< မာကု 4 >
1 ၁ နောက်တဖန် အိုင်နားမှာ ဆုံးမဩဝါဒပေးတော်မူစဉ်တွင်၊ များစွာသောလူအပေါင်းတို့သည် အထံ တော်၌ စုဝေးကြသောကြောင့်၊ အိုင်တွင်လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် အိုင်နား ကုန်းပေါ်မှာနေကြ၏။
Na ka timata ano ia te whakaako i te taha o te moana: he nui hoki te tangata i huihui ki a ia, no ka eke ia ki runga ki te kaipuke, ka noho ki te moana; i uta te mano katoa i te taha o te moana.
2 ၂ ထိုအခါ ဥပမာစကားအားဖြင့် များစွာသောဆုံးမဩဝါဒကို ပေး၍မြွက်ဆိုတော်မူသည်မှာ၊
A he maha ana mea i whakaako ai ki a ratou, he mea whakarite, i mea hoki ki a ratou i a ia e ako ana,
3 ၃ နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား၏။
Whakarongo; Na i haere atu te kairui ki te rui:
4 ၄ အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့သည် လာ၍ ကောက်စားကြ၏။
A, i a ia e rui ana, ka ngahoro etahi ki te taha o te ara, a, ko te rerenga mai o nga manu o te rangi, na kainga ake.
5 ၅ အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသောအရပ်၌ ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ခြင်းအပင်ပေါက်သော်လည်း၊
Ko etahi i ngahoro ki te wahi kamaka, ki te wahi kihai i nui te oneone; a pihi tonu ake, kahore hoki i hohonu te oneone.
6 ၆ နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။
A, no te whitinga o te ra, ngaua iho; a, no te mea kahore he putake, memenge noa iho.
7 ၇ အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲသောကြောင့် အသီးမသီးကြ။
Ko etahi i ngahoro ki roto ki nga tataramoa, a, no te tupunga ake o nga tataramoa, kowaowaotia ana nga purapura, a kore ake he hua.
8 ၈ အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အပင်ပေါက်၍ ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးကြ၏။
Ko etahi i ngahoro ki te oneone pai, a whai hua ana; ka tupu, ka nui, ka ea ake, no etahi e toru tekau, no etahi e ono tekau, no etahi kotahi rau.
9 ၉ ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။
I mea ano ia ki a ratou, Ki te whai taringa tetahi hei whakarongo, kia rongo ia.
10 ၁၀ ဆိတ်ကွယ်ရာအရပ်၌ ရှိတော်မူသောအခါ တကျိပ်နှစ်ပါးသောသူတို့နှင့် အခြံအရံတော်တို့သည် ထို ဥပမာကို မေးမြန်းကြလျှင်၊
Na ka mahue ko ia anake, ka ui ki a ia ona hoa me te tekau ma rua ki taua kupu whakarite.
11 ၁၁ ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏နက်နဲသောအရာကို သိရသောအခွင့်ရှိကြ၏။
Ka mea ia ki a ratou, Kua hoatu ki a koutou te matauranga ki te mea ngaro o te rangatiratanga o te Atua: ki te hunga ia o waho e ra rototia ana nga mea katoa i te kupu whakarite:
12 ၁၂ ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင် အနက်ကို နားမလည် ဘဲ ကြားသဖြင့်၊ သူတို့အကျင့်မပြောင်းလဲ၊ အပြစ်မလွှတ်ရသည်တိုင်အောင် သူတို့အား ဟောသမျှကို ဥပမာ အားဖြင့် ဟောရ၏။
Mo te titiro rawa atu ratou, na e kore e kite; rongo rawa, na e kore e matau; kei tahuri, a ka murua o ratou hara.
13 ၁၃ သင်တို့သည် ဤဥပမာကိုမျှ နားမလည်လျှင်၊ ဥပမာရှိသမျှတို့ကို အဘယ်သို့ နားလည်ကြမည်နည်း။
I mea ano ia ki a ratou, Kahore ranei koutou e matau ki tenei kupu whakarite? a me pehea ka matau ai koutou ki nga kupu whakarite katoa?
14 ၁၄ မျိုးစေ့ကြဲသောသူသည် တရားစကားကိုကြဲ၏။
Ko te kairui e rui ana i te kupu.
15 ၁၅ တရားစကားကို လမ်း၌ကြဲခြင်း၊ အကြောင်းအရာကား၊ တရားစကားကို ကြားသည်ရှိသော်၊ စာတန် သည် ချက်ခြင်းလာ၍ နှလုံး၌ကြဲသော တရားစကားကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။
Ko enei te hunga i te taha o te ara, i te wahi e ruia ana te kupu; i to ratou rongonga, na haere tonu mai a Hatana, kapohia ake te kupu i ruia ki o ratou ngakau.
