< မဿဲ 12 >
1 ၁ ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော် တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။
第一款 イエズスとファリザイ人 其頃、イエズス安息日に當りて[麦]畑を過ぎ給ひしが、弟子等飢ゑて穂を摘み食始めしかば、
2 ၂ ဖာရိရှဲတို့သည်မြင်လျှင်၊ ကိုယ်တော်၏ တပည့်တို့သည် ဥပုသ်နေ့၌ မပြုအပ်သောအမှုကို ပြုကြပါသည် တကားဟု လျှောက်ကြသော်၊
ファリザイ人之を見てイエズスに向ひ、看よ、汝の弟子等安息日に為すべからざる事を為すぞ、と云ひしに、
3 ၃ ကိုယ်တော်က ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ မွတ်သိပ်သောအခါ၊
イエズス曰ひけるは、ダヴィドが己及伴へる人々の飢ゑし時に為しし事を、汝等読まざりしか。
4 ၄ ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ မိမိမစားအပ်၊ မိမိအဘော်မစားအပ်၊ ယဇ်ပုရောဟိတ်တို့သာ စား အပ်သော ရှေ့တော်မုန့်ကို စားသည်အကြောင်းကို သင်တို့သည် မဘတ်ဘူးသလော။
即彼は神の家に入り、司祭ならでは、彼も伴へる人々も食すべからざる、供の麪を食せしなり。
5 ၅ ယဇ်ပုရောဟိတ်တို့သည်လည်း ဗိမာန်တော်တွင်ဥပုသ်နေ့၌ဥပုသ်ပျက်သော်လည်း၊ မပြစ်မသင့်သည်ကို ပညတ္တိကျမ်း၌ မဘတ်ဘူးသလော။
又、安息日に司祭等[神]殿にて安息を犯せども罪なし、と律法にあるを読まざりしか。
6 ၆ ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။
我汝等に告ぐ、[神]殿よりも大なるもの此處に在り。
7 ၇ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။
汝等若「我が好むは憫なり、犠牲に非ず」とは何の謂なるかを知らば、罪なき人を罪せざりしならん、
8 ၈ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။
其は人の子は亦安息日の主なればなり、と。
9 ၉ ထိုအရပ်မှ ကြွ၍ တရားစရပ်သို့ ဝင်တော်မူ၏။ လက်တဘက်သေသော သူတယောက်ရှိသည်ဖြစ်၍၊
イエズス此處を去りて、彼等の會堂に至り給ひしに、
10 ၁၀ လူအချို့တို့က၊ ဥပုသ်နေ့၌ ရောဂါကို ငြိမ်းစေအပ်သလောဟု ကိုယ်တော်၌အပြစ်တင်ခွင့်ကို ရှာ၍ မေးလျှောက်ကြ၏။
折しも隻手痿たる人あり。彼等イエズスを訟へんとて、安息日に醫すは可きか、と問ひしかば、
11 ၁၁ ကိုယ်တော်ကလည်း၊ မိမိ၌ သိုးတကောင်တည်းရှိ၍ ထိုသိုးသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင်၊ မဆွဲ မတင်ဘဲ နေမည့်သူတစုံတယောက်မျှ သင်တို့တွင် ရှိသလော။
イエズス曰ひけるは、汝等の中一頭の羊有てる者あらんに、若其羊安息日に坑に陥らば、誰か之を取上げざらんや、
12 ၁၂ လူသည် သိုးထက်အလွန်မြတ်ပေ၏။ ထို့ကြောင့်ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သည်ဟု ပြန်ပြောတော်မူ ပြီးမှ၊
人の羊に優れること幾何ぞや。然れば安息日に善を為すは可し、と。
13 ၁၃ ထိုသူအား၊ သင်၏လက်ကိုဆန့်လော့ဟု မိန့်တော်မူ၍၊ သူသည် မိမိလက်ကိုဆန့်လျှင် ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏။
頓て其人に、手を伸べよ、と曰ひければ、彼伸ばしたるに、其手痊えて他と齊しくなれり。
14 ၁၄ ထိုအခါ ဖာရိရှဲတို့သည် ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု တိုင်ပင်ကြ၏။
斯てファリザイ人出でて、如何にしてかイエズスを亡ぼさんと謀り居るを、
