< မာလခိ 3 >
1 ၁ ကြည့်ရှုလော့။ ငါသွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကို ငါစေလွှတ်မည်။ သင်တို့ ရှာသောသခင်၊ သင်တို့တောင့်တသော ပဋိညာဉ်တမန်တော်သည် မိမိ ဗိမာန်တော်သို့ ချက်ချင်းလာလိမ့်မည်။ ကြည့်ရှုလော့။ ထိုသခင်လာလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
Behold me! sending my messenger, who will prepare a way before me, — and, suddenly, shall come to his temple The Lord whom ye are seeking, even the messenger of the covenant in whom ye are delighting, Lo! he cometh! saith Yahweh of hosts.
2 ၂ လာတော်မူသော နေ့ရက်ကို အဘယ်သူသည် မတိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း။ ပေါ်ထွန်းတော်မူ သောအခါ အဘယ်သူသည် ခံရလိမ့်မည်နည်း။ ထိုသခင် သည် ငွေစစ်သောသူ၏မီး၊ ခဝါသည် သုံးသော ဆပ်ပြာ ကဲ့သို့ ဖြစ်တော်မူမည်။
But who may endure the day of his coming? And who is he that can stand when he appeareth? For he is like a refiner’s fire, and like fullers’ alkali;
3 ၃ ငွေကို ချွတ်၍ သန့်ရှင်းစေသောသူကဲ့သို့ထိုင် လျက် ရွှေငွေကို ချွတ်သကဲ့သို့၊ လေဝိသားတို့ကို ချွတ်၍ သန့်ရှင်းစေတော်မူသဖြင့်၊ သူတို့သည် ထာဝရဘုရား အဘို့ဖြစ်၍ ဖြောင့်မတ်ခြင်းပူဇော်သက္ကာကို ပူဇော်ကြ လိမ့်မည်။
Therefore will he sit as a refiner and purifier of silver, and will purify the sons of Levi, and will smelt them, as gold and as silver; so shall they belong to Yahweh, offering a gift in righteousness.
4 ၄ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့၏ ပူဇော် သက္ကာသည် ရှေးလွန်လေပြီးသော နှစ်၊ လ၊ နေ့ရက် ကာလ၌ ဖြစ်သကဲ့သို့၊ ထာဝရဘုရား နှစ်သက်တော်မူ ဘွယ်ဖြစ်လိမ့်မည်။
Then shall the gift of Judah and Jerusalem, be pleasant to Yahweh, —as in the days of age-past times, and as in the ancient years.
5 ၅ သင်တို့ကို စစ်ကြောစီရင်ခြင်းငှါ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ မမှန် သော ကျိန်ဆိုခြင်းကို ပြုသောသူ၊ သူငှါးကို အခမပေး ညှဉ်းဆဲသောသူ၊ မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို ညှဉ်းဆဲသောသူ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သော သူ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တဘက်၌ ငါသည် လျင် မြန်သော သက်သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။
Therefore will I draw near unto you for judgment, and will become a swift witness against the mutterers of incantations, and against the adulterers, and against them that swear to a falsehood, —and against them who rob the hire of the hireling, the widow and the fatherless, and that drive away the sojourner, and do not revere me, saith Yahweh of hosts.
6 ၆ ငါသည် ထာဝရဘုရားဖြစ်၏။ ပြောင်းလဲခြင်း မရှိ။ ထိုကြောင့်၊ ယာကုပ်အမျိုးသားတို့၊ သင်တို့သည် ဆုံးရှုံးခြင်းသို့ မရောက်ကြ။
Because, I, Yahweh, have not changed, therefore, ye, the sons of Jacob, have not been utterly consumed.
7 ၇ ဘိုးဘေးတို့ လက်ထက်မှစ၍ သင်တို့သည် ငါ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်၊ တိမ်းရှောင်ကြပြီ။ ငါထံသို့ ပြန်လာကြလော့။ ငါသည်လည်း သင်တို့ဆီသိုပ ပြန်လာ မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။ အကျွန်ုပ်တို့သည် အဘယ်သို့ ပြန်လာရပါ မည်နည်းဟု သင်တို့ မေးကြသည်တကား။
From the days of your fathers, have ye departed from my statutes, and not observed them, Return ye unto me, that I may return unto you, saith Yahweh of hosts. And yet ye say, Wherein shall we return?
8 ၈ လူသည် ဘုရားသခင်၏ဥစ္စာတော်ကို လုယူရ မည်လော။ သို့သော်လည်း၊ သင်တို့သည် ငါ့ဥစ္စာကို လုယူ ကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့ လုယူပါသနည်းဟု သင်တို့မေးလျှင်၊ ဆယ်ဘို့တဘို့ကို၎င်း၊ ပူဇော်သက္ကာတို့ ကို၎င်း လုယူကြပြီ။
Will, a son of earth, defraud, God? Nevertheless, ye, have been defrauding me, and yet ye say, Wherein have we defrauded thee? In the tithe and the offering.
