< မာကု 11 >
1 ၁ ယေရုရှလင်မြို့နှင့် အနီးသံလွင်တောင်ခြေရင်း၌ ဗက်သနိရွာသို့ရောက်ကြသေအခါ တပည့်တော်နှစ် ယောက်တို့ကို စေလွှတ်တောမမူ၍၊
A KOKOKE mai la lakou i Ierusalema, ua hiki i Betepage, a me Betania ma ka mauna o Oliveta, hoouna mai la ia i na haumana ana elua,
2 ၂ သင်တို့ရှေ့၌ ရှိသောရွာသို့သွားကြ။ ထိုရွာသို့ရောက်လျှင် အဘယ်သူမျှမစီးဘူသော မြည်းကလေး ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် ချက်ခြင်းတွေ့လိမ့်မည်။ မြည်းကြိုးကို ဖြည်၍ဆောင်ခံကြ။
I mai la ia laua, E hele olua i kela kulanakauhale mamua o olua; a i ko olua komo ana iloko, e loaa koke no ia olua kekahi hoki keiki, ua nakinakiia, aole i nohoia e ke kanaka; e kala ae olua, a e alakai mai.
3 ၃ သူတပါးက၊ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သင်တို့အားဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြော ကြလော့။ ထိုသို့ပြောလျှင် သူတို့သည် ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။
A i olelo mai kekahi ia olua, No ke aha olua e hana'i i keia mea? E olelo aku olua, No ka Haku keia e pono ai; a e hoouna koke mai kela ia ia maanei.
4 ၄ တပည့်တော်တို့သည်သွား၍ လမ်း၌တံခါးပြင်မှာ ချည်ထားသောမြည်းကလေးကို တွေ့ပြီးလျှင် မြည်း ကြိုးကို ဖြည်ကြ၏။
Hele aku la laua, a loaa iho la ia laua ka hoki keiki, ua nakinakiia ma ka ipuka mawaho, ma na huina alanui. Kala ae la laua ia ia.
5 ၅ ထိုအရပ်၌ ရပ်နေသောလူအချို့တို့က၊ အဘယ်ကြောင့် မြည်းကြိုးကိုဖြည်သနည်းဟုဆိုလျှင်၊
Olelo mai la kekahi o lakou e ku ana malaila ia laua, No ke aha olua i kala'i i ka hoki keiki?
6 ၆ ယေရှုမှာထားတော်မူသည်အတိုင်း တပည့်တော်တို့သည် ပြန်ပြောပြီးမှ ထိုသူတို့သည် အခွင့်ပေးကြ၏။
I aku la laua ia lakou, e like me ka Iesu kauoha ana mai; a kuu mai la lakou ia laua.
7 ၇ ယေရှုထံတော်သို့ မြည်းကလေးကိုဆောင်ခဲ့၍ မိမိတို့အဝတ်ကို မြည်းကျောပေါ်မှာ တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။
Alakai mai la laua i ua hoki keiki la io Iesu la, hohola ae la lakou i ko lakou kapa maluna ona, a noho no o Iesu iluna iho ona.
8 ၈ လူအများတို့သည် မိမိတို့အဝတ်ကိုလမ်း၌ ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်းသစ်ခတ်များကို ခုတ်၍ လမ်း၌ ခင်းကြ၏။
Nui na mea i haliilii ae i ko lakou kapa ma ke alanui; a o kekahi poe e hoi, ooki ae la lakou i na lala laau, a haliilii iho la ma ke alanui.
9 ၉ ရှေ့နောက်လိုက်သွားသောသူတို့က၊ ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွတော်မူ သောသူသည် မင်္ဂလာရှိစေသတည်း။
Hookani aku la ka poe i hele mamua, a me lakou e hahai ana mahope, i aku la, Hosana; nani wale ka mea i hele mai ma ka inoa o ka Haku.
10 ၁၀ ထာဝရဘုရား၏အခွင့်နှင့် ယခုတည်လုသော ငါတို့အဘဒါဝိဒ်၏နိုင်ငံတော်သည် မင်္ဂလာရှိစေ သတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။
Pomaikai ke aupuni o ko kakou kupunakane, o Davida, e hele mai ana ma ka inoa o ka Haku: Hosana iluna lilo loa.
11 ၁၁ ယေရှုသည် ယေရုရှလင်မြို့သို့၎င်း၊ ဗိမာန်တော်သို့၎င်း ဝင်၍အရာရာတို့ကို ကြည့်ရှုတော်မူပြီးလျှင် မိုဃ်းချုပ်သောကြောင့် တကျိပ်နှစ်ပါးသောသူတို့နှင့်တကွ ဗေသနိရွာသို့ ထွက်ကြွတော်မူ၏။
A komo aku la o Iesu iloko o Ierusalema, a iloko o ka luakini, a nana ao la ia i na mea a pau loa; a ahiahi ao la, hele aku la ia me kana poe haumana i Betania.
