< မဿဲ 17 >

1 ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်တို့ကိုခေါ်၍၊ မြင့်လှ စွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။
Pagapititi mashaka sita Yesu kamtoliti Peteru na Yakobu na Yohani mlongu gakuwi kagenda nawa gweka yawu kulugongu lutalipa.
2 သူတို့ရှေ့၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ မျက်နှာတော်သည် နေကဲ့သို့ထွန်း တောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ဖြူလျက်ရှိ၏။
Aku pawaweriti wakumlola Yesu kagalambuka sheni, sheni shakuwi shiweriti ndaa gambira mshenji na nguwu zyakuwi ziwera neru mbuu.
3 မောရှေနှင့်ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူစကားပြောလျက်နေကြ၏။
Shakapanu wafundwa watatu walii wawawoniti Musa na Eliya pawayowera na Yesu.
4 ထိုအခါ ပေတရုက၊ သခင်၊ ဤအရပ်၌နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့တဲတဆောင်၊ မောရှေဘို့ တဆောင်၊ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အလိုတော်ရှိလျှင် အကျွန်ုပ်တို့သည် ဆောက်လုပ်ပါမည်ဟု လျှောက်လေ၏။
Su Peteru kamgambira Yesu, “Mtuwa, iherepa nentu twenga twapanu, pagufira hanyawi visasa vitatu, shimu shaku na shamonga sha Musa na shamonga sha Eliya.”
5 ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသောမိုဃ်းတိမ်သည် ထိုသူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်။ သူ၏စကားကို နားထောင်ကြလော့ဟု မိုဃ်းတိမ်ကအသံတော်ဖြစ်လေ၏။
Pakaweriti kankali kankutakula hangu, liwundu lifufu limgubikira na liziwu lipikanika kulawa muliwundi ali palilonga, “Ayu ndo mwana gwangu yanumfira nentu nherepeziwa nayomberi, mumpikaniri.”
6 တပည့်တော်တို့သည် ကြားရလျှင်၊ ပြပ်ဝပ်၍ အလွန်ကြောက်လန့်ခြင်းရှိကြ၏။
Wafundwa pawapikaniriti aga watiliti nentu, su wasuntama makukama.
7 ယေရှုသည်လာ၍ သူတို့ကို လက်နှင့်တို့တော်မူလျက်၊ ထကြ၊ မကြောက်ကြနှင့်ဟု မိန့်တော်မူသော်၊
Yesu kawagendera kawashinkula pakalonga, “Namtira, mgoloki!”
8 သူတို့သည် ကြည့်မြော်သဖြင့်၊ ယေရှုတယောက်တည်းမှတပါး၊ အဘယ်သူကိုမျှ မမြင်ကြ။
Pawaloliti wawona ndiri muntu gwingi kumbiti Yesu gweka yakuwi.
9 တောင်ပေါ်မှဆင်းကြသောအခါ ယေရှုက၊ လူသားသည်သေခြင်းမှ မထမြောက်မှီတိုင်အောင်၊ သင်တို့ ယခုမြင်သော ရူပါရုံကို အဘယ်သူအားမျှမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။
Pawaweriti wankusuluka kulugongu Yesu kawaberiziya nawamgambira muntu vitwatira yawaviwoniti mpaka Mwana gwa Muntu pawamzyukisiya kulawa kwa wahowiti.
10 ၁၀ ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊
Shakapanu wafundwa wakuwi wamkosiya, “Iwera hashi wafunda wa Malagaliru wankutakula eti mpaka Eliya kizi huti?”
11 ၁၁ ယေရှုက၊ ဧလိယသည်အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည်မှန်ပေ၏။
Yesu kawankula, “Nakaka, Eliya hakizi kunyawa vitwatira yoseri.
12 ၁၂ ငါဆိုသည်ကား၊ ဧလိယရောက်လာပြီ။ လူများသည်သူ့ကိုမသိသဖြင့် သူ့အားပြုချင်သမျှကိုပြုကြပြီ။ ထို နည်းတူ လူသားသည်လည်း ထိုလူများလက်၌ ခံရမည်ဟုမိန့်တော်မူသော်၊
Nukugambirani kuwera Eliya kiza kala na wantu wammana ndiri, kumbiti wamtendera vyawafiriti weni. Mwana gwa Muntu hawambeziyi ntambu ira ayi mumawoku gawu.”
13 ၁၃ ဗတ္တိဇံဆရာယောဟန်ကို အမှတ်ပြု၍ မိန့်တော်မူကြောင်းကို တပည့်တော်တို့သည် နားလည်ကြ၏။
Peni panu wafundwa wavimana kuwera yomberi kaweriti kankuwagambira weni kuusu Yohani Mbatiza.
14 ၁၄ လူအစုအဝေးရှိရာသို့ ရောက်ကြသောအခါ၊ လူတယောက်သည် အထံတော်သို့ချဉ်းကပ်၍ ဒူးထောက် လျက်၊ သခင်၊
Pawawuyiti mulipinga lya wantu, muntu yumu kamgendera Yesu na kamsuntamalira,
15 ၁၅ အကျွန်ုပ်၏သားကို ကယ်မသနားတော်မူပါ။ ဝက်ရူးနာစွဲ၍ ပြင်းစွာခံစားရပါ၏။ မီး၌၎င်း၊ ရေ၌၎င်း အကြိမ်ကြိမ်လဲတတ်ပါ၏။
na kalonga, “Mtuwa, gumwoneri lusungu mwana gwana! Yomberi kana shisirika, kayi mwana gwangu katabika nentu mala zitangala kaguwira mumotu ama mumashi.
