< မာကု 16 >
1 ၁ ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည်သွား၍၊ အလောင်း တော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကိုဝယ်ပြီးလျှင်၊
Izuba lye Sabata ha limana, Maria Magadalena ni Maria inyina wa Jakobo ni Salome, ni va wula mi nunkiso, kuti va yende va ka singe mubili wa Jesu.
2 ၂ ခုနစ်ရက်တွင် ပဌမနေ့ရက်နံနက်စောစော၊ နေထွက်သောအချိန်၌ သင်္ချိုင်းတော်သို့သွားကြ၏။
Cho kufuma ahulu kakusasani ku sili kulunza izuva lye ntanzi lye Nsunda, chi ba yenda ku ikumbu izuva ni liseni kuñatula.
3 ၃ ထိုမိန်းမတို့က၊ တွင်းဝ၌ ပိတ်သောကျောက်ကို အဘယ်သူလှိမ့်လှန်၍ ပေးမည်နည်းဟု အချင်းချင်း ပြောဆိုပြီးမှ ကြည့်ရှုလျှင်၊ ထိုကျောက်သည် လှိမ့်လှန်လျက်ရှိသည်ကို မြင်ကြ၏။
Va vali kuya vu wambola, “Njeni yeti a katu pindumwiine ibwe kuzwa ha menjililo e ikumbu?”
4 ၄ ထိုကျောက်ကားအလွန်ကြီးသောကျောက် ဖြစ်သတည်း။
Mi hava nyamuna menso, chi va vona kuti ibwe liva pindumunwa, ka kuti livali ikando ahulu.
5 ၅ မိန်းမတို့သည် တွင်းထဲသို့ဝင်ကြပြီးလျှင်၊ လုလင်တယောက်သည် ဖြူစင်ရှည်လျားသောအင်္ကျီကို ဝတ် လျက်လက်ျာဘက်၌ ထိုင်သည်ကိုမြင်၍ ထိတ်လန့် မိန်းမောခြင်းသို့ ရောက်ကြ၏။
Ni benjila mu ikumbu mi chi va vona muswisu ya va zwete chizwato chi tuva, ne keele ku imbali ya malyo, mi va va komoketwe.
6 ၆ ထိုသူကလည်း၊ ထိတ်လန့်မိန်းမောခြင်းမရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာ သတ်သောနာဇရက်မြို့သား ယေရှုကို သင်တို့ရှာကြ၏။ ထိုသူသည် ထမြောက်တော်မူပြီ။ ဤအရပ်၌မရှိ။ အလောင်းတော် ထားရာအရပ် ကိုကြည့်ကြလော့။
Chava wambila, kanji mutiyi. Mu saka Jesu, mu Nazareta, ya va kokoterwa. Waa vuka! Ka kwina hanu. Mu vone mu chivaka umo mu vava mulalikite.
7 ၇ သင်တို့ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူကြောင်းကို၊ ပေတရုမှစ၍ တပည့်တော်တို့အား သွား၍ပြောကြ လော့။ အထက်ကမိန့်တော်မူသည်အတိုင်း၊ ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်ဟု ပြော ဆို၏။
Kono muyende, mu ka wambile valutwani ni Pitorosi kuti mwa yende havusu bwenu cha ya kwa Galileya. Kwateni kwete mu ka muvonene sina ha va milwili.
8 ၈ ထိုမိန်းမတို့သည်လည်း၊ သင်္ချိုင်းတော်မှထွက်၍ တုန်လှုပ်လျက်၊ မိန်းမောတွေဝေလျက် ပြေးကြ၏၊ ကြောက်လန့်သောကြောင့် အဘယ်သူကိုမျှ မပြောမဆိုကြ။
Ni va zwila hanze ni kutiya mu ikumbu, va vaIi ku chachalika ni ku komokwa. Ka kwina chi va va wambili zumwi kakuti va vali kutite ahulu.
9 ၉ (note: The most reliable and earliest manuscripts do not include Mark 16:9-20.) ကိုယ်တော်သည် ခုနစ်ရက်တွင် ပဌမနေ့ရက် စောစောအချိန်၌ထမြောက်ပြီးမှ၊ အထက်က နတ်ဆိုး ခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာကိုယ်ကိုပြတော်မူ၏။
(note: The most reliable and earliest manuscripts do not include Mark 16:9-20.) Kakusasana luli mu izuva lye ntanzi lye Nsunda, kuzwa ha kuvuka, a va voneki lwe ntanzi kwa Maria Magadalena, iye ya va zwisize vadimona vena kumana iyanza ni vovele kwali.