12 ၁၂ နက်ဖြန်နေ့၌ ဗေသနိရွာမှပြန်ကြစဉ်တွင် ဆာမွတ်တော်မူ၏။
A ia la iho, i ko lakou hoi ana ae mai Betania mai, pololi iho la ia.
13 ၁၃ အရွက်နှင့်ပြည့်စုံသော သင်္ဘောသဖန်းပင်ကိုအဝေးကမြင်လျှင်။ သင်္ဘောသဖန်းသီးဆွတ်ချိန်ကာလ မ ရောက်သေးသောကြောင့်၊ ထိုအပင်၌ အသီးကိုတွေ့ကောင်းတွေ့လိမ့်မည်ဟု ကြွသွား၍ရောက်သောအခါ၊ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊
Ike aku la ia i kekahi laau fiku, ma kahi mamao aku, he lau maluna; hele ae la ia e imi i ko luna o ka laau; a hiki ae la ia ilaila, loaa ia ia he lau wale no; no ka mea, aole ia o ka manawa fiku.
14 ၁၄ ယခုမှစ၍အစဉ်မပြတ် သင်၏အသီးကို အဘယ်သူမျှမစားစေနှင့်မိန့်တော်မူ၏။ တပည့်တော် တို့သည် လည်း ကြားကြ၏။ (aiōn )
Olelo ae la Iesu, i ae la ia ia, Aole loa e ai kekahi kanaka i kau hua, ma neia hope aku; a lohe no kana poe haumana. (aiōn )
15 ၁၅ ယေရုရှလင်မြို့သို့ ရောက်သောအခါ ယေရှုသည် ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်၍ ပွဲစားခုံတို့ကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်ရာကို၎င်း တွန်းလှဲ တော်မူ၍၊
A hiki ae la lakou i Ierusalema; alaila, komo ae la Iesu iloko o ka luakini, hookuke aku la i ka poe kuai lilo aku, a kuai lilo mai iloko o ka luakini, hookahuli ae la i na papa o ka poe kuai kala, a me na noho o ka poe kuai manu nunu.
16 ၁၆ ဗိမာန်တော်ထဲ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက်ရမည်အကြောင်း မြစ်တားတော် မူလျက်၊
Aole oia i ae mai, o laweia kekahi mea, mawaena ae o ka luakini.
17 ၁၇ ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌လာသည်မဟုတ်လော။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ထားပြတွင်းဖြစ်စေကြပြီးတကားဟူ၍ ဆုံးမဩဝါဒပေးတော်မူ၏။
Ao mai la ia, i mai la ia lakou, Aole anei i palapalaia mai, E kapaia ko'u hale e na aina a pau, he hale pule? Ua hoolilo ae nei oukou ia i lua no na powa.
18 ၁၈ ကျမ်းပြုဆရာနှင့် ယဇ်ပုရောဟိတ်အကြီးတို့သည်ကြားလျှင်၊ ကိုယ်တော်ကို သတ်ရသောအခွင့်ကို ရှာကြံကြ၏။ လူအပေါင်းတို့သည် ဆုံးမဩဝါဒပေးတော်မူခြင်းကို အံ့ဩမိန်းမောသောကြောင့်၊ ထိုသူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။
A lohe ae la ka poe kakauolelo, a me ka poe kahuna nui, imi iho la lakou i mea nona e make ai ia lakou; makau no nae lakou ia ia, no ka mea, ua mnhalo loa na kanaka a pau i kana olelo.
19 ၁၉ ညအချိန်ရောက်သောအခါ မြို့ပြင်သို့ထွက်တော်မူ၏။
A ahiahi ae la, hele aku la ia iwaho o ke kulanakauhale.
20 ၂၀ နံနက်အချိန်တွင် လမ်း၌သွားကြစဉ်၊ သင်္ဘောသဖန်းပင်သည် အမြစ်မှစ၍သွေ့ခြောက်လျက်ရှိသည်ကို မြင်ကြ၏။
A kakahiaka ae, i ko lakou hoi ana mai, ike aku la lakou i ka laau fiku, ua pau i ka maloo, mai ke kumu ae.
21 ၂၁ ပေတရုသည် သတိရလျှင်၊ အရှင်ဘုရားကြည့်တော်မူပါ။ ကျိန်းတော်မူသော သင်္ဘောသဖန်းပင်သည် သွေ့ခြောက်ပါပြီတကားဟု လျှောက်လေ၏။
Hoomanao iho la o Petero, i ae la ia ia, E ka Haku, e nana, aia ka laau fiku au i hoino ai, ua maloo loa.
22 ၂၂ ယေရှုကလည်း၊ သင်တို့သည်ဘုရားသခင်ကို ယုံကြည်ခြင်းရှိကြလော့။
Olelo mai la Iesu ia lakou, i mai la, E manaoio aku oukou i ko Akua.
