< မာကု 8 >
1 ၁ ထိုအခါ စုဝေးသောသူအလွန်များ၍ စားစရာမရှိလျှင်၊ ယေရှုသည် တပည့်တော်တို့ကို ခေါ်၍၊
Những ngày đó, lại có một đoàn dân đông theo Đức Chúa Jêsus. Vì chúng không có chi ăn, nên Ngài kêu các môn đồ mà phán rằng:
2 ၂ ဤလူများကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူ ရှိကြပြီ။ စားစရာအလျှင်းမရှိ။
Ta thương xót đoàn dân nầy: vì đã ba ngày nay, không rời bỏ ta, và chẳng có gì ăn.
3 ၃ အချို့တို့သည် အဝေးကလာသည်ဖြစ်၍၊ အစာမစားမှီ သူတို့အိမ်သို့ ငါလွှတ်လျှင် လမ်းခရီး၌ မောကြ လိမ့်မည်ဟု မိန့်တော်မူ၏။
Nếu ta truyền cho nhịn đói trở về nơi họ ở, dọc đường chắc sẽ kém sức, vì có mấy người đã đến từ nơi xa.
4 ၄ တပည့်တော်တို့ကလည်း၊ ဤတောအရပ်၌ ဤသူတို့ကို အဘယ်သို့ ဝစွာကျွေးနိုင်မည်နည်းဟု လျှောက်ကြသော်၊
Môn đồ thưa rằng: Có thể kiếm bánh đâu được trong đồng vắng nầy cho chúng ăn no ư?
5 ၅ ကိုယ်တော်က၊ သင်တို့တွင် မုန့်ဘယ်နှစ်လုံး ရှိပါသနည်းဟု မေးတော်မူလျှင်၊ မုန့်ခုနှစ်လုံးရှိပါသည်ဟု လျှောက်ကြ၏။
Ngài hỏi: Các ngươi có bao nhiêu bánh? Thưa: Có bảy cái.
6 ၆ ထိုအခါ လူအစုအဝေးကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ၏။ မုန့်ခုနစ်လုံးကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ ထည့်စေခြင်းငှါ တပည့်တော်တို့အား ပေးတော်မူသည် အတိုင်း သူတို့သည် ထည့်ကြ၏။
Ngài bèn biểu đoàn dân ngồi xuống đất; đoạn lấy bảy cái bánh, tạ ơn, rồi bẻ ra trao cho môn đồ để phân phát, thì môn đồ phân phát cho đoàn dân.
7 ၇ အနည်းငယ်မျှသော ငါးကောင်ကလေးလည်း ရှိသည်ဖြစ်၍၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူများရှေ့၌ ထည့်စေခြင်းငှါ မိန့်တော်မူ၏။
Môn đồ cũng có mấy con cá nhỏ; Đức Chúa Jêsus tạ ơn rồi, cũng khiến đem phân phát như vậy.
8 ၈ ထိုသူတို့သည် စား၍ ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ ခုနစ်တောင်းအပြည့် ရကြ၏။
Ai nấy ăn no nê; rồi người ta thâu được bảy giỏ những miếng thừa.
9 ၉ စားသောသူအရေအတွက်ကား၊ လူလေးထောင် မျှလောက် ရှိသတည်း။ ထိုသူတို့ကို လွှတ်တော်မူပြီးမှ၊
Vả, những người ăn đó ước chừng bốn ngàn người. Đức Chúa Jêsus cho chúng về;
10 ၁၀ တပည့်တော်တို့နှင့်တကွ လှေထဲသို့ ချက်ခြင်းဝင်၍၊ ဒါလမနုသကျေးလက်သို့ ရောက်တော်မူ၏။
rồi liền vào thuyền với môn đồ, sang xứ Đa-ma-nu-tha.
11 ၁၁ ထိုအခါ ဖာရိရှဲတို့သည် ထွက်လာ၍ ကိုယ်တော်နှင့် ဆွေးနွေးငြင်းခုံသည်တွင် စုံစမ်းနှောင့်ရှက်ခြင်းငှါ၊ မိုဃ်းကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။
Có mấy người Pha-ri-si đến đó, cãi lẽ với Ngài, muốn thử Ngài, thì xin một dấu lạ từ trên trời.
12 ၁၂ ကိုယ်တော်သည် စိတ်နှလုံးညည်းတွားသံကို ပြုတော်မူလျက်၊ ဤလူမျိုးသည် နိမိတ်လက္ခဏာကို မပြရ ဟု မိန့်တော်မူပြီးလျှင်၊
Đức Chúa Jêsus than thở trong lòng mà rằng: Làm sao dòng dõi nầy xin dấu lạ? Quả thật, ta nói cùng các ngươi, họ chẳng được ban cho một dấu lạ nào.
13 ၁၃ ထိုသူတို့ ရှိရာမှထွက်၍ တဖန် လှေထဲသို့ ဝင်ပြီးလျှင် ကမ်းတဘက်သို့ ပြန်တော်မူ၏။
Ngài bèn bỏ họ, trở vào thuyền mà qua bờ bên kia.
