< လုကာ 20 >
1 ၁ တနေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူများကို ဆုံးမဩဝါဒပေး၍ ဧဝံဂေလိတရားကို ဟော တော်မူစဉ်၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် လာ၍၊
One of those days, as he was teaching the people in the temple, and publishing the good tidings, the chief priests, and the scribes, with the elders, came upon him,
2 ၂ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသည်ကို၎င်း၊ ထိုအခွင့်ကို အဘယ်သူပေးသည်ကို ၎င်း၊ အကျွန်ုပ်တို့အား ပြောပါဟု ဆိုကြသော်၊
saying, Tell us by what authority you do these things; or who is he that empowered you?
3 ၃ ကိုယ်တော်က၊ ငါသည် တစုံတခုကို မေးဦးမည်။ သင်တို့ ဖြေကြလော့။
He answering, said to them, I also have a question to put to you. Tell me, then,
4 ၄ ယောဟန်၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။
Was the commission which John had to immerse, from heaven, or from men?
5 ၅ ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍၊ ဘုရားက ဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။ လူက ဖြစ်သည်ဟု ငါတို့ဖြေလျှင်၊
But they reasoned thus among themselves, If we say, From heaven, he will reply, Why, then, did you not believe him?
6 ၆ ယောဟန်သည် ပရောဖက်ဖြစ်သည်ကို လူအပေါင်းတို့သည် ယုံသဖြင့် ငါတို့ကို ကျောက်ခဲနှင့် ပစ် ကြလိမ့်မည်ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
And if we say, From men, all the people will stone us; for they are persuaded that John was a prophet.
7 ၇ အဘယ်ကဖြစ်သည်ကို အကျွန်ုပ်တို့ မသိပါဟု ပြန်ပြောကြ၏။
They therefore answered, that they could not tell whence.
8 ၈ ယေရှုကလည်း၊ထိုအတူ ဤအမှုများကိုအဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။
Jesus replied, Neither do I tell you by what authority I do these things.
9 ၉ ထိုအခါ ပရိသတ်တို့အား မိန့်တော်မူသော ဥပမာကား၊ လူတဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီးမှ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့ ကြာမြင့်စွာ သွားနေ၏။
Then he spoke to the people this parable: A man planted a vineyard, and farmed it out, and having traveled, continued long abroad.
10 ၁၀ ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့သည် စပျစ်သီးအချို့ကို ပေးစေခြင်းငှါ ဥယျာဉ်ရှင်သည် သားငယ်ကို စေလွှတ်လေ၏။ ဥယျာဉ်စောင့်တို့သည် ငယ်သားကိုရိုက်၍ လက်ချည်းလွှတ်လိုက်ကြ၏။
The season being come, he sent a servant to the husbandmen, to receive of the produce of the vineyard; but they beat him, and sent him back empty.
11 ၁၁ နောက်တဖန် အခြားသော ငယ်သားကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် သူ့ကိုရိုက်၍ အရှက်ခွဲပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။
Afterward, he sent another servant, whom they, having beaten, and used shamefully, also sent away empty.
12 ၁၂ နောက်တဖန် အခြားသောငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုဒဏ်ရာပေါ်အောင် နာကျင်စွာ ရိုက် ၍ နှင်ထုတ်ကြ၏။
He afterward dispatched a third to them. Him, likewise, they wounded and drove away.
13 ၁၃ ထိုအခါ ဥယျာဉ်ရှင်က၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏ချစ်သားကို ငါစေလွှတ်မည်။ ထိုသူတို့ သည် ငါ့သားကိုမြင်လျှင် အားနာကောင်းအားနာကြလိမ့်မည်ဟု ဆို၏။
Then the proprietor of the vineyard said, What shall I do? I will send my beloved son; they will surely reverence him, when they see him.
14 ၁၄ ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင်၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ။ သူ့ကို သတ်ကြကုန်အံ့။ ထိုသို့သူ၏ အမွေဥစ္စာကို ငါတို့ ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်ပြီးမှ၊
But when then husbandmen saw him, they reasoned thus among themselves, This is the heir, come, let us kill him, that the inheritance may be our own.
15 ၁၅ ဥယျာဉ်ရှင်၏သားကို ဥယျာဉ်ပြင်သို့ ထုတ်၍ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည် ဥယျာဉ် စောင့်တို့ကို အဘယ်သို့ ပြုမည်နည်း။
And having thrust him out of the vineyard, they killed him. What, therefore, will the proprietor of the vineyard do to them?
16 ၁၆ ဥယျာဉ်ရှင်သည် လာ၍ ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေး လိမ့်မည်ဟု မိန့်တော်မူ၏။ ပရိသတ်တို့သည် ကြားလျှင် ထိုသို့မဖြစ်ပါစေနှင့်ဟု လျှောက်ကြသော်၊
He will come and destroy those husbandmen, and give the vineyard to others. And some of his hearers said, God forbid.
