< မဿဲ 15 >
1 ၁ ထိုအခါ ယေရုရှလင်မြို့သားဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင်၊
Falisieninba leni li balimaama bangikaaba tianba den ñani Jelusalema ki cua Jesu kani ki yedi o:
2 ၂ ရှေးဟောင်းတို့မှဆက်ခံသော နည်းဥပဒေကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့်လွန်ကျူး ကြပါသနည်း။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊
Be yaa po ke a hoadikaaba miidi ti nikpiaba bogida? Kelima bi ya baa je kuli, bi kan nidi bi nii.
3 ၃ ကိုယ်တော်က၊ သင်တို့သည်အဆက်ဆက်ခံသော် နည်းဥပဒေကိုအမှီပြု၍ ဘုရားသခင်၏ပညတ်တော် ကို အဘယ်ကြောင့်လွန်ကျူးကြသနည်း။
Jesu den goa ki yedi ba: Be yaa po ke yi mo miidi U Tienu balimaama, ki bua ki kubi yi bogida?
4 ၄ ဘုရားသခင်၏ပညတ်တော်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည် မိဘကိုနှုတ်ဖြင့်ပြစ်မှား ၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။
Kelima U Tienu yedi: Jigini a baa leni a naa, ki go yedi: Yua n soli o baa yaaka o naa li pundi ban kpa o.
5 ၅ သင်တို့မူကား၊ အကြင်သူသည် ကိုယ့်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို၏၊
Ama yinba, yi yedi ke o nilo ya yedi o baa, yaaka o naa, ke wan den baa todi ba leni yaala tie yaa paabu n gagidi U Tienu po.
6 ၆ ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟုဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်း ဥပဒေအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။
Yeni yi bolini U Tienu maama ki nan kubi yi bigida.
7 ၇ လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ ချဉ်း ကပ်၍ နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။
Yinba pala lie danba na, Esayi n den pua sawali yipo yaala na po tie moamoani:
8 ၈ လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု
Bi naa niba jigindi nni leni bi ñoacuuna, Ama bi pala foagi leni nni.
9 ၉ နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟုပြန်၍မိန့်တော်မူ၏။
Bi jaandi fanma fanma kelima bi bangi yaa bangima n tie bi nisaaliba mabilikaama bebe.
10 ၁၀ ထိုအခါ လူအစုအဝေးကို အထံတော်သို့ခေါ်၍၊ သင်တို့နားထောင် နားလည်ကြလော့။
Jesu den yini ku niligu ke ku nagini o kani ke o yedi ba:
11 ၁၁ ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ်။ ခံတွင်းမှထွက်သောအရာသည် ညစ်ညူး စေသောအရာဖြစ်သည်ဟု မိန့်တော်မူ၏။
Cengi mani ki gbadi. Laa tie yaala n koa bu ñoabu nni ka joagini o nisaalo, yaala n ña bu ñoabu nni n joagini o.
12 ၁၂ တပည့်တော်တို့သည်ချဉ်းကပ်၍၊ ယခုမိန့်တော်မူသောစကားကို ဖာရိရှဲတို့သည်ကြားသောအခါ စေတနာစိတ်ပျက်ကြသည်ကို သိတော်မူသလောဟုလျှောက်ကြ၏။
Li yaa puoli o hoadikaaba den nagini o kani ki yedi o: Abani ke han maadi yaa maama yeni tie Falisieninba po tingbali bonla?
13 ၁၃ ကိုယ်တော်ကလည်း၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော်စိုက်တော်မမူသော အပင်ရှိ သမျှတို့ကို နှုတ်ရလိမ့်မည်။
O den goa ki yedi ba: N Baa yua n ye tanpoli n kaa hu yaa tibu kuli, bi baa habi bu.
14 ၁၄ ထိုသူတို့ကိုရှိပါလေစေ။ သူတို့သည်လူကန်းတို့အား လမ်းပြသောလူကန်းဖြစ်၏။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။
Cedi ba mani, bi tie yaa juama n dia a juama. Juamo ya dadi juamo mo, bani bilie kuli baa baa ku buogu nni.
15 ၁၅ ပေတရုကလည်း၊ ထိုဥပမာကို အကျွန်ုပ်တို့အား ဖွင့်ပြတော်မူပါဟုလျှောက်လျှင်၊
Pieli den yedi o: A kan bundi tipo mi kpanjama yeni?
16 ၁၆ ယေရှုက၊ သင်တို့သည် ယခုတိုင်အောင် ပညာမဲ့လျက်နေသေးသလော။
Jesu den yedi o: Yi moko yii pia yanfuoma yoo?
