< လုကာ 15 >
1 ၁ အခွန်ခံသော သူတို့နှင့်ဆိုးသောသူအပေါင်းတို့သည် နားထောင်ခြင်းငှါ အထံတော်သို့ ချဉ်းကပ်သည် ဖြစ်၍၊
tadA karasaJcAyinaH pApinazca lokA upadezkathAM zrotuM yIzoH samIpam Agacchan|
2 ၂ ဖာရိရှဲနှင့် ကျမ်းပြုဆရာတို့က၊ ဤသူသည် ဆိုးသောသူတို့ကိုလက်ခံ၍ သူတို့နှင့်အတူ စားပါသည် တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။
tataH phirUzina upAdhyAyAzca vivadamAnAH kathayAmAsuH eSa mAnuSaH pApibhiH saha praNayaM kRtvA taiH sArddhaM bhuMkte|
3 ၃ ထိုအခါ ဥပမာစကားကို မိန့်တော်မူသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူ၌ သိုးတရာရှိ၍၊
tadA sa tebhya imAM dRSTAntakathAM kathitavAn,
4 ၄ သိုးတကောင်ပျောက်လျှင်၊ ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သော သိုး တကောင်ကို မတွေ့မှီတိုင်အောင်သွား၍ မရှာဘဲနေမည်လော။
kasyacit zatameSeSu tiSThatmu teSAmekaM sa yadi hArayati tarhi madhyeprAntaram ekonazatameSAn vihAya hAritameSasya uddezaprAptiparyyanataM na gaveSayati, etAdRzo loko yuSmAkaM madhye ka Aste?
5 ၅ တွေ့ပြီးလျှင် ဝမ်းမြောက်သော စိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊
tasyoddezaM prApya hRSTamanAstaM skandhe nidhAya svasthAnam AnIya bandhubAndhavasamIpavAsina AhUya vakti,
6 ၆ မိမိအိမ်သို့ ရောက်သောအခါ အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောသိုးကို ငါတွေ့ ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည် မဟုတ်လော။
hAritaM meSaM prAptoham ato heto rmayA sArddham Anandata|
7 ၇ ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်းမရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်း ကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုးတယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို၏။
tadvadahaM yuSmAn vadAmi, yeSAM manaHparAvarttanasya prayojanaM nAsti, tAdRzaikonazatadhArmmikakAraNAd ya AnandastasmAd ekasya manaHparivarttinaH pApinaH kAraNAt svarge 'dhikAnando jAyate|
8 ၈ တနည်းကား၊ တစုံတယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တပြားပျောက်လျှင်၊ ဆီမီးကိုထွန်း၍ မတွေ့မှီတိုင်အောင် တအိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲ နေမည်လော။
aparaJca dazAnAM rUpyakhaNDAnAm ekakhaNDe hArite pradIpaM prajvAlya gRhaM sammArjya tasya prAptiM yAvad yatnena na gaveSayati, etAdRzI yoSit kAste?
9 ၉ တွေ့ပြီးလျှင် အဆွေခင်ပွန်းအိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောငွေကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်း မြောက်ကြလော့ဟု ဆိုတတ်သည်မဟုတ်လော။
prApte sati bandhubAndhavasamIpavAsinIrAhUya kathayati, hAritaM rUpyakhaNDaM prAptAhaM tasmAdeva mayA sArddham Anandata|
10 ၁၀ ထိုနည်းတူ ငါဆိုသည်ကား၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသောလူဆိုးတ ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။
