< လုကာ 9 >
1 ၁ တကျိပ်နှစ်ပါးသော တပည့်တော်တို့ကို စုဝေးစေတော်မူပြီးမှ၊ နတ်ဆိုးအပေါင်းတို့ကို နိုင်သောတန်ခိုး နှင့် အနာရောဂါတို့ကို ငြိမ်းစေခြင်းငှါ အခွင့်တန်ခိုးကို ပေးတော်မူ၏။
tataH paraM sa dvAdazaziSyAnAhUya bhUtAn tyAjayituM rOgAn pratikarttunjca tEbhyaH zaktimAdhipatyanjca dadau|
2 ၂ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောစေခြင်းငှါ၎င်း၊ လူနာတို့ကို ချမ်းသာစေခြင်းငှါ၎င်း စေလွှတ်တော်မူ၍၊
aparanjca IzvarIyarAjyasya susaMvAdaM prakAzayitum rOgiNAmArOgyaM karttunjca prEraNakAlE tAn jagAda|
3 ၃ သင်တို့သည် လမ်းခရီးဘို့ အဘယ်အရာကိုမျှမယူကြနှင့်။ တောင်ဝေး၊ လွယ်အိတ်၊ မုန့်၊ ငွေကို မယူကြ နှင့်။ အင်္ကျီနှစ်ထည်ကိုလည်း မပါစေကြနှင့်။
yAtrArthaM yaSTi rvastrapuTakaM bhakSyaM mudrA dvitIyavastram, ESAM kimapi mA gRhlIta|
4 ၄ မည်သည့် အိမ်သို့ဝင်လျှင် ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမှီတိုင်အောင်နေကြလော့။ အကြင်သူ တို့သည် သင်တို့အားဧည့်သည်ဝတ်ကို မပြုဘဲနေ၏။
yUyanjca yannivEzanaM pravizatha nagaratyAgaparyyanataM tannivEzanE tiSThata|
5 ၅ ထိုသူတို့နေရာမြို့မှ ထွက်သွားစဉ်၊ သူတို့တဘက်၌ သက်သေဖြစ်စေခြင်းငှါ သင်တို့၏ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့ဟု မိန့်တော်မူ၏။
tatra yadi kasyacit purasya lOkA yuSmAkamAtithyaM na kurvvanti tarhi tasmAnnagarAd gamanakAlE tESAM viruddhaM sAkSyArthaM yuSmAkaM padadhUlIH sampAtayata|
6 ၆ တပည့်တော်တို့သည် ထွက်သွား၍ ဧဝံဂေလိတရားကို ဟောလျက်၊ ခပ်သိမ်းသောအရပ်တို့၌ အနာ ရောဂါကိုငြိမ်းစေလျက်၊ မြို့ရွာတို့တွင် ဒေသစာရီ လှည့်လည်ကြ၏။
atha tE prasthAya sarvvatra susaMvAdaM pracArayituM pIPitAn svasthAn karttunjca grAmESu bhramituM prArEbhirE|
7 ၇ ယေရှုပြုတော်မူသမျှတို့ကို စော်ဘွားဟေရုဒ်သည်ကြားလျှင် တွေးတောသောစိတ်ရှိ၏။ အကြောင်းမူ ကား၊ လူအချို့က၊ ယောဟန်သည် သေခြင်းမှထမြောက်လေပြီဟု ဆိုကြ၏။
Etarhi hErOd rAjA yIzOH sarvvakarmmaNAM vArttAM zrutvA bhRzamudvivijE
8 ၈ အချို့ကဧလိယပေါ်ထွန်းပြီဟု ဆိုကြ၏။ အချို့ကရှေးပရောဖက်တပါးပါးထပြန်ပြီဟုဆိုကြ၏။
yataH kEcidUcuryOhan zmazAnAdudatiSThat| kEcidUcuH, EliyO darzanaM dattavAn; EvamanyalOkA UcuH pUrvvIyaH kazcid bhaviSyadvAdI samutthitaH|
9 ၉ ဟေရုဒ်မင်းကလည်း၊ ယောဟန်၏လည်ပင်းကို ငါဖြတ်လေပြီ။ ဤမျှလောက်သောသိတင်းကို ငါကြား ရသော ဤသူကား အဘယ်သူနည်းဟုဆိုလျက်ယေရှုကို မြင်ခြင်းငှါ အလိုရှိ၏။
kintu hErOduvAca yOhanaH zirO'hamachinadam idAnIM yasyEdRkkarmmaNAM vArttAM prApnOmi sa kaH? atha sa taM draSTum aicchat|
10 ၁၀ တမန်တော်တို့သည် အထံတော်သို့ပြန်လာ၍ မိမိတို့ပြုသမျှတို့ကို ကြားလျှောက်ကြ၏။ ကိုယ်တော် သည် သူတို့ကိုခေါ်၍၊ ဗက်ဇဲဒမြို့နယ်အတွင်း တော၌ဆိတ်ကွယ်ရာအရပ်သို့ကြွတော်မူ၏။ လူအစုအဝေးတို့ သည် သိလျှင် နောက်တော်သို့ လိုက်ကြ၏။