17 ၁၇ ခံတွင်းသို့ဝင်သမျှသည် ဝမ်းထဲသို့ဆင်း၍ ရေအိမ်တွင် စွန့်ပစ်သည်ကိုနားမလည်ကြသေးသလော။
Yii bani ke yaala n koa bu ñoabu nni kuli caa ku tugu nni ki go baa ña kaa?
18 ၁၈ ခံတွင်းမှထွက်သောအရာမူကား၊ နှလုံးထဲက ထွက်လာ၍ လူကိုညစ်ညူးစေသောအရာဖြစ်၏။
Ama yaala n ña bu ñoabu nni tie yaala n bi ye li pali nne ki ji ñani, lani n joagini o nisaalo.
19 ၁၉ မကောင်းသောကြံစည်ခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှား ယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍၊
Kelima ti yanmaalibiadi leni mi kukpama leni mi conconma buoli kuli leni bu subu leni mi seedi faama leni ti sugidi kuli ña li pali nne
20 ၂၀ လူကို ညစ်ညူးစေသောအရာဖြစ်ကြ၏။ လက်မဆေးဘဲလျက် အစာကိုစားခြင်းမူကား၊ လူကိုညစ်ညူး စေသည်မဟုတ်ဟု မိန့်တော်မူ၏။
Lani n tie yaala n joagini o. Ama ki je kaa nidi kan joagini o nisaalo.
21 ၂၁ ယေရှုသည် ထိုအရပ်မှထွက်၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ကြွတော်မူလျှင်၊
Jesu den fii ki ñani lankani ki gedi Tili leni Sidoni tinkundogi.
22 ၂၂ ခါနာန်အမျိုးဖြစ်သောမိန်းမတယောက်သည် ထိုနယ်စပ်မှထွက်လာ၍၊ ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မ ကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်ဟု ဟစ်ကြော်သော်လည်း စကားတခွန်းမျှ ပြန်တော်မမူ။
Yaa pua n den likani maabiga, ki tie Kanana yua, den cua o kani ki gbaani ki tua: O Diedo Dafidi Bijua, gbadi npo mi nihima. Ki cicibiadiga ye n bisalo niinni ki yagini o yama hali ke li bia.
23 ၂၃ တပည့်တော်တို့သည်ချဉ်းကပ်၍၊ ထိုမိန်းမပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ ငါတို့နောက်သို့ လိုက်၍ ဟစ်ကြော်လျက်နေပါသည်ဟု တောင်းလျှောက်ကြ၏။
Jesu naa den goa ki yedi o liba kuli. O hoadikaaba den nagini o kani ki yedi o: A kan cabi o, kelima o hoa ki kpaani ti puoli.
24 ၂၄ ကိုယ်တော်ကလည်း၊ ဣသရေလအမျိုးအဝင် ပျောက်လွင့်သောသိုးများမှတပါး အခြားသောအမျိုးရှိ ရာသို့ ငါ့ကိုမစေလွှတ်ဟု မိန့်တော်မူ၏။
Jesu den goa ki yedi: Baa den soani nni nitoaba po kali Isalele buolu yaaba po, bani yaaba n tie nani ya pe n yaadi yeni po.
25 ၂၅ ထိုမိန်းမသည် ချဉ်းကပ်၍ပြပ်ဝပ်လျက် ကျွန်မကို ကယ်တော်မူပါသခင်ဟု လျှောက်ပြန်လျှင်၊
Ama o pua yeni den cua Jesu kani ki gbaani o nintualiki yedi: O Diedo, todi nni.
26 ၂၆ ကိုယ်တော်က၊ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု ပြန်ပြောတော်မူ၏။
Jesu den goa ki yedi o: Laa tiegi o nilo n taa a bila jiema ki lu a sangbanbila.
27 ၂၇ မိန်းမကလည်းမှန်ပါ၏သခင်၊ ခွေးမည်သည်ကား မိမိသခင်၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်၊
O puo yeni den yedi: Yeni de, n Diedo, de a sangbanbila yen di yaa jejoagidi n baali bi danba saajekaanu kani.
28 ၂၈ အိုမိန်းမ၊ သင်သည်ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟုမိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။
Jesu den yedi o: Pua, a dandanli yaba boncianla. Lan tieni apo nani han bua maama. Lanyogunu o bisalo den paagi.
29 ၂၉ ယေရှုသည် ထိုအရပ်မှကြွ၍ ဂါလိလဲအိုင်နားသို့ရောက်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော် မူ၏။
Jesu den fii ki ñani lankani ki baali Galile ñincianma. O den doni ki kali li juali po.
