< မာကု 3 >
1 ၁ တရားစရပ်သို့ တဖန်ဝင်တော်မူ၍၊ ထိုစရပ်၌ လက်တဘက်သေသောသူတယောက်ရှိ၏။
Og han gikk atter inn i en synagoge, og der var en mann som hadde en vissen hånd.
2 ၂ ဥပုသ်နေ့၌ သူ၏ရောဂါကိုငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။
Og de lurte på ham, om han vilde helbrede ham på sabbaten, forat de kunde føre klagemål imot ham.
3 ၃ ကိုယ်တော်ကလည်း၊ အလယ်၌ မတ်တတ်နေလော့ဟု လက်တဘက်သေသောသူအား မိန့်တော်မူပြီးမှ၊
Og han sa til mannen som hadde den visne hånd: Stå op og kom frem!
4 ၄ ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သလော၊ သူ့အကျိုးကိုဖျက်ဆီးအပ်သလော၊ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ်တို့အား မေးတော်မူလျှင်၊ ထိုသူတို့သည် တိတ်ဆိတ်စွာနေကြ၏။
Og han sa til dem: Er det tillatt på sabbaten å gjøre godt eller å gjøre ondt, å berge liv eller å slå ihjel? Men de tidde.
5 ၅ ထိုအခါ အမျက်တော်နှင့် သူတို့ကို ပတ်လည်ကြည့်ရှု၍ သူတို့စိတ်နှလုံးမိုက်သောကြောင့် ဝမ်းနည်း တော်မူခြင်းရှိလျက်၊ သင်၏လက်ကိုဆန့်လော့ဟု ထိုသူအား မိန့်တော်မူ၍ သူသည် မိမိလက်ကိုဆန့်လျှင်၊ ထို လက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏။
Og han så omkring på dem med harme, full av sorg over deres hjertes forherdelse, og sa til mannen: Rekk din hånd ut! Og han rakte den ut, og hans hånd blev frisk igjen.
6 ၆ ထိုအခါ ဖာရိရှဲတို့သည်ထွက်၍ ကိုယ်တော်ကို အဘယ်သို့ဖျက်ဆီးရအံ့နည်းဟု ဟေရုဒ်တပည့်တို့နှင့် ချက်ခြင်းတိုင်ပင်ကြ၏။
Og fariseerne gikk ut og holdt straks råd imot ham sammen med herodianerne, hvorledes de skulde få ryddet ham av veien.
7 ၇ ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်နားသို့ ပြောင်းကြွတော်မူ၍၊ ဂါလိလဲပြည်၊
Og Jesus drog bort med sine disipler til sjøen, og en stor mengde fra Galilea og fra Judea fulgte ham,
8 ၈ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဣဒုမဲပြည်၊ ယော်ဒန်မြစ်တဘက်မှ လာကြသော လူများအပေါင်း တို့နှင့် တုရုမြို့၊ ဇိဒုန်မြို့ ပတ်ဝန်းကျင်အရပ်တို့မှလာကြသော လူများအပေါင်းတို့သည် ပြုတော်မူသမျှကို ကြား လျှင် အထံတော်သို့ လာကြ၏။
og fra Jerusalem og fra Idumea og fra landet på hin side Jordan og omkring Tyrus og Sidon kom de til ham, en stor mengde, da de hørte hvor store gjerninger han gjorde.
9 ၉ လူများတို့သည် ကိုယ်တော်ကိုဝန်းရံ၍ မထိခိုက်စေမည်အကြောင်း၊ ကိုယ်တော်၏အနီးအပါးတွင် လှေ တစင်းကို အမြဲရှိစေခြင်းငှါ တပည့်တော်တို့အား အမိန့်တော်ရှိ၏။
Og han bød sine disipler at en båt skulde ligge ferdig til ham for folkets skyld, forat de ikke skulde trenge ham;
10 ၁၀ အကြောင်းမူကား၊ လူများတို့အား ချမ်းသာပေးတော်မူသောကြောင့်၊ ရောဂါဝေဒနာ နှိပ်စက်သောသူ ရှိသမျှတို့သည် ကိုယ်တော်ကို တို့ခြင်းငှါ တွန်းကြ၏။
for han helbredet mange, så at alle de som hadde plager, trengte sig inn på ham for å få røre ved ham.
11 ၁၁ ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကိုမြင်သောအခါ ပြပ်ဝပ်၍၊ ကိုယ်တော်သည် ဘုရား သခင်၏သားတော်ဖြစ်တော်မူသည်ဟု ဟစ်ကြော်ကြ၏။
Og når de urene ånder så ham, falt de ned for ham og ropte: Du er Guds Sønn!
12 ၁၂ သိတင်းတော်ကို မပွင့်စေမည်အကြောင်း သူတို့အား ကြပ်တည်းစွာ ပညတ်တော်မူ၏။
Og han bød dem med mange strenge ord at de ikke skulde gjøre ham kjent.
13 ၁၃ ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုတော်ရှိသောသူတို့ကို ခေါ်တော်မူလျှင်၊ အထံ တော်သို့ လာကြ၏။
Og han gikk op i fjellet og kalte til sig dem han selv vilde, og de gikk til ham.