anantaraM prEritAH pratyAgatya yAni yAni karmmANi cakrustAni yIzavE kathayAmAsuH tataH sa tAn baitsaidAnAmakanagarasya vijanaM sthAnaM nItvA guptaM jagAma|
11 ၁၁ ထိုလူများကို လက်ခံတော်မူလျက်၊ ဘုရားသခင့် နိုင်ငံတော်၏အကြောင်းကို ဟောပြော၍၊ နာသော သူတို့ကို ချမ်းသာပေးတော်မူ၏။
pazcAl lOkAstad viditvA tasya pazcAd yayuH; tataH sa tAn nayan IzvarIyarAjyasya prasaggamuktavAn, yESAM cikitsayA prayOjanam AsIt tAn svasthAn cakAra ca|
12 ၁၂ မိုဃ်းချုပ်သောအခါ တကျိပ်နှစ်ပါးသောသူတို့သည် ချည်းကပ်လျက်၊ လူများတို့သည် ပတ်ဝန်းကျင်ရွာ ဇနပုဒ်သို့သွား၍၊ အိပ်ရာ၊ စားစရာကို ရှာစေခြင်းငှါ အခွင့်ပေးတော်မူပါ။ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏ ဟု လျှောက်ကြလျှင်၊
aparanjca divAvasannE sati dvAdazaziSyA yIzOrantikam Etya kathayAmAsuH, vayamatra prAntarasthAnE tiSThAmaH, tatO nagarANi grAmANi gatvA vAsasthAnAni prApya bhakSyadravyANi krEtuM jananivahaM bhavAn visRjatu|
13 ၁၃ ကိုယ်တော်က၊ သူတို့စားစရာဘို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း၊ အကျွန်ုပ်တို့သည်သွား၍ ဤလူအပေါင်းတို့ စားစရာဘို့မဝယ်လျှင်၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတပါး အဘယ် စားစရာမျှ အကျွန်ုပ်တို့၌ မရှိပါဟုလျှောက်ကြ၏။
tadA sa uvAca, yUyamEva tAn bhEjayadhvaM; tatastE prOcurasmAkaM nikaTE kEvalaM panjca pUpA dvau matsyau ca vidyantE, ataEva sthAnAntaram itvA nimittamEtESAM bhakSyadravyESu na krItESu na bhavati|
14 ၁၄ ထိုသို့လျှောက်သည်အကြောင်းကား၊ လူငါးထောင်ခန့်မျှ ရှိသတည်း။ ထိုအခါလူများတို့ကို တစုလျှင် ငါးဆယ်စီအစုစုလျောင်းကြစေဟု အမိန့်တော်ရှိ၏။
tatra prAyENa panjcasahasrANi puruSA Asan|
15 ၁၅ တပည့်တော်တို့သည် အမိန့်တော်အတိုင်းပြု၍၊ လူအပေါင်းတို့ကို လျောင်းစေပြီးလျှင်၊
tadA sa ziSyAn jagAda panjcAzat panjcAzajjanaiH paMktIkRtya tAnupavEzayata, tasmAt tE tadanusArENa sarvvalOkAnupavEzayApAsuH|
16 ၁၆ ယေရှုသည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့ကြည့်မျှော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများရှေ့၌ ထည့်စေခြင်းငှါ တပည့်တော်တို့အားပေးတော်မူ၏။
tataH sa tAn panjca pUpAn mInadvayanjca gRhItvA svargaM vilOkyEzvaraguNAn kIrttayAnjcakrE bhagktA ca lOkEbhyaH parivESaNArthaM ziSyESu samarpayAmbabhUva|
17 ၁၇ လူအပေါင်းတို့သည် စား၍ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကိုကောက်သိမ်း၍ တဆယ်နှစ်တောင်း အပြည့်ရကြ၏။
tataH sarvvE bhuktvA tRptiM gatA avaziSTAnAnjca dvAdaza PallakAn saMjagRhuH|
18 ၁၈ တရံရောအခါ၊ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊
athaikadA nirjanE ziSyaiH saha prArthanAkAlE tAn papraccha, lOkA mAM kaM vadanti?
