< မဿဲ 17 >

1 ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်တို့ကိုခေါ်၍၊ မြင့်လှ စွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။
Po šesti dnech vzal s sebou Ježíš pouze Petra, Jakuba a jeho bratra Jana a vyšli na vysokou horu.
2 သူတို့ရှေ့၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ မျက်နှာတော်သည် နေကဲ့သို့ထွန်း တောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ဖြူလျက်ရှိ၏။
Náhle učedníci zpozorovali, že Ježíšův vzhled se změnil. Tvář mu oslnivě zářila jako slunce a jeho oděv se skvěl bělostí.
3 မောရှေနှင့်ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူစကားပြောလျက်နေကြ၏။
Vtom uviděli Mojžíše a Elijáše, jak s ním rozmlouvají.
4 ထိုအခါ ပေတရုက၊ သခင်၊ ဤအရပ်၌နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့တဲတဆောင်၊ မောရှေဘို့ တဆောင်၊ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အလိုတော်ရှိလျှင် အကျွန်ုပ်တို့သည် ဆောက်လုပ်ပါမည်ဟု လျှောက်လေ၏။
Petr zvolal: „Pane, je nám tu tak dobře! Jestli chceš, postavíme vám tu přístřeší a zůstaňme tady!“
5 ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသောမိုဃ်းတိမ်သည် ထိုသူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်။ သူ၏စကားကို နားထောင်ကြလော့ဟု မိုဃ်းတိမ်ကအသံတော်ဖြစ်လေ၏။
Než to však dořekl, zahalil je oblak a slyšeli hlas: „Toto je můj milovaný Syn, moje radost, toho poslouchejte!“
6 တပည့်တော်တို့သည် ကြားရလျှင်၊ ပြပ်ဝပ်၍ အလွန်ကြောက်လန့်ခြင်းရှိကြ၏။
Když to učedníci slyšeli, padli k zemi s uctivou bázní.
7 ယေရှုသည်လာ၍ သူတို့ကို လက်နှင့်တို့တော်မူလျက်၊ ထကြ၊ မကြောက်ကြနှင့်ဟု မိန့်တော်မူသော်၊
Ježíš k nim přišel, dotkl se jich a řekl: „Vstaňte a nebojte se!“
8 သူတို့သည် ကြည့်မြော်သဖြင့်၊ ယေရှုတယောက်တည်းမှတပါး၊ အဘယ်သူကိုမျှ မမြင်ကြ။
Když se rozhlédli, viděli pouze samotného Ježíše.
9 တောင်ပေါ်မှဆင်းကြသောအခါ ယေရှုက၊ လူသားသည်သေခြင်းမှ မထမြောက်မှီတိုင်အောင်၊ သင်တို့ ယခုမြင်သော ရူပါရုံကို အဘယ်သူအားမျှမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။
Cestou z hory jim Ježíš přikázal: „Nikomu neříkejte, co jste viděli, dokud nevstanu z mrtvých.“
10 ၁၀ ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊
Učedníci se ho ptali: „Proč učitelé zákona zdůrazňují, že před tebou měl přijít Elijáš?“
11 ၁၁ ယေရှုက၊ ဧလိယသည်အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည်မှန်ပေ၏။
Ježíš jim odpověděl: „Mají pravdu. On má přijít a připravit lidská srdce na Kristův příchod.
12 ၁၂ ငါဆိုသည်ကား၊ ဧလိယရောက်လာပြီ။ လူများသည်သူ့ကိုမသိသဖြင့် သူ့အားပြုချင်သမျှကိုပြုကြပြီ။ ထို နည်းတူ လူသားသည်လည်း ထိုလူများလက်၌ ခံရမည်ဟုမိန့်တော်မူသော်၊
Já vám však říkám, že Elijáš už přišel, ale oni ho neuznali a naložili s ním podle svého. A také pro mne chystají jen utrpení.“
13 ၁၃ ဗတ္တိဇံဆရာယောဟန်ကို အမှတ်ပြု၍ မိန့်တော်မူကြောင်းကို တပည့်တော်တို့သည် နားလည်ကြ၏။
Učedníci pochopili, že mluví o Janu Křtiteli.
14 ၁၄ လူအစုအဝေးရှိရာသို့ ရောက်ကြသောအခါ၊ လူတယောက်သည် အထံတော်သို့ချဉ်းကပ်၍ ဒူးထောက် လျက်၊ သခင်၊
Na úpatí hory na ně čekal zástup lidí. Nějaký muž klekl před Ježíšem a řekl:
15 ၁၅ အကျွန်ုပ်၏သားကို ကယ်မသနားတော်မူပါ။ ဝက်ရူးနာစွဲ၍ ပြင်းစွာခံစားရပါ၏။ မီး၌၎င်း၊ ရေ၌၎င်း အကြိမ်ကြိမ်လဲတတ်ပါ၏။
„Pane, slituj se nad mým synem! Mnoho zkusí, má zlé záchvaty a při nich často spadne do ohně nebo do vody.
