< မဿဲ 19 >
1 ၁ ထိုဒေသနာတော်ကို ယေရှုသည်အကုန်အစင် ဟောတော်မူပြီးလျှင်၊ ဂါလိလဲပြည်မှပြောင်း၍ ယုဒပြည် စွန်း၊ ယော်ဒန်မြစ်တဘက်သို့ ကြွတော်မူ၏။
Καὶ ἐγένετο ὅτε ἐτέλεσεν ὁ Ἰησοῦς τοὺς λόγους τούτους, μετῆρεν ἀπὸ τῆς Γαλιλαίας καὶ ἦλθεν εἰς τὰ ὅρια τῆς Ἰουδαίας πέραν τοῦ Ἰορδάνου.
2 ၂ လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ဖြစ်၍၊ ထိုအရပ်၌ အနာရောဂါများကို ငြိမ်းစေ တော်မူ၏။
καὶ ἠκολούθησαν αὐτῷ ὄχλοι πολλοί, καὶ ἐθεράπευσεν αὐτοὺς ἐκεῖ.
3 ၃ ဖာရိရှဲတို့သည် အထံတော်သို့လာ၍ လူသည် ခပ်သိမ်းသောအပြစ်ကြောင့် မိမိမယားနှင့် ကွာအပ်သ လောဟု စုံစမ်းနှောင့်ရှက်ခြင်းငှာ မေးလျှောက်ကြသော်၊
Καὶ προσῆλθον αὐτῷ Φαρισαῖοι πειράζοντες αὐτὸν καὶ λέγοντες Εἰ ἔξεστιν ἀπολῦσαι τὴν γυναῖκα αὐτοῦ κατὰ πᾶσαν αἰτίαν;
4 ၄ ကိုယ်တော်က၊ အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။
ὁ δὲ ἀποκριθεὶς εἶπεν Οὐκ ἀνέγνωτε ὅτι ὁ κτίσας ἀπ’ ἀρχῆς ἄρσεν καὶ θῆλυ ἐποίησεν αὐτοὺς
5 ၅ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူနှစ် ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မတတ်ဘူးသလော။
καὶ εἶπεν Ἕνεκα τούτου καταλείψει ἄνθρωπος τὸν πατέρα καὶ τὴν μητέρα καὶ κολληθήσεται τῇ γυναικὶ αὐτοῦ, καὶ ἔσονται οἱ δύο εἰς σάρκα μίαν;
6 ၆ ထို့ကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်တဦးတည်းဖြစ်၏။ ဘုရားသခင်ဘက်စပ်၍ ထမ်းဘိုးတင် တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။
ὥστε οὐκέτι εἰσὶν δύο ἀλλὰ σὰρξ μία. ὃ οὖν ὁ Θεὸς συνέζευξεν, ἄνθρωπος μὴ χωριζέτω.
7 ၇ ဖာရိရှဲတို့ကလည်း၊ ထိုသို့မှန်လျှင် ဖြတ်စာကိုပေး၍ မယားနှင့်ကွာစေခြင်းငှာ မောရှေသည် အဘယ် ကြောင့်စီရင်သနည်းဟု လျှောက်ကြသော်၊
λέγουσιν αὐτῷ Τί οὖν Μωϋσῆς ἐνετείλατο δοῦναι βιβλίον ἀποστασίου καὶ ἀπολῦσαι;
8 ၈ ကိုယ်တော်က၊ သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် မယားနှင့်ကွာရသောအခွင့်ကို မောရှေသည် စီရင် ၏ အစအဦး၌ ထိုသို့မဟုတ်။
λέγει αὐτοῖς Ὅτι Μωϋσῆς πρὸς τὴν σκληροκαρδίαν ὑμῶν ἐπέτρεψεν ὑμῖν ἀπολῦσαι τὰς γυναῖκας ὑμῶν· ἀπ’ ἀρχῆς δὲ οὐ γέγονεν οὕτως.
9 ၉ ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဘက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့်စုံဘက်သောသူသည် လည်း သူ့မယားကိုပြစ်မှားသည်ဟုမိန့်တော်မူ၏။
λέγω δὲ ὑμῖν ὅτι ὃς ἂν ἀπολύσῃ τὴν γυναῖκα αὐτοῦ μὴ ἐπὶ πορνείᾳ καὶ γαμήσῃ ἄλλην, μοιχᾶται.
10 ၁၀ တပည့်တော်တို့ကလည်း၊ လင်မယားအမှုသည် ဤသို့ဖြစ်လျှင်စုံဘက်ခြင်းကိုမပြုကောင်းပါဟု လျှောက် ကြ၏။
λέγουσιν αὐτῷ οἱ μαθηταί Εἰ οὕτως ἐστὶν ἡ αἰτία τοῦ ἀνθρώπου μετὰ τῆς γυναικός, οὐ συμφέρει γαμῆσαι.