19 ၁၉ လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည်ဟူ၍၎င်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ၍၎င်း၊ အချို့က၊ ရှေးပရောဖက် တပါးပါးထပြန်သည်ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊
tatastE prAcuH, tvAM yOhanmajjakaM vadanti; kEcit tvAm EliyaM vadanti, pUrvvakAlikaH kazcid bhaviSyadvAdI zmazAnAd udatiSThad ityapi kEcid vadanti|
20 ၂၀ သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော် သည် ဘုရားသခင်၏ ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။
tadA sa uvAca, yUyaM mAM kaM vadatha? tataH pitara uktavAn tvam IzvarAbhiSiktaH puruSaH|
21 ၂၁ ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှါ တပည့်တော်တို့ကို ကြပ်တည်းစွာ ပညတ်တော် မူ၏။
tadA sa tAn dRPhamAdidEza, kathAmEtAM kasmaicidapi mA kathayata|
22 ၂၂ ထိုမှတပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများတို့ကို မိန့်တော်မူ၏။
sa punaruvAca, manuSyaputrENa vahuyAtanA bhOktavyAH prAcInalOkaiH pradhAnayAjakairadhyApakaizca sOvajnjAya hantavyaH kintu tRtIyadivasE zmazAnAt tEnOtthAtavyam|
23 ၂၃ ထိုမှတပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကို ကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။
aparaM sa sarvvAnuvAca, kazcid yadi mama pazcAd gantuM vAnjchati tarhi sa svaM dAmyatu, dinE dinE kruzaM gRhItvA ca mama pazcAdAgacchatu|
24 ၂၄ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။
yatO yaH kazcit svaprANAn rirakSiSati sa tAn hArayiSyati, yaH kazcin madarthaM prANAn hArayiSyati sa tAn rakSiSyati|
25 ၂၅ ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ ကိုယ်ကို ကိုယ်ဆုံးရှုံးသောသူသည် အဘယ်ကျေးဇူးရှိသနည်။
kazcid yadi sarvvaM jagat prApnOti kintu svaprANAn hArayati svayaM vinazyati ca tarhi tasya kO lAbhaH?
