< မာလခိ 1 >
1 ၁ ထာဝရဘုရားသည် မာလခိလက်တွင် ဣသ ရေလအမျိုးသို့ ပေးလိုက်တော်မူသော ဗျာဒိတ်နှုတ်က ပတ်တော်တည်းဟူသော၊
Onus verbi Domini ad Israel in manu Malachiae prophetae.
2 ၂ ထာဝရဘုရားမိန့်တော်မူသော စကားဟူမူကား၊ သင်တို့ကို ငါချစ်လေပြီ။ အကျွန်ုပ်တို့ကို အဘယ်သို့ ချစ် တော်မူသနည်းဟု သင်တို့မေးကြလျှင်၊ ဧသောသည် ယာကုပ်၏အစ်ကိုဖြစ်သည်မဟုတ်လော။ သို့သော်လည်း ယာကုပ်ကို ငါချစ်၏။
Dilexi vos, dicit Dominus, et dixistis: In quo dilexisti nos? Nonne frater erat Esau Iacob, dicit Dominus, et dilexi Iacob,
3 ၃ ဧသောကို ငါမုန်း၍ သူနေသောတောင်တို့ကို လွင်ပြင်ဖြစ်စေပြီ။ သူ့အမွေခံရာမြေကို မြေခွေးတို့၌ အပ်လေပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
Esau autem odio habui? et posui Seir montes eius in solitudinem, et hereditatem eius in dracones deserti.
4 ၄ ဧဒုံအမျိုးသားတို့က၊ ငါတို့သည် ပျက်စီးသော် လည်း၊ ပျက်စီးသောအရပ်တို့ကို တဖန်တည်ဆောက်ဦး မည်ဟုဆိုရာတွင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် တည်ဆောက် သော်လည်း ငါဖြိုဖျက်မည်။ သူတို့ကို ဒုစရိုက်ပြည်သား၊ ထာဝရဘုရားအစဉ်အမျက်ထွက်တော်မူသော လူမျိုးဟူ ၍ သမုတ်ကြလိမ့်မည်။
Quod si dixerit Idumaea: Destructi sumus, sed revertentes aedificabimus quae destructa sunt: Haec dicit Dominus exercituum: Isti aedificabunt, et ego destruam: et vocabuntur termini impietatis, et populus, cui iratus est Dominus usque in aeternum.
5 ၅ ထိုအမှုကို သင်တို့သည် မြင်သောအခါ၊ ထာဝရ ဘုရားသည် ဣသရေလပြည်၏ပြင်မှာ ဘုန်းတန်ခိုး ကြီးတော်မူသည်ဟု ဆိုကြလိမ့်မည်။
Et oculi vestri videbunt: et vos dicetis: Magnificetur Dominus super terminum Israel.
6 ၆ သားသည် အဘကို ရိုသေတတ်၏။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။ ငါသည် အဘမှန်လျှင်၊ ငါ့ကို အဘယ်သူရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ် သူ ကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် နာမတော်ကို မထီမဲ့မြင်ပြုသော ယဇ် ပုရောဟိတ်တို့အား မေးတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ကို အဘယ်သို့ မထီမဲ့မြင်ပြုပါသနည်းဟု သင် တို့မေးရာတွင်၊
Filius honorat patrem, et servus dominum suum: si ergo Pater ego sum, ubi est honor meus: et si Dominus ego sum, ubi est timor meus, dicit Dominus exercituum? ad vos, o sacerdotes, qui despicitis nomen meum, et dixistis: In quo despeximus nomen tuum?
7 ၇ ညစ်ညူးသောအစာကို ငါ့ယဇ်ပလ္လင်သို့ ဆောင် ခဲ့ကြသည်တကား။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အဘယ်သို့ ရှုတ်ချပါသနည်းဟုမေးရာတွင်၊ ထာဝရ ဘုရား၏စားပွဲသည် ယုတ်မာ၏ဟုဆိုသောကြောင့် ငါ့ကို ရှုတ်ချကြပြီ။
Offertis super altare meum panem pollutum, et dicitis: In quo polluimus te? In eo quod dicitis: Mensa Domini despecta est.
8 ၈ မျက်စိကန်းသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည်မဟုတ်လော။ ခြေဆွံ့သောအကောင်နှင့် နာသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည် မဟုတ်လော။ မြို့ဝန်မင်းအား ဆက်ပါလော့။ မင်း၏စိတ် နှင့် တွေ့လိမ့်မည်လော။ သင့်မျက်နှာကို ထောက်လိမ့် မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။
Si offeratis caecum ad immolandum, nonne malum est? et si offeratis claudum, et languidum, nonne malum est? offer illud duci tuo, si placuerit ei, aut si susceperit faciem tuam, dicit Dominus exercituum.
