< မာကု 3 >

1 တရားစရပ်သို့ တဖန်ဝင်တော်မူ၍၊ ထိုစရပ်၌ လက်တဘက်သေသောသူတယောက်ရှိ၏။
Դարձեալ ժողովարանը մտաւ, ուր մարդ մը կար՝ որուն ձեռքը չորցած էր:
2 ဥပုသ်နေ့၌ သူ၏ရောဂါကိုငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။
Անոնք կը հսկէին անոր վրայ՝ տեսնելու թէ արդեօք պիտի բուժէ՛ զայն Շաբաթ օրը, որպէսզի ամբաստանեն զինք:
3 ကိုယ်တော်ကလည်း၊ အလယ်၌ မတ်တတ်နေလော့ဟု လက်တဘက်သေသောသူအား မိန့်တော်မူပြီးမှ၊
Ինք ալ ըսաւ ձեռքը չորցած մարդուն. «Ելի՛ր, կայնէ՛ մէջտեղը»:
4 ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သလော၊ သူ့အကျိုးကိုဖျက်ဆီးအပ်သလော၊ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ်တို့အား မေးတော်မူလျှင်၊ ထိုသူတို့သည် တိတ်ဆိတ်စွာနေကြ၏။
Յետոյ ըսաւ անոնց. «Շաբաթ օրը բարի՞ք ընել արտօնուած է՝ թէ չարիք ընել, անձ մը փրկե՞լ՝ թէ սպաննել»: Անոնք լուռ կեցան:
5 ထိုအခါ အမျက်တော်နှင့် သူတို့ကို ပတ်လည်ကြည့်ရှု၍ သူတို့စိတ်နှလုံးမိုက်သောကြောင့် ဝမ်းနည်း တော်မူခြင်းရှိလျက်၊ သင်၏လက်ကိုဆန့်လော့ဟု ထိုသူအား မိန့်တော်မူ၍ သူသည် မိမိလက်ကိုဆန့်လျှင်၊ ထို လက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏။
Յիսուս բարկութեամբ շուրջը նայեցաւ՝ անոնց վրայ, տրտմելով անոնց սիրտին կուրութեան համար, ապա ըսաւ այդ մարդուն. «Երկարէ՛ ձեռքդ»: Ան ալ երկարեց, եւ անոր ձեռքը առողջացաւ:
6 ထိုအခါ ဖာရိရှဲတို့သည်ထွက်၍ ကိုယ်တော်ကို အဘယ်သို့ဖျက်ဆီးရအံ့နည်းဟု ဟေရုဒ်တပည့်တို့နှင့် ချက်ခြင်းတိုင်ပင်ကြ၏။
Փարիսեցիները՝ իսկոյն դուրս ելլելով Հերովդէսեաններուն հետ՝ խորհրդակցեցան անոր դէմ, թէ ի՛նչպէս կորսնցնեն զայն:
7 ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်နားသို့ ပြောင်းကြွတော်မူ၍၊ ဂါလိလဲပြည်၊
Յիսուս իր աշակերտներուն հետ մեկնեցաւ ծովեզերքը, ու մեծ բազմութիւն մը հետեւեցաւ անոր՝ Գալիլեայէն եւ Հրէաստանէն,
8 ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဣဒုမဲပြည်၊ ယော်ဒန်မြစ်တဘက်မှ လာကြသော လူများအပေါင်း တို့နှင့် တုရုမြို့၊ ဇိဒုန်မြို့ ပတ်ဝန်းကျင်အရပ်တို့မှလာကြသော လူများအပေါင်းတို့သည် ပြုတော်မူသမျှကို ကြား လျှင် အထံတော်သို့ လာကြ၏။
Երուսաղէմէն, Եդովմէն ու Յորդանանի միւս կողմէն. նաեւ անոնք՝ որ Տիւրոսի եւ Սիդոնի շրջակայ տեղերէն էին, մեծ բազմութեամբ, երբ լսեցին ինչ որ կ՚ընէր՝ եկան իրեն:
9 လူများတို့သည် ကိုယ်တော်ကိုဝန်းရံ၍ မထိခိုက်စေမည်အကြောင်း၊ ကိုယ်တော်၏အနီးအပါးတွင် လှေ တစင်းကို အမြဲရှိစေခြင်းငှါ တပည့်တော်တို့အား အမိန့်တော်ရှိ၏။
Յիսուս ըսաւ իր աշակերտներուն որ նաւակ մը տրամադրուի իրեն՝ բազմութեան պատճառով, որպէսզի չսեղմեն զինք:
10 ၁၀ အကြောင်းမူကား၊ လူများတို့အား ချမ်းသာပေးတော်မူသောကြောင့်၊ ရောဂါဝေဒနာ နှိပ်စက်သောသူ ရှိသမျှတို့သည် ကိုယ်တော်ကို တို့ခြင်းငှါ တွန်းကြ၏။
Որովհետեւ բուժեց շատերը, այնպէս որ տանջանք ունեցողներ կը խռնուէին շուրջը՝ որպէսզի դպչին իրեն:
11 ၁၁ ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကိုမြင်သောအခါ ပြပ်ဝပ်၍၊ ကိုယ်တော်သည် ဘုရား သခင်၏သားတော်ဖြစ်တော်မူသည်ဟု ဟစ်ကြော်ကြ၏။
Երբ անմաքուր ոգիները տեսնէին զինք, կ՚իյնային իր առջեւ ու կ՚աղաղակէին.