10 ၁၀ မာရိလည်းသွား၍ ကိုယ်တော်နှင့် ပေါင်းဘော်သောသူတို့သည် ညည်းတွားငိုကြွေးလျက် နေကြစဉ် တွင်၊ သူတို့အားထိုသိတင်းကို ကြားပြောလေ၏။
Cha yenda ni ku ka wambila a vo va veena navo, ha va sina mukufwilwa ni ku lila.
11 ၁၁ ကိုယ်တော်သည် အသက်ရှင်တော်မူသည်ကို၎င်း၊ မာရိသည် ကိုယ်တော်ကိုမြင်ရသည်ကို၎င်း၊ သူတို့ သည်ကြားလျှင် မယုံကြ။
Chi va zuwa kuti u hala mi a va li vonahazi kwali, kono kahena va va zumini.
12 ၁၂ ထိုနောက် တပည့်တော်နှစ်ယောက်တို့သည် တောရွာသို့သွားစဉ်တွင် ကိုယ်တော်သည်ခြားနားသော အရောင်ကိုဆောင်လျက် ကိုယ်ကိုပြတော်မူ၏။
Mi izi zintu hazi mana ca vonahala mu mu ikalilo umwi ku vovele va vo, ha va vali ku zwa hanze ye nkanda.
13 ၁၃ သူတို့သည်ပြန်လာ၍ အခြားသောတပည့်တော်တို့အား ထိုသိတင်းကို ကြားပြောသော်လည်း မယုံဘဲ နေကြ၏။
Chi va yenda mi chi va ka wambila valutwani vakwe vonse, kono ka hena vava va zumini.
14 ၁၄ ထိုနောက် တကျိပ်တပါးသောသူတို့သည် စားပွဲ၌ လျောင်းကြစဉ်တွင် ကိုယ်တော်ကိုပြတော်မူ၍၊ ထ မြောက်လျက်ရှိသော ကိုယ်တော်ကိုမြက်သောသူတို့၏ စကားကိုမယုံသောကြောင့် သူတို့မယုံတတ်သောစိတ်၊ ခိုင်မာသောစိတ်ကို ဆုံးမ၍ အပြစ်တင်တော်မူပြီးမှ၊
Ku zwaho Jesu cha voneka ku vene kumi ni umwina, ha vava ku ikela ni va zimbulukite itaafule. Cha va nyansa choku saa zumina kwaabo ni ku zuminina kwe inkulo. Ka kuti ka hena vava zumini avo va va muvoni ha vuuka ku vafu.
15 ၁၅ သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဗဝံဂေလိတ ရာကို ဟောကြလော့။
Cha va wambila, “Muyende munkanda mukutaze linzwi, mu inkanda yonse.
16 ၁၆ ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။
Iye yo zumina mi choku kolobezwa, kahazwa, mi uzo yasazumini kahewa mulandu.
17 ၁၇ ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား၊ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတံ့။ ထူးခြားသောဘာသာစကားမျိုးတို့ကို ပြောကြလတံ့။
Izi nje zishupo zete zi yende navo va zumina: mu izina lyangu ka va zwise vadimona. Ka va wambe mu mishobo mihya.
18 ၁၈ မြွေတို့ကို ဘမ်းကိုင်ကြလတံ့။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ် နှင့် ကင်းလွတ်ကြလတံ့။ မကျန်းမမာသောသူတို့အပေါ်မှာ လက်ကိုတင်၍ ချမ်းသာပေးကြလတံ့ဟု မိန့်တော်မူ ၏။
Muva toole inzoka cha mayanza abo, mi ni heti ni va nywe chonse chihaya kete ni chi ve ihaye, Ka va vike mayanza he iwulu lya valwele, mi ka va hole.”
19 ၁၉ ထိုသို့သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ထိုင်နေတော်မူ၏။
Simwine chinga mana ku wamba ku vali, choku hindilwa ku iwulu mi choku ke ikala ku iyanza lya malyo lye Ireeza.
20 ၂၀ တပည့်တော်တို့သည်လည်း ထွက်သွား၍၊ သခင်ဘုရားသည် မစတော်မူသည်နှင့်၎င်း၊ ခပ်သိမ်းသော အရပ်တို့၌ တရားဟောကြ၏။
Valutwani chi va yenda ni ku ka kutaza konse konse, mi Simwine cha tenda navo, mi ne cha kooza linzwi che imakazo zi vali kuyenda navo.