< မဿဲ 24 >
1 ၁ ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူသည်ရှိသော်၊ တပည့်တော်တို့သည် ဗိမာန်တော်၏ တိုက် ဆောင်များကို ပြခြင်းငှါ အထံတော်သို့ ချဉ်းကပ်ကြ၏။
Jeeso chaa vaalyi kuzwa mu itempere nna lyi yendeere. Varutwana vaakwe cho kuiiza kwaalyi choku taanga nni va mucho kuti mane u vweene muzaako we iiyi itempere.
2 ၂ ယေရှုကလည်း၊ ဤအရာအလုံးစုံကို သင်တို့သည်မြင်ကြသည်မဟုတ်လော။ ငါအမှန်ဆိုသည်ကား၊ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှမတည်မနေရဟု မိန့်တော်မူ၏။
Mmi iiye nnaa ve itava nnaati, “mu weene zoonse iisi zintu? Aaho nni mulwiirite, ka kwiina ivwe lyeeti nnilyi waanike nni lyiina he iwulu lye lyimwe muku rutunuka.”
3 ၃ ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲချဉ်းကပ်၍၊ ထိုအမူအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကို၎င်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို၎င်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။ (aiōn )
Mmi cho usii keere he iruundu lye ziteente, varutwana vaakwe choku iiza kwaalyi voonse cho kulyi kuungula nniva mu vuuza kuti, “Tu lwiire kuti zoonse iizi zintu kazi pangahalye vulye? Chishupo cho kuiiza kwaako ka yive iinzi mane nne mamanimani e inkaanda?” (aiōn )
4 ၄ ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့။
Jeeso nna vee tava nnaati, “Mu tokomere kuti saanzi nni kuvi nne yeeti nna mu cheengerere. Ka kuti vaangi ka veeze mu izina lyaangu.
5 ၅ အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာ သဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။
Mane kava kucho kuti, 'Njeeme Kirisiti,' mmi kava ziyeza- chengerere vantu vaangi choku va soha.
6 ၆ သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်းစကားကို၎င်း ကြားရကြလိမ့် မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှါ သတိပြုကြလော့။ ထိုအမူအရာများသည်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။
Mmi kamu zuwe inkoondo nne mahulyuhulyu aayo ku zwaaho mu vone kuti saanzi nni mukatezehi, ka kuti iizi zintu zoonse zi lukeere ku pangahala; mmi mamanimani keeti nni a ku sikite.
7 ၇ လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။
Mane inkaanda ka zilyi lwiisa nne mivuso ka yilyi saamdukire. Mmi ka kuve inzala nne ku nyanganya kwe inkaanda mu zivaka zi saa swani.
8 ၈ ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင်ဖြစ်သတည်း။
Mmi iizi zintu zoonse kazi ku veere mataangiro o ku sasama koku hwizumuka.
9 ၉ ထိုကာလ၌ လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကိုခံစေခြင်းငှါ အပ်နှံကြလိမ့် မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။
Lyiinu njeeti nni va mu swiisikize kuku katazwa nne ku ihayiiwa. Kamu toyeewa nne inkaanda zoonse che ivaka lye izina lyaangu.
10 ၁၀ ထိုကာလ၌ အများသောသူတို့သည် ဖောက်ပြန်ခြင်းသို့ရောက်၍၊ အချင်းချင်းတယောက်ကိုတယောက် အပ်ကြလိမ့်မည်။
Ku zwaaho vaangi kava chuunchune choku taanga nni valyi wuza nne kulyi toya.
11 ၁၁ အချင်းချင်မုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက်အများတို့သည် ပေါ်လာ၍လူအများတို့ကို လှည့်ဖြားကြ လိမ့်မည်။
Vaporofita vaangi va mapa ka vave kwa teni mmi choku soha vantu vaangi.
12 ၁၂ မတရားသောအမှုတို့သည်များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့် မည်။
Ka kuti vuvilaala kavu ku injihite chisemo cha vantu vaangi ka chitoontolye.
13 ၁၃ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
Mmi iiye yeeti nnalyi koza mbwiita ku mamanimani njeeti nna hazwa.
14 ၁၄ လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။
Uuwu mulayeza wo muvuso woku iwulu kawu kutazwa mu inkaanda yoonse kuva vupaki mu inkaanda yoonse, ku zwaaho mamanimani njeeti nni eeze.
