< မဿဲ 19 >

1 ထိုဒေသနာတော်ကို ယေရှုသည်အကုန်အစင် ဟောတော်မူပြီးလျှင်၊ ဂါလိလဲပြည်မှပြောင်း၍ ယုဒပြည် စွန်း၊ ယော်ဒန်မြစ်တဘက်သို့ ကြွတော်မူ၏။
И кад сврши Исус речи ове, отиде из Галилеје, и дође у околине јудејске преко Јордана.
2 လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ဖြစ်၍၊ ထိုအရပ်၌ အနာရောဂါများကို ငြိမ်းစေ တော်မူ၏။
И за Њим идоше људи многи и исцели их онде.
3 ဖာရိရှဲတို့သည် အထံတော်သို့လာ၍ လူသည် ခပ်သိမ်းသောအပြစ်ကြောင့် မိမိမယားနှင့် ကွာအပ်သ လောဟု စုံစမ်းနှောင့်ရှက်ခြင်းငှာ မေးလျှောက်ကြသော်၊
И приступише к Њему фарисеји да Га кушају, и рекоше Му: Може ли човек пустити жену своју за сваку кривицу?
4 ကိုယ်တော်က၊ အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။
А Он одговарајући рече им: Нисте ли читали да је Онај који је у почетку створио човека мужа и жену створио их?
5 ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူနှစ် ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မတတ်ဘူးသလော။
И рече: Зато оставиће човек оца свог и матер, и прилепиће се к жени својој, и биће двоје једно тело.
6 ထို့ကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်တဦးတည်းဖြစ်၏။ ဘုရားသခင်ဘက်စပ်၍ ထမ်းဘိုးတင် တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။
Тако нису више двоје, него једно тело; а шта је Бог саставио човек да не раставља.
7 ဖာရိရှဲတို့ကလည်း၊ ထိုသို့မှန်လျှင် ဖြတ်စာကိုပေး၍ မယားနှင့်ကွာစေခြင်းငှာ မောရှေသည် အဘယ် ကြောင့်စီရင်သနည်းဟု လျှောက်ကြသော်၊
Рекоше Му: Зашто дакле Мојсије заповеда да се да књига распусна, и да се пусти?
8 ကိုယ်တော်က၊ သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် မယားနှင့်ကွာရသောအခွင့်ကို မောရှေသည် စီရင် ၏ အစအဦး၌ ထိုသို့မဟုတ်။
Рече им: Мојсије је вама допустио по тврђи вашег срца пуштати своје жене; а из почетка није било тако.
9 ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဘက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့်စုံဘက်သောသူသည် လည်း သူ့မယားကိုပြစ်မှားသည်ဟုမိန့်တော်မူ၏။
Него ја вама кажем: Ако ко пусти своју жену, осим за курварство, и ожени се другом, чини прељубу; и који узме пуштеницу чини прељубу.
10 ၁၀ တပည့်တော်တို့ကလည်း၊ လင်မယားအမှုသည် ဤသို့ဖြစ်လျှင်စုံဘက်ခြင်းကိုမပြုကောင်းပါဟု လျှောက် ကြ၏။
Рекоше Му ученици Његови: Ако је тако човеку са женом, није се добро женити.
11 ၁၁ ကိုယ်တော်ကလည်း၊ ထိုစကားကို လူတိုင်းမခံမယူနိုင်။ အခွင့်ရသောသူတို့သာ ခံယူနိုင်ကြ၏။
А Он рече им: Не могу сви примити те речи до они којима је дано.
12 ၁၂ လူအချို့တို့သည် အမိဝမ်းတွင်းကပင် မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် သူတပါးဆုံးမ၍ မိန်းမလျှာ ဖြစ်ကြ၏။ အချို့တို့သည် ကောင်းကင်နိုင်ငံတော်အဘို့အလို့ငှာ မိမိကိုယ်ကိုဆုံးမ၍ မိန်းမလျှာဖြစ်ကြ၏။ ထို စကားကို ခံယူနိုင်သောသူသည် ခံယူစေဟုမိန့်တော်မူ၏။
Јер има ушкопљеника који су се тако родили из утробе материне; а има ушкопљеника које су људи ушкопили; а има ушкопљеника који су сами себе ушкопили царства ради небеског. Ко може примити нека прими.
13 ၁၃ ထိုအခါ သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်၍ မေတ္တာပို့တော်မူစေခြင်းငှာ အထံတော်သို့ဆောင်ခဲ့ သည်ဖြစ်၍ တပည့်တော်တို့သည် အပြစ်တင်ကြ၏။
Тада приведоше к Њему децу да метне руке на њих, и да се помоли Богу; а ученици забрањиваху им.