15 ၁၅ ယေရှုသည် သိတော်မူလျှင်၊ အခြားသို့ပြောင်းကြွ၍ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြသဖြင့်၊ သူတို့၏ အနာရောဂါရှိသမျှတို့ကို ငြိမ်းစေတော်မူ၏။
イエズス知りて此處を去り給ひしが、多くの人從ひしかば、悉く彼等を醫し、
16 ၁၆ ထိုသူတို့သည် သိတင်းတော်ကို မဖွင့်ရမည်အကြောင်း ပညတ်တော်မူ၏။
且我を言顕すこと勿れ、と戒め給へり。
17 ၁၇ ထိုအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်းတည်း။ နှုတ်ထွက် အချက်ဟူမူကား၊
是預言者イザヤによりて云はれし事の成就せん為なり、
18 ၁၈ ငါရွေးချယ်သော ငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးသောသူကိုကြည့်ရှုလော့။ ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ် ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။
曰く「是ぞ我選みし我僕、我心に能く適へる最愛の者なる、我彼の上に我霊を置けり。彼は異邦人に正義を告げん。
19 ၁၉ ငြင်းခုံခြင်း၊ ဟစ်ကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှမကြားစေရ။
争はず叫ばず、誰も衢に其聲を聞かず、
20 ၂၀ နင်းနယ်လျက်ရှိသော ကျူပင်ကိုမချိုး၊ မီးခိုးများသော မီးစာကိုမသတ်။ တရားသည် အောင်မြင်ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။
正義を勝利に至らしむるまで、折れたる葦を断たず、煙れる麻を熄す事なからん、
21 ၂၁ သူ၏နာမကိုလည်း လူအမျိုးမျိုးတို့သည် ကိုးစားကြလိမ့်မည်ဟု ဟောထားသတည်း။
又異邦人は彼の名を仰ぎ望まん」と。
22 ၂၂ ထိုအခါ နတ်ဆိုးစွဲသော လူကန်းလူအတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြလျှင်၊ ထိုလူကန်းလူအ သည် မျက်စိမြင်၍ စကားပြောနိုင်အောင်ကယ်မတော်မူ၏။
時に一人、惡魔に憑かれて瞽ひ口唖なるもの差出されしを、イエズス醫し給ひて、彼言ひ且見るに至りしかば、
23 ၂၃ လူအစုအဝေးအပေါင်းတို့သည်မိန်းမောတွေဝေ၍ ဤသူသည် ဒါဝိဒ်၏သားတော်ဖြစ်လိမ့်မည် လော ဟု ပြောဆိုကြ၏။
群衆皆驚きて、是ダヴィドの子に非ずや、と云へるを、
24 ၂၄ ဖာရိရှဲတို့သည်ကြားလျှင်၊ ဤသူသည် နတ်ဆိုးမင်းဗေလဇေဗုလကိုအမှီပြု၍သာ နတ်ဆိုးတို့ကို နှင် ထုတ်သည်ဟုဆိုကြ၏။
ファイリザイ人聞きて、彼が惡魔を逐払ふは、唯惡魔の長ベエルゼブブに籍るのみ、と云へり。
25 ၂၅ ယေရှုသည် ထိုသူတို့၏စိတ်ကို သိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။ မြို့ရွာဖြစ်စေ၊ အိမ်ဖြစ်စေ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည် နိုင်ရာ။
イエズス彼等の心を知りて曰ひけるは、総て分れ争ふ國は亡びん、又総て分れ争ふ町と家とは立たじ。
26 ၂၆ စာတန်သည်လည်း စာတန်ကိုနှင်ထုတ်သည်မှန်လျှင်၊ သူသည်မိမိနှင့်ကွဲပြား၏။ သူ၏နိုင်ငံသည် အ ဘယ်သို့ တည်နိုင်မည်နည်း။
サタン若サタンを逐払はば、自分るるなり、然らば其國如何にしてか立つべき。
27 ၂၇ ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်မှန်လျှင်၊ သင်တို့၏သားတို့သည် အ ဘယ်သူကို အမှီပြု၍နှင်ထုတ်ကြသနည်း။ ထိုကြောင့် သူတို့သည်သင်တို့အား တရားစီရင်သောသူဖြစ်ကြလိမ့် မည်။