15 ၁၅ ထို့ကြောင့် ပရောဖက်ဒံယေလ ဟောသည်အတိုင်း ဖျက်ဆီးတတ်သောရွံ့ရှာဘွယ်အရာသည် သန့် ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ။
Chiingi lyiinu, chini mwaa vona chiina ikwe chi zakununa, chaa waamba chaacho muporofita Danyeere, nni chi zimeene ha jolola (a yoo vala a lyemuhe),
16 ၁၆ ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။
A yo wiina mwa Judiya a ngombweere ku maruundu,
17 ၁၇ အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲက ဥစ္စာကိုယူခြင်းငှါ မဆင်းစေနှင့်။
yo wiina he iwulu lye inzuvo saanzi a suuki he iwulu lyaayo kuti a ka hiinde chimwe mukati ka teni,
18 ၁၈ လယ်၌ရှိသောသူလည်း မိမိအဝတ်ကို ယူခြင်းငှါ နောက်သို့ မပြန်စေနှင့်။
mane nnaaye yo wiina mu inkaanda saanzi a voolyi a ka hiindi chizwaato.
19 ၁၉ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။
Mmi ku mayivite aavo ve mmiinsi nne vanyoonsa inkeke mwaawo mazuva!
20 ၂၀ သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်းမကျမည်အကြောင်း ဆု တောင်းကြလော့။
Mu rapere kuti ku ngombola kweenu saanzi nni kuvi ha malyiha kamba lwe Nsavata.
21 ၂၁ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီး စွာသော ဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။
Ka kuti ka ku kwiina manyaando makaando mwaawo mazuva a chita kuti inkaanda chiinga yi vaati yi kuva ka eeni kuva ha teni mane nne kuti keeti nni a voolye nni ave kwa teni hape.
22 ၂၂ ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဘို့အလို့ငှါ ထိုကာလသည် တိုလိမ့်မည်။
Kwaanda kuti aawo mazuva a hunguzwa, nni ku sana ku vaavi muntu yeeti nna va hazwa. Mmi kuya cha va salyitwa a a mazuva ka a fwiiswa.
23 ၂၃ ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်းမယုံကြနှင့်။
Mmi lyiinu haiva zumwe vulyo ka a kucho kuti Kirisiti zunuu hanu kamba zuna kuna, saanzi nno zumini.
24 ၂၄ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြကြလိမ့်မည်။
Ka kuti va Kirisiti nne vaporofita va mapa ka veeze nni va panga imboniso inkaando mane nne zi komosa ziingi a hulu, kuti va woolye ku ziyeza, chiku woolyeka mane nne va salyitwa.
25 ၂၅ ထိုအကြောင်းအရာတို့ကို ငါပြောနှင့်ပြီ။
Mu vone nna mulwiira inako nni yi seeni ku sika.
26 ၂၆ ထို့ကြောင့် သူတို့ကခရစ်တော်သည် တော၌ရှိသည်ဟုဆိုသော်လည်း မထွက်မသွားကြနှင့်။ တိုက်ခန်း၌ ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။
Chiingi lyiinu, nnaangati kava mucho kuti, mu lolye u waanika ku chikwa, mane saanzi nni muyi kwa teni, Kamba mu vone wiina mu inzuvo, yo mukati, saanzi nni mu zumini.
27 ၂၇ လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။
Mmi siina mumini muwu minika ku vuzwa vwee zuva, mane choku ka voneka nne ku vuimino, nne ku iiza ko mwaana wo muntu naako mweeti nni kuve.
28 ၂၈ အသေကောင်ရှိရာ၌ ရွှေလင်းတတို့သည် စုဝေးကြလတံ့။
Ka kuti koonse ku waanika chituunta ko kooko makuuvi nku a kunganera.
29 ၂၉ ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။
Mmi vulyo hoo hwaaho ku mamanimani a masukuluka eeyo inako izuva keeti nni lyi kusii zwiisa iseri, nne mweezi nnaawo, inkaani nnaazo ka ziwe ku iwulu, mane nne ziho ze iwulu nnaazo ka zinyungooswa.
30 ၃၀ ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။
Lyiinu chishupo cho mwaana wo muntu njeeti nni chi voneke mu iwulu, ku zwaaho mishovo yoonse ya vantu ve inkaanda njeeti nni va lyire. Ka va vone mwaana wo muntu nna keeza mu makope e iwulu nne che ziho nne ku vereenga ku kaando.
31 ၃၁ လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကိုပြင်းစွာမှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေး ချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံးကြလတံ့။
Mmi kaa tume mangiloyi aakwe cho mulyumo mukaando we intorombita, mmi kava kunganya aavo va salyitwa mu zivaka zoone zo luhuho ku mamanimani e iwulu kuya ku amwi.
32 ၃၂ သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတခုကိုမှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက် အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ၏။
Mulyi tute ituto ku ibola, ho hwaaho vulyo ibola chilyi taanga ku zwiisa tutavi nne makova mahiya, chipeto chi mwee ziva kuti imbumbi chi yiina ha fwihi.