26 ၂၆ အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်းရှက်၏၊ လူသားသည် မိမိဘုန်း၊ မိမိအဘခမည်းတော်၏ ဘုန်း၊ သန့်ရှင်းသောကောင်းကင်တမန်တို့၏ဘုန်းကို ဆောင်လျက်ကြွလာသောအခါ၊ ထိုသူကို ရှက်တော် မူလတံ့။
puna ryaH kazcin mAM mama vAkyaM vA lajjAspadaM jAnAti manuSyaputrO yadA svasya pituzca pavitrANAM dUtAnAnjca tEjObhiH parivESTita AgamiSyati tadA sOpi taM lajjAspadaM jnjAsyati|
27 ၂၇ ငါအမှန်ဆိုသည်ကား၊ ဤအရပ်၌ရှိသော သူအချို့တို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်မှီ သေ ခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။
kintu yuSmAnahaM yathArthaM vadAmi, IzvarIyarAjatvaM na dRSTavA mRtyuM nAsvAdiSyantE, EtAdRzAH kiyantO lOkA atra sthanE'pi daNPAyamAnAH santi|
28 ၂၈ ထိုသို့မိန့်တော်မူသည်နောက်၊ ရှစ်ရက်လောက်လွန်သောအခါ၊ ယေရှုသည်ပေတရု၊ ယောဟန်၊ ယာကုပ် တို့ကိုခေါ်၍ ဆုတောင်းခြင်းငှါ တောင်ပေါ်သို့ တက်ကြွတော်မူ၏။
EtadAkhyAnakathanAt paraM prAyENASTasu dinESu gatESu sa pitaraM yOhanaM yAkUbanjca gRhItvA prArthayituM parvvatamEkaM samArurOha|
29 ၂၉ ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက်ဖြူ၏။
atha tasya prArthanakAlE tasya mukhAkRtiranyarUpA jAtA, tadIyaM vastramujjvalazuklaM jAtaM|
30 ၃၀ မောရှေနှင့်ဧလိယတည်းဟူသော လူနှစ်ယောက်တို့သည် ဘုန်းအသရေနှင့်ထင်ရှား၍၊
aparanjca mUsA EliyazcObhau tEjasvinau dRSTau
31 ၃၁ ကိုယ်တော်နှင့်အတူဆွေးနွေးလျက် ယေရုရှလင်မြို့၌ စုတေ့တော်မူမည်အကြောင်းအရာကို ပြော ကြ၏။
tau tEna yirUzAlampurE yO mRtyuH sAdhiSyatE tadIyAM kathAM tEna sArddhaM kathayitum ArEbhAtE|
32 ၃၂ ပေတရုနှင့် သူ၏အဘော်တို့သည် မျက်စိလေးလန်သဖြင့် တငိုက်ငိုက်ရှိကြ၏၊ နိုးသောအခါ ဘုန်း အသရေတော်ကို၎င်း၊ ကိုယ်တော်နှင့် ရပ်နေသောလူနှစ်ယောက်ကို၎င်း မြင်ကြ၏။
tadA pitarAdayaH svasya sagginO nidrayAkRSTA Asan kintu jAgaritvA tasya tEjastEna sArddham uttiSThantau janau ca dadRzuH|
33 ၃၃ ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌နေဘွယ်ကောင်းပါ၏။ ကိုယ် တော်ဘို့တဲတဆောင်၊ မောရှေဘို့တဆောင်။ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ် ပါရစေဟု ယောင်ယမ်း၍ လျှောက်လေ၏။
atha tayOrubhayO rgamanakAlE pitarO yIzuM babhASE, hE gurO'smAkaM sthAnE'smin sthitiH zubhA, tata EkA tvadarthA, EkA mUsArthA, EkA EliyArthA, iti tisraH kuTyOsmAbhi rnirmmIyantAM, imAM kathAM sa na vivicya kathayAmAsa|
34 ၃၄ ထိုသို့လျှောက်ပြီးမှ မိုဃ်းတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ မောရှေနှင့် ဧလိယသည်တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့သည် ကြောက်ခြင်းရှိကြသည်ဖြစ်၍၊
aparanjca tadvAkyavadanakAlE payOda Eka Agatya tESAmupari chAyAM cakAra, tatastanmadhyE tayOH pravEzAt tE zazagkirE|
35 ၃၅ ဤသူကား ငါ၏ချစ်သားပေတည်း။ သူ၏ စကားကိုနားထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော် ဖြစ်လေ၏။
tadA tasmAt payOdAd iyamAkAzIyA vANI nirjagAma, mamAyaM priyaH putra Etasya kathAyAM manO nidhatta|
