< မဿဲ 10 >
1 ၁ တကျိပ်နှစ်ပါးသော တပည့်တော်တို့ကိုခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နှင်ထုတ်ခြင်းငှါ၎င်း၊ အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေခြင်းငှါ၎င်း အခွင့်ပေးတော်မူ၏။
A HEA ae la ia i kana poe haumana he umikumamalua, alaila haawi mai la i ka mana no lakou e mahiki aku ai i na uhane ino, a e hoola aku i na mai a pau a me na nawaliwali a pau.
2 ၂ တကျိပ်နှစ်ပါးသော တပည့်တော်တို့၏ အမည်ကား၊ ပဌမမှာ၊ ပေတရုဟူ၍ ခေါ်ဝေါ်သော ရှိမုန်နှင့် သူ့ညီအန္ဒြေ၊
Eia hoi na inoa o ka poe lunaolelo he umikumamalua. O ka mua, o Simona i kapaia o Petero, me kona kaikaina o Anederea; o Iakobo na Zebedaio, a me kona kaikaina o Ioane;
3 ၃ ဇေဗေဒဲ၏သားယာကုပ်နှင့် သူ့ညီယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့် သဒ္ဒဲဟုအမည်သစ်ကိုရသော လေဗဲ၊
O Pilipo a me Baretolomaio; o Toma a me Mataio ka lunaauhau; o Iakobo na Alepaio, a me Lebaio i kapaia o Tadaio.
4 ၄ ကာနနိတ်လူရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်ပေတည်း။
O Simon a no Kanaana a me Iuda Isekariota, nana ia i kumakaia aku.
5 ၅ ထိုတကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တပါးအမျိုးသားတို့ရှိရာ သို့ မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့်။
O keia poe umikumamalua ka Iesu i hoouna ae ai, kauoha mai la ia lakou, i mai la. Mai hele oukou ma ke kuamoo o ko na aina e, aole hoi e komo i kekahi kulanakauhale o ko Samaria:
6 ၆ ဣသရေလအမျိုး၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့။
Aka, e hele oukou i ka poe hipa auwana o ka ohana o Iseraela,
7 ၇ သွားစဉ်တွင်၊ ကောင်းကင်နိုင်ငံတော် တည်လုနီးပြီဟု သိတင်းကြားပြောကြလော့။
I ko oukou hele ana, e ao aku, me ka i ana, Ua kokoke mai nei ke aupuni o ka lani.
8 ၈ နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူ တို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဘိုးမပေးဘဲ ကျေးဇူးတော် ကို ခံရကြပြီဖြစ်၍ အဘိုးမခံဘဲ ပေးကမ်းကြလော့။
E hoola i na mai, e huikala i na lepero, e hoala i na mea make, e mahiki aku i na daimonio; ua haawi wale ia mai ia oukou, e haawi wale aku oukou.
9 ၉ ရွှေ၊ ငွေ၊ ကြေးတို့ကို ခါးပန်းထဲ၌ မသိုမှီးကြနှင့်။
Mai hahao oukou i gula, aole hoi i kala, aole hoi i keleawe iloko o ko oukou mau hipuu;
10 ၁၀ လမ်းခရီးဘို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်းတောင်ဝေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ၏။
Aole hoi he aa no ko oukou hele ana, aole hoi elua aahu, aole hoi kamaa, aole no hoi he kookoo; no ka mea, he pono ke loaa i ka mea hana ka ai nana.
11 ၁၁ မည်သည်မြို့ မည်သည်ရွာသို့ ဝင်လျှင်၊ ထိုမြို့ရွာ၌ အဘယ်မည်သောသူသည် ထိုက်တန်သနည်းဟု မေးမြန်း၍၊ ထိုမြို့ရွာမှ မထွက်မသွားမှီတိုင်အောင် ထိုသူ၏အိမ်တွင် နေကြလော့။
A o ke kulanakauhale, a o ke kauhale paha, a oukou e komo aku ai, e ninau aku i ko laila poe pono; malaila no e noho ai a hiki i ka manawa e hele aku ai malaila aku.
12 ၁၂ အိမ်သို့ ဝင်သောအခါ မင်္ဂလာရှိပါစေသောဟု နှုတ်ဆက်ခြင်းကို ပြုကြလော့။
Aia komo aku oukou iloko o ka hale, e uwe aku i ko laila.
13 ၁၃ ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့မြွက်သော မင်္ဂလာရောက်စေသတည်း။ မထိုက်တန်လျှင် သင်တို့ ထံသို့ ပြန်လာစေသတည်း။
A i pono ko ka hale, e kau ko oukou aloha maluna ona; aka, i pono ole, e hoi hou mai no ko oukou aloha io oukou la.
