< မာကု 15 >

1 နံနက်အချိန်တွင် ယဇ်ပုရောဟိတ်အကြီးတို့သည် မဆိုင်းမလင့်ဘဲ လူအကြီးအကဲ၊ ကျမ်းပြုဆရာ၊ လွှတ်အရာရှိအပေါင်းတို့နှင့် တိုင်ပင်ခြင်းကိုပြု၍၊ ယေရှုကိုချည်နှောင်ပြီးလျှင်၊ ပိလတ်မင်းထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။
Lubhuliku bhabhaha bha makuhani bhabhonene pamonga ni bhaseya ni bhaandishi ni libaraza lyoha lya bhaseya. Kisha bhakan'kota, “Bhebhe ndo Mfalme ghwa bhayahudi?”
2 ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု ကိုယ်တော်ကိုမေးလျှင်၊ မင်းကြီးမေးသည် အတိုင်းမှန်သည်ဟု မိန့်တော်မူ၏။
Akan'jibu, “Bhebhe ujobhili naha.”
3 ယဇ်ပုရောဟိတ်မင်းကြီးတို့သည် များစွာသောအပြစ်ကိုတင်ကြ၏။
Bhabhabha makuhani bhakajhelesya mashitaka mingi juu jha Yesu.
4 တဖန်ပိလတ်မင်းက၊ သင်သည် တခွန်းကိုမျှပြန်၍ မပြောသလောက်။ သင့်တဘက်၌ အဘယ်မျှ လောက် သက်သေခံကြသည်ကို ကြည့်ပါဟု မေးမြန်းပြောဆိုသော်လည်း၊
Pilato akan'kota kabhele, “Ghwijibhu lepi kyokyoha? Ghwilola lepi kya bhikushitaki kwa mambo mingi?
5 စကားတခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ၏။
Lakini Yesu an'jibilepi Pilato, ni hiyo jhan'syangese.
6 ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတောင်းသော သူတယောက်ယောက်ကို လွှတ်တတ်၏။
Kwa kawaida wakati bhwa sikukuu ibhopolibhwa mfungwa mmonga, mfungwa jhabhans'oili.
7 ထိုအခါ ပုန်ကန်၍ လူအသက်ကိုသတ်သော အပြစ်သင့်သော ဗာရဗ္ဗအမည်ရှိသော သူတယောက် သည်၊ ပုန်ကန်သောအပေါင်းဘော်တို့နှင့်တကွ အကျဉ်းခံလျက်ရှိ၏။
Bhajhele bhahalifu gerezani, miongoni mwa bhauaji bhabhamali kuasi bhabhitumikila makosa gha bhene. Ajhele munu mmonga jhaikutibhwa Baraba.
8 လူအပေါင်းတို့သည် မိမိတို့အား ပြုမြဲပြုပါမည်အကြောင်း အော်ဟစ်၍ တောင်းပန်သောအခါ၊
Umati ukahida kwa Pilato, ni kun'jobhela abhombayi kama kyaabhombili kunyuma.
9 ပိလတ်မင်းက၊ သင်တို့သည် ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလောဟု ပြန်၍မေး၏။
Pilato akabhajibu ni kujobha, mwilonda nibhafungulilayi Mfalme ghwa bhayahudi?”
10 ၁၀ အဘယ်ကြောင့် ဤသို့မေးသနည်းဟူမူကား၊ ယဇ်ပုရောဟိတ်အကြီးတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကိုသိ၏။
Kwa kujha amanyili ni kwa ndabha jha wivu ghwa bhabhaha bha makuhani bhabhan'kamuili Yesu ni kundeta kwa muene.
11 ၁၁ ပိလတ်မင်းသည် ယေရှုကိုမလွှတ်၊ ဗာရဗ္ဗကို လွှတ်စေခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့သည် လူအစု အဝေးကို နှိုးဆော်ကြ၏။
Lakini bhabhaha bha makuhani bhachochili umati kujhuegha kwa sauti kujha abhopolibhwayi Baraba badala jha muene.
12 ၁၂ တဖန်ပိလတ်မင်းက၊ ယုဒရှင်ဘုရင်ဟု သင်တို့ခေါ်ဝေါ်သောသူကိုအဘယ်သို့ပြုရမည်နည်းဟု မေးမြန်း သော်၊
Pilato akabhajibu kabhele ni kujobha, “Nin'ketayi kiki Mfalme ghwa bhayahudi?
13 ၁၃ ထိုသူအပေါင်းတို့က၊ သူ့ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု ဟစ်ကြ၏။
Bhakapiga kelele kabhele, Nsulubisighi!”
