< လုကာ 19 >

1 ယေရှုသည် ယေရိခေါမြို့သို့ ဝင်၍ ရှောက်သွားတော်မူ၏။
ยทา ยีศุ รฺยิรีโหปุรํ ปฺรวิศฺย ตนฺมเธฺยน คจฺฉํสฺตทา
2 ထိုအခါ ဇက္ခဲအမည်ရှိသော အခွန်ခေါင်းတယောက်ရှိ၏။ ထိုသူသည် ငွေရတတ်သောသူဖြစ်၏။
สกฺเกยนามา กรสญฺจายินำ ปฺรธาโน ธนวาเนโก
3 ယေရှုသည် အဘယ်သို့သောသူဖြစ်သည်ကို ထိုသူသည် ကြည့်လို၍၊ လူအစုအဝေးများသောကြောင့်၊ မိမိရပ်လည်း နိမ့်သည်ဖြစ်၍ မမြင်နိုင်။
ยีศุ: กีทฺฤคิติ ทฺรษฺฏุํ เจษฺฏิตวานฺ กินฺตุ ขรฺวฺวตฺวาโลฺลกสํฆมเธฺย ตทฺทรฺศนมปฺราปฺย
4 ထို့ကြောင့် ကြွတော်မူမည့်လမ်းတွင် ရှေ့သို့ပြေး၍ ကိုယ်တော်ကို မြင်အံ့သောငှါ သဖန်းပင်တပင်ကို တက်လေ၏။
เยน ปถา ส ยาสฺยติ ตตฺปเถ'เคฺร ธาวิตฺวา ตํ ทฺรษฺฏุมฺ อุฑุมฺพรตรุมารุโรหฯ
5 ထိုအရပ်သို့ ယေရှုသည် ရောက်တော်မူသောအခါ မျှော်ကြည့်၍ ထိုသူကို မြင်တော်မူလျှင်၊
ปศฺจาทฺ ยีศุสฺตตฺสฺถานมฺ อิตฺวา อูรฺทฺธฺวํ วิโลกฺย ตํ ทฺฤษฺฏฺวาวาทีตฺ, เห สกฺเกย ตฺวํ ศีฆฺรมวโรห มยาทฺย ตฺวทฺเคเห วสฺตวฺยํฯ
6 ဇက္ခဲ၊ မြန်မြန်ဆင်းလော့။ သင်၏အိမ်၌ ယနေ့ငါတည်းနေမည်ဟု မိန့်တော်မူ၏။ ဇက္ခဲသည် အလျင် အမြန်ဆင်း၍ ဝမ်းမြောက်သောစိတ်နှင့် ကိုယ်တော်ကို မိမိအိမ်၌ ဧည့်ခံလေ၏။
ตต: ส ศีฆฺรมวรุหฺย สาหฺลาทํ ตํ ชคฺราหฯ
7 ထိုအကြောင်း။ကို လူအပေါင်းတို့သည်မြင်လျှင်၊ ဆိုးသောလူ၏ အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။
ตทฺ ทฺฤษฺฏฺวา สรฺเวฺว วิวทมานา วกฺตุมาเรภิเร, โสติถิเตฺวน ทุษฺฏโลกคฺฤหํ คจฺฉติฯ
8 ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ ဥစ္စာတဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစုံ တယောက်သောသူ၏ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ပေးပါ၏ဟု သခင်ဘုရားကို လျှောက်ဆို၏။
กินฺตุ สกฺเกโย ทณฺฑายมาโน วกฺตุมาเรเภ, เห ปฺรโภ ปศฺย มม ยา สมฺปตฺติรสฺติ ตทรฺทฺธํ ทริเทฺรโภฺย ทเท, อปรมฺ อนฺยายํ กฺฤตฺวา กสฺมาทปิ ยทิ กทาปิ กิญฺจิตฺ มยา คฺฤหีตํ ตรฺหิ ตจฺจตุรฺคุณํ ททามิฯ
9 ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏သားဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။
ตทา ยีศุสฺตมุกฺตวานฺ อยมปิ อิพฺราหีม: สนฺตาโน'ต: การณาทฺ อทฺยาสฺย คฺฤเห ตฺราณมุปสฺถิตํฯ
10 ၁၀ လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော် မူ၏။
ยทฺ หาริตํ ตตฺ มฺฤคยิตุํ รกฺษิตุญฺจ มนุษฺยปุตฺร อาคตวานฺฯ
11 ၁၁ ထိုအခါ ယေရုရှလင်မြို့အနီးသို့ ရောက်တော်မူ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် ချက်ခြင်း ပေါ်ထွန်းမည်ဟု လူများထင်မှတ်သောကြောင့်၊ ပရိတ်သတ်အလယ်၌ မိန့်တော်မူသော ဥပမာကား၊
