< မာကု 1 >
1 ၁ ဘုရားသခင်သားတော် ယေရှုခရစ်၏ ဧဝံဂေလိတရား၏ အစကို ဆိုပေအံ့။
Поча́ток Єва́нгелії Ісуса Христа, Сина Божого.
2 ၂ အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသောငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။
Як у пророка Ісаї написано: „Ось перед обличчя Твоє посилаю Свого посланця́, який перед Тобою дорогу Твою приготу́є.
3 ၃ တော၌ ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီး တော်ကို ဖြောင့်စေကြလော့ဟု လာသည်နှင့်အညီ၊
Голос того, хто кличе: У пустині готуйте дорогу для Господа, рівняйте стежки́ Йому!“—
4 ၄ ယောဟန်သည် တော၌ ဗတ္တိဇံကိုပေးလျက်၊ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလျက်ပေါ်ထွန်း၏။
виступив був так Іван, що в пустині христив та проповідував хрищення на покая́ння — для про́щення гріхів.
5 ၅ ယေရုရှလင်မြို့သားများမှစ၍ ယုဒပြည်သူပြည်သားပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍ မိမိ တို့ အပြစ်များကိုဘော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကိုခံကြ၏။
І до нього прихо́дила вся країна Юдейська та всі єрусали́мляни, і в річці Йорда́ні від нього христились вони, і визнава́ли гріхи свої.
6 ၆ ယောဟန်သည် ကုလားအုပ်အမွေးနှင့် ရက်သောအဝတ်ကိုဝတ်လျက်၊ ခါး၌ သားရေခါးပန်းကို စည်း လျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သောပျားရည်ကို စားလျက်နေ၏။
А Іван зодягався в одежу з верблю́жого во́лосу, і мав пояс ремі́нний на сте́гнах своїх, а їв сарану́ та мед польови́й.
7 ၇ ဟောချက်စကားဟူမူကား၊ ငါ့ထက် တတ်စွမ်းနိုင်သောသူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ ခြေနင်း တော်ကြိုးကိုမျှ ငုံ့၍ဖြတ်ခြင်းငှါ ငါမထိုက်။
І він проповідував, кажучи: „Услід за мною йде Поту́жніший від мене, що Йому я негідний, нагнувшись, розв'язати ремінця́ від узуття Його.
8 ၈ ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ သင်တို့ကိုဗတ္တိဇံ ပေးမည်ဟု ဟောသတည်း။
Я христив вас водою, а Той вас христи́тиме Духом Святим“.
9 ၉ ထိုအခါ ယေရှုသည် ဂါလိလဲပြည်နာဇရက်မြို့မှကြွလာ၍ ယောဟန်လက်ဖြင့် ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံတော်မူ၏။
І сталося тими днями, — прийшов Ісус з Назаре́ту Галілейського, і від Івана христився в Йорда́ні.
10 ၁၀ ရေမှပေါ်ထစဉ်တွင် ကောင်းကင်ကွဲ၍ ဝိညာဉ်တော်သည်ချိုးငှက်ကဲ့သို့ ကိုယ်တော်အပေါ်၌ ဆင်း သက်တော်မူသည်ကို မြင်ရ၍၊
І зараз, коли Він виходив із води, то побачив Іван небо розкрите, і Духа, як голуба, що схо́див на Нього.
11 ၁၁ သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်ကအသံတော်ဖြစ်လေ၏။
І голос із неба почувся: „Ти Син Мій Улю́блений, що Я вподо́бав Його!“
12 ၁၂ ထိုခဏခြင်းတွင် ဝိညာဉ်တော်သည် ယေရှုကိုတောသို့သွားစေတော်မူ၏။
І зараз повів Його Дух у пустиню.
13 ၁၃ အရက်လေးဆယ်ပတ်လုံးထိုတော၌ နေ၍ စာတန်၏စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲ တို့နှင့်အတူ ရှိတော်မူ၏။ ကောင်းကင်တမန်တို့သည်လည်း လုပ်ကျွေးကြ၏။
І Він був сорок днів у пустині, випробо́вуваний від сатани́, і перебував зо звірино́ю. І служили Йому анголи́.
14 ၁၄ ယောဟန်သည် ထောင်ထဲသို့ရောက်သည်နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင်၊
А коли Іван ви́даний був, то прийшов Ісус до Галілеї, і проповідував Божу Єва́нгелію,
15 ၁၅ အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရား ကို ယုံကြည်ကြလော့ဟူသော ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောတော်မူ၏။
і говорив: „Збулися часи, — і Боже Царство набли́зилось. Покайтеся, і віруйте в Єва́нгелію!“
16 ၁၆ ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အန္ဒြေညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊
А коли Він проходив біля Галіле́йського моря, то побачив Си́мона та Андрія, брата Си́монового, що не́вода в море закида́ли, — бо риба́лки були́.