14 ၁၄ ပိလတ်မင်းကလည်း၊ အဘယ်ကြောင့်နည်း၊ အဘယ်အပြစ်ကို ပြုဘိသနည်းဟု မေးလျှင်၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများတို့သည် သာ၍ ဟစ်ကြ၏။
Pilato Akajobha, “Abhombili lijambo leleku libhibhi?” Lakini bhazidili kupiga kelele zaidi ni zaidi “Nsulubisiayi.”
15 ၁၅ ပိလတ်မင်းသည်လည်း လူများတို့၏စိတ်ကို ပြေစေခြင်းငှါ အလိုရှိ၍၊ ဗာရဗ္ဗကို သူတို့အား လွှတ်လေ ၏။ ယေရှုကိုကား၊ ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ၏။
Pilato akabhuridhisha bhumati, akabhafungulila Baraba. Akan'tobha Yesu mijeledi kisha akambosya ili asulubibhwayi.
16 ၁၆ ထိုအခါစစ်သူရဲတို့သည် ကိုယ်တော်ကို ပြဲတောရိရုံးတည်းဟူသော အိမ်တော်ဦးအတွင်းသို့ ဆောင် သွား၍၊ စစ်သူရဲတတပ်လုံးကို စုရုံးစေပြီးမှ၊ ကိုယ်တော်အား နီမောင်းသောအဝတ်ကိုဝတ်စေ၍၊
Askari andongwisi hadi mugati mu lufuka (bhola bhwa bhajhele mugati mu kambi) na bhakibhongeniye pamonga kikosi kya Askari.
17 ၁၇ ဆူးပင်နှင့်ရက်သော ဦးရစ်ကိုတင်ပြီးလျှင်၊
Bhakamfwatika Yesu liguanda lya rangi jha zambarau, na bhasokwiti litaji lya mifwa bhakamfwatika.
18 ၁၈ ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးစကားကို ပြောကြ၏။
Bhakajhanda kundhihaki ni kujobha, “Salam, Mfalme ghwa bhayahudi!”
19 ၁၉ ခေါင်းတော်ကို ကျူးလုံးနှင့် ရိုက်ခြင်း၊ တံထွေးနှင့်ထွေးခြင်း၊ ရှေ့တော်မှာ ဒူးထောက်၍ ပြပ်ဝပ်ခြင်း ကိုလည်း ပြုကြ၏။
Bhakan'komalela kumutu kwa lilasi ni kunfunyila mata. Bhakapiga magoti mbele jha muene kwa kun'heshimu.
20 ၂၀ ထိုသို့ ကိုယ်တော်ကို ပြက်ယယ်ပြုသည်နောက်၊ နီမောင်းသောအဝတ်ကိုချွတ်၍ အဝတ်တော်ကို ဝတ် ပြန်စေပြီးလျှင်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှါ ထုတ်သွားကြ၏။
Bhobhamalili kundhihaki, bhakamfula likanzu lela lya rangi jha zambarau ni kumfwatika maguanda gha muene, ni kumpisya kwibhala kulota kunsulubisya.
21 ၂၁ အာလေဇန္ဒြုနှင့် ရုဖု၏ အဘရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည်၊ တောရွာမှ လာ၍ လမ်း၌သွားသည်ကို သူတို့သည်တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။
Bhakandasimisya mp'eta njela kun'tangatila, jhaajhele ijhingila kumjini kuh'omela kun'gonda. Akutibhweghe Simon Mkirene (Dadi munu Iskanda ni Rufo); Bhakandasimisya kup'enda n'salaba ghwa Yesu.
22 ၂၂ ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါသဂေါသ အရပ်သို့ ကိုယ်တော်ကို ဆောင်သွားပြီးမှ၊
Askari bhampeliki Yesu mahali papikutibhwa Goligotha (maana jha tafsiri ejhe ndo, sehemu jha fuvu lya mutu).
23 ၂၃ မုရန်နှင့်ရောသော စပျစ်ရည်ကို၊ ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလျှင် မခံဘဲ နေတော်မူ၏။
Bhakampela mvinyo bhwa bhuchanganyibhu ni manemane, lakini anywilepi.
24 ၂၄ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင်၊ အဝတ်တော်ကို စားရေးတံချ၍ အသီးအသီးတို့အား ဝေဖန် ကြ၏။
Bhakan'sulubisya ni kugabhana maguanda gha muene bhakaghapigila kura kuamula kipandi kyaibeta kukabha khila askari.
25 ၂၅ ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ကြသောအချိန်ကား၊ နံနက်တချက်တည်းအချိန်ဖြစ်သတည်း။
Jhikaya saa tatu lukhela bhan'sulubisi.