9 ၉ သင်တို့သည် ကျိန်ခြင်းအမင်္ဂလာကို ခံရကြ၏။ အကြောင်းမူကား၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့ ဥစ္စာကို လုယူကြပြီ။
With a curse, have ye been cursing, and yet, me, have ye been defrauding, — the whole nation.
10 ၁၀ ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း ၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ ပြုကြလော့။ ငါ သည် မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
Bring ye all the tithe into the storehouse, that there may be food in my house, Yea, I pray you, put me to the proof hereby, saith Yahweh of hosts, whether I will not open to you the sluices of the heavens, and pour out for you blessing, until there be no room.
11 ၁၁ ကိုက်စားတတ်သော အကောင်ကို သင်တို့ အတွက် ငါဆုံးမ၍၊ သင်တို့၏ မြေအသီးအနှံကို မဖျက်ဆီး ရ။ သင်တို့၏စပျစ်ဥယျာဉ်သည် အသီးမသီးဘဲ မနေရဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
Then will I rebuke, for you, the devourer that he spoil not, for you, the fruit of the ground, — neither shall the vine in the field, be barren to you, saith Yahweh of hosts.
12 ၁၂ လူမျိုးအပေါင်းတို့သည် သင်တို့ကို မင်္ဂလာရှိ သောသူဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်။ သင်တို့ ပြည်သည် လည်း နှစ်သက်ဘွယ်သော ပြည်ဖြစ်လိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
So shall all the nations, pronounce you happy, —for, ye, shall become, a land of delight, saith Yahweh of hosts.
13 ၁၃ သင်တို့သည် ငါ့တဘက်၌ ရဲရင့်စွာ ပြောကြပြီဟု ထာဝရဘုရားမိန့်တော်မူ၏။ သို့ရာတွင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်တဘက်၌ အဘယ်သို့ ပြောမိပါသနည်းဟု သင်တို့ မေးကြသည်တကား။
Stout against me, have been your words, saith Yahweh, —and yet ye say, What have we spoken, one to another, against thee?
14 ၁၄ ထာဝရဘုရား၏အမှုကို ဆောင်ရွက်သော် လည်း အကျိုးမရှိ။ စီရင်ထုံးဖွဲ့တော်မူချက်ကိုစောင့်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားရှေ့မှာ ညှိုးငယ် စွာ ကျင့်ကြံပြုမူခြင်းအားဖြင့် အဘယ်ကျေးဇူးရှိသနည်း။
Ye have said, Vain is it to serve God, —and, What profit when we have kept his charge, or when we have walked gloomily before Yahweh of hosts?
15 ၁၅ မာနထောင်လွှားသောသူတို့ကို မင်္ဂလာရှိသော သူဟူ၍ ငါတို့သည် ခေါ်ဝေါ်ကြ၏။ အကယ်စင်စစ် ဒုစ ရိုက်ကိုပြုသောသူတို့သည် အောင်တတ်ကြ၏။ အကယ် စင်စစ် ဘုရားသခင်ကို စုံစမ်းသော်လည်း ချမ်းသာရ တတ်ကြ၏ဟု သင်တို့သည် ပြောကြပြီ။
Now, therefore, we are pronouncing happy—the proud, —and, the doers of lawlessness have, even been built up, and, they who have put God to the proof, have even been delivered.
16 ၁၆ ထိုအခါ ထာဝရဘုရားကို ကြောက်ရွံ့သော သူ တို့သည် တယောက်ကိုတယောက် နှုတ်ဆက်၍ ပြောဆို ကြ၏။ ထာဝရဘုရားသည်လည်း နားထောင်၍ ကြား တော်မူ၏။ ထာဝရဘုရားကို ကြောက်ရွံ့၍ နာမတော်ကို အောက်မေ့သောသူတို့အဘို့၊ ရှေ့တော်တွင် စာရင်း၌ မှတ်သားလျက်ရှိ၏။
Then, they who revered Yahweh, conversed, one with another, —and Yahweh hearkened, and heard, and there was written a book of remembrance before him, for them who revered Yahweh, and for such as thought of his Name.
17 ၁၇ ထိုသူတို့သည် ငါစီရင်သောနေ့ရက်၌ ငါပိုင် ထိုက်သော ဘဏ္ဍာတော်ဖြစ်ကြလိမ့်မည်။ အက၏အမှုကို ဆောင်သောသားကို အဘနှမြောသကဲ့သို့ ထိုသူတို့ကို ငါနှမြောမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ၏။
Therefore shall they be mine, saith Yahweh of hosts, in the day for which, I, am preparing treasure, —and I will deal tenderly with them, just as a man, dealeth tenderly, with his own son who is serving him.
18 ၁၈ တဖန် သင်တို့သည် ပြောင်းလဲ၍ ဖြောင့်မတ် သောသူ၊ မဖြောင့်မတ်သောသူ၊ ဘုရားသခင်၏အမှုတော် ကို ဆောင်သောသူ၊ မဆောင်သောသူတို့ကို ပိုင်းခြား၍ သိရကြလိမ့်မည်။
So shall ye return, and see the difference, between the righteous and the lawless, —between him that serveth God, and him that serveth him not.