< မာလခိ 2 >
1 ၁ အို ယဇ်ပုရောဟိတ်တို့၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် သင်တို့အား မိန့်တော်မူသော ပညတ်စကားဟူမူကား၊
၁အနန္တတန်ခိုးရှင်ထာဝရဘုရားက ယဇ် ပုရောဟိတ်တို့အား``ဤပညတ်သည်သင်တို့ အတွက်ဖြစ်၏။ သင်တို့သည်အကျင့်အကြံ အပြုအမူအားဖြင့် ငါ၏ဂုဏ်တော်ကိုချီး ကူးရကြမည်။ အကယ်၍ငါ့စကားကို သင်တို့နားမထောင်ပါမူ ငါသည်သင်တို့ အားကျိန်စာသင့်စေမည်။ သင်တို့မှီခို အားထားရာများကိုလည်းကျိန်စာသင့် စေမည်။ အမှန်စင်စစ်ထိုအရာတို့သည် ယခုပင်ကျိန်စာသင့်ကြလေပြီ။ အဘယ် ကြောင့်ဆိုသော်သင်တို့သည်ငါ၏ပညတ် ကိုလေးလေးစားစားမခံမယူကြသည့် အတွက်ဖြစ်၏။-
2 ၂ ငါ၏နာမတော်ကို ချီးမွမ်းလိုသောငှါ သင်တို့ သည် နားမထောင်၊ နှလုံးမသွင်းဘဲနေလျှင်၊ ကျိန်ခြင်း ဘေးကို သင်တို့အပေါ်သို့ ငါလွှတ်လိုက်မည်။ သင်တို့၏ မင်္ဂလာကို အမင်္ဂလာဖြစ်စေမည်။ ထိုမျှမက၊ နှလုံးမသွင်း ဘဲနေသောကြောင့် ယခုပင် အမင်္ဂလာဖြစ်စေပြီ။
၂
3 ၃ သင်တို့မျိုးစေ့ကို ငါဖျက်မည်။ တိရစ္ဆာန်ချေး တည်းဟူသော သင်တို့ ဓမ္မပွဲ၏တိရစ္ဆာန်ချေးကို သင်တို့ မျက်နှာပေါ်၌ ငါကြဲမည်။ သူတပါးတို့သည် သင်တို့ကို ထိုတိရစ္ဆာန်ချေးနှင့်အတူ ယူသွားကြလိမ့်မည်။
၃ငါသည်သင်တို့၏သားမြေးများအား အပြစ်ဒဏ်ခတ်မည်။ သင်တို့၏မျက်နှာကို သင်တို့ပူဇော်သည့်တိရစ္ဆာန်ချေးဖြင့်သုတ် လိမ်း၍ သင်တို့အားထိုယဇ်ကောင်များနှင့် အတူပစ်ထုတ်လိုက်မည်။-
4 ၄ ငါ၏ပဋိညာဉ်ကို လေဝိအမျိုး၌ တည်စေခြင်းငှါ၊ ဤပညတ်စကားကို သင်တို့ဆီသို့ ငါပေးလိုက်ကြောင်းကို သင်တို့ သိရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
၄ထိုအခါငါသည်လေဝိအနွယ်ဝင်တို့နှင့် ပြုခဲ့သည့်ပဋိညာဉ်တော်ကိုတည်မြဲစေ လိုသဖြင့် ဤပညတ်ကိုသင်တို့အားပေး တော်မူခြင်းဖြစ်ကြောင်းသင်တို့သိရှိကြ လိမ့်မည်။''
5 ၅ ငါဖွဲ့သော အသက်ပဋိညာဉ်၊ ငြိမ်ဝပ်ခြင်း ပဋိညာဉ်သည် ထိုအမျိုး၌ ရှိ၏။ ငါ့ကို ကြောက်ရွံ့၍ ငါ၏နာမတော်ရှေ့၌ ထိတ်လန့်သောကြောင့် ငါဖွဲ့၍ ပေး၏။
၅ငါ၏ပဋိညာဉ်တော်တွင်သူတို့အား အသက်ရှင်မှုနှင့် ချမ်းမြေ့သာယာမှုကို ကတိထားခဲ့သည်ဖြစ်၍ ငါသည်မိမိ အားသူတို့ရိုသေလေးစားစိမ့်သောငှာ ထိုအရာများကိုပေးအပ်ခဲ့ပေသည်။ ထို နေ့ရက်ကာလများကသူတို့သည်အကယ် ပင်ငါ့အားကြောက်ရွံ့ရိုသေရကြ၏။-
6 ၆ ထိုအမျိုးသည် သစ္စာတရားစကားကို ပြောတတ် ၏။ သူ့နှုတ်၌ အပြစ်ကိုရှာ၍မတွေ့။ ငြိမ်ဝပ်ခြင်းတရား၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ငါနှင့်အတူ သွားလာ၍၊ များစွာသော သူတို့ကို ဒုစရိုက်အပြစ်မှလွှဲရှောင်စေတတ် ၏။