tadvadahaM yuSmAn vyAharAmi, ekena pApinA manasi parivarttite, Izvarasya dUtAnAM madhyepyAnando jAyate|
11 ၁၁ တဖန် မိန့်တော်မူသည်ကား၊ တစုံတယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။
aparaJca sa kathayAmAsa, kasyacid dvau putrAvAstAM,
12 ၁၂ သားအငယ်သည် အဘထံသို့ သွား၍၊ အဘ၊ အကျွန်ုပ်ရထိုက်သော အမွေဥစ္စာကိုဝေ၍ ပေးပါဟု တောင်းပန်လျှင်၊ အဘသည် ဥစ္စာများကိုဝေ၍ သားတို့အား ပေးလေ၏။
tayoH kaniSThaH putraH pitre kathayAmAsa, he pitastava sampattyA yamaMzaM prApsyAmyahaM vibhajya taM dehi, tataH pitA nijAM sampattiM vibhajya tAbhyAM dadau|
13 ၁၃ ထိုနောက်များမကြာ၊ သားအငယ်သည် မိမိဥစ္စာများကို သိမ်းယူ၍ ဝေးစွာသောပြည်သို့ သွားပြီးလျှင်၊ ထိုပြည်မှာ ကာမဂုဏ်၌ လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး၍၊
katipayAt kAlAt paraM sa kaniSThaputraH samastaM dhanaM saMgRhya dUradezaM gatvA duSTAcaraNena sarvvAM sampattiM nAzayAmAsa|
14 ၁၄ ရှိသမျှကုန်သောအခါ၊ ထိုပြည်၌ ကြီးစွာသောအစာခေါင်းပါးခြင်းဖြစ်၍၊ သူသည် အလွန်ဆင်းရဲခြင်းသို့ ရောက်၏။
tasya sarvvadhane vyayaM gate taddeze mahAdurbhikSaM babhUva, tatastasya dainyadazA bhavitum Arebhe|
15 ၁၅ ထိုအခါ ပြည်သားတယောက်ထံသို့သွား၍ အစေခံလျှင်၊ ဝက်တို့ကို ကျောင်းစေခြင်းငှါ သူ့သခင်သည် တောသို့ စေလွှတ်သဖြင့်၊
tataH paraM sa gatvA taddezIyaM gRhasthamekam Azrayata; tataH sataM zUkaravrajaM cArayituM prAntaraM preSayAmAsa|
16 ၁၆ သူသည် ဝက်စားတတ်သော ပဲ့တောင့်ကိုပင် စားချင်မတတ်ငတ်မွတ်လျက်နေရ၏။ အဘယ်သူမျှ အစာကို မကျွေး။
kenApi tasmai bhakSyAdAnAt sa zUkaraphalavalkalena piciNDapUraNAM vavAJcha|
17 ၁၇ ထိုအခါ သတိရလျှင်၊ ငါ့အဘ၏အိမ်၌ အခစားသောသူများတို့သည် ဝစွာစားရကြ၏။ ငါမူကား ဤ ပြည်၌သေအောင် အငတ်ခံရ၏။
zeSe sa manasi cetanAM prApya kathayAmAsa, hA mama pituH samIpe kati kati vetanabhujo dAsA yatheSTaM tatodhikaJca bhakSyaM prApnuvanti kintvahaM kSudhA mumUrSuH|
18 ၁၈ ငါထ၍ အဘထံသို့ သွားမည်။ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှား ပါပြီ။
ahamutthAya pituH samIpaM gatvA kathAmetAM vadiSyAmi, he pitar Izvarasya tava ca viruddhaM pApamakaravam
19 ၁၉ ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကိုမခံထိုက်ပါ။ သူငှါးအရာ၌ အကျွန်ုပ်ကို ထားတော် မူပါဟု ငါပြောမည်ဟူ၍ အကြံရှိသည်နှင့်၊
tava putraiti vikhyAto bhavituM na yogyosmi ca, mAM tava vaitanikaM dAsaM kRtvA sthApaya|
20 ၂၀ ထ၍ အဘထံသို့ သွားလေ၏။ သွား၍ ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင်၊ သနားသော စိတ်ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဘက်လျက် နမ်းရှုပ်လေ၏။
pazcAt sa utthAya pituH samIpaM jagAma; tatastasya pitAtidUre taM nirIkSya dayAJcakre, dhAvitvA tasya kaNThaM gRhItvA taM cucumba ca|
21 ၂၁ သားကလည်း၊ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကို မခံထိုက်ပါဟုဆိုလျှင်၊
tadA putra uvAca, he pitar Izvarasya tava ca viruddhaM pApamakaravaM, tava putraiti vikhyAto bhavituM na yogyosmi ca|