我若ベエルゼブブに籍りて惡魔を逐払ふならば、汝等の子等は誰に籍りて逐払ふぞ、然れば彼等は汝等の審判者となるべし。
28 ၂၈ ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ် စင်စစ် သင်တို့၌ ဘုရားသခင်၏ နိုင်ငံတော်တည်ချိန်ရောက်လေပြီ။
然れど我若神の霊に籍りて惡魔を逐払ふならば、神の國は汝等に格れるなり。
29 ၂၉ သူရဲကို ရှေ့ဦးစွာမချည်မနှောင်လျှင်၊ အဘယ်သူသည် သူရဲအိမ်သို့ဝင်၍ သူ၏ဥစ္စာကို လုယူနိုင် အံ့ နည်း။ သူရဲကို ချည်နှောင်ပြီးမှ သူ၏အိမ်ကို လုယူနိုင်၏။
又人先強き者を縛るに非ずんば、爭でか強き者の家に入りて其家具を掠むることを得ん、[縛りて]後こそ其家を掠むべけれ。
30 ၃၀ ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူ ဖြစ်၏။
我に與せざる人は我に反し、我と共に歛めざる人は散らすなり。
31 ၃၁ ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေ ခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။
故に我汝等に告ぐ、凡ての罪及冒涜は人に赦されん、然れど[聖]霊に對する冒涜は赦されざるべし。
32 ၃၂ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။ (aiōn )
又総て人の子に對して[冒涜の]言を吐く人は赦されん、然れど聖霊に對して之を吐く人は、此世、後世共に赦されざるべし。 (aiōn )
33 ၃၃ အသီးအားဖြင့် အပင်၏သဘောထင်ရှားသည်ဖြစ်၍၊ အသီးကောင်းလျှင် အပင်ကောင်းသည်ဟု ဆိုကြ လော့။ အသီးမကောင်းလျှင် အပင်မကောင်းဟု ဆိုကြလော့။
或は樹を善しとし其果をも善しとせよ、或は樹を惡しとし其果をも惡しとせよ、樹は其果によりて知らるればなり。
34 ၃၄ အချင်းမြွေဆိုးအမျိုးတို့၊ အဆိုးဖြစ်လျက် ကောင်းသောစကားကို အဘယ်သို့ပြောနိုင်မည်နည်း။ စိတ် နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။
蝮の裔よ、汝等惡しければ、爭でか善きを云ふを得ん、口に語るは心に充てる所より出ればなり。
35 ၃၅ ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာတို့ကို ထုတ်ဘော် တတ်၏။ မကောင်းသောသူသည် မကောင်းသောဘဏ္ဍာတိုက်ထဲက မကောင်းသောအရာတို့ကို ထုတ်ဘော် တတ်၏။
善き人は善き庫より善き物を出し、惡しき人は惡しき庫より惡しき物を出す。
36 ၃၆ ငါဆိုသည်ကား၊ လူတို့သည် အကျိုးမဲ့သောစကားကို ပြောသမျှအတွက်၊ တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကို ခံရကြလတံ့။ သင့်စကားများအားဖြင့် သင်သည်အပြစ်လွတ်လိမ့်မည်။
我汝等に告ぐ、総て人の語りたる無益な言は、審判の日に於て之を糺さるべし。
37 ၃၇ သို့မဟုတ် သင့်စကားများအားဖြင့် အပြစ်စီရင်ခြင်းကိုခံရလိမ့်မည်ဟု မိန့်တော်မူ၏။
其は汝其言によりて義とされ、又其言によりて罪せらるべければなり、と。
38 ၃၈ ထိုအခါ အချို့သောကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်ပြတော် မူသော နိမိတ်လက္ခဏာတစုံတခုကို မြင်ချင်ပါသည်ဟု လျှောက်ကြလျှင်၊
其時數人の律法學士及ファリザイ人、彼に答へて云ひけるは、師よ、我等汝の為す徴を見んと欲す、と。
39 ၃၉ ကိုယ်တော်က ဆိုးညစ်၍မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ။