23 ၂၃ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့်ကင်း၍ မိမိဆိုသည်အတိုင်းဖြစ်မည်ဟု ယုံ ကြည်လျက်။ ထိုတောင်ကို နေရာမှရွေ့လော့၊ ပင်လယ်၌ ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း၊ ဖြစ်လိမ့် မည်။
No ka mea, he oiaio ka'u olelo aku nei ia oukou, O ka mea e olelo mai i keia mauna, E hoonee aku, a e lele i ke kai, aole hoi e kanalua kona naau, aka, ua manaoio no, e hanaia keia mau mea ana e olelo ai; e loaa io no ia ia ka mea ana e olelo ai.
24 ၂၄ ထိုကြောင့်ငါဆိုသည်ကား၊ သင်တို့သည် ကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှ တို့ကို ရကြလိမ့်မည်။
No ia mea la, ke olelo aku nei au ia oukou, O na mea a pau a oukou e noi aku ai ma ka oukou pule ana, e manaoio oukou i ka loaa ana, alaila e loaa io aku no ia oukou ia.
25 ၂၅ သင်တို့သည် ဆုတောင်းသောအခါ သူတပါး၌အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကိုလွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။
A i ko oukou ku ana e pule, ina e hoomauhala ana oukou i kekahi, e kala aku oukou ia ia, i kala mai ai hoi ko oukou Makua iloko o ka lani i ko oukou hewa.
26 ၂၆ သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘသည် သင်တို့၏ အပြစ်ကို လွှတ်တော်မမူဟု မိန့်တော်မူ၏။
Ina, aole oukou e kala aku, aole no hoi e kala mai ko oukou Makua iloko o ka lani, i ko oukou hewa.
27 ၂၇ ယေရုရှလင်မြို့သို့ တဖန်ရောက်ကြပြီးမှ ဗိမာန်တော်တွင် စင်္ကြံသွားတော်မူစဉ်၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် အထံတော်သို့ချဉ်းကပ်၍၊
Hele hou mai la lakou i Ierusalema; a i kona hele ana iloko o ka luakini, hele mai la io na la ka poe kahuna nui, a me ka poe kakauolelo, a me ka poe lunakahiko,
28 ၂၈ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသနည်း။ ဤသို့ပြုသောအခွင့်ကို အဘယ်သူပေး သနည်းဟု မေးလျှောက်ကြသော်၊
I mai la ia ia, Heaha kou pono e hana'i i keia mau mea? Nawai la hoi oe i haawi mai ia pono e hana i ua mau mea la?
29 ၂၉ ယေရှုက၊ ငါသည်တစုံတခုကိုမေးဦးမည်။ သင်တို့ဖြေကြလော့။ ဖြေလျှင်ဤအမှုများကို အဘယ်အခွင့် နှင့် ငါပြုသည်ကို ငါပြောမည်။
Olelo aku la Iesu ia lakou, i aku la, E niuau aku no hoi au ia oukou i kekahi mea; e hai mai oukou ia'u, alaila, hai aku au ia oukou i ko'u pono e hana'i i keia mau mea.
30 ၃၀ ယောဟန်၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော။ လူကဖြစ်သလော။ ဤအမေးကို ဖြေကြလော့ ဟု မိန့်တော်မူ၏။
No ka lani anei ka bapetiso ana a Ioane? No kanaka anei? E hai mai hoi ia'u.
31 ၃၁ ထိုသူတို့သည် အချင်းချင်းဆင်ခြင်ကြ၍၊ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည်ယောဟန် ကို အဘယ်ကြောင့်မယုံသနည်းဟု သူမေးလေဦးမည်။
Kukakuka iho la lakou ia lakou iho no, i ae la, A i olelo aku paha kakou, No ka lani mai, alaila, e ninau mai no oia ia kakou, No ke aha la hoi oukou i manaoio ole aku ai ia ia?
32 ၃၂ လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ လူများကိုကြောက်ရ၏။ ယောဟန်သည် ပရောဖက် အမှန်ဖြစ်သည် ကို လူအပေါင်းတို့သည် အယူရှိကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
Aka, i olelo paha uanei kakou, No kanaka; makau no hoi lakou i kanaka, no ka mea, ua manao nui na kanaka, he kaula io o Ioane.
33 ၃၃ အကျွန်ုပ်တို့မသိပါဟု ယေရှုအားပြန်ပြောကြ၏။ ယေရှုကလည်း၊ ထိုအတူ ဤအမှုများကို အဘယ် အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။
Olelo mai la lakou ia Iesu, i mai la, Aole makou ike. Alaila, olelo aku la Iesu ia lakou, i aku la, Aole no hoi au e hai aku ia oukou i ka'u pono e hana'i i keia mau mea.