< မဿဲ 21 >
1 ၁ ယေရုရှလင်မြို့အနီးသို့ချဉ်း၍ သံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာသို့ ရောက်ကြသောအခါ ယေရှု သည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊
E, quando se approximaram de Jerusalem, e chegaram a Bethphage, ao monte das Oliveiras, enviou então Jesus dois discipulos, dizendo-lhes:
2 ၂ သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ။ ထိုရွာ၌ ချည်နှောင်လျက်ရှိသောမြည်းမနှင့် မြည်းကလေးကို သင် တို့သည် ချက်ခြင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ ဆောင်ခဲ့ကြ။
Ide á aldeia que está defronte de vós, e logo encontrareis uma jumenta presa, e um jumentinho com ella; desprendei-a, e trazei-m'os.
3 ၃ သူကတပါးသည် သင်တို့အား တစုံတခုကိုဆိုလျှင် သခင်အလိုရှိသည်ဟုပြန်ပြောကြလော့။ ထိုသို့ ပြော လျှင် ထိုသူသည် ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။
E, se alguem vos disser alguma coisa, direis que o Senhor os ha de mister: e logo os enviará.
4 ၄ ထိုအကြောင်းအရာမူကား၊ သင်၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကိုစီး၍၊
Ora tudo isto aconteceu para que se cumprisse o que foi dito pelo propheta, que diz:
5 ၅ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ဟူသော ပရောဖက်၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။
Dizei á filha de Sião: Eis que o teu Rei ahi te vem, manso, e assentado sobre uma jumenta, e sobre um jumentinho, filho de animal sujeito ao jugo.
6 ၆ တပည့်တော်တို့သည်သွား၍ အမိန့်တော်အတိုင်းပြုသဖြင့်၊
E, indo os discipulos, e fazendo como Jesus lhes ordenára,
7 ၇ မြည်းမနှင့် မြည်းကလေးကိုဆောင်ခဲ့၍ မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကိုတင်ကြပြီးလျှင် ကိုယ်တော် သည် စီးတော်မူ၏။
Trouxeram a jumenta e o jumentinho, e sobre elles pozeram os seus vestidos, e fizeram-n'o assentar em cima.
8 ၈ အတိုင်းမသိများစွာသောလူတို့သည် မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်း သစ်ခက်များကိုခုတ်၍ လမ်း၌ခင်းကြ၏။
E muitissima gente estendia os seus vestidos pelo caminho, e outros cortavam ramos d'arvores, e os espalhavam pelo caminho.
9 ၉ ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည်မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။
E a multidão que ia adeante, e a que seguia, clamava, dizendo: Hosanna ao Filho de David; bemdito o que vem em nome do Senhor: Hosanna nas alturas.
10 ၁၀ ယေရုရှလင်မြို့သို့ ဝင်တော်မူသောအခါ တမြို့လုံးအုတ်အုတ်သဲသဲဖြစ်၍၊ ဤသူကား အဘယ်နည်းဟု မေးမြန်းကြလျှင်၊
E, entrando elle em Jerusalem, toda a cidade se alvoroçou, dizendo: Quem é este?
11 ၁၁ လူအစုအဝေးတို့က၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့၌ ပေါ်ထွန်းသောရောဖက်ယေရှုပေတည်း ဟု ပြောဆိုကြ၏။
E a multidão dizia: Este é Jesus, o Propheta de Nazareth da Galilea.
12 ၁၂ ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကို၎င်း တွန်းလှဲတော်မူလျက်၊
E entrou Jesus no templo de Deus, e expulsou todos os que vendiam e compravam no templo, e derribou as mesas dos cambistas e as cadeiras dos que vendiam pombas:
13 ၁၃ ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထို အိမ်ကို ထားပြတွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။
E disse-lhes: Está escripto: A minha casa será chamada casa de oração: mas vós a tendes convertido em covil de ladrões.
14 ၁၄ ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူတို့သည် အထံတော်သို့လာ၍ သူတို့ အနာရောဂါကို ငြိမ်းစေတော်မူ၏။
E foram ter com elle ao templo cegos e côxos, e curou-os.