12 ၁၂ သိတင်းတော်ကို မပွင့်စေမည်အကြောင်း သူတို့အား ကြပ်တည်းစွာ ပညတ်တော်မူ၏။
«Դո՛ւն ես Աստուծոյ Որդին»: Իսկ ինք սաստիկ կը հրահանգէր անոնց՝ որ չյայտնեն զինք:
13 ၁၃ ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုတော်ရှိသောသူတို့ကို ခေါ်တော်မူလျှင်၊ အထံ တော်သို့ လာကြ၏။
Ապա լեռը ելաւ եւ իրեն կանչեց իր ուզածները, ու քովը գացին:
14 ၁၄ ကိုယ်တော်နှင့်အတူ ရှိနေစေခြင်းငှါ၎င်း၊ တရားဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊
Եւ ընտրեց տասներկու հոգի, որպէսզի ըլլան իրեն հետ, ու ղրկէ զանոնք՝ քարոզելու,
15 ၁၅ နတ်ဆိုးတို့ကို နှင်ထုတ်နိုင်သောအခွင့်နှင့် စေလွှတ်ခြင်းငှါ၎င်း၊ တကျိပ်နှစ်ပါးသောသူတည်းဟူသော၊
նաեւ իշխանութիւն ունենալու՝ ախտերը բուժելու եւ դեւերը դուրս հանելու համար.-
16 ၁၆ ပေတရုအမည်သစ်ကို ပေးတော်မူသောရှိမုန်၊
Սիմոնը՝ որ Պետրոս անուանեց,
17 ၁၇ မိုဃ်းကြိုးသားဟု ဆိုလိုသော ဗောနေရဂက် အမည်သစ်ကို ပေးတော်မူသော ဇေဗေဒဲ၏သားနှစ် ယောက်ယာကုပ်နှင့် ယောဟန်၊
Զեբեդեան Յակոբոսն ու Յակոբոսի եղբայրը՝ Յովհաննէսը, որոնք Բաներեգէս անուանեց, որ ըսել է. «Որոտումի որդիներ»,
18 ၁၈ အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ ကာနနိတ်လူရှိမုန်၊
Անդրէասը, Փիլիպպոսը, Բարթողոմէոսը, Մատթէոսը, Թովմասը, Ալփէոսեան Յակոբոսը, Թադէոսը, Սիմոն Կանանացին
19 ၁၉ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်တို့ကို ခန့်ထားတော်မူ၏။
եւ Յուդա Իսկարիովտացին, որ մատնեց զայն:
20 ၂၀ ထိုသူတို့သည် အိမ်သို့ဝင်ကြလျှင်၊ အစာကို မစားနိုင်သည့်တိုင်အောင် လူများတို့သည် တဖန်စုဝေး ကြပြန်၏။
Տուն գացին, ու դարձեալ բազմութիւնը համախմբուեցաւ, այնպէս որ չկրցան նոյնիսկ հաց ուտել:
21 ၂၁ ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဘမ်းဆီး ခြင်းငှါ ထွက်သွားကြ၏။
Երբ իրենները լսեցին՝ գացին որ բռնեն զինք, քանի որ կ՚ըսէին. «Ցնորա՛ծ է»:
22 ၂၂ ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။
Երուսաղէմէն իջած դպիրներն ալ կ՚ըսէին. «Անոր մէջ Բէեղզեբուղ կայ, եւ դեւերուն իշխանո՛վ կը հանէ դեւերը»:
23 ၂၃ ကိုယ်တော်သည် သူတို့ကိုခေါ်၍ ဥပမာကို ဆောင်တော်မူလျက်၊ စာတန်သည် စာတန်ကို အဘယ်သို့ နှင်ထုတ်နိုင်သနည်း။
Յիսուս կանչելով զանոնք՝ առակներով խօսեցաւ անոնց. «Սատանան ի՞նչպէս կրնայ դուրս հանել Սատանան:
24 ၂၄ တိုင်းနိုင်ငံသည် မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။
Եթէ թագաւորութիւն մը բաժնուի ինքնիր դէմ՝ այդ թագաւորութիւնը չի կրնար կենալ:
25 ၂၅ အိမ်သည်လည်း မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။