16 ၁၆ ကျောက်ပေါသောအရပ်၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သော စိတ်နှင့်ချက်ခြင်းခံယူသော်လည်း၊
Ko enei te hunga i te taha o te purapura i nga wahi kamaka; ko te hunga, i to ratou rongonga ai i te kupu, hohoro tonu te tango, hari tonu;
17 ၁၇ စိတ်နှလုံး၌ အမြစ်မစွဲခဏသာ တည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရ သောအခါ ချက်ခြင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။
Na kahore o ratou pakiaka, ka whakapakari kau noa: heoi, i te panga o te whakapawera, o te whakatoi ranei mo te kupu, he tonu iho.
18 ၁၈ ဆူးပင်တို့တွင် ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍၊
Na ko enei te hunga i nga purapura i roto i nga tataramoa; ko nga mea i rongo ki te kupu,
19 ၁၉ လောကီအမှု၌စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်း၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ် တို့ သည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။ (aiōn )
A, i te putanga o te whakaaro ki tenei ao, o te hangarau o nga taonga, o nga hiahia ki era atu mea, kowaowaotia iho te kupu, a kore ake he hua. (aiōn )
20 ၂၀ ကောင်းသောမြေ၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြား၍ခံယူသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်း။
Na ko enei te hunga i nga purapura i te oneone pai: ko te hunga e rongo ana ki te kupu, a tango ana, a whai hua ana, o etahi e toru tekau, o etahi e ono tekau, o etahi kotahi rau.
21 ၂၁ ထိုမှတပါး ဆီမီးကို ဆီမီးခုံပေါ်မှာမတင်၊ တောင်းဇလားအောက်၊ ခုတင်အောက်၌ ဖုံးထားခြင်းငှါ ယူခဲ့ သလော။
I mea ano ia ki a ratou, Ko raro koia i te mehua whakatu ai i te rama, ina mauria mai, ko raro ranei i te moenga? he teka ianei me whakatu ki runga ki te turanga?
22 ၂၂ ဆိတ်ကွယ်ရာ၌ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ပွင့်လင်းလိမ့် မည်။
E kore hoki tetahi mea i huna e mahue te whakakite; kahore hoki tetahi mea i huna, engari kia puta ki te maramatanga.
23 ၂၃ ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေ။
Ki te mea he taringa o tetahi hei whakarongo, kia rongo ia.
24 ၂၄ ထိုမှတပါး သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်တိုင်ခံရကြမည်။
I mea ano ia ki a ratou, Kia tupato ki ta koutou e rongo ai: ko te mehua hoki e mehua ai koutou, hei mehua ano tena ki a koutou: a ka tapiritia ano he mea ma koutou, ma nga kaiwhakarongo.
25 ၂၅ အကြင်သူသည် ရတတ်၏၊ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည်။
Ki te whai mea hoki tetahi, ka hoatu ano ki a ia: ki te kahore he mea a tetahi, ka tangohia i a ia ana ake.
26 ၂၆ ထိုမှတပါး လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ နောက်တဖန် မိမိမကြည့်မမှတ်၊
I mea ano ia, I rite hoki te rangatiratanga o te rangi ki te tangata i maka e ia he purapura ki te oneone;
27 ၂၇ ညဉ့်၊ နေ့၊ အိပ်လျက် ၊ နိုးလျက်နေသော်လည်း အပင်ပေါက်၍ ကြီးပွားသည်နှင့် ဘုရားသခင်၏နိုင်ငံ တော်တူ၏။
A ka moe, ka ara, i te po, i te ao, me te tupu ano tera te purapura, te matau ia na te aha.
28 ၂၈ မြေကြီးသည် မိမိအလိုအလျောက်အသီးကိုသီးစေ၍ ရှေ့ဦးစွာ အညှောက်၊ ထိုနောက်အနှံ၊ ထိုနောက် အနှံထဲမှာ အောင်မာသောအဆန်ကို ဖြစ်စေတတ်၏။
E hua ana hoki te whenua i tona kaha ake ano; ko te rau ki mua, ko reira te puku, muri iho ko te witi pakari i roto i te puku.
29 ၂၉ အသီးမှည့်၍ ရိတ်ချိန်ရောက်သောအခါ၊ လယ်ရှင်သည် မဆိုင်းမလင့်၊ တံစဉ်နှင့် ရိတ်စေတတ် သည်ဟု မိန့်တော်မူ၏။
Otira ka rite nga hua, hohoro tonu tana tuku atu i tana toronaihi, kua taea hoki te kotinga.