อถ ส ยิรูศาลม: สมีป อุปาติษฺฐทฺ อีศฺวรราชตฺวสฺยานุษฺฐานํ ตไทว ภวิษฺยตีติ โลไกรนฺวภูยต, ตสฺมาตฺ ส โศฺรตฺฤภฺย: ปุนรฺทฺฤษฺฏานฺตกถามฺ อุตฺถาปฺย กถยามาสฯ
12 ၁၂ အမတ်တယောက်သည် မင်းကြီးအရာကို ခံလို၍ မိမိပြည်သို့ ပြန်လာမည်ဟု အကြံရှိလျက် ဝေးသော ပြည်သို့သွား၏။
โกปิ มหาโลฺลโก นิชารฺถํ ราชตฺวปทํ คฺฤหีตฺวา ปุนราคนฺตุํ ทูรเทศํ ชคามฯ
13 ၁၃ မသွားမှီ မိမိငယ်သားတကျိပ်ကိုခေါ်၍၊ ငွေတပိဿာစီအပ်ပေးလျက် ငါပြန်၍ မလာမှီတိုင်အောင် ကုန်သွယ်ခြင်းအမှုကို ပြုကြလော့ဟု မှာထားလေ၏။
ยาตฺรากาเล นิชานฺ ทศทาสานฺ อาหูย ทศสฺวรฺณมุทฺรา ทตฺตฺวา มมาคมนปรฺยฺยนฺตํ วาณิชฺยํ กุรุเตตฺยาทิเทศฯ
14 ၁၄ ပြည်သားအချို့သည် ထိုအမတ်ကို မနာလို၍၊ ထိုသူ၏ အအုပ်အချုပ်ကို ငါတို့မခံလိုပါဟု တမန်ကို သူ့နောက်သို့ စေလွှတ်ကြ၏။
กินฺตุ ตสฺย ปฺรชาสฺตมวชฺญาย มนุษฺยเมนมฺ อสฺมากมุปริ ราชตฺวํ น การยิวฺยาม อิมำ วารฺตฺตำ ตนฺนิกเฏ เปฺรรยามาสุ: ฯ
15 ၁၅ ထိုအမတ်သည် မင်းကြီးအရာကိုခံ၍ ပြန်လာတော်မူသောအခါ၊ ငွေခံသော ငယ်သားတို့သည် အသီး အသီးအဘယ်မျှလောက် အမြတ်ရသည်ကို သိခြင်းငှါ သူတို့ကိုခေါ်ချေဟု အမိန့်တော်ရှိ၏။
อถ ส ราชตฺวปทํ ปฺราปฺยาคตวานฺ เอไกโก ชโน พาณิเชฺยน กึ ลพฺธวานฺ อิติ ชฺญาตุํ เยษุ ทาเสษุ มุทฺรา อรฺปยตฺ ตานฺ อาหูยาเนตุมฺ อาทิเทศฯ
16 ၁၆ ပဌမသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတပိဿာအားဖြင့် အခွက်တဆယ် အမြတ်ရပါ ပြီဟု လျှောက်လျှင်၊
ตทา ปฺรถม อาคตฺย กถิตวานฺ, เห ปฺรโภ ตว ตไยกยา มุทฺรยา ทศมุทฺรา ลพฺธา: ฯ
17 ၁၇ သခင်က၊ သာဓု၊ ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုး လော့ဟု မိန့်တော်မူ၏။
ตต: ส อุวาจ ตฺวมุตฺตโม ทาส: สฺวลฺเปน วิศฺวาโสฺย ชาต อิต: การณาตฺ ตฺวํ ทศนคราณามฺ อธิโป ภวฯ
18 ၁၈ ဒုတိယသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတပိဿာအားဖြင့် ငါးပိဿာအမြတ်ရပါပြီဟု လျှောက်လျှင်၊
ทฺวิตีย อาคตฺย กถิตวานฺ, เห ปฺรโภ ตไวกยา มุทฺรยา ปญฺจมุทฺรา ลพฺธา: ฯ
19 ၁၉ သခင်က၊ သင်သည် မြို့ငါးမြို့ကိုအုပ်စိုးလော့ဟု မိန့်တော်မူ၏။
ตต: ส อุวาจ, ตฺวํ ปญฺจานำ นคราณามธิปติ รฺภวฯ
20 ၂၀ အခြားသော သူသည်လာ၍၊ သခင်၊ အကျွန်ုပ်သည် ပဝါ၌ထုပ်ထားသော ကိုယ်တော်၏ ငွေတပိဿာ ရှိပါ၏။ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်နှင့်၊
ตโตนฺย อาคตฺย กถยามาส, เห ปฺรโภ ปศฺย ตว ยา มุทฺรา อหํ วสฺเตฺร พทฺธฺวาสฺถาปยํ เสยํฯ