30 ၃၀ များစွာသောလူအပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြား သော အနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ရောက်လာ၍ ခြေတော်ရင်း၌ချထားကြ၏။
Ku niligu den cua o kani boncianla, ki kpendinni a diama leni a juama leni a muula leni a woma leni a tadima leni yiantoana boncianla. Bi den cua ki duani ba Jesu taana kani ke o paagi ba.
31 ၃၁ အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့်၊ အသောသူသည် စကားပြောသည်ကို၎င်း၊ ချို့တဲ့သောသူ သည် ပကတိဖြစ်သည်ကို၎င်း၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကို၎င်း၊ မျက်စိကန်းသောသူသည် မြင်ရ သည်ကို၎င်း၊ လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းသို့ရောက်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဂုဏ် တော်ကို ချီးမွမ်းကြ၏။
Ku niligu n den laa ke a muula maadi, ke a tadima paagi, ke a diama cuoni, ke a juama mo nuadi, li den paki ba ke bi kpiagi Isalele yaaba Tienu.
32 ၃၂ ထိုအခါ ယေရှုသည် တပည့်တော်တို့ကိုခေါ်၍၊ ဤလူများကိုငါသနား၏။ သုံးရက်ပတ်လုံးငါနှင့်အတူရှိ ကြပြီ။ စားစရာအလျှင်းမရှိ။ လမ်းခရီး၌ မောမည်ကိုစိုးရိမ်သောကြောင့် အစာမစားမှီ သူတို့ကိုလွှတ်ခြင်းငှာ ငါအလိုမရှိဟု မိန့်တော်မူလျှင်၊
Jesu den yini o hoadikaaba ki yedi: Mi nihima cuo nni ku naa niligu po, kelima dana nna ke bi ye n kani, baa go pia ban baa je yaala. Mii bua ki cabi ba leni mi koma, ban da ti gbali u sanu nni.
33 ၃၃ တပည့်တော်တို့က ဤမျှလောက်များသောလူစုတို့သည် ဝစွာစားလောက်သောအစာကို ဤတောအရပ် ၌ အကျွန်ုပ်တို့သည် အဘယ်သို့ရနိုင်ပါမည်နည်းဟု လျှောက်ကြသော်၊
O hoadikaaba den yedi o: Ti baa tieni lede li naa fuali nni ki baa ya jiema n baa guoni ku naa niligu kuli?
34 ၃၄ ယေရှုက၊ သင်တို့တွင်မုန့်ဘယ်နှစ်လုံးရှိသနည်းဟု မေးတော်မူလျှင်၊ မုန့်ခုနှစ်လုံးနှင့် အနည်းငယ်မျှ သော ငါးကောင်ကလေးရှိပါသည်ဟု ပြန်လျှောက်ကြ၏။
Jesu den yedi ba: Yi pia dupen bonba ha yo? Bi den goa ki yedi o: Bonba lele leni janbimuba.
35 ၃၅ ထိုအခါ လူအစုအဝေးတို့ကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ၏။
Lani o den teni ke ku niligu kakali tiipo.
36 ၃၆ မုန့်ခုနှစ်လုံးနှင့် ငါးတို့ကိုလည်းယူ၍ ကျေးဇူတော်ကိုချီးမွမ်းပြီးမှ၊ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့လည်း လူအပေါင်းတို့အား ပေးကြ၏။
O den taa bi dupenlelediba leni i jami ki jaandi, ki cabidicabidi ki teni o h oadikaaba ke bi boagidi ku niligu.
37 ၃၇ လူအပေါင်းတို့သည် စား၍ဝကြပြီးမှ၊ ကြွင်းရစ်သောအကျိုးအပဲ့ကိုကောက်သိမ်း၍ ခုနှစ်တောင်း အပြည့် ရကြ၏။
Bikuli den dini ki guo. Bi den wodi yaa boncaba n sieni ki gbieni baabuociandi lele.
38 ၃၈ စားသောသူအရေအတွက်ကား၊ မိန်းမနှင့်သူငယ် ကိုမဆိုဘဲ ယောက်ျားလေးထောင်ရှိသတည်း။
yaaba n den dini den pundi jaba tudana kaa taani bi puoba leni a bila.
39 ၃၉ ထိုလူများတို့ကို လွှတ်တော်မူပြီးမှ၊ လှေစီး၍ မာဂဒါလကျေးလက်သို့ ရောက်တော်မူ၏။
Li yaa puoli Jesu den cabi ku niligu, ki kua ku ñinbiagu nni ki gedi Magadana tinga nni.