< မဿဲ 2 >
1 ၁ ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဘွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂု ပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်။
Baada ya Yesu apapwe Mubethelehem iya Huuyahudi hu nsiku izya mwene u Herode, abhantu bhebhazizye afume humashariki iya patali bhahafishile hu Yerusalemu bhahaga,
2 ၂ ယခု ဘွားမြင်သောယုဒရှင်ဘုရင်သည်၊ အဘယ်မှာရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါ တို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏။
“Ali hwoshi yapapilwe umwene wabhayahudi? Tahayilolile inzota ya humashariki nati tinzile humpute.”
3 ၃ ထိုစကားကိုကြားလျှင် ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့်တကွ စိတ်ပူပန် ခြင်းသို့ ရောက်သဖြင့်၊
Umwene u Herode la ahumvwa iga ahalalamushe ni Yerusalemu youti peka nu mwene.
4 ၄ ယဇ်ပုရောဟိတ်အကြီးတို့နှင့်လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ၍ ခရစ်တော်ကို အဘယ် အရပ်မှာ ဘွားမြင်လိမ့်မည်နည်းဟု မေးမြန်းတော်မူ၏။
Uherode ahabhabhunginye agosi bhaadimi bhonti na asimbi bha bhantu, ahabhabhuzya, “Klisiti abhapapwe hwi?”
5 ၅ ထိုဆရာတို့ကလည်း၊ ပရောဖက်တဦး ရေးထားသောအချက်ဟူမူကား၊
Bhamuzya, “Hu Bethelehemu iya Huyahudi, ishi sheyahasimbilwe na akuwa,
6 ၆ အိုယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင်သင်သည် မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်း မူကား၊ ငါ၏လူစုဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင်၏အထဲမှာပေါ်ထွန်းလတံ့ဟု ကျမ်းလာ ရှိပါ၏။ ထို့ကြောင့် ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကိုဘွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက် ထားကြ၏။
Naawe Bethelehemu, munsi iya Yuda, siga ndodo peka na alongozi abha hu Yuda, pipo afume huliwe abhahwinze umwene yahayibhadima abhantu bhani abha Israeli.”
7 ၇ ထိုအခါ ဟေရုဒ်မင်းကြီးသည်၊ မာဂုပညာရှိတို့ကိုမထင်မရှားခေါ်၍ ကြယ်ပေါ်ထွန်းသောအချိန် ကာလကို စေ့စေ့မေးမြန်းပြီးမှ၊
Isho u Herode ahabhakwizizye bhala abhazyi hu siri na hubhabhuzye aje habhalilizyo bhuli inzota iloleshe.
8 ၈ သင်တို့သွား၍ ထိုသူငယ်ကိုကြိုးစားရှာကြပါ။ တွေ့လျှင် ငါ့ထံသို့ပြန်လာ၍ ငါလည်း ထိုသူငယ်ကို ဖူးတွေ့ပူဇော်ရအောင် ကြားပြောကြပါဟု မှာထားတော်မူလျက်၊ ဗက်လျင်မြို့သို့ စေလွှတ်လေ၏။
Ahabhatuma hu Bethelehemu, ahaga, “Bhalaji na hwenyelezye mumwanze umwana ya papilwe. Nkemwanola mundetele ihabari aje nani nkininze humpute.”
9 ၉ ထိုသူတို့သည် မင်းကြီးစကားကိုနာခံပြီးလျှင်ထွက်သွားကြ၍ အရှေ့ပြည်၌မြင်ရသောကြယ်သည် သူတို့ ရှေ့ကသွားသဖြင့် သူငယ်တော်ရှိရာအရပ်အပေါ်သို့ရောက်၍ တည်လျက်နေ၏။
Baada ya manye aje bhamwimvwizye umwene bhahendeliye ashule, ni mota ila yebhahayilolile humashariki yahabhalongoleye mpa lweyahimilila pala pa mwanya umwana ahapapilwe pansi yakwe.
10 ၁၀ ထိုကြယ်ကိုမြင်ပြန်သောအခါ အလွန်ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍၊
Lwe bhahayilola inzota bhahashiye hani.
11 ၁၁ အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကိုဖွင့်ပြီးမှ လောဗန်နှင့်မုရန် တည်းဟူသောနံ့သာမျိုးကို၎င်း၊ ရွှေကို၎င်း ဆက်ကပ်ပူဇော်ကြ၏။
Bhahinjiye munyumba nahunole umwana yapapilwe nu Mariamu unyina wakwe. Bhamwinamiye na humpute. Bhahiguye ivintu vyabho nahumfumizye izawadi zyabho izahabu nu uvumba ni manemane.
12 ၁၂ နောက်မှ ဟေရုဒ်မင်းကြီးထံသို့ မပြန်ရမည်အကြောင်းကိုအိပ်မက်တွင် ဗျာဒိတ်တော်ကိုရ၍ မိမိတို့ ပြည်သို့ အခြားသောလမ်းဖြင့်ပြန်သွားကြ၏။
U Ngulubhi ahabhasoshile mndoto aje bhasahawele hwa Herode, kwa hiyo bhahasoguye abhale hunsi yabho hwidala ilyinji.