21 ၂၁ ကိုယ်မသိုမထားသော ဥစ္စာကိုသိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသော လယ်၌ရိတ်တတ်သည်ကို အကျွန်ုပ် ထောက်၍ ကိုယ်တော်ကို ကြောက်ပါသည်ဟု လျှောက်လျှင်၊
ตฺวํ กฺฤปโณ ยนฺนาสฺถาปยสฺตทปิ คฺฤหฺลาสิ, ยนฺนาวปสฺตเทว จ ฉินตฺสิ ตโตหํ ตฺวตฺโต ภีต: ฯ
22 ၂၂ သခင်က၊ ဆိုးညစ်သောငယ်သား၊ သင်၏ စကားကိုသာလိုက်၍ သင်၏အမှုကို ငါစီရင်မည်။ ငါသည် ခဲယဉ်းသောသူဖြစ်လျက် ကိုယ်မသိုမထားသောဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက်ပျိုးသော လယ်၌ရိတ်သည်ကို သင်သိသည်မှန်လျှင်၊
ตทา ส ชคาท, เร ทุษฺฏทาส ตว วาเกฺยน ตฺวำ โทษิณํ กริษฺยามิ, ยทหํ นาสฺถาปยํ ตเทว คฺฤหฺลามิ, ยทหํ นาวปญฺจ ตเทว ฉินทฺมิ, เอตาทฺฤศ: กฺฤปโณหมิติ ยทิ ตฺวํ ชานาสิ,
23 ၂၃ ငါ့ငွေကို ပွဲစားလက်သို့ အဘယ်ကြောင့်မအပ်သနည်း။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်း နှင့် အဘိုးကို ရနိုင်သည်ဟု မိန့်တော်မူပြီးသော်၊
ตรฺหิ มม มุทฺรา พณิชำ นิกเฏ กุโต นาสฺถาปย: ? ตยา กฺฤเต'หมฺ อาคตฺย กุสีเทน สารฺทฺธํ นิชมุทฺรา อปฺราปฺสฺยมฺฯ
24 ၂၄ အခြွေအရံတို့အား၊ ငွေတပိဿာကို သူ့လက်မှ နှုတ်ကြ။ အခွက်တဆယ်ရှိသောသူအား ပေးကြဟု မိန့် တော်မူ၏။
ปศฺจาตฺ ส สมีปสฺถานฺ ชนานฺ อาชฺญาปยตฺ อสฺมาตฺ มุทฺรา อานีย ยสฺย ทศมุทฺรา: สนฺติ ตไสฺม ทตฺตฯ
25 ၂၅ အခြွေအရံတို့ကလည်း၊ သခင်၊ ထိုသူ၌ အခွက်တဆယ်ရှိပါ၏ဟု လျှောက်ကြလျှင်၊
เต โปฺรจุ: ปฺรโภ'สฺย ทศมุทฺรา: สนฺติฯ
26 ၂၆ ငါဆိုသည်ကား၊ အကြင်သူသည်ရတတ်၏။ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။
ยุษฺมานหํ วทามิ ยสฺยาศฺรเย วทฺธเต 'ธิกํ ตไสฺม ทายิษฺยเต, กินฺตุ ยสฺยาศฺรเย น วรฺทฺธเต ตสฺย ยทฺยทสฺติ ตทปิ ตสฺมานฺ นายิษฺยเตฯ
27 ၂၇ ထိုမှတပါး ငါ၏အအုပ်အချုပ်ကို မခံလိုသော ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာ သတ်ကြဟု စီရင် တော်မူသည်ဟု မိန့်တော်မူ၏။
กินฺตุ มมาธิปติตฺวสฺย วศเตฺว สฺถาตุมฺ อสมฺมนฺยมานา เย มม ริปวสฺตานานีย มม สมกฺษํ สํหรตฯ
28 ၂၈ ထိုသို့ မိန့်တော်မူပြီးမှ၊ တပည့်တော်တို့ ရှေ့၌ ကြွ၍ ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ၏။
อิตฺยุปเทศกถำ กถยิตฺวา โสคฺรค: สนฺ ยิรูศาลมปุรํ ยเยาฯ
29 ၂၉ သံလွင်အမည်ရှိသော တောင်ခြေရင်း၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာအနီးသို့ ရောက်တော်မူ သော အခါ၊ တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊
ตโต ไพตฺผคีไพถนียาคฺรามโย: สมีเป ไชตุนาเทฺรรนฺติกมฺ อิตฺวา ศิษฺยทฺวยมฺ อิตฺยุกฺตฺวา เปฺรษยามาส,