၆သူတို့သည်အမှန်တရားကိုဟောပြော သွန်သင်ကြ၏။ အမှားကိုမသွန်သင်ကြ။ သူတို့သည်ငါနှင့်သဟဇာတဖြစ်အောင် နေထိုင်ကြလျက် မိမိတို့ကိုယ်တိုင်သာ လျှင်မှန်ရာကိုပြုကျင့်ကြသည်မဟုတ်။ သူတစ်ပါးတို့အားလည်းမကောင်းမှုကို ရှောင်ကြဉ်ရန်အထောက်အကူပေးကြ ပေသည်။-
7 ၇ ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် ပညာကို စောင့်ရမည်။ သူ၏နှုတ်၌ လူတို့သည် တရားတော်ကို ရှာရကြမည်။ အကြောင်းမူကား၊ သူသည် ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားစေလွှတ်တော်မူသော တမန်ဖြစ်၏။
၇ဘုရားသခင်အကြောင်းတော်ကိုမှန်ကန် စွာသိရှိနားလည်နိုင်ရန်ဟောပြောသွန် သင်မှုမှာ ယဇ်ပုရောဟိတ်များ၏တာဝန် ဖြစ်ပေသည်။ သူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ တမန်တော်များဖြစ် သဖြင့် လူတို့သည်ငါ၏အလိုတော်ကို သိရှိနိုင်ရန်သူတို့ထံသို့သွားရကြ၏။
8 ၈ သင်တို့မူကား၊ လမ်းလွှဲကြပြီ။ လူများတို့သည် တရားတော်ကို ထိမိ၍ လဲစေခြင်းငှါ ပြုကြပြီ။ လေဝိ အမျိုးနှင့်ဖွဲ့သော ပဋိညာဉ်ကို ဖျက်ကြပြီဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
၈``သို့ရာတွင်ယခုအခါ၌အသင်ပုရောဟိတ် တို့သည်လမ်းမှန်မှလွဲဖယ်၍သွားကြလေပြီ။ သင်တို့၏ဟောပြောသွန်သင်မှုကြောင့်လူအများ ပင်အမှားကိုပြုကျင့်လျက်နေလေပြီ။ သင်တို့ သည်ငါနှင့်ချုပ်ဆိုထားသည့်ပဋိညာဉ်တော် ကိုချိုးဖောက်ကြလေပြီ။-
9 ၉ သို့ဖြစ်၍၊ သင်တို့သည် ငါ့လမ်းတို့ကို မလိုက်၊ တရားအမှုတွင် လူမျက်နှာကို ထောက်သောကြောင့်၊ လူ ခပ်သိမ်းတို့သည် သင်တို့ကို မထီမဲ့မြင်ပြု၍ ရှုတ်ချစေခြင်း ငှါ ငါစီရင်မည်။
၉သင်တို့သည်ငါ၏လူမျိုးတော်အားပညတ် တော်များကို သွန်သင်ရာ၌မျက်နှာကြီးငယ် လိုက်ကြသဖြင့် ငါသည်လည်းသင်တို့အား ဣသရေလအမျိုးသားတို့စက်ဆုတ်ရွံရှာ အောင်ပြုမည်။
10 ၁၀ ခပ်သိမ်းသော ငါတို့၌ တပါးတည်းသော အဘ ရှိသည်မဟုတ်လော။ တပါးတည်းသော ဘုရားသခင် သည် ငါတို့ကို ဖန်ဆင်းတော်မူသည်မဟုတ်လော။ ဘိုး ဘေးတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကို ရှုတ်ချ၍၊ ငါတို့ သည် အဘယ်ကြောင့် တယောက်ကိုတယောက် သစ္စာ ဖျက်ကြသနည်း။
၁၀ငါတို့အားလုံး၌ဖခင်တစ်ဦးတည်ရှိသည် မဟုတ်ပါလော။ ဤဘုရားသခင်တစ်ပါးတည်း ပင်လျှင် ငါတို့အားဖန်ဆင်းတော်မူသည်မ ဟုတ်ပါလော။ သို့ဖြစ်ပါမူငါတို့သည်အဘယ် ကြောင့် မိမိတို့အချင်းချင်းထားရှိသည့်သစ္စာ ကတိကိုဖျက်ကြပါသနည်း။ အဘယ်ကြောင့် ငါတို့ဘိုးဘေးများနှင့်ဘုရားသခင်ပြု တော်မူခဲ့သည့်ပဋိညာဉ်တော်ကိုမထီမဲ့ မြင်ပြုကြပါသနည်း။-