16 ၁၆ တပည့်တော်တို့ထံသို့ ဆောင်ခဲ့၍ သူတို့သည်ချမ်းသာမပေးနိုင်ကြပါဟု လျှောက်လျှင်၊
Numjega kwa wafundwa waku, kumbiti waweza ndiri kumponiziya.”
17 ၁၇ ယေရှုက၊ ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံးသည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော် မူ၏။
Yesu kawankula, “Shiyiwuku ashi shahera moyu na shipotoka! Hanulikali na mwenga mpaka ndii? Munjegeri panu mwana ayu!”
18 ၁၈ ယေရှုသည် သူ့ကိုဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် သူမှထွက်သွားသဖြင့်၊ ထိုခဏမှစ၍ သူငယ်သည် ကျန်းမာပကတိဖြစ်လေ၏။
Yesu kamkalipira shamshera ulii, na shamshera kamlawa na mwana ulii kawera mkomu palaa palii.
19 ၁၉ ထိုအခါ တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ်၌ ယေရှုထံတော်သို့ချဉ်းကပ်၍၊ အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကိုအဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု လျှောက်ကြသော်၊
Shakapanu wafundwa wakuwi wamgendera Yesu pahala pagweka wamkosiya, “Iwera hashi twenga tusinda kumwusiya shamshera ulii.”
20 ၂၀ သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင်၊ ထိုတောင်ကို နေရာမှရွေ့လော့ဟုဆိုကြသော်၊ နေရာမှ ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ။
Yesu kawankula, “Toziya mwahera njimiru, nuwagambira nakaka pamuwera na njimiru gambira mbeyu ndidini nentu, hamuwezi kulugambira lugongu alu, ‘Guwuki panu gugendi palii!’ Na lugongu alu halugendi. Haguwezi kutenda shitwatila shoseri!”
21 ၂၁ သို့သော်လည်း ဆုတောင်ခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့်၊ ထိုအမျိုးသည် မ ထွက်တတ်ဟု မိန့်တော်မူ၏။
Kumbiti kwa kuluwa na kufunga mweza kuwalaviya washamshera awa, kwahera shintu shingi shiweza.
22 ၂၂ ဂါလိလဲပြည်၌နေကြစဉ်တွင် ယေရှုက၊ လူသားကို လူတို့လက်သို့အပ်နှံရသောအချိန်နီးပြီ။
Wafundwa pawaliwoniti pamuhera Galilaya, Yesu kawagambira, “Mwana gwa Muntu hawamupanani kwa wantu
23 ၂၃ သူတို့သည် သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ သူတို့သည်လည်း အလွန်ဝမ်းနည်းခြင်းရှိကြ၏။
na hawamlagi, kumbiti lishaka lya tatu kwanjira kuhowa kwakuwi hakazyuki.” Wafundwa waweriti na ushiwa nentu.
24 ၂၄ ကပေရနောင်မြို့သို့ရောက်သောအခါ၊ ဗိမာန်တော်အခွန်တည်းဟူသော ဒိဒြမ္မကိုခံသောသူတို့သည် ပေတရုဆီသို့လာ၍ သင်၏ဆရာသည်ဒိဒြမ္မကိုမပေးသလောဟု မေးမြန်းလျှင်၊ ပေးပါသည်ဟု ပေတရုဆို၏။
Yesu pamuhera na wafundwa wakuwi pawasokiti Kafarinaumu, watola mpiya za zaka za Numba nkulu ya Mlungu wamgenderiti Peteru na wamkosiya, “Hashi mfunda gwenu kalipa mpiya za zaka za Numba nkulu ya Mlungu?”
25 ၂၅ ပေတရုသည် အိမ်သို့ဝင်သောအခါ၊ ယေရှုသည် တင်ကူး၍၊ အချင်းရှိမုန်၊ သင်သည်အဘယ်သို့ထင်သ နည်း။ လောကီရှင်ဘုရင်တို့သည် အဘယ်သူမှာအခွန်ကိုခံကြသနည်း။ မိမိသားမှာခံကြသလော။ သူတပါးမှာ ခံကြသလော၊ ဟုမေးတော်မူလျှင်၊
Peteru kawankula, “Yina!” Su Peteru pakayingiriti mnumba, pamberi kanetakuli shisoweru shoseri, Yesu kamkosiya, “Simoni gwengapa guwona ashi, wafalumi wa pasipanu watola ushuru ama kodi kwa ashina gaa? Kulawa kwa wenikaya ama kwa wahenga?”
26 ၂၆ ပေတရုက၊ သူတပါးမှာခံကြပါသည်ဟုလျှောက်သော်၊ ယေရှုကလည်းသို့ဖြစ်လျှင် သားမူကား လွတ်ရ ၏။ သို့သော်လည်း ထိုသူတို့သည် ငါတို့ကြောင့်မမှားယွင်းမည်အကြောင်း၊ အိုင်သို့သွား၍ ငါးမျှားကိုချလော့။
Peteru kawankula, “Kulawa kwa wahenga.” Yesu kamgambira, “Iherepa!, Su wenikaya wawusika ndiri kulipa.
27 ၂၇ ရှေ့ဦးစွာရသောငါးကိုယူ၍ ပစပ်ကိုဖွင့်လျှင်၊ သတာတဲတပြားကိုတွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါ့အဘို့ နှင့် သင့်အဘို့ ထိုသူတို့အားပေးလော့ဟု မိန့်တော်မူ၏။
Kumbiti wantu awa nawatuwona twenga twawadoda. Su mgendi kulitanda mwakalopoli somba. Somba gwa kwanja kumlopola, gugubuturi mlomu gwakuwi na haguwoni mpiya zazitosha kulipira zaka yangu na mwenga. Guzitoli na gulipi kodi zyetu.”

< မဿဲ 17 >