30 ၃၀ သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ။ ထိုရွာသို့ ရောက်လျှင် အဘယ်သူမျှ မစီးဘူးသောမြည်းကလည်း ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် တွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ဆောင်ခဲ့ကြ။
ยุวามมุํ สมฺมุขสฺถคฺรามํ ปฺรวิไศฺยว ยํ โกปิ มานุษ: กทาปิ นาโรหตฺ ตํ ครฺทฺทภศาวกํ พทฺธํ ทฺรกฺษฺยถสฺตํ โมจยิตฺวานยตํฯ
31 ၃၁ သူတပါးက အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်းဟု သင်တို့ကိုဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့ဟု မှာထားတော်မူ၏။
ตตฺร กุโต โมจยถ: ? อิติ เจตฺ โกปิ วกฺษฺยติ ตรฺหิ วกฺษฺยถ: ปฺรเภรตฺร ปฺรโยชนมฺ อาเสฺตฯ
32 ၃၂ ထိုသို့ စေလွှတ်သောသူတို့သည် သွား၍ စကားတော်အတိုင်း တွေ့ကြ၏။
ตทา เตา ปฺรริเตา คตฺวา ตตฺกถานุสาเรณ สรฺวฺวํ ปฺราปฺเตาฯ
33 ၃၃ မြည်းကြိုးကို ဖြည်စဉ်တွင် မြည်းရှင်တို့က၊ အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်းဟုဆိုလျှင်၊
ครฺทภศาวกโมจนกาเล ตตฺวามิน อูจุ: , ครฺทภศาวกํ กุโต โมจยถ: ?
34 ၃၄ သခင်အလိုရှိသည်ဟု ပြန်ပြောကြ၏။ ယေရှုထံတော်သို့ မြည်းကလေးကို ဆောင်ခဲ့၍၊
ตาวูจตุ: ปฺรโภรตฺร ปฺรโยชนมฺ อาเสฺตฯ
35 ၃၅ မြည်းကျောပေါ်မှာ မိမိတို့ အဝတ်ကို တင်ပြီးလျှင် ကိုယ်တော်ကို စီးစေကြ၏။
ปศฺจาตฺ เตา ตํ ครฺทภศาวกํ ยีโศรนฺติกมานีย ตตฺปฺฤษฺเฐ นิชวสนานิ ปาตยิตฺวา ตทุปริ ยีศุมาโรหยามาสตุ: ฯ
36 ၃၆ ခရီးသွားတော်မူစဉ်တွင် လူများတို့သည် မိမိတို့ အဝတ်ကို လမ်း၌ ခင်းကြ၏။
อถ ยาตฺรากาเล โลกา: ปถิ สฺววสฺตฺราณิ ปาตยิตุมฺ อาเรภิเรฯ
37 ၃၇ သံလွင်တောင်ပေါ်က ဆင်းရာအရပ်သို့ ရောက်တော်မူသောအခါ၊ တပည့်တော်များအပေါင်းတို့သည် မိမိတို့ မြင်ခဲ့ပြီးသောတန်ခိုးတော်များကိုထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြု၍၊
อปรํ ไชตุนาเทฺรรุปตฺยกามฺ อิตฺวา ศิษฺยสํฆ: ปูรฺวฺวทฺฤษฺฏานิ มหากรฺมฺมาณิ สฺมฺฤตฺวา,
38 ၃၈ ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသော ရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်းဟု ကြွေးကြော်ကြ၏။
โย ราชา ปฺรโภ รฺนามฺนายาติ ส ธนฺย: สฺวรฺเค กุศลํ สรฺโวฺวจฺเจ ชยธฺวนิ รฺภวตุ, กถาเมตำ กถยิตฺวา สานนฺทมฺ อุไจรีศฺวรํ ธนฺยํ วกฺตุมาเรเภฯ
39 ၃၉ လူအစုအဝေး၌ပါသော ဖာရိရှဲအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏တပည့်တို့ကို ဆုံးမပါဟု လျှောက်ကြသော်၊
ตทา โลการณฺยมธฺยสฺถา: กิยนฺต: ผิรูศินสฺตตฺ ศฺรุตฺวา ยีศุํ โปฺรจุ: , เห อุปเทศก สฺวศิษฺยานฺ ตรฺชยฯ