14 ၁၄ တပည့်တော်တို့သည် မုန့်ကိုယူခြင်းငှါ မေ့လျော့ကြသဖြင့်၊ လှေပေါ်မှာ သူတို့၌ မုန့်တလုံးတည်းသာ ရှိ ၏။
Vả, môn đồ quên đem bánh theo, trong thuyền chỉ có một cái bánh mà thôi.
15 ၁၅ ကိုယ်တော်ကလည်း၊ ဖာရိရှဲတို့၏တဆေးကို၎င်း၊ ဟေရုဒ်၏တဆေးကို၎င်း၊ သတိနှင့် ကြဉ်ရှောင်ကြဟု ပညတ်တော်မူ၏။
Ngài răn môn đồ rằng: Hãy giữ mình cẩn thận về men người Pha-ri-si, và men đãng Hê-rốt.
16 ၁၆ တပည့်တော်တို့ကိုလည်း၊ ငါတို့၌ မုန့်မပါသောကြောင့် ဤစကားကို မိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။
Môn-đồ nói cùng nhau rằng: Aáy là vì chúng ta không có bánh.
17 ၁၇ ယေရှုသည် သိတော်မူလျှင်၊ သင်တို့၌ မုန့်မပါသည်ကိုထောက်၍ အဘယ်ကြောင့်အချင်းချင်း ဆွေး နွေး ပြောဆိုကြသနည်း။ ယခုတိုင်အောင် နှလုံးမသွင်း၊ နားမလည်ကြသလော။ သင်တို့ စိတ်နှလုံးမိုက်သေး သလော။
Nhưng Đức Chúa Jêsus biết điều đó, thì phán rằng: Sao các ngươi nói cùng nhau rằng đó là tại các ngươi không có bánh? Chớ các ngươi còn chưa nghe, chưa hiểu sao? Các ngươi có lòng cứng cỏi luôn ư?
18 ၁၈ မျက်စိရှိလျက်ပင် မမြင်၊ နားရှိလျက်ပင် မကြား၊ စိတ်မအောက်မေ့ဘဲနေကြသလော။
Các ngươi có mắt mà sao không thấy? Có tai mà sao không nghe? Các ngươi lại không nhớ hay sao?
19 ၁၉ မုန့်ငါးလုံးကို လူငါးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်း ကောက်သိမ်း သနည်း ဟု မေးတော်မူလျှင်၊ တဆယ်နှစ်တောင်းကောက်သိမ်းပါသည်ဟု လျှောက်ကြ၏။
Khi ta bẻ năm cái bánh cho năm ngàn người, các ngươi thâu được mấy giỏ đầy bánh vụn? Thưa: Mười hai giỏ.
20 ၂၀ မုန့်ခုနစ်လုံးကို လူလေးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်း ကောက်သိမ်းသနည်း ဟု မေးတော်မူလျှင်၊ ခုနစ်တောင်းကောက်သိမ်းပါသည်ဟု လျှောက်ကြ၏။
Còn khi ta bẻ bảy cái bánh cho bốn ngàn người, các ngươi thâu được mấy giỏ đầy bánh vụn? Thưa: Bảy giỏ.
21 ၂၁ သို့ဖြစ်လျှင်၊ သင်တို့သည် နားမလည်ဘဲ အဘယ်သို့ နေကြသနည်းဟု မိန့်တော်မူ၏။
Ngài phán: Các ngươi còn chưa hiểu sao?
22 ၂၂ ဗက်ဇဲဒမြို့သို့ ရောက်တော်မူလျှင်၊ လူကန်းတယောက်ကို အထံတော်သို့ဆောင်ခဲ့၍၊ ထိုသူကို တို့တော်မူမည်အကြောင်း တောင်းပန်ကြ၏။
Kế đó, Đức Chúa Jêsus và môn đồ đi đến làng Bết-sai-đa. Người ta đem cho Ngài một người mù và cầu xin Ngài rờ đến người.
23 ၂၃ ကိုယ်တော်သည် လူကန်းကိုလက်ဆွဲ၍ မြို့ပြင်သို့ ထွက်ပြီးမှ၊ သူ၏မျက်စိကို တံထွေးနှင့်ထွေး၍ သူ့အပေါ်မှာ လက်တော်ကိုတင်လျက်၊ သင်သည် တစုံတခုကို မြင်သလောဟု မေးတော်မူ၏။
Ngài bèn nắm tay người mù, dắt ra ngoài làng, thấm nước miếng trên mắt người, đặt tay trên người, và hỏi, có thấy chi không?
24 ၂၄ ထိုသူသည် ကြည့်မျှော်လျှင်၊ လူတို့သည် သစ်ပင်ကဲ့သို့ဖြစ်၍ လှမ်းသွားသည်ကို အကျွန်ုပ် မြင်ပါသည် ဟု လျှောက်၏။
Người mù ngó lên rồi thưa rằng: Tôi thấy người ta, và nhìn họ đi giống như cây.