15 ၁၅ ကိုယ်တော်ပြုတော်မူသော အံ့ဩဘွယ်အမှုတို့ကို၎င်း၊ သူငယ်တို့ကလည်း၊ ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်းဟု ဗိမာန်တော်၌ကြွေးကြော်ကြသည်ကို၎င်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့ သည် ကြားမြင်လျှင် အမျက်ထွက်ကြ၍၊
Vendo então os principaes dos sacerdotes e os escribas as maravilhas que fazia, e os meninos clamando no templo, Hosanna ao Filho de David; indignaram-se,
16 ၁၆ ဤသူတို့သည် အဘယ်သို့ပြောဆိုသည်ကို ကြားသလောဟု ယေရှုအား မေးကြလေသော်၊ ငါကြား၏။ နို့စို့သူငယ်တို့ နှုတ်ထဲမှကိုယ်တော်သည် ချီးမွမ်းခြင်းကိုပြင်ဆင်တော်မူသည်ဟူသော စကားကို သင်တို့သည် တရံတခါမျှ မဘတ်ဘူးသလောဟု မိန့်တော်မူ၏။
E disseram-lhe: Ouves o que estes dizem? E Jesus lhes disse: Sim; nunca lestes: Pela bocca dos meninos e das creancinhas de peito aperfeiçoaste o louvor?
17 ၁၇ ထိုအခါ သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ ထိုညဉ့်ကို လွန်စေတော်မူ၏။
E, deixando-os, saiu da cidade para Bethania, e ali passou a noite.
18 ၁၈ နံနက်အချိန်၌ မြို့သို့ ပြန်စဉ်တွင် ဆာမွတ်တော်မူ၏။
E, de manhã, voltando para a cidade, teve fome;
19 ၁၉ လမ်းနားမှာသင်္ဘောသဖန်းပင်တပင်ကို မြင်လျှင်၊ ထိုအပင်သို့ကြွသွား၍ အရွက်ကိုသာတွေ့တော်မူ သည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင်၌အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ခြင်း သွေ့ခြောက်လေ၏။ (aiōn )
E, avistando uma figueira perto do caminho, dirigiu-se a ella, e não achou n'ella senão folhas. E disse-lhe: Nunca mais nasça fructo de ti. E a figueira seccou immediatamente. (aiōn )
20 ၂၀ တပည့်တော်တို့သည် မြင်လျှင်၊ သင်္ဘောသဖန်းပင်သည် ချက်ခြင်းသွေ့ခြောက်ပါပြီတကားဟု အံ့ဩ၍ ဆိုကြ၏။
E os discipulos, vendo isto, maravilharam-se, dizendo: Como seccou immediatamente a figueira?
21 ၂၁ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ယုံမှားခြင်းနှင့်ကင်းသော ယုံကြည်ခြင်းရှိလျှင်၊ သင်္ဘောသဖန်းပင်၌ ပြုသကဲ့သို့ သင်တို့ပြုနိုင်သည်သာမက၊ ထိုတောင်ကိုပင် နေရာမှရွေ့လော့၊ ပင်လယ်၌ ကျ လော့ဟုဆိုလျှင်ဆိုသည်အတိုင်း ဖြစ်လိမ့်မည်။
Jesus, porém, respondendo, disse-lhes: Em verdade vos digo que, se tiverdes fé e não duvidardes, não só fareis isto á figueira, mas até, se a este monte disserdes: Ergue-te e precipita-te no mar, assim será feito;
22 ၂၂ ယုံကြည်ခြင်းပါလျက် ပဌနာပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
E tudo o que pedirdes na oração, crendo, o recebereis.
23 ၂၃ ဗိမာန်တော်သို့ ဝင်ပြန်၍ ဆုံးမဩဝါဒပေးတော်မူစဉ်တွင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့် ပြုသနည်း။ ထိုအခွင့်ကို အဘယ်သူပေးသနည်းဟု မေးလျှောက်ကြသော်၊
E, chegando ao templo, acercaram-se d'elle, estando já ensinando, os principes dos sacerdotes e os anciãos do povo, dizendo: Com que auctoridade fazes isto? e quem te deu essa auctoridade?