36 ၃၆ ထိုအသံတော်ဖြစ်သည် ခဏခြင်းတွင်၊ ယေရှုသည် တယောက်တည်းရှိတော်မူ၏။ တပည့်တော်တို့ သည် မိမိတို့မြင်သောအရာကိုဝှက်ထား၍၊ ထိုကာလ၌ အဘယ်သူအားမျှမကြားမပြောဘဲနေကြ၏။
iti zabdE jAtE tE yIzumEkAkinaM dadRzuH kintu tE tadAnIM tasya darzanasya vAcamEkAmapi nOktvA manaHsu sthApayAmAsuH|
37 ၃၇ နက်ဖြန်နေ့၌ တောင်ပေါ်ကဆင်းကြပြီးလျှင်၊ များစွာသောလူအစုအဝေးသည် ကိုယ်တော်ကို ခရီး ဦးကြိုပြု၏။
parE'hani tESu tasmAcchailAd avarUPhESu taM sAkSAt karttuM bahavO lOkA AjagmuH|
38 ၃၈ လူအစုအဝေး၌ ပါသောသူတယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်၏သားကို ကြည့်ရှုတော်မူမည် အကြောင်း အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်၌ သားတယောက်တည်းရှိပါ၏။
tESAM madhyAd EkO jana uccairuvAca, hE gurO ahaM vinayaM karOmi mama putraM prati kRpAdRSTiM karOtu, mama sa EvaikaH putraH|
39 ၃၉ နတ်ဘမ်းစားသဖြင့် သူသည်ရုတ်ခနဲအော်ဟစ်၍၊ အမြှုတ်ထွက်လျက်တောင့်မာခြင်းသို့ ရောက်တတ် ပါ၏။ ထိုသို့ နာကျင်စွာနှိပ်စက်ပြီးမှ နတ်သည်အလွန် သွားခဲ၏။
bhUtEna dhRtaH san saM prasabhaM cIcchabdaM karOti tanmukhAt phENA nirgacchanti ca, bhUta itthaM vidAryya kliSTvA prAyazastaM na tyajati|
40 ၄၀ ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်တောင်းပန်သော်လည်း သူတို့ သည် မတတ်နိုင်ကြပါဟု အော်ဟစ်လျက် လျှောက်လေ၏။
tasmAt taM bhUtaM tyAjayituM tava ziSyasamIpE nyavEdayaM kintu tE na zEkuH|
41 ၄၁ ယေရှုကလည်း၊ ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည်သင်တို့နှင့်အတူ အဘယ်မျှ ကာလ ပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှ ကာလပတ်လုံး သည်းခံရမည်နည်း။ သင်၏သားကို ငါ့ထံသို့ ယူခဲ့ဟု မိန့်တော်မူ၏။
tadA yIzuravAdIt, rE AvizvAsin vipathagAmin vaMza katikAlAn yuSmAbhiH saha sthAsyAmyahaM yuSmAkam AcaraNAni ca sahiSyE? tava putramihAnaya|
42 ၄၂ သူငယ်လာစဉ်ပင်နတ်ဆိုးသည် မြေပေါ်မှာလှဲ၍ တောင့်မာစေ၏။ ယေရှုသည် ညစ်ညူးသောနတ်ကို ဆုံးမ၍ ထိုသူငယ်ကို ချမ်းသာစေပြီးမှ အဘအား အပ်ပေးတော်မူ၏။
tatastasminnAgatamAtrE bhUtastaM bhUmau pAtayitvA vidadAra; tadA yIzustamamEdhyaM bhUtaM tarjayitvA bAlakaM svasthaM kRtvA tasya pitari samarpayAmAsa|
43 ၄၃ လူအပေါင်းတို့သည် ဘုရားသခင်၏ မဟာတန်ခိုးတော်ကို မြင်၍ မိန်းမောတွေဝေခြင်းရှိကြ၏။
Izvarasya mahAzaktim imAM vilOkya sarvvE camaccakruH; itthaM yIzOH sarvvAbhiH kriyAbhiH sarvvairlOkairAzcaryyE manyamAnE sati sa ziSyAn babhASE,
44 ၄၄ ထိုသို့ယေရှုပြုတော်မူသမျှကို လူအပေါင်းတို့သည် အံ့ဩချီးမွမ်းကြစဉ် တပည့်တော်တို့အား၊ သင်တို့ သည် ငါ့စကားကို နားထောင်မှတ်မိကြလော့။ လူသားကို လူတို့လက်သို့ အပ်နှံရသောအချိန်နီးပြီဟု မိန့်တော် မူ၏။
kathEyaM yuSmAkaM karNESu pravizatu, manuSyaputrO manuSyANAM karESu samarpayiSyatE|
45 ၄၅ ထိုစကားတော်၏ အနက်မထင်ရှားသဖြင့် တပည့်တော်တို့သည် နားမလည်မရိပ်မိဘဲနေကြ၏။ အနက် ကိုလည်းမမေးမလျှောက်ဝံ့ကြ။
