌ မမှန်သော သက် သေခံနှစ်ယောက်တို့သည် လာ၍၊
de nem találtak. Noha sok hamis tanú állt elő, mégsem találtak. Végül pedig előállt két hamis tanú,
61 ၆၁ ဤသူက ငါသည် ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်နိုင် သည်ဟု ပြောပါသည်ဟု သက်သေခံကြ၏။
és így szólt: „Ez azt mondta: Lerombolhatom az Isten templomát, és három nap alatt felépíthetem azt.“
62 ၆၂ ယဇ်ပုရောဟိတ်မင်းသည် ထ၍၊ သင်သည် တခွန်းမျှပြန်၍မပြောသလော။ ဤသူတို့သည် အဘယ်သို့ သက်သေခံသနည်းဟုဆိုလျှင်၊
És fölkelt a főpap, és ezt mondta neki: „Semmit sem felelsz? Micsoda tanúbizonyságot tesznek ezek ellened?“
63 ၆၃ ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ် ပုရောဟိတ်မင်းကလည်း သင်သည် ခရစ်တော်တည်း ဟူသော ဘုရားသခင်၏သားတော်မှန်သည် မမှန်သည်ကို ငါတို့အား ပြောစေခြင်းငှါ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ငါတိုင်တည်၍ သင့်ကို ကျိန်ဆိုစေ၏ဟု ဆိုလျှင်၊
Jézus pedig hallgatott. A főpap ekkor ezt mondta neki: „Az élő Istenre kényszerítlek téged, hogy mondd meg nekünk, hogy te vagy-e a Krisztus, az Istennek Fia?“
64 ၆၄ ယေရှုက၊ သင်ဆိုသည့်အတိုင်းမှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင်ကာလ၌ လူသားသည် တန်ခိုး တော်၏လက်ျာဘက်၌ ထိုင်လျက် မိုဃ်းတိမ်ကိုစီး၍ ကြွလာသည်ကို သင်တို့ မြင်ရကြလတံ့ဟု မိန့်တော်မူ၏။
Jézus ezt felelte: „Te mondtad. Sőt mondom nektek: Mostantól fogva meglátjátok az Emberfiát az Istennek hatalmas jobbján ülni és eljönni az égnek felhőiben.“
65 ၆၅ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကိုဆုတ်လျက် ဤသူသည်ဘုရားကို လွန်ကျူး၍ ပြော သောစကားကို ယခုပင် သင်တို့ ကြားရပြီ။
Ekkor a főpap megszaggatta ruháit, és ezt mondta: „Káromlást szólt. Mi szükségünk van még bizonyítékokra? Íme, most hallottátok az istenkáromlást.
66 ၆၆ အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူတို့က ဤသူသည် အသေခံထိုက်ပေ၏ဟု ပြန် ၍ စီရင်ကြ၏။
Mit gondoltok?“Azok pedig így feleltek: „Méltó a halálra.“
67 ၆၇ ထိုအခါ မျက်နှာတော်ကို တံထွေးနှင့် ထွေးကြ၏။ လက်သီးနှင့် ထိုးကြ၏။
Akkor szembeköpték, és arcul csapták, néhányan pedig botokkal verték,
68 ၆၈ အချို့တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်၍၊ အချင်းခရစ်တော်၊ ကိုယ်တော်ကို အဘယ်သူပုတ် သည်ကို ပရောဖက်ပြု၍ ဟောတော်မူပါဟုဆိုကြ၏။
és ezt mondták: „Prófétáld meg nekünk, Krisztus, ki az, aki megütött téged!“
69 ၆၉ ပေတရုသည် ပြင်မှာအိမ်ဦး၌ထိုင်နေစဉ်၊ အစေအပါး မိန်းမတယောက်သည် သူရှိရာသို့လာ၍ သင် သည်လည်း ဂါလိလဲလူ ယေရှုနှင့် ပေါင်းတော်သောသူဖြစ်သည်ဟု ဆိုလျှင်၊
Péter pedig kint ült az udvaron. Odament hozzá egy szolgálóleány, és ezt mondta: „Te is a galileai Jézussal voltál.“
70 ၇၀ ပေတရုက သင်ပြောသောအရာကို ငါမသိဟု လူအပေါင်းတို့ရှေ့၌ ငြင်းခုံလေ၏။
Ő pedig mindenkinek a hallatára megtagadta, és ezt mondta: „Nem tudom, mit beszélsz.“
71 ၇၁ ထို့နောက် ပေတရုသည် အိမ်ဦးရှေ့သို့ ထွက်ပြီးမှ အခြားသောမိန်းမသည် သူ့ကိုမြင်၍ ထိုအရပ်၌ ရှိသော သူတို့အား၊ ဤသူလည်း နာဇရက်မြို့သားယေရှု နှင့်ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုလျှင်၊
Amikor pedig kiment a tornácra, meglátta őt egy másik szolgálóleány, és ezt mondta az ott levőknek: „Ez is a názáreti Jézussal volt.“
72 ၇၂ ပေတရုက၊ ထိုသူကို ငါမသိဟု ကျိန်ဆိုလျက် တဖန်ငြင်းခုံပြန်၏။
És ismét megtagadta, mégpedig esküvel: „Nem is ismerem ezt az embert.“
73 ၇၃ ထို့နောက် များမကြာ ထိုအရပ်၌ရပ်နေသော သူတို့သည် ပေတရုအနီးသို့လာ၍၊ အကယ်စင်စစ် သင်သည်လည်း ထိုသူတို့အဝင်ဖြစ်၏။ သင့်စကားသည် သင့်အကြောင်းကို ထင်ရှားစေ၏ဟု ဆိုကြလျှင်၊
Kevés idő múlva pedig az ott álldogálók mentek oda hozzá, és mondták Péternek: „Bizony te is közülük való vagy, hiszen a te beszéded is elárul téged.“
74 ၇၄ ပေတရုက၊ ထိုသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ ကျိန်ဆို၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။
Ekkor átkozódni és esküdözni kezdett: „Nem ismerem ezt az embert.“És a kakas azonnal megszólalt.
75 ၇၅ ယေရှုက၊ ကြက်မတွန်မှီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ သော စကားကို ပေတရုသည် သတိရသဖြင့် ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။
És visszaemlékezett Péter Jézus szavára, aki ezt mondta neki: „Mielőtt a kakas megszólal, háromszor megtagadsz engem.“És kimenve onnan keserves sírásra fakadt.

< မဿဲ 26 >