< မာကု 5 >
1 ၁ အိုင်တဘက်၊ ဂါဒရပြည်သို့ ရောက်ကြ၍၊
They came to the other side of the sea, into the country of the Gadarenes.
2 ၂ ယေရှုသည် လှေထဲကထွက်ကြွတော်မူသည် ခဏခြင်းတွင်၊ ညစ်ညူးသောနတ်စွဲသောသူသည် သင်္ချိုင်း တစပြင်မှ ထွက်လာ၍ ကိုယ်တော်ကိုခရီးဦးကြိုပြုလေ၏။
When he had come out of the boat, immediately a man with an unclean spirit met him out of the tombs.
3 ၃ ထိုသူသည် သင်္ချိုင်းတစပြင်၌ နေတတ်၏။ သူ့ကို သံကြိုးနှင့်ပင် အဘယ်သူမျှ ချည်၍မနိုင်။
He lived in the tombs. Nobody could bind him any more, not even with chains,
4 ၄ ခြေချင်း၊ သံကြိုးနှင့် အဖန်များစွာ ချည်စမ်းသော်လည်း၊ သံကြိုးကိုဆွဲဖြတ်၍ ခြေချင်းကိုဖြဲတတ်၏။ သူ့ကို ယဉ်စေခြင်းငှါ အဘယ်သူမျှမတတ်နိုင်။
because he had been often bound with fetters and chains, and the chains had been torn apart by him, and the fetters broken in pieces. Nobody had the strength to tame him.
5 ၅ နေ့ညဉ့်မပြတ် သင်္ချိုင်းတစပြင်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဟစ်ကြော်လျက်၊ ကျောက်စောင်းနှင့် ကိုယ်ကို ရှုစေလျက် နေတတ်၏။
Always, night and day, in the tombs and in the mountains, he was crying out, and cutting himself with stones.
6 ၆ ယေရှုကိုအဝေးကမြင်လျှင်၊ အထံတော်သို့ ပြေးလာ၍ ပြပ်ဝပ်လျက်၊
When he saw Jesus from afar, he ran and bowed down to him,
7 ၇ အမြင့်ဆုံးသော ဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင် သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း ဘုရားသခင်ကိုအမှီပြု၍ အကျွန်ုပ်တောင်းပန် ပါသည်ဟု ကြီးသောအသံနှင့် အော်ဟစ်၍ လျှောက်လေ၏။
and crying out with a loud voice, he said, “What have I to do with you, Jesus, you Son of the Most High God? I adjure you by God, don’t torment me.”
8 ၈ လျှောက်သည်အကြောင်းကား၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။
For he said to him, “Come out of the man, you unclean spirit!”
9 ၉ ကိုယ်တော်ကလည်း၊ သင်သည် အဘယ်အမည် ရှိသနည်းဟုမေးတော်မူလျှင်၊ အကျွန်ုပ်အမည်ကား၊ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏ဟု လျှောက်ပြီးမှ၊
He asked him, “What is your name?” He said to him, “My name is Legion, for we are many.”
10 ၁၀ ထိုပြည်ထဲက အခြားသို့မနှင့်ပါမည်အကြောင်း များစွာတောင်းပန်လေ၏။
He begged him much that he would not send them away out of the country.
11 ၁၁ ထိုအရပ်၌ တောင်ပေါ်မှာ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။
Now on the mountainside there was a great herd of pigs feeding.
12 ၁၂ နတ်ဆိုးအပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထိုဝက်ထဲသို့ ဝင်ရပါမည်အကြောင်း စေလွှတ်တော်မူပါ ဟု တောင်းပန်ပြန်လျှင်၊
All the demons begged him, saying, “Send us into the pigs, that we may enter into them.”
13 ၁၃ ယေရှုသည် ချက်ခြင်းအခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ ဝင်သဖြင့် ဝက်အစုသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း၍ အိုင်၌အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက်ရှိ၏။
At once Jesus gave them permission. The unclean spirits came out and entered into the pigs. The herd of about two thousand rushed down the steep bank into the sea, and they were drowned in the sea.
14 ၁၄ ဝက်ကျောင်းသောသူတို့သည် ပြေး၍မြို့ရွာတို့၌ သိတင်းကြားပြောလျှင်၊ လူများတို့သည် ထိုအမူအရာ တို့ကို ကြည့်ရှုအံ့သောငှါ ထွက်လာကြ၏။
Those who fed the pigs fled, and told it in the city and in the country. The people came to see what it was that had happened.
15 ၁၅ အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုး လေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ် နှင့် ထိုင်နေသည်ကိုမြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။
They came to Jesus, and saw him who had been possessed by demons sitting, clothed, and in his right mind, even him who had the legion; and they were afraid.