14 ၁၄ ယေရှုကလည်း၊ ထိုသူငယ်တို့ကို ရှိစေတော့။ ငါ့ထံသို့လာသည်ကို မဆီးတားကြနှင့်။ ကောင်းကင်နိုင်ငံ တော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်သည်ဟု မိန့်တော်မူ၍၊
А Исус рече: Оставите децу и не забрањујте им долазити к мени; јер је таквих царство небеско.
15 ၁၅ သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်ပြီးလျှင်၊ ထိုအရပ်မှ ကြွသွားတော်မူ၏။
И метнувши на њих руке отиде оданде.
16 ၁၆ ထိုနောက်လူတယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို ရအံ့သောငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊ (aiōnios g166)
И гле, неко приступивши рече Му: Учитељу благи! Какво ћу добро да учиним да имам живот вечни? (aiōnios g166)
17 ၁၇ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ် တော်မူ၏။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင်ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ၏။
А Он рече му: Што ме зовеш благим? Нико није благ осим једног Бога. А ако желиш ући у живот, држи заповести.
18 ၁၈ အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက်ပြန်သော်၊ လူအသက်ကိုမသတ်နှင့်။ သူ့ မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။
Рече Му: Које? А Исус рече: Да не убијеш; не чиниш прељубе; не украдеш; не сведочиш лажно;
19 ၁၉ မိဘကိုရိုသေစွာပြုလော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ၏။
Поштуј оца и матер; и љуби ближњег свог као самог себе.
20 ၂၀ ထိုလုလင်ကလည်း၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည်ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီ။ အဘယ်အကျင့်လိုသေးသနည်းဟု လျှောက်ပြန်လေ၏။
Рече Му младић: Све сам ово сачувао од младости своје; шта ми још треба?
21 ၂၁ ယေရှုကလည်း၊ သင်သည်စုံလင်ခြင်းသို့ ရောက်လိုလျှင်သွားလော့။ ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်းရဲ သောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့ လိုက် လော့ဟု မိန့်တော်မူ၏။
Рече му Исус: Ако хоћеш савршен да будеш, иди и продај све што имаш и подај сиромасима; и имаћеш благо на небу; па хајде за мном.
22 ၂၂ ထိုလုလင်သည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် စိတ်မသာသည်နှင့် သွားလေ၏။
А кад чу младић реч, отиде жалостан; јер беше врло богат.
23 ၂၃ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ငွေရတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ ၏။
А Исус рече ученицима својим: Заиста вам кажем да је тешко богатоме ући у царство небеско.
24 ၂၄ တဖန် ငါဆိုသည်ကား၊ ကုလားအုပ်သည် အပ်နဖါးကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရား သခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အားမိန့်တော်မူ၏။
И још вам кажем: Лакше је камили проћи кроз иглене уши него ли богатоме ући у царство Божије.
25 ၂၅ ထိုသူတို့သည်ကြားလျှင် အလွန်မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင်မည့်နည်းဟု ပြောဆိုကြ၏။
А кад то чуше ученици, дивљаху се врло говорећи: Ко се дакле може спасити?
26 ၂၆ ယေရှုသည်လည်း သူတို့ကိုကြည့်ရှု၍ ဤအမှုကိုလူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ် သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။
А Исус погледавши на њих рече им: Људима је ово немогуће, а Богу је све могуће.
27 ၂၇ ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့လိုက်ကြပါပြီ။ အဘယ် အကျိုးကို ရကြပါမည်နည်းဟု လျှောက်လေသော်၊
Тада одговори Петар и рече Му: Ето ми смо оставили све и за Тобом идемо; шта ће дакле бити нама?
28 ၂၈ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောအခါ၊ ငါ့နောက်သို့လိုက်ကြသောသင်တို့သည် တဆယ်နှစ်ခု သော ပလ္လင်ပေါ်မှာထိုင်လျက်၊ ဣသရေလ လူတဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတံ့။
А Исус рече им: Заиста вам кажем да ћете ви који идете за мном, у другом рођењу, кад седе Син човечији на престолу славе своје, сешћете и ви на дванаест престола и судити над дванаест колена Израиљевих.
29 ၂၉ အကြင်သူသည် ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တပါး ပါးကိုစွန့်၏။ ထိုသူသည် အဆတရာသောအကျိုးကိုရ၍ ထာဝရအသက်ကို အမွေခံရလတံ့။ (aiōnios g166)
И сваки, који остави куће, или браћу, или сестре, или оца, или матер, или жену, или децу, или земљу, имена мог ради, примиће сто пута онолико, и добиће живот вечни. (aiōnios g166)
30 ၃၀ နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျ ကြလိမ့်မည်။
Али ће многи први бити последњи и последњи први.

< မဿဲ 19 >