Եթէ տուն մը բաժնուի ինքնիր դէմ, այդ տունը չի կրնար կենալ:
26 ၂၆ စာတန်သည် မိမိတဘက်၌ ထ၍ မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ဘဲ ဆုံးခြင်းသို့ ရောက် လိမ့်မည်။
Եթէ Սատանան կանգնած ու բաժնուած է ինքնիր դէմ՝ ան չի կրնար կենալ, հապա անոր վախճանը հասած է:
27 ၂၇ သူရဲကို ရှေ့ဦးစွာ မချည်မနှောင်လျှင်၊ သူ၏ အိမ်သို့ဝင်၍ သူ၏ဥစ္စာကို အဘယ်သူများ မလုမယူနိုင်။ သူရဲကို ချည်နှောင်ပြီးမှ သူ၏အိမ်ကို လုယူနိုင်၏။
Ո՛չ մէկը կրնայ մտնել ուժեղ մարդու մը տունը եւ յափշտակել անոր կարասիները, եթէ նախ չկապէ ուժեղ մարդը, եւ այ՛ն ատեն կողոպտէ անոր տունը:
28 ၂၈ ငါအမှန်ဆိုသည်ကား၊ ပြစ်မှားသောအပြစ် အမျိုးမျိုး၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုးရှိသမျှ တို့နှင့် လွတ်စေခြင်းအခွင့်ကို လူသားတို့သည် ရနိုင်ကြ၏။
Ճշմա՛րտապէս կը յայտարարեմ ձեզի. “Մարդոց որդիներուն պիտի ներուի ամէն մեղք, նաեւ հայհոյութիւնները՝ ո՛րքան ալ հայհոյեն:
29 ၂၉ သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှ မရ နိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။ (aiōn g165, aiōnios g166)
Բայց ո՛վ որ հայհոյէ Սուրբ Հոգիին դէմ, յաւիտեա՛ն ներում պիտի չունենայ, հապա արժանի պիտի ըլլայ յաւիտենական դատապարտութեան”»: (aiōn g165, aiōnios g166)
30 ၃၀ အဘယ်ကြောင့် ဤသို့ မိန့်တော်မူသနည်းဟူမူကား၊ ကိုယ်တော်သည် ညစ်ညူးသော နတ်စွဲသောသူ ဖြစ်သည်ဟု ဆိုကြသတည်း။
Որովհետեւ կ՚ըսէին. «Անմաքուր ոգի կայ անոր մէջ»:
31 ၃၁ ထိုအခါ မယ်တော်နှင့်ညီတော်တို့သည်လာ၍ ပြင်မှာရပ်နေလျက်၊ တစုံတယောက်သောသူကို ကိုယ် တော်ထံသို့ စေလွှတ်၍ ခေါ်ကြ၏။
Յետոյ անոր մայրն ու եղբայրները եկան, եւ դուրսը կայնելով՝ մարդ ղրկեցին ու կանչեցին զայն.
32 ၃၂ ခြံရံလျက်ထိုင်သောသူများတို့က၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုရှာလျက် ပြင်မှာရှိကြပါ ၏ ဟုလျှောက်လျှင်၊
բազմութիւնն ալ նստած էր անոր շուրջը: Երբ ըսին իրեն. «Ահա՛ քու մայրդ ու եղբայրներդ կը փնտռեն քեզ դուրսը»,
33 ၃၃ ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၍၊
ան ալ պատասխանեց անոնց. «Ո՞վ է իմ մայրս, կամ որո՞նք են եղբայրներս»:
34 ၃၄ ခြံရံလျက်ထိုင်သောသူတို့ကို ပတ်လည်ကြည့်ရှု၍၊ ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။
Եւ նայելով իր շուրջը նստողներուն՝ ըսաւ. «Ահա՛ մայրս ու եղբայրներս.
35 ၃၅ ဘုရားသခင်၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်းဟု မိန့်တော်မူ၏။
որովհետեւ ո՛վ որ կը գործադրէ Աստուծոյ կամքը, անիկա՛ է իմ եղբայրս, քոյրս եւ մայրս»:

< မာကု 3 >