11 ၁၁ ကိုယ်တော်ကလည်း၊ ထိုစကားကို လူတိုင်းမခံမယူနိုင်။ အခွင့်ရသောသူတို့သာ ခံယူနိုင်ကြ၏။
ὁ δὲ εἶπεν αὐτοῖς Οὐ πάντες χωροῦσιν τὸν λόγον τοῦτον ἀλλ’ οἷς δέδοται.
12 ၁၂ လူအချို့တို့သည် အမိဝမ်းတွင်းကပင် မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် သူတပါးဆုံးမ၍ မိန်းမလျှာ ဖြစ်ကြ၏။ အချို့တို့သည် ကောင်းကင်နိုင်ငံတော်အဘို့အလို့ငှာ မိမိကိုယ်ကိုဆုံးမ၍ မိန်းမလျှာဖြစ်ကြ၏။ ထို စကားကို ခံယူနိုင်သောသူသည် ခံယူစေဟုမိန့်တော်မူ၏။
εἰσὶν γὰρ εὐνοῦχοι οἵτινες ἐκ κοιλίας μητρὸς ἐγεννήθησαν οὕτως, καὶ εἰσὶν εὐνοῦχοι οἵτινες εὐνουχίσθησαν ὑπὸ τῶν ἀνθρώπων, καὶ εἰσὶν εὐνοῦχοι οἵτινες εὐνούχισαν ἑαυτοὺς διὰ τὴν βασιλείαν τῶν οὐρανῶν. ὁ δυνάμενος χωρεῖν χωρείτω.
13 ၁၃ ထိုအခါ သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်၍ မေတ္တာပို့တော်မူစေခြင်းငှာ အထံတော်သို့ဆောင်ခဲ့ သည်ဖြစ်၍ တပည့်တော်တို့သည် အပြစ်တင်ကြ၏။
Τότε προσηνέχθησαν αὐτῷ παιδία, ἵνα τὰς χεῖρας ἐπιθῇ αὐτοῖς καὶ προσεύξηται· οἱ δὲ μαθηταὶ ἐπετίμησαν αὐτοῖς.
14 ၁၄ ယေရှုကလည်း၊ ထိုသူငယ်တို့ကို ရှိစေတော့။ ငါ့ထံသို့လာသည်ကို မဆီးတားကြနှင့်။ ကောင်းကင်နိုင်ငံ တော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်သည်ဟု မိန့်တော်မူ၍၊
ὁ δὲ Ἰησοῦς εἶπεν Ἄφετε τὰ παιδία καὶ μὴ κωλύετε αὐτὰ ἐλθεῖν πρός με· τῶν γὰρ τοιούτων ἐστὶν ἡ βασιλεία τῶν οὐρανῶν.
15 ၁၅ သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်ပြီးလျှင်၊ ထိုအရပ်မှ ကြွသွားတော်မူ၏။
καὶ ἐπιθεὶς τὰς χεῖρας αὐτοῖς ἐπορεύθη ἐκεῖθεν.
16 ၁၆ ထိုနောက်လူတယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို ရအံ့သောငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊ (aiōnios )
Καὶ ἰδοὺ εἷς προσελθὼν αὐτῷ εἶπεν Διδάσκαλε, τί ἀγαθὸν ποιήσω ἵνα σχῶ ζωὴν αἰώνιον; (aiōnios )
17 ၁၇ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ် တော်မူ၏။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင်ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ၏။
ὁ δὲ εἶπεν αὐτῷ Τί με ἐρωτᾷς περὶ τοῦ ἀγαθοῦ; εἷς ἐστιν ὁ ἀγαθός· εἰ δὲ θέλεις εἰς τὴν ζωὴν εἰσελθεῖν, τήρει τὰς ἐντολάς.
18 ၁၈ အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက်ပြန်သော်၊ လူအသက်ကိုမသတ်နှင့်။ သူ့ မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။
λέγει αὐτῷ Ποίας; ὁ δὲ Ἰησοῦς ἔφη Τὸ Οὐ φονεύσεις, Οὐ μοιχεύσεις, Οὐ κλέψεις, Οὐ ψευδομαρτυρήσεις,
19 ၁၉ မိဘကိုရိုသေစွာပြုလော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ၏။
Τίμα τὸν πατέρα καὶ τὴν μητέρα, καὶ Ἀγαπήσεις τὸν πλησίον σου ὡς σεαυτόν.