24 ၂၄ ယေရှုက၊ ငါသည် တစုံတခုကိုမေးဦးမည်။ သင်တို့ဖြေလျှင် ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြု သည်ကို ငါပြောမည်။
E Jesus, respondendo, disse-lhes: Eu tambem vos perguntarei uma coisa; se m'a disserdes, tambem eu vos direi com que auctoridade faço isto.
25 ၂၅ ယောဟန်၏ ဗတ္တိဇံတရားသည် အဘယ်ကဖြစ်သနည်း။ ဘုရားကဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။ ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။
O baptismo de João d'onde era? Do céu, ou dos homens? E pensavam entre si, dizendo: Se dissermos: Do céu, elle nos dirá: Então porque não o crestes?
26 ၂၆ လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်လူများကိုကြောက်ရ၏။ အကြောင်းမူကား၊ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
E, se dissermos: Dos homens, tememos o povo, porque todos consideram João como propheta.
27 ၂၇ အကျွန်ုပ်တို့မသိပါဟု ယေရှုအား ပြန်ပြောကြ၏။ ကိုယ်တော်ကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြော။
E, respondendo a Jesus, disseram: Não sabemos. Elle disse-lhes: Nem eu vos digo com que auctoridade faço isto.
28 ၂၈ သင်တို့သည် အဘယ်သို့ထင်ကြသနည်း။ တစုံတယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ သားအကြီး ဆီသို့သွား၍ ငါ့သား၊ ယနေ့ ငါ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်လော့ဟုဆိုလျှင်၊
Mas que vos parece? Um homem tinha dois filhos, e, dirigindo-se ao primeiro, disse: Filho, vae trabalhar hoje na minha vinha.
29 ၂၉ သားက ငါမသွားဘူးဟု ပြန်ပြောသော်လည်း၊ နောက်မှ နောင်တရ၍သွားလေ၏။
Elle, porém, respondendo, disse: Não quero. Mas depois, arrependendo-se, foi.
30 ၃၀ အဘသည် အခြားသောသားဆီသို့သွား၍ ရှေ့နည်းအတူဆိုလျှင်၊ သားကသွားပါမည်အဘသခင် ဟု ဆိုသော်လည်း မသွားဘဲနေ၏။
E, dirigindo-se ao segundo, fallou-lhe de egual modo; e, respondendo elle, disse: Eu vou, senhor; e não foi.
31 ၃၁ ထိုသားနှစ်ယောက်တို့တွင် အဘယ်သူသည် အဘ၏အလိုကိုဆောင်သနည်းဟု မေးတော်မူလျှင်၊ သား အကြီးဆောင်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း ငါအမှန်ဆိုသည်ကား၊ အခွန်ခံတို့နှင့် ပြည်တန်ဆာ တို့သည် သင်တို့အရင် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်တတ်ကြ၏။
Qual dos dois fez a vontade do pae? Disseram-lhe elles: O primeiro. Disse-lhes Jesus: Em verdade vos digo que os publicanos e as meretrizes vos precedem no reino de Deus.
32 ၃၂ အကြောင်းမူကား၊ ယောဟန်သည် ဖြောင့်မတ်သောအကျင့်ကိုကျင့်၍ သင်တို့ဆီသို့ လာသော်လည်း သင်တို့မယုံကြည်ကြ။ အခွန်ခံတို့နှင့် ပြည်တန်ဆာတို့မူကား ယုံကြည်ကြ၏။ ထိုအကြောင်းကို သင်တို့သည် မြင် သော်လည်း ယုံကြည်မည်အကြောင်း နောက်တဖန်နောင်တမရကြ။
Porque João veiu a vós no caminho de justiça, e não o crestes, mas os publicanos e as meretrizes o creram: vós, porém, vendo isto, nem depois vos arrependestes para o crer.