30 ၃၀ ထိုမှတပါး ဘုရားသခင်၏နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။ အဘယ်ဥပမာနှင့် ခိုင်းနှိုင်းရအံ့ နည်းဟူမူကား၊
I mea ano ia, Me whakarite e tatou te rangatiratanga o te Atua ki te aha? he aha oti te kupu whakarite hei whakaahua atu ma tatou?
31 ၃၁ မုန်ညင်းစေ့နှင့်တူ၏။ မုန်ညင်းစေ့သည် မြေ၌စိုက်သောအခါ မြေ၌ရှိသော အစေ့တကာတို့ထက် ငယ် သော်လည်း၊ စိုက်ပြီးမှ အပင်ပေါက်၍၊
E rite ana ki te pua nani, i tona whakatokanga ki te whenua, ko te iti rawa ia o nga purapura katoa i runga i te whenua:
32 ၃၂ မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့သည် အရိပ်ခို၍ နားနေလောက် သော အကိုင်းအခက်ကြီးတို့ကိုဖြစ်စေတတ်သည်ဟု မိန့်တော်မူ၏။
Otira, ka oti te whakato, ka tupu, ka nui ake i nga otaota katoa, a ka nunui ona manga: no ka noho nga manu o te rangi i tona taumarumarutanga iho.
33 ၃၃ ထိုသို့သော ဥပမာစကားများအားဖြင့် ကိုယ်တော်သည် ပရိသတ်များနားထောင်နိုင်သည်အတိုင်း တရားဟောတော်မူ၏။
Na he maha ana kupu whakarite pera, i korerotia ai e ia te kupu ki a ratou, ko a ratou i ahei ai te whakarongo.
34 ၃၄ ဥပမာကင်း၍ ဟောပြောတော်မမူ။ ရှိသမျှသောအရာတို့ကို ဆိတ်ကွယ်ရာအရပ်၌ တပည့်တော်တို့ အား ဖွင့်ပြတော်မူ၏။
A heoi ana kupu ki a ratou he kupu whakarite anake: otiia ka noho ko ratou anake, ka whakaaturia e ia nga mea katoa ki ana akonga.
35 ၃၅ ထိုနေ့ညအချိန်၌ ကိုယ်တော်က၊ ကမ်းတဘက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင်၊
Na, i taua ra, i te ahiahi, ka mea ia ki a ratou, Tatou ka whakawhiti ki tawahi.
36 ၃၆ တပည့်တော်တို့သည် လူစုဝေးရာမှထွက်၍ လှေပေါ်၌ရှိနှင့်သော ကိုယ်တော်ပါလျက် သွားကြ၏။ အခြားလှေတို့လည်း ပါသေး၏။
Na, ka mahue iho te mano, ka mauria ia e ratou, i runga tonu ano ia i te kaipuke. I a ia ano etahi atu kaipuke.
37 ၃၇ ထိုအခါ ပြင်းစွာသောမိုဃ်းသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့် ပြည့် လေ၏။
Na ko te putanga o tetahi hau, he tupuhi, a eke ana nga ngaru ki runga ki te kaipuke, a tomo noa.
38 ၃၈ ကိုယ်တော်သည် ပဲ့၌ ခေါင်းအုံးပေါ်မှာ ကျိန်းစက်၍နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော် ကို နှိုးပြီးမှ၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ ရောက်သည်ကို လျစ်လျူသောစိတ်ရှိတော်မူ သ လောဟု လျှောက်ကြသော်၊
Na ko ia i te kei i runga i te urunga e moe ana: a ka whakaara ratou i a ia, ka mea ki a ia, E te Kaiwhakaako, kahore ou manawapa ki a tatou ka ngaro?
39 ၃၉ ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာ နေဟုလေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည် ငြိမ်၍ အလွန်သာယာလေ၏။
Na ka ara ia, a riria iho e ia te hau, ka mea ia ki te moana, Kati, whakamutua. Na mariri tonu iho te hau, takoto ana he marino nui.
40 ၄၀ ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက်ကြောက်တတ်သနည်း။ အဘယ် ကြောင့် ယုံကြည်ခြင်းစိတ်နှင့် ကင်းသနည်းဟု မေးတော်မူလျှင်၊
Katahi ia ka mea ki a ratou, He aha ta koutou e mataku nei? he aha koutou te whakapono ai?
41 ၄၁ သူတို့သည် အလွန်ကြောက်ရွံ့၍ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ပင်လယ်သည် သူ၏ စကားကို နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။
Na ka mataku whakaharahara ratou, ka mea tetahi ki tetahi, Ko wai tenei, ina ka rongo rawa te hau me te moana ki a ia?