16 ၁၆ နတ်ဆိုးစွဲသောသူ၌၎င်း၊ ဝက်တို့၌၎င်း၊ အဘယ်သို့ဖြစ်သည်ကို သိမြင်သောသူတို့သည် နောက်လာ သောသူတို့အား ပြန်ကြားပြီးမှ၊
Those who saw it declared to them what happened to him who was possessed by demons, and about the pigs.
17 ၁၇ မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။
They began to beg him to depart from their region.
18 ၁၈ လှေထဲသို့ ဝင်တော်မူသောအခါ နတ်ဆိုးစွဲဘူးသောသူသည် ကိုယ်တော်နှင့်အတူ ရှိပါမည်အကြောင်း တောင်းပန်လျှင်၊
As he was entering into the boat, he who had been possessed by demons begged him that he might be with him.
19 ၁၉ ကိုယ်တော်သည် အခွင့်မပေး။ သင်သည် ကိုယ်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်းစိတ် တော်နှင့် သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အား ပြန်ကြားလော့ဟု မိန့်တော်မူလျှင်၊
He didn’t allow him, but said to him, “Go to your house, to your friends, and tell them what great things the Lord has done for you and how he had mercy on you.”
20 ၂၀ ထိုသူသည် သွား၍၊ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို၊ ဒေကာပေါလိပြည် တွင် သိတင်းကြားပြောသည်ဖြစ်၍၊ ခပ်သိမ်းသောသူတို့သည် အံ့ဩခြင်းရှိကြ၏။
He went his way, and began to proclaim in Decapolis how Jesus had done great things for him, and everyone marveled.
21 ၂၁ ယေရှုသည် ကမ်းတဘက်သို့ကူးပြန်၍ အိုင်နားမှာ ရှိတော်မူစဉ်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြ၏။
When Jesus had crossed back over in the boat to the other side, a great multitude was gathered to him; and he was by the sea.
22 ၂၂ ထိုအခါ ယာဣရုအမည်ရှိသော တရားစရပ်မှူးသည်လာ၍ ကိုယ်တော်ကိုမြင်လျှင်၊ ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ အကျွန်ုပ်၏ သမီးငယ်သေလုပါပြီ။
Behold, one of the rulers of the synagogue, Jairus by name, came; and seeing him, he fell at his feet
23 ၂၃ သို့သော်လည်း ကိုယ်တော်သည်ကြွ၍ သူ့ကို ကယ်တင်ခြင်းငှါ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။
and begged him much, saying, “My little daughter is at the point of death. Please come and lay your hands on her, that she may be made healthy, and live.”
24 ၂၄ ကိုယ်တော်သည် သူနှင့်အတူသွား၍ များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကို ခြံရံလျက် ထိခိုက်တိုက်မိကြ၏။
He went with him, and a great multitude followed him, and they pressed upon him on all sides.
25 ၂၅ ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာ စွဲသောကြောင့်၊
A certain woman who had a discharge of blood for twelve years,
26 ၂၆ များစွာသော ဆေးသမားတို့လက်၌ အလွန်ခံရ၍၊ ဥစ္စာရှိသမျှ ကုန်သော်လည်း သက်သာမရသည် သာမက၊ အနာတိုးသော မိန်းမတယောက်သည်၊
and had suffered many things by many physicians, and had spent all that she had, and was no better, but rather grew worse,
27 ၂၇ ယေရှု၏သိတင်းတော်ကို ကြားသည်ရှိသော်၊
having heard the things concerning Jesus, came up behind him in the crowd and touched his clothes.
28 ၂၈ ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့်၊ လူအစုအဝေးထဲ၌ နောက်တော်သို့ လာ၍အဝတ်တော်ကို တို့လေ၏။
For she said, “If I just touch his clothes, I will be made well.”
29 ၂၉ ထိုခဏခြင်းတွင် အသွေးစုဝေးရာ ခန်းချောက်သည်ဖြစ်၍၊ ထိုရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီဟု မိမိကိုယ်၌သိလေ၏။
Immediately the flow of her blood was dried up, and she felt in her body that she was healed of her affliction.
30 ၃၀ ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ခြင်းသိတော်မူလျှင် လူအစုအဝေး၌ နောက်သို့လှည့် ၍၊ ငါ့အဝတ်ကို အဘယ်သူတို့သနည်းဟု မေးတော်မူ၏။
Immediately Jesus, perceiving in himself that the power had gone out from him, turned around in the crowd and asked, “Who touched my clothes?”