26 ၂၆ အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ယုဒရှင်ဘုရင်ဟု ရေးထားသတည်း။
Bhakabheka panani pa muene ubao bhwabhujhandikibhu shitaka, “Mfalme ghwa. bhayahudi.”
27 ၂၇ ကိုယ်တော်နှင့်တကွ ထားပြနှစ်ယောက်တို့ကို လက်ျားတော်ဘက်၌တယောက်၊ လက်ဝဲတော်ဘက်၌ တယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။
Bhan'sulubisi pamonga ni majambazi bhabhele, mmonga lubhafu lwa muene lwa kulia ni jhongi lubhafu lwa kushoto kwa muene.
28 ၂၈ ထိုသို့ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်း သို့ရောက်သည်ဟုဆိုသော ကျမ်းစာချက်သည် ပြည့်စုံခြင်းသို့ ရောက်သတည်း။
(Zingatilayi: Mstari obho, “Ni mayandiku ghakatimila ghaghane nibhu” bhujha lepi mu nakala sya muandi).
29 ၂၉ လမ်းမှာသွားသောသူတို့ကလည်း၊ ဟဲ့၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက် ပြန်သောသူ၊
Ni bhene bhakajhabhip'eta bhakandigha bhakajha bhihugusya mitu ghya bhene ni kujobha, “Aha! bhebhe jhaghwibeta kubomola hekalu ni kulijenga kwa magono madatu,
30 ၃၀ ကိုယ်ကိုကိုယ်ကယ်တင်လော့။ လက်ဝါးကပ်တိုင်မှ ဆင်းလော့ဟု မိမိတို့ခေါင်းကိုညှိတ်၍ ကဲ့ရဲ့သော စကားနှင့် ပြောဆိုကြ၏။
ukiokolayi ghwajhobhi na uselelayi pasi kuh'omela pa n'salaba apu!”
31 ၃၁ ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့က၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ် ၏။ ကိုယ်ကိုမကယ်တင်နိုင်ပါတကား။
Kwa namna jhelajhela bhabhaha bha makuhani bhandhihakili ni kujobhesana, pamonga ni bhaandishi ni kujobha, “Abhaokuili bhangi, lakini ibhwesyalepi kuiokola muene.
32 ၃၂ ငါတို့မြင်၍ ယုံကြည်စေခြင်းငှါ၊ ဣသရေလရှင်ဘုရင် တည်းဟူသော ခရစ်တော်သည် လက်ဝါးကပ် တိုင်မှ ယခုဆင်းပါလော့ဟု အချင်းချင်းပြက်ယယ်ပြု၍ ပြောဆိုကြ၏။ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူတို့သည်လည်း ကဲ့ရဲ့ပြစ်တင်ကြ၏။
Kristu Mfalme ghwa Israel, selelayi pasi henu kuh'omela pa n'salaba, ili tubhwesijhi kulola ni kuamini.” Ni bhala bha bhasulubibhu pamonga ni muene pia bhandhihakili.
33 ၃၃ မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။
Bhojhifikili saa sita, giza likahida kunani jha nchi jhioha hadi saa tisa.
34 ၃၄ သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော် မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်းဟု ဆို လိုသတည်း။
Wakati ghwa saa tisa, Yesu apigili kelele kwa sauti mbaha, “Eloi, Eloi, lama sabaktani?” jhimaanisya “k'yara ghwangu, K'yara ghwangu, kwa ndabha jha kiki undekili?”
35 ၃၅ အနား၌ရပ်နေသော သူအချို့တို့သည်ကြားလျှင်၊ သူသည်ဧလိယကို ခေါ်သည်ဟုဆိုကြ၏။
Baadhi jha abhu bhabhajhemili bho bhap'ehki bhakajobha, “Langayi, akan'kuta Eliya.”
36 ၃၆ လူတယောက်သည် ပြေး၍ရေမှိုတထွေးကို ပုံရည်နှင့် ပြည့်စေပြီးလျှင်၊ ကျူးလုံးဖျား၌တပ်၍ ကိုယ် တော်အား သောက်စိမ့်သောငှါ ပေးလျက်၊ ရှိစေတော့။ ဧလိယသည် သူ့ကိုချယူခြင်းငှါ လာမည်မလာမည်ကို ကြည့်ကြကုန်အံ့ဟုဆို၏။
Munu mmonga akajumba akamemesya siki mu sponji ni kujhibheka panani pa libehe lya lilasi, akampela ili anyuayi. Munu mmonga akajobha, “Lendayi tuloli kama Eliya ibetakun'selesya pasi.”
37 ၃၇ ယေရှုသည်ကြီးသောအသံနှင့် ကြွေးကြော်၍ အသက်ချုပ်တော်မူ၏။
Kisha Yesu akalela kwa sauti mbaha ni kufwa.