25 ၂၅ နောက်တဖန်သူ၏မျက်စိပေါ်မှာ လက်တော်ကိုတင်၍ ကြည့်မျှော်စေတော်မူလျှင်၊ သူသည် ပကတိ အဖြစ်သို့ ရောက်၍ အလုံးစုံတို့ကို ရှင်းလင်းစွာမြင်လေ၏။
Rồi Đức Chúa Jêsus lại đặt tay trên mắt người; người nhìn xem, được sáng mắt, thấy rõ ràng cả thảy.
26 ၂၆ ကိုယ်တော်ကလည်း၊ မြို့ထဲသို့မဝင်နှင့်။ မြို့၌ အဘယ်သူကိုမျှမပြောနှင့်ဟု မိန့်တော်မူ၍ သူ့ကို မိမိ နေရာသို့ လွှတ်လိုက်လေ၏။
Đức Chúa Jêsus khiến người về nhà, và truyền rằng: Đừng trở vào trong làng.
27 ၂၇ ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ တပည့်တော်တို့နှင့်တကွ ကြွတော်မူစဉ်၊ လမ်းခရီး၌ လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊
Đức Chúa Jêsus đi khỏi đó với môn đồ mình, đến trong các làng gần thành Sê-sa-rê Phi-líp. Dọc đường, Ngài hỏi môn đồ rằng: Người ta nói ta là ai?
28 ၂၈ လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည်ဟူ၍၎င်း၊ အချို့က ဧလိယဖြစ်သည် ဟူ ၍၎င်း၊ အချို့က ပရောဖက်တပါးပါးဖြစ်သည်ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊
Thưa rằng: Kẻ thì nói là Giăng Báp-tít; người thì nói là Ê-li; kẻ khác thì nói là một trong các đấng tiên tri.
29 ၂၉ သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။
Ngài hỏi: Nhưng các ngươi thì nói ta là ai? Phi-e-rơ thưa rằng: Thầy là Đấng Christ.
30 ၃၀ ကိုယ်တော်၏အကြောင်းကို အဘယ်သူအားမျှမပြောစိမ့်သောငှါ တပည့်တော်တို့ကို ပညတ်တော်မူ၏။
Đức Chúa Jêsus bèn cấm ngặt môn đồ chớ nói sự mình cùng ai hết.
31 ၃၁ ထိုမှတပါး၊ လူသားသည်များစွာ ခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်းခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြစပြုတော်မူ၏။
Bấy giờ, Ngài khởi sự dạy môn đồ rằng Con người phải chịu khổ nhiều, phải bị các trưởng lão, các thầy tế lễ cả, và các thầy thông giáo loại ra, phải chịu giết, sau ba ngày phải sống lại.
32 ၃၂ ထိုသို့အတည့်အလင်းပြတော်မူသောကြောင့် ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ်၍ အပြစ် တင်သောစကားကို လျှောက်သော်၊
Ngài nói tỏ tường điều đó với môn đồ. Phi-e-rơ đem Ngài riêng ra, mà can gián Ngài.
33 ၃၃ ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ တပည့်တော်တို့ကိုကြည့်ရှုလျက်၊ အချင်းရန်သူ၊ ငါ့နောက်သို့ ဆုတ်လော့။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာ စွဲလမ်းသည်ဟူ၍ ပေတရု ကို ဆုံးမတော်မူ၏။
Nhưng Đức Chúa Jêsus xây lại ngó môn đồ, và quở Phi-e-rơ rằng: Hỡi quỉ Sa-tan, hãy lui ra đằng sau ta; vì ngươi chẳng nghĩ đến việc Đức Chúa Trời, song nghĩ đến việc người ta.
34 ၃၄ ထိုအခါ တပည့်တော်တို့နှင့် ပရိတ်သတ်များကို ခေါ်တော်မူပြီးလျှင်၊ အကြင်သူသည် ငါ၌ဆည်းကပ် ခြင်းငှါ အလိုရှိ၏။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။
Đoạn, Ngài kêu dân chúng và môn đồ, mà phán rằng: Nếu ai muốn theo ta, phải liều mình, vác thập tự giá mình mà theo ta.
35 ၃၅ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင် သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့် မည်။
Vì ai muốn cứu sự sống mình thì sẽ mất; còn ai vì cớ ta và đạo Tin Lành mà mất sự sống, thì sẽ cứu.
36 ၃၆ လူသည် ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။
Người nào nếu được cả thiên hạ mà mất linh hồn mình, thì có ích gì?
37 ၃၇ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။
Hay là có người nào lấy chi mà đổi linh hồn mình ư?
38 ၃၈ မျောက်မထားသော ဤလူမျိုးဆိုးတွင် အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်းရှက်၏။ လူသား သည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံ တို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်တော်မူလတံ့။
Vì giữa dòng dõi gian dâm tội lỗi nầy, hễ ai hổ thẹn về ta và đạo ta, thì Con người sẽ hổ thẹn về kẻ ấy, khi ngự trong sự vinh hiển của Cha Ngài mà đến với các thiên sứ thánh.