16 ၁၆ တပည့်တော်တို့ထံသို့ ဆောင်ခဲ့၍ သူတို့သည်ချမ်းသာမပေးနိုင်ကြပါဟု လျှောက်လျှင်၊
Prosil jsem tvé učedníky, ale nevědí si s ním rady.“
17 ၁၇ ယေရှုက၊ ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံးသည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော် မူ၏။
Ježíš si povzdechl: „Co to s vámi je? Nevěříte a překážíte Boží moci! Nemám to s vámi lehké. Přiveďte mi ho sem!“
18 ၁၈ ယေရှုသည် သူ့ကိုဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် သူမှထွက်သွားသဖြင့်၊ ထိုခဏမှစ၍ သူငယ်သည် ကျန်းမာပကတိဖြစ်လေ၏။
Pak Ježíš přikázal démonu, který byl příčinou nemoci, aby chlapce opustil. A od té chvíle byl chlapec zdráv.
19 ၁၉ ထိုအခါ တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ်၌ ယေရှုထံတော်သို့ချဉ်းကပ်၍၊ အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကိုအဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု လျှောက်ကြသော်၊
Když potom byli s Ježíšem sami, zeptali se učedníci: „Proč my jsme nemohli toho chlapce uzdravit?“
20 ၂၀ သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင်၊ ထိုတောင်ကို နေရာမှရွေ့လော့ဟုဆိုကြသော်၊ နေရာမှ ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ။
Ježíš jim odpověděl: „Protože málo věříte. Budete-li mít víru alespoň jako semínko hořčice a řeknete této hoře: ‚Posuň se, ‘poslechne vás. Nic pro vás nebude nemožné.
21 ၂၁ သို့သော်လည်း ဆုတောင်ခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့်၊ ထိုအမျိုးသည် မ ထွက်တတ်ဟု မိန့်တော်မူ၏။
Takový případ vyžaduje opravdovou modlitbu a půst.“
22 ၂၂ ဂါလိလဲပြည်၌နေကြစဉ်တွင် ယေရှုက၊ လူသားကို လူတို့လက်သို့အပ်နှံရသောအချိန်နီးပြီ။
Když přišli do Galileje, Ježíš jim řekl: „Mám být vydán do rukou těch,
23 ၂၃ သူတို့သည် သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ သူတို့သည်လည်း အလွန်ဝမ်းနည်းခြင်းရှိကြ၏။
kteří mne zabijí. Ale třetího dne zase vstanu k životu.“Učedníky to velmi zarmoutilo.
24 ၂၄ ကပေရနောင်မြို့သို့ရောက်သောအခါ၊ ဗိမာန်တော်အခွန်တည်းဟူသော ဒိဒြမ္မကိုခံသောသူတို့သည် ပေတရုဆီသို့လာ၍ သင်၏ဆရာသည်ဒိဒြမ္မကိုမပေးသလောဟု မေးမြန်းလျှင်၊ ပေးပါသည်ဟု ပေတရုဆို၏။
V Kafarnaum přišli k Petrovi výběrčí chrámové daně a zeptali se: „Váš mistr neplatí daň?“
25 ၂၅ ပေတရုသည် အိမ်သို့ဝင်သောအခါ၊ ယေရှုသည် တင်ကူး၍၊ အချင်းရှိမုန်၊ သင်သည်အဘယ်သို့ထင်သ နည်း။ လောကီရှင်ဘုရင်တို့သည် အဘယ်သူမှာအခွန်ကိုခံကြသနည်း။ မိမိသားမှာခံကြသလော။ သူတပါးမှာ ခံကြသလော၊ ဟုမေးတော်မူလျှင်၊
„Platí, “odpověděl Petr. Doma ho Ježíš předešel otázkou: „Co myslíš, Petře, od koho vybírají králové a panovníci daně a poplatky? Od synů nebo od cizích?“
26 ၂၆ ပေတရုက၊ သူတပါးမှာခံကြပါသည်ဟုလျှောက်သော်၊ ယေရှုကလည်းသို့ဖြစ်လျှင် သားမူကား လွတ်ရ ၏။ သို့သော်လည်း ထိုသူတို့သည် ငါတို့ကြောင့်မမှားယွင်းမည်အကြောင်း၊ အိုင်သို့သွား၍ ငါးမျှားကိုချလော့။
„Od cizích, “odpověděl Petr.
27 ၂၇ ရှေ့ဦးစွာရသောငါးကိုယူ၍ ပစပ်ကိုဖွင့်လျှင်၊ သတာတဲတပြားကိုတွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါ့အဘို့ နှင့် သင့်အဘို့ ထိုသူတို့အားပေးလော့ဟု မိန့်တော်မူ၏။
„Dobře tedy, “řekl Ježíš, „synové tedy nejsou vázáni touto povinností! Ale nebudeme Jeruzalém zbytečně dráždit. Jdi k jezeru, nahoď udici a v první rybě, kterou chytneš, najdeš minci. Ta bude stačit na poplatek za nás oba.“

< မဿဲ 17 >