kintu tE tAM kathAM na bubudhirE, spaSTatvAbhAvAt tasyA abhiprAyastESAM bOdhagamyO na babhUva; tasyA AzayaH ka ityapi tE bhayAt praSTuM na zEkuH|
46 ၄၆ ထိုအခါ အဘယ်သူသည် သာ၍ကြီးမြတ်အံ့နည်းဟု တပည့်တော်တို့သည် အချင်းချင်းငြင်းခုံကြ၏။
tadanantaraM tESAM madhyE kaH zrESThaH kathAmEtAM gRhItvA tE mithO vivAdaM cakruH|
47 ၄၇ ယေရှုသည် သူတို့အကြံအစည်ကို သိမြင်လျှင်၊ သူငယ်တယောက်ကိုယူ၍ မိမိအနား၌ထားပြီးမှ၊
tatO yIzustESAM manObhiprAyaM viditvA bAlakamEkaM gRhItvA svasya nikaTE sthApayitvA tAn jagAda,
48 ၄၈ အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤသူငယ်ကိုလက်ခံ၏၊ ထိုသူသည် ငါ့ကိုပင်လက်ခံ၏။ ငါ့ကို လက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောသူကိုပင်လက်ခံ၏။ သင်တို့တွင် အငယ်ဆုံး သောသူ သည်သာ၍ကြီးမြတ်သော သူဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
yO janO mama nAmnAsya bAlAsyAtithyaM vidadhAti sa mamAtithyaM vidadhAti, yazca mamAtithyaM vidadhAti sa mama prErakasyAtithyaM vidadhAti, yuSmAkaM madhyEyaH svaM sarvvasmAt kSudraM jAnItE sa Eva zrESThO bhaviSyati|
49 ၄၉ ယောဟန်ကလည်း၊ သခင်၊ ကိုယ်တော်၏ နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သောသူ တယောက်ကို အကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အကျွန်ုပ်တို့နှင့်အတူ မလိုက်သောကြောင့် အကျွန်ုပ်တို့ မြစ် တားကြပါ၏ဟု လျှောက်သော်၊
aparanjca yOhan vyAjahAra hE prabhE tava nAmnA bhUtAn tyAjayantaM mAnuSam EkaM dRSTavantO vayaM, kintvasmAkam apazcAd gAmitvAt taM nyaSEdhAm| tadAnIM yIzuruvAca,
50 ၅၀ ယေရှုက၊ ထိုသူကိုမမြစ်တားကြနှင့်။ သင်တို့ ရန်သူဘက်၌မရှိသောသူသည် သင်တို့ဘက်၌ရှိသည်ဟု မိန့်တော်မူ၏။
taM mA niSEdhata, yatO yO janOsmAkaM na vipakSaH sa EvAsmAkaM sapakSO bhavati|
51 ၅၁ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန်ရောက်သောအခါ၊ ယေရုရှလင်မြို့သို့ တူရူကြွ အံ့သောငှါ သဘောထားတော်မူ၏။
anantaraM tasyArOhaNasamaya upasthitE sa sthiracEtA yirUzAlamaM prati yAtrAM karttuM nizcityAgrE dUtAn prESayAmAsa|
52 ၅၂ ရှေ့တော်သို့ တမန်တော်တို့ကို စေလွှတ်တော်မူသဖြင့်၊ သူတို့သည် ကိုယ်တော်၏အဘို့ကို ပြင်ဆင် ခြင်းငှါသွား၍ ရှမာရိရွာတရွာသို့ဝင်ကြ၏။
tasmAt tE gatvA tasya prayOjanIyadravyANi saMgrahItuM zOmirONIyAnAM grAmaM pravivizuH|
53 ၅၃ ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားအံ့သော အခြင်းအရာကို ထိုရွာသားတို့သည် ထောက်၍ လက်မခံကြ။
kintu sa yirUzAlamaM nagaraM yAti tatO hEtO rlOkAstasyAtithyaM na cakruH|
54 ၅၄ ထိုအကြောင်းကို တပည့်တော်ယာကုပ်၊ ယောဟန်တို့သည်မြင်လျှင်၊ သခင်၊ ဧလိယပြုသကဲ့သို့ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျစေ၍ ထိုသူတို့ကို လောင်းစေခြင်းငှါ အလိုရှိတော်မူသလောဟု လျှောက် ကြသော်၊
ataEva yAkUbyOhanau tasya ziSyau tad dRSTvA jagadatuH, hE prabhO EliyO yathA cakAra tathA vayamapi kiM gagaNAd Agantum EtAn bhasmIkarttunjca vahnimAjnjApayAmaH? bhavAn kimicchati?
