< မဿဲ 18 >
1 ၁ ထိုအခါ တပည့်တော်တို့သည် ချဉ်းကပ်၍ ကောင်းကင်နိုင်ငံတော်၌ အဘယ်သူသည်သာ၍ကြီးမြတ် ပါအံ့နည်းဟု မေးလျှောက်ကြသော်၊
Te vaeng tue ah hnukbang rhoek loh Jesuh te a paan uh tih, “Vaan ram ah ulae tanglue la aka om,” a ti na uh.
2 ၂ သူငယ်တယောက်ကိုခေါ်တော်မူ၍၊ တပည့်တော်တို့အလယ်၌ထားပြီးမှ၊
Te dongah camoe pakhat te a khue tih amih lakli ah a pai sak.
3 ၃ ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မ ရောက်ရကြ။
Te phoeiah, “Nangmih taengah rhep kan thui, camoe rhoek bangla na mael uh tih na om uh pawt atah vaan ram khuila na kun uh tlaih mahpawh.
4 ၄ ထို့ကြောင့် အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကိုမိမိနှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ သာ၍ကြီးမြတ်လိမ့်မည်။
Te dongah hekah camoe bangla amah tlarhoel hlang te tah vaan ram ah tanglue la om.
5 ၅ အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောသူငယ်တစုံတယောက်ကို လက်ခံ၏၊ ထိုသူ သည် ငါ့ကိုပင်လက်ခံ၏။
Te phoeiah kai kah ming neh hebang camoe pakhat aka doe te tah kai ni n'doe.
6 ၆ ငါ့ကိုယုံကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည်မှားယွင်းစေ၏၊ ထိုသူသည် လည် ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ နက်နဲသောပင်လယ်၌ နှစ်မြှုပ်ခြင်းကို ခံရလျှင်အနေသာ၍ကောင်း၏။
U long khaw kai aka tangnah camoe rhoek he pakhat khaw a khah atah, a rhawn ah laak phaklung a hoei tih tuili dung ah a buek te anih ham rhoei ngai.
7 ၇ မှားယွင်းစရာအကြောင်းများရှိသောကြောင့် လောကီသားတို့သည် အမင်္ဂလာရှိကြ၏။ မှားယွင်းစရာ အကြောင်းရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။
Anunae thangkui kongah Diklai aih he. Thangkui te a om ham a kueknah om. Tedae anunae anih lamloh thangkui aka tung hlang aih te.
8 ၈ သင်၏လက်ခြေသည် သင့်ကို မှားယွင်းစေလျှင် လက်ခြေကိုဖြတ်ပစ်လော့။ လက်ခြေအစုံနှင့် ထာဝရ မီးထဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော်သာ၍ကောင်း၏။ (aiōnios )
Te phoeiah na kut neh na kho loh nang n'khah atah te te tloek lamtah namah lamloh voei. Kut panit kho panit om tih dungyan hmai khuila m'voeih lakah a ngun a khaem la hingnah khuiah kun te nang ham hnothen la om. (aiōnios )
9 ၉ သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင်၊ မျက်စိကိုထုတ်ပစ်လော့။ မျက်စိနှစ်ဘက်စုံနှင့် ငရဲမီးထဲသို့ချခြင်းကို ခံရသည်ထက် မျက်စိတဘက်နှင့် အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။ (Geenna )
Te phoeiah na mik loh nang n'khah atah te te koeih lamtah namah lamloh voei. Mik vang neh hingnah khuila kun te nang ham hnothen la om. Mik panit om tih hell hmai khuila voeih lakah tah. (Geenna )
10 ၁၀ သင်တို့သည် ဤသူငယ်ကို တစုံတယောက်ကို မထီမဲ့မြင်မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆို သည်ကား၊ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကိုအစဉ် မပြတ်ဖူးမြင်ကြ၏။
He camoe rhoek khuikah pakhat khaw na hnaep uh pawt ham ngaithuen uh. Nangmih ham kan thui, vaan ah amih kah puencawn rhoek loh vaan kah a pa maelhmai te a hmuh uh taitu lah ko.
11 ၁၁ ထိုမှတပါး လူသားသည်ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း။
Hlang capa tah aka hma rhoek khang ham ni ha pawk.