17 ၁၇ ကိုယ်တော်သည် ထိုသူတို့ကို ကြည့်ရှု၍၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန်၏ဟူသော ကျမ်းစာချက်သည် အဘယ်သို့ ဆိုလိုသနည်း။
Jesus, looking on them, said, What, then, means that expression of scripture, "A stone which the builders rejected, is made the head of the corner.
18 ၁၈ အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ၏။ ထိုသူသည် ကျိုးလတံ့။ အကြင်သူ၏အပေါ်သို့ ထို ကျောက်သည် ကျ၏။ ထိုသူသည် ညက်ညက်ကြေလတံ့ဟု မိန့်တော်မူ၏။
Whosoever shall fall upon that stone, shall be bruised; but on whomsoever it shall fall, it will crush him to pieces"?
19 ၁၉ ထိုအခါ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် မိမိတို့ကို ရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကိုသိသောကြောင့် ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံကြ၏။ သို့သော်လည်း လူများ ကိုကြောက်၍ နေရကြ၏။
At that time, the chief priests and the scribes, knowing that he had spoken this parable against them, would have laid hands on him, but feared the people.
20 ၂၀ ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော်ကိုချောင်းမြောင်းလျက်၊ စကားတော်၌ အပြစ်ကိုရှာ၍ မြို့ဝန်မင်း လက်သို့ အပ်နှံသောခွင့်ကိုရခြင်းငှါ သူတော်ကောင်းဖြစ်ယောင်ဆောင်သောသူလျှိုတို့ကို အထံတော်သို့ စေ လွှတ်ကြ၏။
And they watched him, and set spies upon him, instructing them to personate conscientious men, and surprise him in his words, that they might deliver him to the power and authority of the procurator.
21 ၂၁ ထိုသူလျှိုတို့က၊ အရှင်ဘုရား၊ ကိုယ်တော်သည် လူမျက်နှာကို မထောက်ဘဲ ဖြောင့်မတ်စွာ ဆုံးမဩဝါဒ ပေး၍၊ ဘုရားသခင်၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏။
These accosted him with this question, Rabbi, we know that you speak and teach uprightly, and that, without respect of persons, you faithfully recommend the way of God.
22 ၂၂ အကျွန်ုပ်တို့သည် ကဲသာဘုရင်အား အခွန်ကိုဆက်အပ်သလော၊ မဆက်အပ်သလောဟု မေးလျှောက် ကြ၏။
Is it lawful for us to pay taxes to Cesar, or not?
23 ၂၃ ကိုယ်တော်သည် ထိုသူတို့၏ ပရိယာယ်ကို သိမှတ်တော်မူလျှင်၊ သင်တို့သည် ငါ့ကို အဘယ်ကြောင့် စုံစမ်းနှောင့်ရှက်ကြသနည်း။
He perceiving their subtlety, answered,
24 ၂၄ ဒေနာရိတပြားကိုပြပါ။ အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာပါပါသနည်းဟု မေးတော်မူလျှင်၊ ကဲသာ ဘုရင်၏ပုံ၊ လိပ်စာပါပါသည်ဟု လျှောက်ကြသော်၊
Why would you entangle me? Show me a denarius. Whose image and inscription has it? They answered, Cesar's.
25 ၂၅ ကိုယ်တော်က၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကို ကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။
He replied, Render, therefore, to Cesar, that which is Cesar's, and to God, that which is God's.
26 ၂၆ ထိုသူတို့သည် လူများရှေ့တွင် စကားတော်၌ အပြစ်မတွေ့နိုင်သဖြင့် ပြန်ပြောတော်မူသော စကားကို အံ့ဩ၍ တိတ်ဆိတ်စွာနေကြ၏။
Thus they could not surprise him in his discourses before the people; wherefore, admiring his answer, they kept silence.
27 ၂၇ ထမြောက်ရှင်ပြန်ခြင်းမရှိဟု ငြင်းခုံတတ်သော ဇဒ္ဒုကဲအချို့သည်လည်း အထံတော်သို့ ချဉ်းကပ်၍၊
Afterward, some of the Sadducees, who deny a future state, came to him
28 ၂၈ အရှင်ဘုရား၊ မယားရှိသောသူသည် သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကို အမျိုးမပြတ်ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ပါပြီ။
with this question: Rabbi, Moses has enjoined in his writings, that a man whose brother dies childless, outlived by his wife, shall marry the widow, and raise issue to his brother.