38 ၃၈ ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။
Lipazia lya hekalu likagabhwanyika fipandi fibhele kuhomela kunani mpaka pasi.
39 ၃၉ ထိုသို့ကြွေးကြော်၍ အသက်ချုပ်တော်မူကြောင်းကို ရှေ့တော်၌ရပ်နေသော တပ်မှူးသည်မြင်လျှင်၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟုဆို၏။
Ofisa mmonga jha ajhemili kundanga Yesu, bhoabhuene afuili kwa jinsi jhela, akajobha, “Kweli munu ojho ajhele mwana ghwa K'yara.”
40 ၄၀ မိန်းမအချို့တို့သည်လည် ထိုအရပ်၌ အဝေးကကြည့်ရှု၍ နေကြ၏။
Bhajhele pia bhadala ambabho bhalangeghe kwa patali. Miongoni mwa bhene ajhele Mariamu Magdalena, Mariamu (nyinamunu Yakobo n'debe ghwa Yose), ni Salome.
41 ၄၁ ထိုမိန်းမတို့တွင် ကိုယ်တော်သည် ဂါလိလဲပြည်မှာ ရှိတော်မူစဉ်၊ နောက်တော်သို့ အလုပ်အကျွေးလိုက် သော မာဂဒလမာရိ၊ ယာကုပ်ငယ်နှင့်ယောသ၏ အမိဖြစ်သော မာရိနှင့်ရှာလုံတို့မှစ၍ နောက်တော်၌ ယေရုရှ လင်မြို့သို့ လိုက်လာသောအခြားမိန်းမများလည်း ပါကြသတည်း။
Wakati bhajhele Galilaya bhan'kesisi ni kuntumikila. Ni bhadala bhangi bhingi pia bhaambatene naku hadi Yerusalemu.
42 ၄၂ ထိုနေ့ကား အဘိတ်နေ့တည်းဟူသော ပရက္ကဲနေ့ဖြစ်သောကြောင့် ညအချိန်ရောက်မှ၊
Bhokijhingili kimihi, ni kwa kujha jhajhele ligono lya maandalio, ligono kabla ya sabato,
43 ၄၃ အသရေရှိသော လွှတ်အရာရှိ၊ အရိမသဲမြို့သား ယောသပ်သည်၊ ဘုရားသခင်၏နိုင်ငံတော်ကို မြော် လင့်သောသူဖြစ်သည်နှင့်၊ ပိမလတ်မင်းထံသို့ ရဲရင့်စွာဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။
Yusufu ni Arimathaya akahida pala. Ajhele mjumbe ghwa baraza jhaiheshimibhwa munu jha autarajili bhufalme bhwa K'yara. Kwa ujasiri akalota kwa Pilato,
44 ၄၄ ယေရှုသည်ယခုပင်သေသည်ကို ပိလတ်မင်းသည် အံ့ဩခြင်းရှိသဖြင့် တပ်မှူးကိုခေါ်၍၊ သေသည် ကား ကြာပြီလောဟုမေး၏။
ni kubhusoma mb'ele ghwa Yesu. Pilato akayangasibhwa kujha Yesu tayari amalikufwa; akan'kuta jhola afisa ni kun'kota kama Yesu tayari amalikufwa.
45 ၄၅ သေကြောင်းကို တပ်မှူးစကားဖြင့်သိလျှင်၊ အလောင်းတော်ကို ယောသပ်အားအပ်ပေး၏။
Bhoakabhili bhuhakika kwa afisa kujha Yesu tayari amalikufwa anduhuswiri Yusufu kuutola mb'ele.
46 ၄၆ ယောသပ်သည် ကိုယ်တော်ကိုချ၍၊ မိမိဝယ်ခဲ့သော ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်၊ ကျောက်၌ထွင်းသော သင်္ချိုင်းတွင်းထဲမှာထား၍ တွင်း၌ ကျောက်ကိုလှိမ့်ထားလေ၏။
Yusufu ajhele tayari amalikugola sanda. Akan'selesya kuhomela pa n'salaba, akan'konga kwa sanda hi kumbeka mugati mu likaburi lyalagimibhu mu muamba. Kisha aliviringisi liganga lela pa ndiangu ghwa likaburi.
47 ၄၇ မာဂဒလမာရိ၊ ယောသေ၏ အမိဖြစ်သောမာရိတို့သည် အလောင်းတော်ထားရာအရပ်သို့ ကြည့်ရှု ကြ၏။
Mariamu Magdalena ni Mariamu nyinamunu Yose bhebhuene sehemu jha asyelibhu Yesu.

< မာကု 15 >