17 ၁၇ ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြုမည် ဟု အမိန့်တော်ရှိသော်၊
I сказав їм Ісус: „Ідіть услід за Мною, — і зроблю́, що станете ви ловця́ми людей“.
18 ၁၈ ထိုသူတို့သည် ချက်ခြင်းပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။
І зараз вони свого не́вода кинули, — та й пішли вслід за Ним.
19 ၁၉ ထိုမှအနည်းငယ်လွန်ပြန်လျှင် ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်ညီအစ်ကိုနှစ်ယောက်တို့သည် လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကိုမြင်၍ ချက်ခြင်းခေါ်တော်မူ၏။
А коли недалеко прийшов, то побачив Він Якова Зеведе́євого та брата його Івана, що й вони в чо́вні не́вода ла́годили.
20 ၂၀ ထိုသူတို့သည်လည်း လှေပေါ်မှာရှိသော သူငှါးတို့နှင့်တကွ အဘဇေဗေဒဲကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။
І зараз покликав Він їх. І вони залишили батька свого Зеведе́я в чо́вні з робі́тниками, — і пішли вслід за Ним.
21 ၂၁ ကပေရေနောင်မြို့သို့ သွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည်ချက်ခြင်းတရားစရပ်သို့ဝင်၍ ဆုံးမ ဩဝါဒပေးတော်မူ၏။
І приходять вони в Капернау́м. І негайно в суботу ввійшов Він у синагогу, і навчати зачав.
22 ၂၂ ပရိသတ်တို့သည်လည်း ဆုံးမဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။ အကြောင်းမူကား၊ ကျမ်း ပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမဩဝါဒပေးတော်မူ၏။
І дивувались науці Його, бо навчав Він їх, як можновла́дний, а не як ті книжники.
23 ၂၃ ထိုသူတို့၏ တရားစရပ်၌ ညစ်ညူးသောနတ်စွဲသောသူရှိ၍၊
І зараз у їхній синагозі знайшовся один чоловік, що мав духа нечистого, і він закричав,
24 ၂၄ ဪ နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ် တို့ကို ဖျက်ဆီးခြင်းငှါလာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်ဟု ဟစ်ကြော်လေ၏။
і сказав: „Що́ Тобі до нас, Ісусе Назаряни́не? Ти прийшов погубити нас. Я знаю Тебе, хто́ Ти, — Божий Святий“.
25 ၂၅ ယေရှုကလည်း တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊
Ісус же йому заказав: „Замовчи, і вийди з нього!“
26 ၂၆ ညစ်ညူးသောနတ်သည် ထိုသူကို တောင့်မာစေပြီးမှ၊ ကြီးသောအသံနှင့် အော်ဟစ်၍ထွက်သွား၏။
І затряс дух нечистий того, і, скрикнувши голосом гучни́м, вийшов із нього.
27 ၂၇ လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤအမှုသည် အဘယ်သို့နည်း။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း။ ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊ သူတို့သည် နားထောင်ကြသည်တကားဟု အချင်းချင်းမေးမြန်းပြောဆိုကြ၏။
І жахну́лися всі, — аж питали вони один о́дного, кажучи: „Що це таке? Нова наука із потугою! Навіть ду́хам нечистим наказує Він, — і вони Його слухають“.
28 ၂၈ သိတင်းတော်သည်လည်း ဂါလိလဲပြည်အရပ်ရပ်တို့၌ ချက်ချင်းနှံ့ပြားကျော်စောလေ၏။
І чутка про Нього пішла хвилі тієї по всій Галіле́йській країні.
29 ၂၉ တရားစရပ်မှ ထွက်ကြလျှင်၊ ရှိမုန်၊ အန္ဒြေတို့အိမ်သို့ ယာကုပ်၊ ယောဟန်နှင့်တကွ ချက်ခြင်းသွားကြ ၏။
І вийшли вони із синагоги неба́вом, і прийшли з Яковом та Іваном до дому Си́монового й Андрієвого.
30 ၃၀ ရှိမုန်၏ယောက္ခမသည် ဖျားနာစွဲ၍ တုံးလုံးနေသည်အကြောင်းကို အလျင်အမြန်လျှောက်ကြ၏။
А те́ща Си́монова лежала в гаря́чці; і зараз сказали про неї Йому.
31 ၃၁ ကိုယ်တော်သည်လာ၍ ထိုမိန်းမ၏လက်ကိုကိုင်လျက် ချီကြွတော်မူသည် ခဏခြင်းတွင် သူသည် အဖျားပျောက်၍ ဧည့်သည်ဝတ်ကို ပြုလေ၏။
І Він підійшов і підвів її, узявши за руку, — і гаря́чка покинула ту, — і вона зачала́ прислуго́вувати їм.