20 ၂၀ ထိုလုလင်ကလည်း၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည်ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီ။ အဘယ်အကျင့်လိုသေးသနည်းဟု လျှောက်ပြန်လေ၏။
λέγει αὐτῷ ὁ νεανίσκος Ταῦτα πάντα ἐφύλαξα· τί ἔτι ὑστερῶ;
21 ၂၁ ယေရှုကလည်း၊ သင်သည်စုံလင်ခြင်းသို့ ရောက်လိုလျှင်သွားလော့။ ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်းရဲ သောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့ လိုက် လော့ဟု မိန့်တော်မူ၏။
ἔφη αὐτῷ ὁ Ἰησοῦς Εἰ θέλεις τέλειος εἶναι, ὕπαγε πώλησόν σου τὰ ὑπάρχοντα καὶ δὸς πτωχοῖς, καὶ ἕξεις θησαυρὸν ἐν οὐρανοῖς, καὶ δεῦρο ἀκολούθει μοι.
22 ၂၂ ထိုလုလင်သည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် စိတ်မသာသည်နှင့် သွားလေ၏။
ἀκούσας δὲ ὁ νεανίσκος τὸν λόγον ἀπῆλθεν λυπούμενος· ἦν γὰρ ἔχων κτήματα πολλά.
23 ၂၃ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ငွေရတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ ၏။
Ὁ δὲ Ἰησοῦς εἶπεν τοῖς μαθηταῖς αὐτοῦ Ἀμὴν λέγω ὑμῖν ὅτι πλούσιος δυσκόλως εἰσελεύσεται εἰς τὴν βασιλείαν τῶν οὐρανῶν.
24 ၂၄ တဖန် ငါဆိုသည်ကား၊ ကုလားအုပ်သည် အပ်နဖါးကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရား သခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အားမိန့်တော်မူ၏။
πάλιν δὲ λέγω ὑμῖν, εὐκοπώτερόν ἐστιν κάμηλον διὰ τρήματος ῥαφίδος εἰσελθεῖν ἢ πλούσιον εἰς τὴν βασιλείαν τοῦ Θεοῦ.
25 ၂၅ ထိုသူတို့သည်ကြားလျှင် အလွန်မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင်မည့်နည်းဟု ပြောဆိုကြ၏။
ἀκούσαντες δὲ οἱ μαθηταὶ ἐξεπλήσσοντο σφόδρα λέγοντες Τίς ἄρα δύναται σωθῆναι;
26 ၂၆ ယေရှုသည်လည်း သူတို့ကိုကြည့်ရှု၍ ဤအမှုကိုလူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ် သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။
ἐμβλέψας δὲ ὁ Ἰησοῦς εἶπεν αὐτοῖς Παρὰ ἀνθρώποις τοῦτο ἀδύνατόν ἐστιν, παρὰ δὲ Θεῷ πάντα δυνατά.
27 ၂၇ ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့လိုက်ကြပါပြီ။ အဘယ် အကျိုးကို ရကြပါမည်နည်းဟု လျှောက်လေသော်၊
Τότε ἀποκριθεὶς ὁ Πέτρος εἶπεν αὐτῷ Ἰδοὺ ἡμεῖς ἀφήκαμεν πάντα καὶ ἠκολουθήσαμέν σοι· τί ἄρα ἔσται ἡμῖν;
28 ၂၈ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောအခါ၊ ငါ့နောက်သို့လိုက်ကြသောသင်တို့သည် တဆယ်နှစ်ခု သော ပလ္လင်ပေါ်မှာထိုင်လျက်၊ ဣသရေလ လူတဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတံ့။
ὁ δὲ Ἰησοῦς εἶπεν αὐτοῖς Ἀμὴν λέγω ὑμῖν ὅτι ὑμεῖς οἱ ἀκολουθήσαντές μοι, ἐν τῇ παλινγενεσίᾳ, ὅταν καθίσῃ ὁ Υἱὸς τοῦ ἀνθρώπου ἐπὶ θρόνου δόξης αὐτοῦ, καθήσεσθε καὶ αὐτοὶ ἐπὶ δώδεκα θρόνους κρίνοντες τὰς δώδεκα φυλὰς τοῦ Ἰσραήλ.
29 ၂၉ အကြင်သူသည် ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တပါး ပါးကိုစွန့်၏။ ထိုသူသည် အဆတရာသောအကျိုးကိုရ၍ ထာဝရအသက်ကို အမွေခံရလတံ့။ (aiōnios )
καὶ πᾶς ὅστις ἀφῆκεν οἰκίας ἢ ἀδελφοὺς ἢ ἀδελφὰς ἢ πατέρα ἢ μητέρα ἢ τέκνα ἢ ἀγροὺς ἕνεκεν τοῦ ἐμοῦ ὀνόματός, πολλαπλασίονα λήμψεται καὶ ζωὴν αἰώνιον κληρονομήσει. (aiōnios )
30 ၃၀ နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျ ကြလိမ့်မည်။
Πολλοὶ δὲ ἔσονται πρῶτοι ἔσχατοι καὶ ἔσχατοι πρῶτοι.