< မဿဲ 1 >
1 ၁ အာဗြဟံနှင့် ဒါဝိဒ်တို့မှဆင်းသက်တော်မူသော ယေရှုခရစ်၏ ဆွေတော်စဉ်မျိုးတော်ဆက်စာရင်း ဟူမူကား၊
Kitabu ka ukoo wang'wa Yesu Kilisto ng'wana wang'wa Daudi, ng'wana wang'wa Ibrahimu.
2 ၂ အာဗြဟံသား ဣဇာတ်။ ဣဇာက်သား ယာကုပ်။ ယာကုပ်သား ယုဒမှစ၍ ညီနောင်တစု။
Ibrahimu ae tata wang'wa Isaka, nu Isaka tata wang'wa Yakobo, nu Yakobo tata wang'wa Yuda nialuna akwe.
3 ၃ ယုဒသည် မိမိခင်ပွန်း တာမာတွင်မြင်သော သားဖာရက်နှင့်ဇာရ။ ဖာရက်သားဟေဇရုံ။ ဟေဇရုံသား အာရံ။
U Yuda ae tata wang'wa Peresi nu Sera kung'wa Tamari, Peresi tata wang'wa Hezeroni, nu Hezeroni tata wang'wa Ramu.
4 ၄ အာရံသားအမိနဒပ်။ အမိနဒပ်သားနာရှုန်။ နာရှုန်သားစာလမုန်။
U Ramu ae tata wang'wa Aminadabu, Aminadabu tata wang'wa Nashoni, nu Nashoni tata wang'wa Salimoni.
5 ၅ စာလမုန်သည် မိမိခင်ပွန်း ရာခပ်တွင်မြင်သော သားဗောဇ။ ဗောဇသည် မိမိခင်ပွန်းရုသတွင် မြင်သော သားဩဗက်။ ဩဗက်သားယေရှဲ။ ယေရှဲသား ဒါဝိဒ်မင်းကြီးတည်း။
Salimoni ae tata wang'wa Boazi kung'wa Rahabu, u Boazi tata wang'wa Obedi kung'wa Ruthi, u Obedi tata wang'wa Yese,
6 ၆ ဒါဝိဒ်မင်းကြီးသည် ဥရိယ၏ခင်ပွန်းဖြစ်ဘူးသော မိန်းမတွင်မြင်သောသားရှောလမုန်။
u Yese ae tata wang'wa mtemi Daudi, u Daudi ae tata wang'wa Sulemani kumu sungu wang'wa Uria.
7 ၇ ရှောလမုန်သား ရောဗောင်။ ရောဗာင်သား အဘိယ။ အဘိယာသား အာသ။
Sulemani ae tata wang'wa Rehoboamu, Rehoboamu tata wang'wa Abiya, Abiya tata wang'wa Asa.
8 ၈ အာသသားယောရှဖတ်။ ယောရှဖတ်သား ယဟောရံ။ ယဟောရံသား ဩဇိ။
Asa ae tata wang'wa Yehoshafati, Yehoshafati tata wang'wa Yoramu, nu Yoramu tata wang'wa Uzia.
9 ၉ ဩဇိသားယောသံ။ ယောသံသား အာခတ်။ အာခတ်သား ဟေဇကိ။
Uzia ae tata wang'wa Yothamu, u Yothamu ae tata wang'wa Ahazi, u Ahazi tata wang'wa Hezekia.
10 ၁၀ ဟေဇကိသားမနာရှေ။ မနာရှေသားအာမုန်။ အာမုန်သားယောရှိ။
Hezekia ae tata wang'wa Manase, u Manase tata wang'wa Amoni nu Amoni tata wang'wa Yosia.
11 ၁၁ ယောရှိသား ယောယကိမ်။ ယောယကိမ်သည် ဗာဗုလုန်မြို့သို့ နေရာပြောင်းခါနီးတွင် မြင်သောသား ယေခေါနိမှစ၍ ညီနောင်တစုတည်း။
U Yosia ae tata wang'wa Yekonia nialuna akwe naiahoilwe kulongola ku Babeli.
12 ၁၂ ဗာဗုလုန်မြို့သို့ နေရာပြောင်းသည့်နောက်၊ ယေခေါနိသားရှာလသေလ။ ရှာလသေလသား ဇေရုဗဗေလ။
Nai aholwa kulongola ku Babeli, Yekonia ae tata wang'wa Shetieli, u Shetieli ai sekulu wakwe nu Zerubabeli.
13 ၁၃ ဇေရုဗဗလသားအဗျုဒ်။ အဗျုဒ်သား ဧလျာကိမ်။ ဧလျာကိမ်သား အာဇော်။
Zerubabeli ai tata wang'wa Abiudi, Abiudi tata wang'wa Eliakimu, nu Eliakimu tata wang'wa Azori.