40 ၄၀ ယေရှုကလည်း၊ ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ခြင်း ကြွေးကြော်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
ส อุวาจ, ยุษฺมานหํ วทามิ ยทฺยมี นีรวาสฺติษฺฐนฺติ ตรฺหิ ปาษาณา อุไจ: กถา: กถยิษฺยนฺติฯ
41 ၄၁ ယေရုရှလင်မြို့အနီးသို့ ရောက်၍ ကြည့်မြင်လျက် ငိုကြွေးတော်မူ၍၊
ปศฺจาตฺ ตตฺปุรานฺติกเมตฺย ตทวโลกฺย สาศฺรุปาตํ ชคาท,
42 ၄၂ အချင်းမြို့၊ သင်၏ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည် သိရလျှင်မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှါ ဝှက်ထား လျက် ရှိ၏။
หา หา เจตฺ ตฺวมเคฺร'ชฺญาสฺยถา: , ตวาสฺมินฺเนว ทิเน วา ยทิ สฺวมงฺคลมฺ อุปาลปฺสฺยถา: , ตรฺหฺยุตฺตมมฺ อภวิษฺยตฺ, กินฺตุ กฺษเณสฺมินฺ ตตฺตว ทฺฤษฺเฏรโคจรมฺ ภวติฯ
43 ၄၃ အကြောင်းမူကား၊ သင့်ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့်၊ သင်၏ ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊
ตฺวํ สฺวตฺราณกาเล น มโน นฺยธตฺถา อิติ เหโต รฺยตฺกาเล ตว ริปวสฺตฺวำ จตุรฺทิกฺษุ ปฺราจีเรณ เวษฺฏยิตฺวา โรตฺสฺยนฺติ
44 ၄၄ သင်၏ကိုယ်မှစ၍ သင်၏ သားသမီးတို့ကို မြေနှင့်တညီတည်း ညှိသဖြင့်၊ သင်၏ကျောက်တခုပေါ်မှာ တခုမျှ ထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှါ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
พาลไก: สารฺทฺธํ ภูมิสาตฺ กริษฺยนฺติ จ ตฺวนฺมเธฺย ปาษาไณโกปิ ปาษาโณปริ น สฺถาสฺยติ จ, กาล อีทฺฤศ อุปสฺถาสฺยติฯ
45 ၄၅ ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်လျက်၊
อถ มเธฺยมนฺทิรํ ปฺรวิศฺย ตตฺรตฺยานฺ กฺรยิวิกฺรยิโณ พหิษฺกุรฺวฺวนฺ
46 ၄၆ ငါ့အိမ်သည် ဆုတောင်းရာအိမ်ဖြစ်၏ဟု ကျမ်းစာ၌ လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ထားပြ တွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။
อวทตฺ มทฺคฺฤหํ ปฺรารฺถนาคฺฤหมิติ ลิปิราเสฺต กินฺตุ ยูยํ ตเทว ไจราณำ คหฺวรํ กุรุถฯ
47 ၄၇ ကိုယ်တော်သည် နေ့တိုင်းဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူ၏။ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြု ဆရာ၊ လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ ရှာကြသော်လည်း၊
ปศฺจาตฺ ส ปฺรตฺยหํ มเธฺยมนฺทิรมฺ อุปทิเทศ; ตต: ปฺรธานยาชกา อธฺยาปกา: ปฺราจีนาศฺจ ตํ นาศยิตุํ จิเจษฺฏิเร;
48 ၄၈ လူအပေါင်းတို့သည် ဒေသနာတော်ကို စေ့စေ့နားထောင်သောကြောင့် သတ်နိုင်သောအခွင့်ကို မတွေ့ မရကြ။
กินฺตุ ตทุปเทเศ สรฺเวฺว โลกา นิวิษฺฏจิตฺตา: สฺถิตาสฺตสฺมาตฺ เต ตตฺกรฺตฺตุํ นาวกาศํ ปฺราปุ: ฯ

< လုကာ 19 >