14 ၁၄ အကြင်သူသည် သင်တို့ကို လက်မခံ၊ သင်တို့၏ စကားကိုနားမထောင်ဘဲနေ၏။ ထိုသူနေသော အိမ်မှ၎င်း၊ မြို့မှ၎င်း ထွက်သွားစဉ်၊ သင်တို့၏ ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့။
A o ka mea hookipa ole ia oukou, aole hoi e hoolohe i ka oukou olelo, a hele aku oukou iwaho o kela hale, a o kela kulanakauhale paha, e lulu iho i ka lepo o ko oukou wawae.
15 ၁၅ ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက်သာ၍ ခံရလတံ့။
He oiaio ka'u o olelo aku nei ia oukou, E aho no ka hewa ana o ko Sodoma a me ko Gomora i ko ia kulanakauhale i ka la e hookolokolo ai.
16 ၁၆ တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တို့သည် မြွေ ကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။
Eia hoi, ko hoouna aku nei au ia oukou e like me na hipa mawaena o na ilio hihiu hae; no ia mea, e maalea oukou e like me na nahesa, e noho malie hoi e like me na manu nunu.
17 ၁၇ လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့အပ်နှံကြလိမ့်မည်။ တရားစရပ်တို့၌ ရိုက်ကြလိမ့်မည်။
E malama hoi ia oukou i na kanaka? no ka mea, e haawi aku lakou ia oukou i ka aha hookolokolo, e hahau hoi lakou ia oukou iloko o ko lakou mau halehalawai;
18 ၁၈ ထိုသူတို့မှစ၍ တပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှါ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။
A no'u nei e alakaiia'ku ai oukou imua o na kiaaina a me na alii, i mea o ike ai no lakou, a no ko na aina e.
19 ၁၉ သင်တို့ကို အပ်နှံသောအခါ အဘယ်သို့ ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုခဏ ခြင်းတွင် သင်တို့သည် ရကြလိမ့်မည်။
Aia haawiia'ku oukou, mai manao nui i ka oukou e olelo aku ai; no ka mea, e haawiia aku ia oukou i kela manawa ka oukou mea e olelo aku ai.
20 ၂၀ အကြောင်းမူကား၊ သင်တို့ အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။
No ka mea, aole na oukou e olelo aku, na ka Uhane no o ko oukou Makua e olelo ana ma o oukou la.
21 ၂၁ ထိုအခါ ညီအစ်ကိုချင်း တယောက်ကိုတယောက် သေစေခြင်းငှါ အပ်ကြလိမ့်မည်။ အဘသည်လည်း သားကို အပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ရန်ဘက်ပြု၍ သေစေကြလိမ့်မည်။
E haawi ana ka hoahanau i ka hoahanau e make, a o ka makuakane i ke keiki; a e ku e na keiki i na makua, e hoolilo ia lakou i ka make.
22 ၂၂ လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင် အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
No ko'u inoa e inainaia mai ai oukou e na kanaka a pau: aka, o ka mea hoomau aku a hiki i ka hopeua, e ola ia.
23 ၂၃ တမြို့၌ သင်တို့ကိုညှဉ်းဆဲလျှင် တမြို့သို့ပြေးကြလော့။ ငါအမှန်ဆိုသည်ကား၊ ဣသရေလမြို့ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည်၍ မကုန်မှီ လူသားသည်ကြွလာလိမ့်မည်။
Aia hana ino mai lakou ia oukou iloko o kekahi kulanakauhale, e holo aku oukou i kekahi; he oiaio ka'u e olelo aku nei ia oukou, Aole e pau e na kulanakauhale o ka Iseraela i ke kaaheleia e oukou, a hihi mai no ke Keiki a ke kanaka.
24 ၂၄ တပည့်သည် ဆရာထက်မသာ။ ကျွန်သည် သခင်ထက်မသာ။
Aole he kiekie ka haumana maluna o ke kumu, aole hoi ke kauwa maluna o kona haku.
25 ၂၅ တပည့်သည် ဆရာကဲ့သို့၎င်း၊ ကျွန်သည်သခင် ကဲ့သို့၎င်းဖြစ်လျှင် သင့်လောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုဟုခေါ်ဝေါ်ကြလျှင်၊ အိမ်သူအိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။
He aho no ka haumana ke like ia me kana kumu, a o ke kauwa ke like ia me kona haku. Ina o kapa mai lakou i ka mea nona ka hale, o Belezebuba, e nui auanei ko lakou kapa ana i ko ka hale pela.
26 ၂၆ ထို့ကြောင့် သူတို့ကို မကြောက်ကြနှင့်။ ဖုံးထားလျက်ရှိသမျှသောအရာတို့သည် ပွင့်လိမ့်မည်။ ဆိတ် ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။
Mai makau hoi ia lakou; no ka mea, aohe mea i uhiia e ole e hoakakaia'na, aohe mea i hunaia e ole e hoikeia'na.