55 ၅၅ ယေရှုသည် လှည့်ကြည့်၍၊ သင်တို့သည် ကိုယ်စိတ်သဘောကို ကိုယ်မသိကြ၊ လူသားသည်လူတို့၏ အသက်ကို သတ်အံ့သောငှါ ကြွလာသည်မဟုတ်။ ကယ်တင်အံ့သောငှါကြွလာသည်ဟု ဆုံးမတော်မူပြီးမှ၊
kintu sa mukhaM parAvartya tAn tarjayitvA gaditavAn yuSmAkaM manObhAvaH kaH, iti yUyaM na jAnItha|
56 ၅၆ အခြားသောရွာသို့ကြွတော်မူ၏။
manujasutO manujAnAM prANAn nAzayituM nAgacchat, kintu rakSitum Agacchat| pazcAd itaragrAmaM tE yayuH|
57 ၅၇ လမ်း၌သွားကြစဉ် လူတဦးက၊ သခင် ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ၏။
tadanantaraM pathi gamanakAlE jana EkastaM babhASE, hE prabhO bhavAn yatra yAti bhavatA sahAhamapi tatra yAsyAmi|
58 ၅၈ ယေရှုကလည်း၊ မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ၏။
tadAnIM yIzustamuvAca, gOmAyUnAM garttA AsatE, vihAyasIyavihagAnAM nIPAni ca santi, kintu mAnavatanayasya ziraH sthApayituM sthAnaM nAsti|
59 ၅၉ အခြားသောသူကို၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူလျှင်၊ ထိုသူက၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေသော်၊
tataH paraM sa itarajanaM jagAda, tvaM mama pazcAd Ehi; tataH sa uvAca, hE prabhO pUrvvaM pitaraM zmazAnE sthApayituM mAmAdizatu|
60 ၆၀ ယေရှုက၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ။ သင်မူကားသွား၍ ဘုရားသခင့်နိုင်ငံ တော်၏အကြောင်းကို ဟောပြောလော့ဟု မိန့်တော်မူ၏။
tadA yIzuruvAca, mRtA mRtAn zmazAnE sthApayantu kintu tvaM gatvEzvarIyarAjyasya kathAM pracAraya|
61 ၆၁ အခြားသောသူကလည်း၊ သခင်၊ ကိုယ်တော်နောက်သို့ အကျွန်ုပ်လိုက်ပါမည်။ သို့သော်လည်း အကျွန်ုပ်အိမ်၌ရှိရစ်သောသူတို့ကို အရင်သွား၍ အခွင့်ပန်ပါရစေဟု လျှောက်လျှင်၊
tatOnyaH kathayAmAsa, hE prabhO mayApi bhavataH pazcAd gaMsyatE, kintu pUrvvaM mama nivEzanasya parijanAnAm anumatiM grahItum ahamAdizyai bhavatA|
62 ၆၂ ယေရှုက၊ ထွန်ကိုင်းကို ကိုင်လျက်နောက်သို့ လှည့်၍ကြည့်သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်မတန်ဟု မိန့်တော်မူ၏။
tadAnIM yIzustaM prOktavAn, yO janO lAggalE karamarpayitvA pazcAt pazyati sa IzvarIyarAjyaM nArhati|