12 ၁၂ အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည်လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူ သည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။
Nangmih tah metlam na poek? Hlang pakhat te tu yakhat om coeng dae te khuikah pakhat loh poengdoe koinih sawmko pako te tlang ah a hlah vetih aka poeng te toem hamla cet mahpawt nim?
13 ၁၃ တွေ့ပြီးလျှင်၊ လမ်းမလွဲ၍ပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုး တကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။
Te vaengah a hmuh hamla om coeng koinih ta, nangmih taengah rhep kan thui, aka poeng mueh sawmko pako lakah aka hma soah omngaih ngai.
14 ၁၄ ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေ ခြင်းငှာ အလိုတော်မရှိ။
Te dongah vaan kah na Pa hmaiah tah camoe rhoek pakhat khaw poci ham te a ngaih moenih.
15 ၁၅ ထို့ကြောင့် သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်၊ သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏ အပြစ်ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် ညီအစ်ကို ကိုရပြီ။
“Na manuca loh nang taengah a tholh atah cet lamtah namah neh anih laklo bueng ah mah anih te toeltham. Nang ol a yaak atah na manuca te na na coeng.
16 ၁၆ သို့မဟုတ် သင်၏စကားကိုနားမထောင်လျှင်။ လူနှစ်ဦးသုံးဦး သက်သေခံ၍စကားရှိသမျှတို့ကို တည် စေခြင်းငှာ ကိုယ်နှင့်အတူ လူတဦးနှစ်ဦးကိုခေါ်ဦးလော့။
Tedae a hnatun pawt atah pakhat khaw panit khaw namah taengah khuen. Te daengah ni laipai rhoek panit pathum kah a ka loh olka te boeih a pai puei eh.
17 ၁၇ ထိုသူတို့၏စကားကို နားမထောင်လျှင် အသင်းတော်အားကြားပြောလော့။ အသင်းတော်၏စကားကို နားမထောင်လျှင်၊ သာသနာပလူကဲ့သို့၎င်း၊ အခွန်ခံကဲ့သို့၎င်း ထိုသူကိုမှတ်လော့။
Tedae amih loh a altha atah hlangboel taengah thui. Te vaengah Hlangboel kah ol pataeng a altha atah nangmih taengah namtom neh mangmucoi bangla om sak.
18 ၁၈ ငါအမှန်ဆိုသည်ကား၊ မြေကြီးပေါ်မှာသင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက်ရှိလိမ့်မည်။
Nangmih taengah rhep ka thui, diklai hmanah na pin uh te tah vaan ah a pin ni. Tedae diklai ah na hlam uh te tah vaan ah a hlam ni.
19 ၁၉ တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင်နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်း လျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။
Te phoeiah nangmih taengah rhep kan thui, panit loh na kotluep tih diklai hmanah hno boeih te bih uh koinih, amih ham te vaan kah a pa loh a saii pah ni.
20 ၂၀ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။
Panit pathum aka om te khaw kai ming neh a hum uh atah amih lakli ah pahoi ka om coeng,” a ti nah.
21 ၂၁ ထိုအခါ ပေတရုသည်ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏ အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို။
Te vaengah amah te Peter loh a paan tih, “Boeipa, ka manuca loh kai soah a tholh vaengah ka hlah vawptawp a ya?, voei rhih due a?” a ti nah.
22 ၂၂ အကြိမ်ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။
Jesuh loh, “Nang taengah voei rhih due pawt tih, sawmrhih parhih due ni ka ti.
23 ၂၃ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည်၊ မိမိကျွန်များတို့ကိုစာရင်းယူခြင်းငှာ အလိုရှိသောမင်းကြီး တ ဦးနှင့်တူ၏။
Te dongah vaan ram tah a sal rhoek taengah bitat soepsoei ham aka ngaih hlang manghai neh vai uh.
24 ၂၄ စာရင်းယူစဉ်တွင်၊ ငွေအခွက်တသိန်းကြွေးတင်သောသူတယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ကြ၏။
Soepsoei ham a tong vaengah talen thawngrha dongkah laikung pakhat te a taengla a khuen.
25 ၂၅ ထိုသူသည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကိုယ်မှစ၍ သားမယားဥစ္စာရှိသမျှတို့ကိုရောင်း၍ ကြွေးကို ဆပ်စေဟု သူ၏သခင်စီရင်၏။
Tedae anih loh thuung ham khaw kawn khueh pawh. Te dongah anih te a boeipa loh a yuu neh a ca rhoek, a khueh boeih te a yoih tih thuung ham ol a paek.