29 ၂၉ ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲသေလျှင်၊
Now there were seven brothers; the first of whom, having taken a wife, died childless;
30 ၃၀ သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲ သေပြန်လေ၏။
the second married the widow, and also died childless;
31 ၃၁ ထိုအတူ တတိယသူမှစ၍ တယောက်နောက်တယောက်ခုနစ်ယောက်သော ညီအစ်ကိုတို့သည် ထို မိန်းမကို သိမ်းယူ၍ သားကို မကျန်ရစ်စေဘဲ သေကြ၏။
the third married her, as did likewise the rest; and all seven died, leaving no children.
32 ၃၂ နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။
Last of all, the woman also died.
33 ၃၃ သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် အဘယ်သူ၏မယားဖြစ်ရပါမည်နည်း။ ထိုသူခုနစ် ယောက်တို့သည် ထိုမိန်းမနှင့် စုံဘက်ကြပြီဟု လျှောက်ကြ၏။
To which of them, therefore, will she be wife, at the resurrection; for she had been married to all the seven?
34 ၃၄ ယေရှုကလည်း၊ ယခု ဘဝသားတို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ၏။ (aiōn )
Jesus answering, said to them, The people of this world marry, and are given in marriage; (aiōn )
35 ၃၅ နောင်ဘဝကို၎င်း၊ သေခြင်းမှ ထမြောက်ခြင်းကို၎င်း ရထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူ တို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြ။ (aiōn )
but, among them who shall be honored to share in the resurrection, and the other world, there will be neither marrying nor giving in marriage; (aiōn )
36 ၃၆ သေခြင်းနှင့်အစဉ်ကင်းလွတ်၍ ကောင်းကင်တမန်ကဲ့သို့ဖြစ်သည်သာမက၊ ထမြောက်ခြင်း၏သားဖြစ် သောကြောင့် ဘုရားသခင်၏သားဖြစ်ကြ၏။
for they can not die any more; because, like the angels, they are children of God, being children of the resurrection.
37 ၃၇ ထိုမှတပါး၊ မောရှေသည် ထာဝရဘုရားကို အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဟု ချုံခဏ်း၌ ခေါ်ဝေါ်သောအခါ သေလွန်သောသူတို့သည် ထမြောက်ကြောင်းကို ဘော်ပြခဲ့ပြီ။
But that the dead are raised, even Moses has suggested, calling the Lord who appeared in the bush, the God of Abraham, and the God of Isaac, and the God of Jacob.
38 ၃၈ ဘုရားသခင်သည် သေနေသောသူတို့၏ဘုရားမဟုတ်။ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်ဟု မိန့်တော်မူ၏။
Now he is not a God of the dead, but of the living; for they are all alive to him.
39 ၃၉ ကျမ်းပြုဆရာအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏စကားသည် လျှောက်ပတ်ပါ၏ဟု လျှောက် ကြ၏။
Then some of the scribes said to him, Rabbi, you have spoken well.
40 ၄၀ နောက်တဖန် အလျှင်းမမေးမလျှောက်ဝံ့ကြ၊
After that, they did not venture to ask him any more questions.
41 ၄၁ ယေရှုကလည်း၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု အဘယ်ကြောင့်ဆိုကြသနည်း။
And he said to them, Why is it affirmed that the Messiah must be a son of David?
42 ၄၂ ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု၊
Yet David himself says, in the book of the Psalms, "The Lord said to my Lord, Sit at my right hand,
43 ၄၃ ငါ့သခင်အား မိန့်တော်မူသည်ဟု ဆာလံကျမ်းစာ၌ ဒါဝိဒ်ဆိုသတည်း။
till I make thy foes thy footstool."
44 ၄၄ ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင် အဘယ်သို့သူ၏သားဖြစ်သနည်းဟု မေးတော် မူ၏။
As David thus calls him his Lord, how can he be David's son?
45 ၄၅ ပရိသတ်များ နားထောင်စဉ်တွင် တပည့်တော်တို့အား တဖန်မိန့်တော်မူသည်ကား၊
Then, in the audience of all the people, he said to his disciples,
46 ၄၆ ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကို ဝတ်လျက်လည်ခြင်းငှါ အလိုရှိ ကြ၏။ ဈေး၌ရိုသေစွာ နှုတ်ဆက်ခြင်းကို၎င်း၊ ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ်သောနေရာထိုင်ရာကို၎င်း နှစ်သက်ကြ၏။
Beware of the scribes, who love to walk in robes, and affect salutations in public places, and the principal seats in the synagogues, and the uppermost places at feasts;
47 ၄၇ သူတို့သည် မုတ်ဆိုးမအိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထိုသူတို့သည် သာ၍ကြီးစွာသောဒဏ်ကိုခံရကြလတံ့ဟု မိန့်တော်မူ၏။
who devour the families of widows, and make long prayers for a disguise. These shall suffer the severest punishment.