11 ၁၁ ယုဒအမျိုးသည် သစ္စာပျက်၏။ ဣသရေလပြည် သူ၊ ယေရုရှလင်မြို့သားတို့သည် ရွံ့ရှာဘွယ်သော အမှုကို ပြုကြ၏။ ယုဒအမျိုးသည် ထာဝရဘုရားချစ်တော်မူသော သန့်ရှင်းခြင်းတရားတော်ကို ရှုတ်ချ၍၊ တပါးအမျိုးဘုရား ၏သမီးနှင့် လက်ထပ်ပါသည်တကား။
၁၁ယုဒပြည်သူတို့သည်ဘုရားသခင်နှင့် မိမိတို့ထားရှိသည့်သစ္စာကတိကိုဖျက် လျက် ယေရုရှလင်မြို့နှင့်ယုဒပြည်တစ် ခုလုံး၌စက်ဆုတ်ဖွယ်ကောင်းသည့်အမှု ကိုပြုကြလေပြီ။ သူတို့သည်ထာဝရ ဘုရားမြတ်နိုးတော်မူသည့်ဗိမာန်တော် ကိုညစ်ညမ်းစေကြလေပြီ။ အမျိုးသား တို့သည်လည်းလူမျိုးခြားဘုရားများ ကိုကိုးကွယ်သူအမျိုးသမီးများနှင့် စုံဖက်ကြလေပြီ။-
12 ၁၂ ထိုသို့ပြုသော ဆရာနှင့်တပည့်ကို၎င်း၊ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရားထံတော်သို့ ပူဇော် သက္ကာကို ဆောင်ခဲ့သောသူကို၎င်း၊ ယာကုပ်တဲတို့မှ ပယ် ဖြတ်တော်မူမည်။
၁၂ထာဝရဘုရားသည်ဤသို့ပြုကျင့်သူမှန် သမျှအားသုတ်သင်ဖျက်ဆီးတော်မူပါစေ သော။ သူတို့အားအဘယ်အခါ၌မျှငါတို့ ၏အမျိုးသားဖြစ်ပိုင်ခွင့်ကိုလည်းကောင်း၊ အနန္တတန်ခိုးရှင်ထာဝရဘုရားအားပူဇော် သကာများဆက်သသည့်လူမျိုးတော်ဖြစ် ပိုင်ခွင့်ကိုလည်ကောင်းမပေးဘဲနေတော်မူ ပါစေသော။
13 ၁၃ တဖန် သင်တို့ပြုသော အမှုဟူမူကား၊ ထာဝရ ဘုရား၏ ယဇ်ပလ္လင်ကို မျက်ရည်ကျခြင်း၊ ငိုကြွေးမြည် တမ်းခြင်းနှင့် ဖုံးအုပ်ကြပြီ။ ထိုကြောင့်၊ ပူဇော်သက္ကာကို မှတ်တော်မမူ။ သင်တို့လက်မှ နှစ်သက်သော စိတ်နှင့် ခံတော်မမူ။
၁၃သင်တို့ပြုသောအခြားအမှုတစ်ခုရှိ သေး၏။ သင်တို့သည်မိမိတို့ယူဆောင်လာ သည့်ပူဇော်သကာများကိုထာဝရဘုရား လက်ခံတော်မမူသဖြင့်ငိုကြွေးမြည် တမ်းလျက်ကိုယ်တော်၏ယဇ်ပလ္လင်တော်ကို မျက်ရည်တွင်နစ်မြုပ်စေကြ၏။-
14 ၁၄ အဘယ်ကြောင့်နည်းဟု သင်တို့မေးလျှင်၊ သင့် အသက်ပျိုစဉ်အခါ လက်ထပ်၍ နောက်တဖန် သစ္စာ မစောင့်၊ ပြစ်မှားသော မယားတဘက်နှင့် သင့်တဘက် ၌ ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ ထိုမယား သည် သက်သေဖြစ်တော်မူ၏။ ထိုမယားသည် သင်၏ အဆွေခင်ပွန်း၊ သင်ဖွဲ့သော ပဋိညာဉ်နှင့်ဆိုင်သော မယားဖြစ်သတည်း။
၁၄ထိုနောက်သင်တို့ကအဘယ်ကြောင့်ဤသို့ ကိုယ်တော်လက်မခံတော့ဘဲနေတော်မူပါ သနည်းဟုမေးကြ၏။ ကိုယ်တော်လက်မခံ တော့သည့်အကြောင်းမှာသင်တို့သည်ငယ်စဉ် အခါက လက်ထပ်ထိမ်းမြားခဲ့သူဇနီး အားပေးအပ်ခဲ့သည့်ကတိသစ္စာကိုချိုး ဖောက်လိုက်ကြကြောင်းကိုယ်တော်သိမြင် တော်မူသောကြောင့်ဖြစ်ပေသည်။ ထိုဇနီး သည်သင်၏အဆွေခင်ပွန်းဖြစ်ပါ၏။ သင် သည်သူ၏အပေါ်တွင်သစ္စာစောင့်ပါမည် ဟုဘုရားသခင်၏ရှေ့တော်၌ကတိ ပြုခဲ့ပါသော်လည်းထိုကတိသစ္စာကို ချိုးဖောက်ခဲ့လေပြီ။-