14 ၁၄ ကိုယ်တော်နှင့်အတူ ရှိနေစေခြင်းငှါ၎င်း၊ တရားဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊
Og han utvalgte tolv, som skulde være med ham, og som han kunde sende ut for å forkynne ordet
15 ၁၅ နတ်ဆိုးတို့ကို နှင်ထုတ်နိုင်သောအခွင့်နှင့် စေလွှတ်ခြင်းငှါ၎င်း၊ တကျိပ်နှစ်ပါးသောသူတည်းဟူသော၊
og ha makt til å drive ut de onde ånder,
16 ၁၆ ပေတရုအမည်သစ်ကို ပေးတော်မူသောရှိမုန်၊
og han gav Simon navnet Peter,
17 ၁၇ မိုဃ်းကြိုးသားဟု ဆိုလိုသော ဗောနေရဂက် အမည်သစ်ကို ပေးတော်မူသော ဇေဗေဒဲ၏သားနှစ် ယောက်ယာကုပ်နှင့် ယောဟန်၊
og Jakob, Sebedeus' sønn, og Johannes, Jakobs bror, og han gav dem navnet Boanerges, det er tordensønner,
18 ၁၈ အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ ကာနနိတ်လူရှိမုန်၊
og Andreas og Filip og Bartolomeus og Matteus og Tomas og Jakob, Alfeus' sønn, og Taddeus og Simon Kananeus
19 ၁၉ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်တို့ကို ခန့်ထားတော်မူ၏။
og Judas Iskariot, han som forrådte ham.
20 ၂၀ ထိုသူတို့သည် အိမ်သို့ဝင်ကြလျှင်၊ အစာကို မစားနိုင်သည့်တိုင်အောင် လူများတို့သည် တဖန်စုဝေး ကြပြန်၏။
Og de kom hjem, og folket kom atter sammen, så de ikke engang kunde få sig mat.
21 ၂၁ ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဘမ်းဆီး ခြင်းငှါ ထွက်သွားကြ၏။
Og da hans nærmeste fikk høre om det, gikk de hjemmefra for å få fatt på ham; for de sa: Han er fra sig selv.
22 ၂၂ ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။
Og de skriftlærde, som var kommet ned fra Jerusalem, sa: Han er besatt av Be'elsebul, og: Det er ved de onde ånders fyrste han driver de onde ånder ut.
23 ၂၃ ကိုယ်တော်သည် သူတို့ကိုခေါ်၍ ဥပမာကို ဆောင်တော်မူလျက်၊ စာတန်သည် စာတန်ကို အဘယ်သို့ နှင်ထုတ်နိုင်သနည်း။
Og han kalte dem til sig og sa til dem i lignelser: Hvorledes kan Satan drive Satan ut?
24 ၂၄ တိုင်းနိုင်ငံသည် မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။
Om et rike kommer i strid med sig selv, kan dette rike ikke bli stående,
25 ၂၅ အိမ်သည်လည်း မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။
og om et hus kommer i strid med sig selv, kan dette hus ikke bli stående.
26 ၂၆ စာတန်သည် မိမိတဘက်၌ ထ၍ မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ဘဲ ဆုံးခြင်းသို့ ရောက် လိမ့်မည်။
Og dersom Satan setter sig op mot sig selv og kommer i strid med sig selv, kan han ikke bli stående, men det er ute med ham.
27 ၂၇ သူရဲကို ရှေ့ဦးစွာ မချည်မနှောင်လျှင်၊ သူ၏ အိမ်သို့ဝင်၍ သူ၏ဥစ္စာကို အဘယ်သူများ မလုမယူနိုင်။ သူရဲကို ချည်နှောင်ပြီးမှ သူ၏အိမ်ကို လုယူနိုင်၏။
Men ingen kan gå inn i den sterkes hus og røve hans gods uten at han først har bundet den sterke; da kan han plyndre hans hus.
28 ၂၈ ငါအမှန်ဆိုသည်ကား၊ ပြစ်မှားသောအပြစ် အမျိုးမျိုး၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုးရှိသမျှ တို့နှင့် လွတ်စေခြင်းအခွင့်ကို လူသားတို့သည် ရနိုင်ကြ၏။
Sannelig sier jeg eder: Alle synder skal bli menneskenes barn forlatt, og alle bespottelser som de taler;
29 ၂၉ သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှ မရ နိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။ (aiōn , aiōnios )
men den som taler bespottelig mot den Hellige Ånd, han får i all evighet ikke forlatelse, men er skyldig i en evig synd - (aiōn , aiōnios )
30 ၃၀ အဘယ်ကြောင့် ဤသို့ မိန့်တော်မူသနည်းဟူမူကား၊ ကိုယ်တော်သည် ညစ်ညူးသော နတ်စွဲသောသူ ဖြစ်သည်ဟု ဆိုကြသတည်း။
det var fordi de sa: Han er besatt av en uren ånd.
31 ၃၁ ထိုအခါ မယ်တော်နှင့်ညီတော်တို့သည်လာ၍ ပြင်မှာရပ်နေလျက်၊ တစုံတယောက်သောသူကို ကိုယ် တော်ထံသို့ စေလွှတ်၍ ခေါ်ကြ၏။
Så kom hans mor og hans brødre, og de stod utenfor og sendte bud til ham og bad ham komme ut.
32 ၃၂ ခြံရံလျက်ထိုင်သောသူများတို့က၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုရှာလျက် ပြင်မှာရှိကြပါ ၏ ဟုလျှောက်လျှင်၊
Og folket satt omkring ham, og de sa til ham: Se, din mor og dine brødre er utenfor og spør efter dig.
33 ၃၃ ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၍၊
Og han svarte dem og sa: Hvem er min mor og mine brødre?
34 ၃၄ ခြံရံလျက်ထိုင်သောသူတို့ကို ပတ်လည်ကြည့်ရှု၍၊ ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။
Og han så på dem som satt omkring ham, og sa: Se, det er min mor og mine brødre!
35 ၃၅ ဘုရားသခင်၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်းဟု မိန့်တော်မူ၏။
Den som gjør Guds vilje, han er min bror og søster og mor.