9 ၉ ယခုမှာ ဘုရားသခင်သည် ငါတို့ကို ကယ်မ သနားတော်မူမည်အကြောင်း၊ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းကြပါလော့။ သင်တို့လက်ခံသောကြောင့် ဤသို့ ပြုတတ်ကြ၏။ သင်တို့မျက်နှာကို ထောက်ရမည်လောဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
Et nunc deprecamini vultum Dei ut misereatur vestri (de manu enim vestra factum est hoc) si quomodo suscipiat facies vestras, dicit Dominus exercituum.
10 ၁၀ သင်တို့တွင် အဘယ်သူသည် ငါ့တံခါးတို့ကို ပိတ် လိမ့်မည်နည်း။ သင်တို့သည် ငါ့ယဇ်ပလ္လင်ပေါ်မှာ မီးကို အချည်းနှီးမညှိရကြ။ သင်တို့ကို အလိုမရှိ၊ သင်တို့ပြုသော ပူဇော်သက္ကာကို ငါလက်မခံဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားမိန့်တော်မူ၏။
Quis est in vobis, qui claudat ostia, et incendat altare meum gratuito? non est mihi voluntas in vobis, dicit Dominus exercituum: et munus non suscipiam de manu vestra.
11 ၁၁ နေထွက်ရာအရပ်မှသည် နေဝင်ရာအရပ်တိုင် အောင် တပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီး မြတ်ရလိမ့်မည်။ ခပ်သိမ်းသော အရပ်တို့၌ နံ့သာပေါင်း ကို ငါ၏နာမတော်အား မီးရှို့၍၊ သန့်ရှင်းသော ပူဇော် သက္ကာကို ဆက်ကပ်ရကြလိမ့်မည်။ ငါ၏နာမတော်သည် တပါးအမျိုးသားတို့တွင် ကြီးမြတ်ရလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
Ab ortu enim solis usque ad occasum, magnum est nomen meum in Gentibus, et in omni loco sacrificatur, et offertur nomini meo oblatio munda: quia magnum est nomen meum in Gentibus, dicit Dominus exercituum.
12 ၁၂ သင်တို့က၊ ထာဝရဘုရား၏ စားပွဲတော်သည် ညစ်ညူး၏။ တင်ထားသော ဘောဇဉ်ပူဇော်သက္ကာသည် ယုတ်မာ၏ဟုဆိုသောကြောင့် စားပွဲတော်ကို ရှုတ်ချကြပြီ။
Et vos polluistis illud in eo, quod dicitis: Mensa Domini contaminata est: et quod superponitur, contemptibilis est cum igne, qui illud devorat.
13 ၁၃ တဖန်သင်တို့က၊ အမှုတော်ကို ဆောင်ရွက်၍ ပင်ပန်းစွတကားဟုဆိုလျက်၊ ကဲ့ရဲ့သံကို ပြုတတ်ကြသည် ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏။ လုယူသောအကောင်၊ ခြေဆွံ့သောအကောင်၊ နာ သောအကောင်ကို ဆောင်ခဲ့ကြပြီ။ ထိုသို့သော ပူဇော် သက္ကာကို ဆောင်ခဲ့ကြပြီတကား။ သင်တို့လက်မှ ငါခံရ မည်လောဟု ထာဝရဘုရားမေးတော်မူ၏။
Et dixistis: Ecce de labore, et exufflastis illud, dicit Dominus exercituum, et intulistis de rapinis claudum, et languidum, et intulistis munus: numquid suscipiam illud de manu vestra, dicit Dominus?
14 ၁၄ သစ္စာဂတိထားပြီးမှ မိမိသိုးစု၌ အထီးရှိလျက် ပင် လှည့်စား၍၊ ထာဝရဘုရားအား ချို့တဲ့သော အကောင်ကို ယဇ်ပူဇော်သောသူသည် အမင်္ဂလာရှိစေသ တည်း။ ငါသည် ကြီးမြတ်သော ရှင်ဘုရင်ဖြစ်၏။ ငါ၏ နာမတော်သည် လူအမျိုးမျိုးတို့တွင် ကြောက်မက်ဖွယ်ဖြစ် ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။
Maledictus dolosus, qui habet in grege suo masculum, et votum faciens immolat debile Domino: quia Rex magnus ego, dicit Dominus exercituum, et nomen meum horribile in Gentibus.