15 ၁၅ တဦးတည်းသော်လည်း၊ ကိုယ်တော်၌ ဝိညာဉ် တော် အကျန်အကြွင်းရှိ၏။ အဘယ်ကြောင့် တဦးတည်း ကိုသာ ဖန်ဆင်းတော်မူသနည်းဟူမူကား၊ ဘုရားသခင်နှင့် ထိုက်တန်သောအမျိုးကိုရှာ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍၊ ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့။ အသက်ပျိုစဉ်အခါ လက်ထပ်သော မယားကို သစ္စာဖျက် ၍ မပြစ်မှားကြနှင့်။
၁၅ဘုရားသခင်သည်သင်တို့နှစ်ဦးအားတစ် ကိုယ်တည်းတစ်စိတ်တည်းဖြစ်စေတော်မူသည် မဟုတ်ပါလော။ ယင်းသို့ဖြစ်စေတော်မူရာ ၌အဘယ်ရည်ရွယ်ချက်ဖြစ်ပါသနည်း။ သင် တို့သည်ထာဝရဘုရား၏လူစုအစစ်အမှန် များကိုမွေးထုတ်ပေးရန်ဖြစ်ပေသည်။ သို့ဖြစ် ၍သင်တို့တွင်အဘယ်သူမျှမိမိ၏ဇနီး နှင့်ပြုထားသည့် ကတိသစ္စာကိုမချိုးမ ဖောက်မိစေရန်အထူးသတိပြုရပေမည်။-
16 ၁၆ မယားကိုစွန့်ခြင်းအမှု၊ မိမိခင်ပွန်း၌ ပြစ်မှား သောအပြစ်ကို ဖုံးအုပ်ခြင်းအမှုကို ငါမုန်းသည်ဟု၊ ဣသ ရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ ထိုကြောင့်၊ ကိုယ်စိတ် သဘောကို ချုပ်တည်းကြလော့။ သစ္စာကို မပျက်ကြနှင့်။
၁၆ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက``ငါသည်လင်မယားကွာ ရှင်းမှုကိုမုန်း၏။ ဇနီးဖြစ်သူကိုသင်တို့ဤ သို့ရက်စက်စွာပြုကျင့်မှုကိုငါမုန်း၏။ သင် တို့၏ဇနီးများအားသစ္စာစောင့်ရန်ပေးအပ် ခဲ့သည့်ကတိကိုမချိုးမဖောက်မိစေရန် အထူးသတိပြုကြလော့'' ဟုမိန့်တော်မူ ပါ၏။
17 ၁၇ သင်တို့သည် ထာဝရဘုရား၏ နားတော်ငြီး သည်တိုင်အောင် စကားများကြ၏။ နားတော်ငြီးသည် တိုင်အောင် အဘယ်သို့ ပြုမိသနည်းဟု မေးသော်၊ ဒုစရိုက်ကိုပြုသောသူတိုင်း ထာဝရဘုရားရှေ့တော်၌ ကောင်း၏။ ထိုသို့သော သူတို့ကို နှစ်သက်တော်မူ၏ဟူ၍၎င်း၊ စစ်ကြောစီရင်တော်မူသော ဘုရားသခင်ကား၊ အဘယ်မှာ ရှိသနည်းဟူ၍၎င်း ဆိုတတ်ကြသည်တကား။
၁၇သင်တို့သည်စကားများလွန်းသဖြင့်ထာဝရ ဘုရားနားငြီးတော်မူလေပြီ။ သို့ရာတွင်သင် တို့က``ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင် နားငြီးစေရန်အဘယ်သို့ပြုမိကြပါ သနည်း'' ဟုဆိုကြ၏။ ``ထာဝရဘုရားသည် ဒုစရိုက်သမားမှန်သမျှကိုလူကောင်းသူ ကောင်းဟုထင်မှတ်တော်မူ၏'' ဟူ၍ပြော ဆိုခြင်းအားဖြင့်သော်လည်းကောင်း``တရား မျှတသည်ဟုထင်မြင်ယူဆမှုကိုခံရ သောဘုရားသခင်သည်အဘယ်မှာရှိ သနည်း'' ဟုပြောဆိုခြင်းအားဖြင့်သော် လည်းကောင်းသင်တို့သည်ကိုယ်တော်အား နားငြီးစေကြ၏။