31 ၃၁ တပည့်တော်တို့က၊ လူအစုအဝေးသည် ကိုယ်တော်အား ထိခိုက်ကြသည်ကိုမြင်လျက်ပင်၊ ငါ့ကို အဘယ်သူ တို့သနည်းဟုမေးတော်မူပါသည်တကားဟု လျှောက်ကြသော်လည်း၊
His disciples said to him, “You see the multitude pressing against you, and you say, ‘Who touched me?’”
32 ၃၂ ကိုယ်တော်သည် ထိုသို့ပြုသောသူကို မြင်ခြင်းငှါ၊ ပတ်လည်သို့ ကြည့်ရှုတော်မူ၏။
He looked around to see her who had done this thing.
33 ၃၃ ထိုမိန်းမသည် ကိုယ်၌အဘယ်သို့ဖြစ်သည်ကိုသိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက် အထံတော်သို့ လာပြီးလျှင်၊ ပြပ်ဝပ်၍ ထိုအကြောင်းရှိသမျှကို အဟုတ်အမှန်ကြားလျှောက်လေ၏။
But the woman, fearing and trembling, knowing what had been done to her, came and fell down before him, and told him all the truth.
34 ၃၄ ကိုယ်တော်ကလည်း၊ ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာ သွား လော့။ ရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်စေဟု မိန့်တော်မူ၏။
He said to her, “Daughter, your faith has made you well. Go in peace, and be cured of your disease.”
35 ၃၅ ထိုသို့ မိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှလူလာ၍၊ ကိုယ်တော်၏သမီးသေပါပြီ။ အဘယ်ကြောင့် ဆရာကို နှောင့်ရှက်သေးသနည်းဟု ဆိုကြ၏။
While he was still speaking, people came from the synagogue ruler’s house, saying, “Your daughter is dead. Why bother the Teacher any more?”
36 ၃၆ ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တခုသာရှိစေလော့ဟု တရား စရပ်မှူးအား ချက်ခြင်းမိန့်တော်မူ၏။
But Jesus, when he heard the message spoken, immediately said to the ruler of the synagogue, “Don’t be afraid, only believe.”
37 ၃၇ ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီယောဟန်မှတပါး အဘယ်သူကိုမျှ မလိုက်စေဘဲ၊
He allowed no one to follow him except Peter, James, and John the brother of James.
38 ၃၈ တရားစရပ်မှူးအိမ်သို့ရောက်၍ အုန်းအုန်း သဲသဲပြုကြသည်ကို၎င်း မြင်တော်မူလျှင်၊
He came to the synagogue ruler’s house, and he saw an uproar, weeping, and great wailing.
39 ၃၉ အတွင်းသို့ဝင်၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲပြု၍ ငိုကြွေးကြသနည်း။ သုငယ်သေ သည်မဟုတ် အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊
When he had entered in, he said to them, “Why do you make an uproar and weep? The child is not dead, but is asleep.”
40 ၄၀ ထိုသူတို့သည် ပြက်ယယ်ပြုကြ၏။ ထိုသူရှိသမျှတို့ကို ပြင်သို့ ထွက်စေပြီးမှ သူငယ်၏ မိဘတို့ကို၎င်း၊ ကိုယ်တော်နှင့်ပါသောသူတို့ကို၎င်း ခေါ်ပြီးလျှင်၊ သူငယ် လျောင်းရာအရပ်သို့ ဝင်၍၊
They ridiculed him. But he, having put them all out, took the father of the child, her mother, and those who were with him, and went in where the child was lying.
41 ၄၁ သူငယ်၏လက်ကို ကိုင်တော်မူလျှက်၊ တလိသကုမိဟု မိန့်တော်မူ၏။ အနက်ကား၊ မိန်းမငယ်ထလော့ ငါဆို၏ဟု ဆိုလိုသတည်း။
Taking the child by the hand, he said to her, “Talitha cumi!” which means, being interpreted, “Girl, I tell you, get up!”
42 ၄၂ ထိုခဏခြင်းတွင် မိန်းမငယ်သည် ထ၍လှမ်းသွား၏။ သူသည် တဆယ်နှစ်နှစ်အရွယ်ရှိ၏။ ထိုသူတို့ သည် အလွန်မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။
Immediately the girl rose up and walked, for she was twelve years old. They were amazed with great amazement.
43 ၄၃ ထိုအမူအရာကို အဘယ်သူမျှ မသိစေမည်အကြောင်း၊ ထိုသူတို့ကို ကျပ်တည်းစွာ ပညတ်တော်မူ၍၊ သူ့အား စားစရာပေးလော့ဟု မိန့်တော်မူ၏။
He strictly ordered them that no one should know this, and commanded that something should be given to her to eat.