32 ၃၂ နေဝင်၍ ညအချိန်ရောက်လျှင်၊ မကျန်းမမာသောသူနှင့်နတ်ဆိုးစွဲသောသူရှိသမျှတို့ကို အထံတော်သို့ ဆောင်ခဲ့၍၊
А як вечір настав, коли сонце зайшло, то стали прино́сити до Нього недужих усіх та біснува́тих.
33 ၃၃ တမြို့လုံးသည် တံခါးနားမှာ စုဝေးလျက်ရှိကြ၏။
І все місто зібралося перед двери́ма.
34 ၃၄ အထူးထူးအပြားပြားသော အနာစွဲသောသူများတို့ကို သက်သာစေတော်မူ၏။ နတ်ဆိုးများတို့ကိုလည်း နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကိုသိကြသောကြောင့်၊ စကားတခွန်းကိုမျှ ပြောစေခြင်းငှါ အခွင့်ပေးတော်မူ၏။
І Він уздоро́вив багатьох, на різні хвороби недужих, і багатьох де́монів повиганяв. А демонам не дозволяв Він казати, що знають Його.
35 ၃၅ နံနက်အချိန်၊ မိုဃ်းမလင်းမှီကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော် မူ၏။
А над ранком, як дуже ще темно було́, уставши, Він вийшов і пішов у місце самі́тне, і там молився.
36 ၃၆ ရှိမုန်နှင့် သူ၏အပေါင်းအဘော်တို့သည် လိုက်၍ရှာကြသော်၊
А Си́мон та ті, що були з ним, поспішили за Ним.
37 ၃၇ ကိုယ်တော်ကိုတွေ့လျှင် လူအပေါင်းတို့သည် ကိုယ်တော်ကို ရှာကြပါသည်ဟုလျှောက်ဆို၏။
І, знайшовши Його, вони кажуть Йому: „Усі шукають Тебе“.
38 ၃၈ ကိုယ်တော်ကလည်း ငါသည် နီးစပ်သောမြို့ရွာတို့၌ တရားဟောခြင်းငှါ သွားကြကုန်အံ့။ ထိုသို့ အလို့ ငှါ ငါကြွလာပြီဟု မိန့်တော်မူ၍၊
А Він промовляє до них: „Ходім в інше місце, до сіл та око́лишніх міст, щоб і там проповідувати, бо на те Я прийшов“.
39 ၃၉ ဂါလိလဲပြည်အရပ်ရပ် တရားစရပ်တို့၌ တရားဟောလျက်နတ်ဆိုးတို့ကို နှင်ထုတ်လျက်နေတော်မူ၏။
І пішов, і проповідував в їхніх синаго́гах по всій Галілеї. І демонів Він виганяв.
40 ၄၀ နူနာစွဲသောသူတယောက်သည် အထံတော်သို့လာ၍ ဒူးထောက်လျက်၊ ကိုယ်တော်အလိုရှိလျှင် ကျွန် တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။
І приходить до Нього прокаже́ний, благає Його, і на коліна впадає та й каже Йому: „Коли хочеш, — Ти можеш очи́стити мене!“
41 ၄၁ ယေရှုသည် သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျှက်၊ ငါအလိုရှိ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေဟု မိန့်တော်မူ၏။
І змилосе́рдився Він, — простяг руку Свою, і доторкнувся до нього, та й каже йому: „Хо́чу, — будь чистий!“
42 ၄၂ ထိုသို့ မိန့်တော်မူသည် ခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။
І проказа зійшла з нього хвилі тієї, — і чистим він став.
43 ၄၃ ယေရှုကလည်း၊ သင်သတိပြု။
А Він, погрози́вши йому, зараз вислав його,
44 ၄၄ အဘယ်သူအား စကားတခွန်းကိုမျှမပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတပါး ၌ သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ ရောက်သည်အတွက်၊ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟု မြစ်တား၍ ချက်ခြင်းလွှတ်လိုက်တော်မူ၏။
і йому́ наказав: „Гляди, — не оповіда́й нічо́го ніко́му. Але йди, покажися священикові, і принеси за своє очи́щення, що Мойсей заповів, їм на свідо́цтво“.
45 ၄၅ ထိုသူသည်ထွက်သွား၍ စကားများသောအားဖြင့် ထိုအကြောင်းကို အနှံ့အပြားကျော်စေ၏။ ထို့ ကြောင့် ကိုယ်တော်သည် နောက်တဖန်မြို့ထဲသို့ ထင်ရှားစွာမဝင်ရဘဲ။ မြို့ပြင်တောအရပ်၌သာ နေတော်မူ၍ အရပ်ရပ်တို့မှ အထံတော်သို့ ရောက်လာကြ၏။
А він, вийшовши, став багато оповіда́ти й говори́ти про поді́ю, так що Він не міг явно ввійти вже до міста, але перебува́в віддалік по самі́тних місцях. І схо́дилися звідусюди до Нього.