33 ၃၃ အခြားသော ဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်း ကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့သွားလေ၏။
Ouvi ainda outra parabola: Houve um homem, pae de familia, que plantou uma vinha, e circumdou-a de um vallado, e construiu n'ella um lagar, e edificou uma torre, e arrendou-a a uns lavradores, e ausentou-se para longe:
34 ၃၄ အသီးသီးချိန်ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှါ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေ လွှတ်လေ၏။
E, chegando o tempo dos fructos, enviou os seus servos aos lavradores, para receberem os seus fructos.
35 ၃၅ ထိုသူတို့သည် ငယ်သားများကို ဘမ်းပြီးလျှင် တဦးကိုရိုက်၍၊ တဦးကိုသတ်၍၊ တဦးကို ခဲနှင့်ပစ်ကြ၏။
E os lavradores, apoderando-se dos servos, feriram um, mataram outro, e apedrejaram outro.
36 ၃၆ နောက်တဖန် အရင်ထက်များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းတူပြုကြ၏။
Depois enviou outros servos, em maior numero do que os primeiros; e fizeram-lhes o mesmo;
37 ၃၇ နောက်ဆုံး၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည်ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို စေလွတ် လေ၏။
E por ultimo enviou-lhes seu filho, dizendo: Terão respeito a meu filho.
38 ၃၈ ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏ အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်၍၊
Mas os lavradores, vendo o filho, disseram entre si: Este é o herdeiro; vinde, matemol-o, e apoderemo-nos da sua herança.
39 ၃၉ ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။
E, lançando mão d'elle, o arrastaram para fóra da vinha, e o mataram.
40 ၄၀ သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည်လာသောအခါ၊ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုမည်နည်းဟုမေးတော် မူ၏။
Quando pois vier o senhor da vinha, que fará áquelles lavradores?
41 ၄၁ ပရိသတ်တို့ကလည်း ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည်။ အသီးသီးချိန်တွင် အသီးကို ဆက်အံ့သောအခြားလူတို့အား ထိုဥယျာဉ်ကို ငှါးပါလိမ့်မည်ဟု လျှောက်ကြ၏။
Dizem-lhe elles: Dará affrontosa morte aos maus, e arrendará a vinha a outros lavradores, que a seus tempos lhe dêem os fructos.
42 ၄၂ ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တဖန် တိုက် ထောင့်အထွဋ်ဖျားသို့ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏။ ငါတို့ မျက်မှောက်၌ လည်း အံ့ဩဘွယ်ဖြစ်၏ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် တရံတခါမျှမဘတ်ဘူးသလော။
Diz-lhes Jesus: Nunca lestes nas Escripturas: A pedra, que os edificadores rejeitaram, essa foi posta por cabeça do angulo: pelo Senhor foi feito isto, e é maravilhoso aos nossos olhos?
43 ၄၃ ထို့ကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနှုတ်၍ နိုင်ငံတော်၏အသီးကို သီး အံ့သောလူမျိုးအား ပေးရလတံ့။
Portanto eu vos digo que o reino de Deus vos será tirado, e será dado a gente que dê os seus fructos.
44 ၄၄ အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ၏။ ထိုသူသည် ကျိုးလတံ့၊ အကြင်သူ၏အပေါ်သို့ ထို ကျောက်သည်ကျ၏၊ ထိုသူသည် ညက်ညက်ကြေလတံ့ဟု မိန့်တော်မူ၏။
E quem cair sobre esta pedra despedaçar-se-ha; e sobre quem ella cair esmagal-o-ha.
45 ၄၅ ထိုဥပမာစကားကို ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည်ကြားရလျှင်၊ မိမိတို့ကို ရည်ဆောင်၍ ဟောပြောတော်မူသည်ကို သိကြ၏။
E os principes dos sacerdotes e os phariseos, ouvindo estas palavras, entenderam que fallava d'elles;
46 ၄၆ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံသော်လည်း စုဝေးသောသူများကို ကြောက်ကြ၏။ အကြောင်း မူကား၊ ထိုသူတို့သည် ကိုယ်တော်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏။
E, pretendendo prendel-o, receiaram o povo, porquanto o tinham por propheta.