14 ၁၄ အာဇော်သား ဇာဒုတ်။ ဇာဒုတ်သား အာခိမ်။ အာခိမ်သားဧလုဒ်။
Azori ai tata wang'wa Zadoki, nu Zadoki tata wang'wa Akimu, nu Akimu tata wang'wa Eliudi.
15 ၁၅ ဧလုဒ်သား ဧလာဇာ။ ဧလာဇာသား မဿန်။ မဿန်သား ယာကုပ်။
Eliudi ae tata wang'wa Elieza, Elieza tata wang'wa Matani nu Matani tata wang'wa Yakobo.
16 ၁၆ ယာကုပ်မြင်သောသားကား၊ မာရိ၏ ခင်ပွန်းယောသပ်တည်း။ ထိုမာရိသည် ခရစ်ဟုခေါ်ဝေါ် သမုတ်သော ယေရှု၏ မယ်တော်ဖြစ်၏။
U Yakobo ai tata wang'wa Yusufu mugoha wang'wa Mariamu, kukeela ng'wenso u Yesu akatugwa, naewitangilwe Kilisto.
17 ၁၇ ဤသို့လျှင်၊ မျိုးစဉ်နွယ်ဆက်ပေါင်းကား၊ အာဗြဟံမှသည် ဒါဝိဒ်တိုင်အောင် တဆယ်လေးဆက်၊ ဒါဝိဒ် မှသည် ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်တိုင်အောင် တဆယ်လေးဆက်၊ ဗာဗုလုန်မြို့သို့ ပြောင်းပြီးမှသည် ခရစ်တော်တိုင်အောင် တဆယ်လေးဆက်ဖြစ်သတည်း။
Wileli wehi puma u Ibrahimu nu Daudi ae wileli wikumi na inne, kupuma u Daudi nukunolwa kulongola ku Babeli ae wileli wi kumi na inne, nu kumakuholwa kulongola ku Babeli kupika kung'wa Yesu ae wileli ikumi na inne.
18 ၁၈ ယေရှုခရစ်သည်ဘွားမြင်ခြင်းကို ခံတော်မူသောအကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍ မရှက်တင်မှီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။
Kutugwa kung'wa Yesu Kilisto aeitwile ite, Mariamu, auligigwe nu Yusufu, akaze akile kutankanya, akigeeleka ukete nda ang'wau ng'welu.
19 ၁၉ သူ၏ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ်မည်ဟု အကြံရှိ၏။
Umugoha wakwe u Yusufu, ae muntu wa tai, singa akalowa kumuhumya uminyala u Mariamu. Akahia amuleke kenkunku.
20 ၂၀ ထိုသို့ ကြံစည်၍နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေ သည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။
Naukusiga ulukani nulanso, umalaika wang'wa Itunda akamizeela kukeela ndoti. Akalunga, “Yusufu ng'wana wang'wa Daudi, leka kugopa kumuhola u Mariamu anga msungu wako, nsoko inda nutite upatile kungulu ya ng'waung'welu.
21 ၂၁ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ် မည်သူဖြစ်သော ကြောင့်၊ ယေရှု ဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။
Ukitunguila ng'wana mgoha ni lina lakwe ukumitanga Yesu, kunsoko ukuaguna antu ni milandu ao.
22 ၂၂ ထိုအကြောင်းအရာမူကား၊ ထာဝရဘုရားသည် ပရောဖက်ဖြင့်ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံ မည် အကြောင်းအတည်း။
Aya ihi aigelekile kukondanilya iko naikiligitigwe ni Tunda kukeela anyakidagu, akalunga.
23 ၂၃ ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလော့။ သတို့သမီးကညာသည်ပဋိသန္ဓေစွဲယူ၍သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတံ့ဟုလာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း။
Gozi umunanso ukuhola nda nukitunguela ng'wana mugoha, ilina lakwe ukitangwa Immanueli, nsoko akwe “Itunda palung'wi nu sese.”
24 ၂၄ ယောသပ်သည် အိပ်ပျော်ရာမှနိုးလျှင် ထာဝရဘုရား၏ကောင်းကင်တမန်မှာထားသည့်အတိုင်းပြု၍ မိမိခင်ပွန်းကို ထိန်းသိမ်းလေ၏။
Yusufu akauka kupuma mutulo akituma anga naulagiigwe nu malaika akamuhola akatula msungu wakwe.
25 ၂၅ သို့သော်လည်း၊ သားဦးကို မဘွားမှီတိုင်အောင် သံဝါသမပြုဘဲနေ၏။ ထိုသားကိုလည်း ယေရှုဟူသော အမည်ဖြင့် မှည့်လေ၏။
Palung'wi nayo nanso singa aeihugee, singa akatugwa ung'wana akamitanga lina lakwe Yesu.