13 ၁၃ ထိုသူတို့ သွားကြသည်နောက်၊ ယောသပ်သည်အိပ်မက်ကိုမြင်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင် တမန်သည်ထင်ရှား၍၊ သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင်၊ အဲဂုတ္တုပြည်သို့ပြေး၍၊ တဖန် ငါပြောဆိုသည်တိုင်အောင် ထိုပြည်၌နေလော့။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို သတ်အံ့သောငှာ ရှာလိမ့်မည်ဟုဆိုလေ၏။
Baada ya sogole abhantumi bha Ngulubhi bhahamfumiye u Yusufu hunjozi ahadamushe, “Ua, humweje umwana nu nyina wakwe nu mwana na ahashimbiliye hu Misri. Mukhale hunuhwo mpaka lwe nahayibha bhuzya pipo u Herode ahumwana ili agoje.
14 ၁၄ ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့်သူငယ်တော်ကို ညဉ့်အချိန်၌ ဆောင်ယူပြီးလျှင် အဲဂုတ္တု ပြည်သို့ ထွက်သွား၍၊
Nunsiku u Yusufu ahadamusha na humweje umwana nu nyina wakwe ashimbilile Humisri.
15 ၁၅ ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်တိုင်အောင် ထိုပြည်၌နေလေ၏။ ဤအကြောင်းအရာကား၊ ငါ့သား ကို အဲဂုတ္တုပြည်မှငါခေါ်ခဲ့ပြီဟု ထာဝရဘုရားသည် ပရောဖက်ဖြင့်ထားတော်မူသောဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းတည်း။
Ahakhiye uhwo mpa u Herode nahafwa. Izi zyahafishiye shila Ungulubhi shahayinje ashilile hwa nkuwa, “Afume humisri inkwizizye mwana wani.”
16 ၁၆ ထိုအခါ ဟေရုဒ်မင်းကြီးသည် မာဂုပညာရှိတို့ လှည့်ဖြားသည်ကိုသိလျှင်၊ ပြင်းစွာအမျက်ထွက်၍ လူကို စေလွှတ်သဖြင့်၊ မာဂုပညာရှိတို့၌ စေ့စေ့မေးမြန်းပြီးသော ကြယ်၏အချိန်ကာလကိုထောက်၍၊ ဗက်လင်မြို့မှ စသော ကျေးလက်ရှိသမျှတို့၌ နှစ်နှစ်အရွယ်မှစ၍ ထိုအရွယ်အောက်ယုတ်သော သူငယ်ယောက်ျားအပေါင်း တို့ကို သတ်စေ၏။
U Herode, laahalola bhansufizye na bhantu abhazya, ahavitilwe hani. Ahalajizizye agoje abhana na bhonti abhishilume bhebhahali hu Bethelehemu na bhonti bhebhali pala ahwaudile amaha gabhili ahwishe pansi afume shebha yinje abhazyi.
17 ၁၇ ပရောဖက်ယေရမိဟောဘူးသည်ကား၊
Pe twalibhombile izwi lila lyelyaha yangwilwe nukuwa u Yeremia,
18 ၁၈ ရာမအရပ်၌ သည်းစွာသောညည်းတွားငိုကြွေး၊ မြည်တမ်းခြင်းအသံကိုကြားရ၍၊ ရာခေလသည် မိမိ သားတို့ မရှိသောကြောင့်ငို၍ စိတ်မပြေနိုင်ဟူသောစကားသည် ထိုအခါ၌အမှန်ကျသတည်း။
“Izi lyahimvwiha hu Ramah, impungo na zonde hani, u Raheli ahabhalililaga abhana bhakwe, na ahakhanile apumilizwe pipo abhana nabhamo.”
19 ၁၉ ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်နောက်၊ ယောသပ်သည် အဲဂုတ္တုပြည်၌ အိပ်မက်ကိုမြင်ပြန်သည် မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည်ထင်ရှား၍၊
U Herode lwa hafwa abhantumi bha Ngulubhi bhahamwinziye u Yusufu mutulo uhwo hu Misri na yanje.
20 ၂၀ သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့သွားလော့။ သူငယ် တော်ကိုသတ်အံ့သောငှါ ရှာသောသူတို့သည် သေကြပြီဟုဆိုလေ၏။
“Bhuha umweje umwa nu nyina wakwe mubhale hunsi iya hu Israeli pipo bhahanzaga uwumi wa mwana aje bhasahagoje.”
21 ၂၁ ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့်သူငယ်တော်ကို ဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့ သွား၍ ရောက်သည်ရှိသော်၊
U Yusufu ahimiliye, amwega umwana nu mayi wakwe, ahinza munsi iyamu Israeli.
22 ၂၂ ဟေရုဒ်မင်းကြီး၏ အရာ၌ သားတော်အာခေလသည် ယုဒပြည်တွင်မင်းပြုကြောင်းကို ကြားရလျှင်၊ ထိုပြည်သို့ မသွားဝံ့၍ အိပ်မက်၌ ဗျာဒိတ်တော်ကိုရပြန်ပြီးမှ ဂါလိလဲပြည်သို့သွား၍၊
Ishi la ahwumvwa aje u Arikelau ahali mwini wa hu Yuda pala pa yise wakwe u Herode, ahogope abhale uhwo. Baada ya Ngulubhi hunsoshe mutulo, ahasogoye abhale humukoa ugwa hu Galilaya,
23 ၂၃ ခရစ်တော်ကို နာဇရက်လူဟုခေါ်ဝေါ်ကြလတံ့ဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက် အမည်ရှိသောမြို့သို့ရောက်၍ အမြဲနေလေ၏။
ahabhalile akhale munsi yihwitwa Nazareti. Ili lyahatimiye hu zila zyezyahayangwilwe hwi dala lya kuwa aje bhasiakwizye Mnazareti.