26 ၂၆ ထိုကျွန်သည်ညွတ်ပြပ်ဝပ်တွားလျက်၊သခင်၊ ကျွန်တော်ကိုသည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါ မည်ဟုလျှောက်လျှင်၊
Te dongah sal te bakop tih manghai te a bawk. Te phoeiah, “Kai soah na thinsen sak mai lamtah nang te boeih kan thuung bitni,” a ti nah.
27 ၂၇ သူ၏သခင်သည် သနားခြင်းရှိသဖြင့် ကြွေးရှိသမျှကိုလွှတ်၍ချမ်းသာပေးလေ၏။
Te dongah boei loh a thinphat tih tekah sal te a loeih sak. Te phoeiah a laiba khaw a hlah pah.
28 ၂၈ ထိုကျွန်သည်ထွက်သွားရာတွင် မိမိငွေဒေနာရိတရာကြွေးတင်သော ကျွန်ချင်းတယောက်ကိုတွေ့လျှင်၊ လည်ပင်းကိုကိုင်ညှစ်၍ ငါ့ငွေကိုဆပ်ပေးလော့ဟုဆို၏။
Tedae tekah sal tah cet tih a sal puei pakhat a hmuh. Te long te anih taengah denarii yakhat a ba. Te vaengah anih te a tuuk tih a khak phoeiah, “Pakhat na ba akhaw n'thuung laeh,” a ti nah.
29 ၂၉ ထိုကျွန်ချင်းသည် ကျွေးရှင်၏ခြေရင်း၌ပြပ်ဝပ်လျက် ကျွန်တော်ကိုသည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါမည်ဟု တောင်းပန်သော်လည်း၊
Te dongah a sal puei loh a yalh doela a hloep, “Kai soah na thinsen mai dae, nang te kan thuung bitni,” a ti nah.
30 ၃၀ ငွေရှင်သည် နားမထောင်ဘဲသွား၍ ကြွေးကိုမဆပ်မှီတိုင်အောင် သူ့ကိုထောင်ထဲမှာလှောင်ထား၏။
Tedae ngaih pawt tih laiba te a thuung duela thongim khuiah a hlak tih a caeh tak.
31 ၃၁ ထိုအမှုအရာကို အခြားသောကျွန်ချင်းတို့သည် မြင်လျှင် အလွန်နာကြည်းသောစိတ်နှင့်သွား၍၊ ပြုလေ သမျှတို့ကို မိမိတို့သခင်၌ ကြားလျှောက်ကြ၏။
Aka om hno te a sal puei rhoek loh a hmuh dongah mat a khothae uh. Te dongah a boei taengla a pawk uh vaengah aka om hno te boeih a thui uh.
32 ၃၂ ထိုအခါ သခင်သည်ထိုကျွန်ကိုခေါ်၍၊ ဟယ် ဆိုးညစ်သောကျွန်၊ သင်သည်ငါ့ကိုတောင်းပန်သော ကြောင့် သင်၌တင်သမျှသောကြွေးကို ငါရှင်းလင်းစေ၏။
Te vaengah a boei loh anih te a khue tih, 'Sal thae aw, kai nan hloep dongah na docanah boeih te kan hlah,
33 ၃၃ ငါသည်သင့်ကိုသနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ်သလောဟု ဆိုလျက်၊
kai loh nang kang rhen bangla na sal puei te na rhen ham a kuek van moenih a? 'a ti nah.
34 ၃၄ အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မှီတိုင်အောင် အာဏာသားတို့လက်ကိုအပ်လေ၏။
A boeipa loh kosi a hong tih anih te laiba boeih a thuung hlan atah phaepkung rhoek taengah a thak.
35 ၃၅ သင်တို့သည်လည်း ညီအစ်ကိုအချင်းချင်းတို့ကို စိတ်နှလုံးပါလျက်အပြစ်မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏အဘသည် ထိုနည်းတူ သင်တို့ကိုစီရင်တော်မူလတံ့ဟု မိန့်တော်မူ၏။
Te dongah khat rhip loh a manuca te na thinko neh na hlah uh pawt koinih vaan kah a pa loh namamih taengah te tlam ni a saii van eh,” a ti nah.