33 ၃၃ ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကိုမြင်ရလျှင် လူသားသည်တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။
Lyiinu he iwulu lyaaho chini mwaa vona iizi zintu zoonse, nni mu izive kuti cho wiina ha fwihi, heene vulyo ha mulyaango.
34 ၃၄ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများမကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့် မည်။
Aaho nni mulwiirite, iichi chivaka keeti nni chi hite mbwiita iizi zintu zoonse zi pangahalye.
35 ၃၅ ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။
Iwulu nne inkaanda kazi mane mmi manzwi aangu aawo keeti nni a mane.
36 ၃၆ ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိ တော်မူ၏။
Mmi kuya che iilyo izuva nne inako ka kwiina yo wiizi, mane nnaangati mangiloyi e iwulu, kamba mwaana, mbwiita Taayo vulyo.
37 ၃၇ လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။
Siina mu inako za Noah muku veena nne zo kuiiza ko mwaana wo muntu mweeti nni kuve.
38 ၃၈ ရေလွှမ်းမိုးခြင်းမဖြစ်မှီကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေ၍၊
Mmi siina mwaawo mazuva muunda chiwu seeni kuva ha teni va vaalyi kulyia nni va nywa, kusesa nne ku sesesa mbwiita Noah chiinga e nijra mu iyareka,
39 ၃၉ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည် နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။
nni va vula kuiiziva chimwe vulyo mbwiita muunda chiinga weeza kuva hiinda voonse vulyo—mane nne kuiiza ko mwaana wo muntu mweeti nni kuve.
40 ၄၀ ထိုအခါ လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရ လတံ့။
Lyiinu vakwaame voovere ka va kwiina mu luwa—wu mwiina kaa hiindwa wu mwiina choku shaala.
41 ၄၁ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။
Vakulwaakazi voovere kava ku twa—wu mwiina kaa hiindwa wu mwiina kaa shaalye.
42 ၄၂ သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြ လော့။
Chiingi lyiinu mu ikalye nni mu lyiisiiza ka kuti ka mwiizi kuti Simwiine weenu u keeza lyiiri.
43 ၄၃ သူခိုးလာမည်အချိန်နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကိုမထွင်းမဖောက်စေခြင်းငှါ၊ စောင့်နေလိမ့် မည်ကို သင်တို့သိကြ၏။
Mmi mu izive iichi, kuti kalyi si inzuvo u woola ku iziva kuti musa mweeze ku yiva inako iinzi ya masiku, keeti choo siyirira musa kuti zaa yive mu inzuvo yaakwe nna sa yi lyiisi.
44 ၄၄ ထိုကြောင့် သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။
Chiingi nnaanwe mu lukeere ku ikala nni mu lyivereere, ka kuti ka mwiizi inako yo mwaana wo muntu yaa keeza chaayo.
45 ၄၅ အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေ ခြင်းငှါ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်၎င်း၊ သတိပညာနှင့်၎င်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။
Chiingi lyiinu njeeye iini iiye muhikaana yoo sepahala nne yoo kwanine yeeti nnaati simwiine waakwe haa mu siya he inzuvo yaakwe kaa he vahikaana vamwe zilyio che inako yi swaneezi?
46 ၄၆ အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည်ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာရှိ ၏။
Mmi kwiina mikoonde kwaalyi iiye muhikaana yeeti nna waanike nna kweete ku panga voovo vulyo.
47 ၄၇ ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌ အပ်လိမ့်မည်။
Aaho nni mulwiirite uuzo simwiine kaa mu hiinde choku mu viika mu maziimo o ku vavalyera inzuvo yoonse vulyo.
48 ၄၈ သို့မဟုတ်မူကား၊ အကြင်ကျွန်ဆိုးက ငါ့အရှင်လာခဲ့လိမ့်မည်ဟု စိတ်ထဲ၌အောက်မေ့သည်။
Mmi lyiinu muhikaana yoo fosaheere kaa lyi lwiire mu inkulo yaakwe, 'simwiine waangu u ka lyiehete,'
49 ၄၉ ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသောသူတို့နှင့်တကွ စားသောက်လျက်နေ၏။
mane choku taanga nna kava vamwe vahikaanakunine, cho kulyia nne kunywa nne vachaakolwa.
50 ၅၀ ထိုကျွန်မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည်ရောက်လာလျှင်၊
Mmi simwiine woozo muhikaana keeze che izuva nne inako yaa sa lyivereere.
51 ၅၁ ထိုကျွန်သည် ပြင်းပြစွာကွပ်မျက်ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သော သူတို့နှင့်တကွ နေရာချလတံ့။
Lyiinu simwiine waakwe njeeti nna mu kosolye ha kati, choku mu panga siina muva ihayirwa vaitimukanyi, kweeti nni ku kwiina ku boonda nne ku lyira inkuunkuma.