イエズス答へて曰ひけるは、奸惡なる現代は徴を求むれども、預言者ヨナの徴の外は徴を與へられじ。
40 ၄၀ ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲမှာသုံးရက်နေရလတံ့။
即ヨナが三日三夜魚の腹に在りし如く、人の子も三日三夜地の中に在らん。
41 ၄၁ တရားဆုံးဖြတ်တော်မူသောအခါ၊ နိနေဝေမြို့သားတို့သည် ဤလူမျိုးတဘက်၌ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုမြို့သားတို့သည် ယောန ဟောပြောသောစကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ ကား၊ ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။
ニニヴの人々は、審判の時現代と共に立ちて之を罪に定めん、彼等はヨナの説教によりて改心したればなり、見よ、ヨナに優れるもの茲に在り。
42 ၄၂ တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသောမိဖုရားသည်၊ ဤလူမျိုးတဘက်၌ ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ပညာစကားကို နားထောင်ခြင်းငှါ မြေကြီးစွန်းမှလာ၏။ ဤအရပ်၌ကား၊ ရှောလမုန်ထက်သာ၍ ကြီးမြတ်သောသူရှိ၏။
南方の女王は、審判の時現代と共に立ちて之を罪に定めん、彼はサロモンの智恵を聴かんとて地の極より來りたればなり、見よ、サロモンに優れるもの茲に在り。
43 ၄၃ ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သောအရပ်တို့၌လည်၍ ငြိမ်ဝပ်ခြင်းကို ရှာ တတ်၏။
汚鬼人より出でし時、荒れたる處を巡りて息を求むれども得ず、
44 ၄၄ မတွေ့လျှင် ငါသည်ထွက်ခဲ့သော နေမြဲအိမ်သို့ ပြန်ရဦးမည်ဟုဆို၍၊ ရောက်သောအခါ ထိုအိမ်သည် လွတ်လပ်၍ သုတ်သင်ပြင်ဆင်လျက်ရှိသည်ကိုတွေ့သော်၊
是に於て、出でし我家に歸らんと云ひて、來りて其家の既に空き、掃清められ飾られたるを見るや、
45 ၄၅ မိမိထက်သာ၍ ညစ်ညူးသော နတ်ဆိုးခုနစ်ယောက်ကိုခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍နေကြ၏။ ထိုလူ ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ၍ဆိုး၏။ ဆိုးညစ်သောဤလူမျိုး၌ ထိုနည်းတူဖြစ်လတံ့ဟု မိန့် တော်မူ၏။
乃往きて己よりも惡き七の惡鬼を携へ、偕に入りて此處に住む。斯て彼人の末は、前よりも更に惡くなり増る。極惡なる現代も亦斯の如くならん、と。
46 ၄၆ ထိုသို့ ပရိသတ်တို့အား ဟောတော်မူစဉ်တွင်၊ မယ်တော်နှင့်ညီတော်တို့သည် နှုတ်ဆက်လို၍ ပြင်မှာ ရပ်နေကြ၏။
イエズス尚群衆に語り給へる折しも、母と兄弟等と、彼に物語せんとて外に立ちければ、
47 ၄၇ လူတယောက်ကလည်း၊ မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်နှင့်နှုတ်ဆက်လို၍ ပြင်မှာ ရပ်နေ ကြပါ၏ဟုလျှောက်လျှင်၊
或人云ひけるは、看よ、汝の母、兄弟汝を尋ねて外に立てり、と。
48 ၄၈ ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။
イエズス己に告げし人に答へて曰ひけるは、誰か我母、誰か我兄弟なるぞ、と。
49 ၄၉ လက်တော်ကိုလည်းဆန့်၍ တပည့်တော်တို့ကို ညွှန်လျက်၊ ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။
即手を弟子等の方に伸べて曰ひけるは、是ぞ我母我兄弟なる、
50 ၅၀ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။
其は誰にもあれ、天に在す我父の御旨を行ふ人、即是我兄弟姉妹母なればなり、と。