27 ၂၇ မှောင်မိုက်၌ သင်တို့အား ငါပြောသောအရာများကို သင်တို့သည် အလင်း၌ ကြားပြောကြလော့။ သင်တို့နားအပါး၌ ပြော၍ ကြားသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလော့ဟု မိန့်တော်မူ၏။
O ka'u e olelo aku nei ia oukou ma ka pouli nei, oia ka oukou e hai aku ai ma ka malamalama; a o ka mea a oukou e lohe nei ma ka pepeiao, oia ka oukou e kala aku ai maluna o na hale.
28 ၂၈ တနည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကိုသာ၍ ကြောက်ကြလော့။ (Geenna )
Mai makau aku hoi oukou i ka poe nana e pepehi mai ke kino, aole nae e hiki ia lakou ke pepehi i ka uhane; aka, e makau aku i ka mea nona ka mana e make ai ka uhane a me ke kino iloko o Gehena. (Geenna )
29 ၂၉ စာငှက်နှစ်ကောင်ကို အဿရိတပြား အဘိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက်တကောင်မျှ မြေသို့မကျရ။
Aole anei i kuaiia na manu liilii elua i kekahi asario? aole hoi e haule wale kekahi o laua ma ka lepo, ke ole ko oukou Makua.
30 ၃၀ သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။
Ua pau loa no hoi na lauoho o ko oukou mau poo i ka heluia.
31 ၃၁ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။
Nolaila, mai makau oukou, ua oi loa aku oukou mamua o na manu liilii he nui loa.
32 ၃၂ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။
Nolaila, o ka mea nana au e hooia aku imua o na kanaka, na'u hoi ia e hooia aku imua o ko'u Makua iloko o ka lani.
33 ၃၃ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။
A o ka mea nana au o hoole aku imua o na kanaka, na'u hoi ia e hoole aku imua o ko'u Makua iloko o ka lani.
34 ၃၄ မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ်။ ထားကို စေလွှတ်အံ့သောငှါ ငါလာသတည်း။
Mai manao oukou i hele mai nei au e lawe mai i ke kuikahi ma ka honua; o ka pahikaua ka'u i hele mai nei e lawe mai, aole ke kuikahi.
35 ၃၅ အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားစေခြင်းငှါ ငါလာသတည်း။
No ka mea, i hele mai nei au e hookuee i ke kanaka i kona makuakane, a i ke kaikamahine i kona makuwahine, a i ka hunonawahine i kona makuahunoaiwahine.
36 ၃၆ ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူ ဖြစ်ကြလိမ့်မည်။
O na enemi a ke kanaka, no kona hale iho no lakou.
37 ၃၇ အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူ သည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။
O ka mea hookela aku i ke aloha i kona makuakane a i kona makuwahine, aole no ia'u, aole ia e pono no'u: a o ka mea hookela aku i ke aloha i kana keikikane a i ke kaikamahine, aole ia'u, aole hoi ia e pono no'u.
38 ၃၈ အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက် မတန်။
A o ka mea kaikai ole i kona kea, a e hahai mai mamuli o'u, aole ia e pono ia'u.
39 ၃၉ မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။
O ka mea malama i kona ola, e lilo no kona ola; aka, o ka mea haalele i kona ola no'u nei, e loaa ia ia ke ola.
40 ၄၀ သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူ သောသူကို လက်ခံ၏။
O ka mea hookipa mai ia oukou, oia ke hookipa mai ia'u; a o ka mea, hookipa mai ia'u, oia ke hookipa mai i ka mea nana au i hoouna mai.
41 ၄၁ ပရောဖက်၏ မျက်နှာကိုထောက်၍၊ ပရောဖက်ကို လက်ခံသောသူသည် ပရောဖက်၏အကျိုးကို ခံရလတံ့၊ ဖြောင့်မတ်သောသူ၏မျက်နှာကိုထောက်၍၊ ဖြောင့်မတ်သောသူကို လက်ခံသောသူသည် ဖြောင့်မတ် သောသူ၏အကျိုးကို ခံရလတံ့။
O ka mea hookipa mai i ke kaula, no ka mea, he kaula ia, e loaa ia ia ka uku no ke kaula; a o ka mea hookipa mai i ke kanaka pono, no ka mea, he kanaka pono ia, e loaa ia ia ka uku no ke kanaka pono.
42 ၄၂ အကြင်သူသည် တပည့်တော်၏ မျက်နှာကိုထောက်၍ ဤသူငယ်တစုံတယောက်အား ရေတခွက်ကို မျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲမနေရာ၊ ငါအမှန်ဆိုသည်ဟု မှာထားတော်မူ၏။
O ka mea nana e haawi mai i ko kiaha wai huihui e inu, no kekahi o keia mau mea uuku, no ka mea, he haumana ia, he oiaio ka'u e olelo aku nei ia oukou, Aole ia e nele i kona uku.