22 ၂၂ အဘက၊ မြတ်သောဝတ်လုံကို ယူခဲ့၍ သူ့ကို ခြုံကြ၊ သူ၏လက်၌ လက်စွပ်တန်ဆာကို ဆင်ကြ။
kintu tasya pitA nijadAsAn Adideza, sarvvottamavastrANyAnIya paridhApayatainaM haste cAGgurIyakam arpayata pAdayozcopAnahau samarpayata;
23 ၂၃ ခြေနင်းကိုလည်း စီးစေကြ။ ဆူအောင်ကျွေးသော နွားကလေးကို ယူ၍သတ်ကြ။ သို့ပြီးမှ ငါတို့သည် စားကြကုန်အံ့။ ပျော်မွေ့ခြင်းကို ပြုကြကုန်အံ့။
puSTaM govatsam AnIya mArayata ca taM bhuktvA vayam AnandAma|
24 ၂၄ ငါ့သားသည်အထက်က သေ၏။ ယခုရှင်ပြန်၏။ အပါတို့ကို ဆိုပြီးမှ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ ခြင်းကို ပြုကြ၏။
yato mama putroyam amriyata punarajIvId hAritazca labdhobhUt tatasta Ananditum Arebhire|
25 ၂၅ သားအကြီးသည် တောင်ယာကလာ၍ အိမ်အနီးသို့ရောက်သောအခါ၊ ကခြင်း၊ တီးမှုတ်ခြင်းအသံကို ကြားလျှင်၊
tatkAle tasya jyeSThaH putraH kSetra AsIt| atha sa nivezanasya nikaTaM Agacchan nRtyAnAM vAdyAnAJca zabdaM zrutvA
26 ၂၆ ငယ်သားတယောက်ကိုခေါ်၍ အဘယ်သို့သော အခြင်းအရာနည်းဟု မေး၏။
dAsAnAm ekam AhUya papraccha, kiM kAraNamasya?
27 ၂၇ ငယ်သားက၊ သခင်၏ညီသည် ရောက်လာပါပြီ။ ဘေးနှင့်ကင်းလွတ်လျက်ရှိသည်ကို အဘတွေ့သော ကြောင့်၊ ဆူအောင်ကျွေးသော နွားကလေးကိုသတ်ပါပြီဟု ပြောဆို၏။ သားအကြီးသည် အမျက်ထွက်၍ အိမ်သို့ မဝင်ဘဲနေ၏။
tataH sovAdIt, tava bhrAtAgamat, tava tAtazca taM suzarIraM prApya puSTaM govatsaM mAritavAn|
28 ၂၈ အဘသည် သူ့ဆီသို့သွား၍ ချော့မော့ရ၏။
tataH sa prakupya nivezanAntaH praveSTuM na sammene; tatastasya pitA bahirAgatya taM sAdhayAmAsa|
29 ၂၉ သားအကြီးကလည်း၊ အကျွန်ုပ်သည် ကာလတာရှည်စွာ အဘ၏ အစေကိုခံပါပြီ။ အဘ၏အလိုကို တခါမျှ မလွန်ကျူးပါ။ သို့သော်လည်း အကျွန်ုပ်သည် အဆွေတို့နှင့်အူပျော်မွေ့ခြင်းကို ပြုစေခြင်းငှါ၊ အဘသည် ဆိတ်ကလေးတကောင်ကို တခါမျှ မပေး။
tataH sa pitaraM pratyuvAca, pazya tava kAJcidapyAjJAM na vilaMghya bahUn vatsarAn ahaM tvAM seve tathApi mitraiH sArddham utsavaM karttuM kadApi chAgamekamapi mahyaM nAdadAH;
30 ၃၀ ပြည်တန်ဆာမိန်းမတို့နှင့် ပေါင်းဘော်၍ မိမိဥစ္စာကိုဖြုန်းသော ဤသားငယ်ရောက်လာသောအခါ မူကား၊ အဘသည် ဆူအောင်ကျွေးသော နွားကလေးကို သတ်လေပြီတကားဟု ဆို၏။
kintu tava yaH putro vezyAgamanAdibhistava sampattim apavyayitavAn tasminnAgatamAtre tasyaiva nimittaM puSTaM govatsaM mAritavAn|
31 ၃၁ အဘကလည်း၊ ငါ့သား၊ သင်သည် ငါ့ထံမှာ အစဉ်နေ၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။
tadA tasya pitAvocat, he putra tvaM sarvvadA mayA sahAsi tasmAn mama yadyadAste tatsarvvaM tava|
32 ၃၂ သင်၏ညီမူကား အထက်ကသေ၏။ ယခုရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုတွေ့ပြန်၏။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်းရှိ၏။ အဘဆိုသည်ဟု မိန့်တော်မူ၏။
kintu tavAyaM bhrAtA mRtaH punarajIvId hAritazca bhUtvA prAptobhUt, etasmAt kAraNAd utsavAnandau karttum ucitamasmAkam|