< လုကာ 13 >

1 ထိုအခါ လူအချို့တို့သည်လာ၍၊ ပိလတ်မင်းသည် ဂါလိလဲလူအချို့တို့၏အသွေးကို မိမိတို့ ပူဇော် သော ယဇ်ကောင်တို့နှင့် ရောနှောကြောင်းကို လျှောက်ကြလျှင်၊
ⲁ̅ϩⲛ ⲧⲉⲩⲛⲟⲩ ⲇⲉ ⲉⲧⲙⲙⲁⲩ ⲛⲉⲩⲛϩⲟⲓⲛⲉ ⲡⲉ ⲧⲁⲙⲟ ⲙⲙⲟϥ ⲉⲧⲃⲉ ⲛⲅⲁⲗⲓⲗⲁⲓⲟⲥ ⲛⲁⲓ ⲉⲛⲧⲁ ⲡⲓⲗⲁⲧⲟⲥ ⲧⲉϩⲡⲉⲩⲥⲛⲟϥ ⲙⲛ ⲛⲉⲩⲑⲩⲥⲓⲁ
2 ယေရှုက၊ ထိုဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့်၊ အခြားသော ဂါလိလဲလူအပေါင်းတို့ထက် သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။
ⲃ̅ⲁϥⲟⲩⲱϣⲃ ⲇⲉ ⲡⲉϫⲁϥ ⲛⲁⲩ ϫⲉ ⲉⲧⲉⲧⲛⲙⲉⲩⲉ ϫⲉ ⲛⲉⲓⲅⲁⲗⲓⲗⲁⲓⲟⲥ ⲛⲧⲁⲩⲣⲛⲟⲃⲉ ⲡⲁⲣⲁⲛⲅⲁⲗⲓⲗⲁⲓⲟⲥ ⲧⲏⲣⲟⲩ ϫⲉ ⲁⲩϣⲉⲡⲛⲉⲓϩⲓⲥⲉ
3 သာ၍ အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြ လိမ့်မည်ဟု ငါဆို၏။
ⲅ̅ϯϫⲱ ⲙⲙⲟⲥ ⲛⲏⲧⲛ ϫⲉ ⲙⲙⲟⲛ ⲁⲗⲗⲁ ⲉⲧⲉⲧⲛⲧⲙⲙⲉⲧⲁⲛⲟⲓ ⲧⲉⲧⲛⲁⲧⲁⲕⲟ ⲧⲏⲣⲧⲛ ⲛⲧⲉⲩϩⲉ
4 ထိုမှတပါး၊ ရှိလောင်ပြအိုးလဲ၍ ပိသောသူ တကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သားအပေါင်း တို့ထက်သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။
ⲇ̅ⲏ ⲡⲓⲙⲛⲧϣⲙⲏⲛ ⲉⲛⲧⲁⲡⲡⲩⲣⲅⲟⲥ ϩⲉ ⲉϫⲱⲟⲩ ϩⲛ ⲥⲓⲗⲱϩⲁⲙ ⲁϥⲙⲟⲟⲩⲧⲟⲩ ⲉⲧⲉⲧⲛⲙⲉⲩⲉ ϫⲉ ⲟⲩⲛⲛⲟⲃⲉ ⲉⲣⲟⲟⲩ ⲡⲁⲣⲁⲣⲣⲱⲙⲉ ⲧⲏⲣⲟⲩ ⲉⲧⲟⲩⲏϩ ϩⲛ ⲑⲓⲉⲣⲟⲥⲟⲗⲩⲙⲁ
5 သာ၍အပြစ်ရှိသည်မဟုတ်။ သင်တို့ ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြ လိမ့်မည်။ ငါဆိုသည်ဟု မိန့်တော်မူ၏။
ⲉ̅ϯϫⲱ ⲙⲙⲟⲥ ⲛⲏⲧⲛ ϫⲉ ⲙⲙⲟⲛ ⲁⲗⲗⲁ ⲉⲧⲉⲧⲛⲧⲙⲙⲉⲧⲁⲛⲟⲓ ⲧⲉⲧⲛⲁⲧⲁⲕⲟ ⲧⲏⲣⲧⲛ ⲛⲧⲉⲩϩⲉ
6 တဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတယောက်သည် ဥယျာဉ်၌စိုက်သော သင်္ဘောသဖန်းပင် တ ပင်ရှိ၏။ ထိုအပင်သို့ လာ၍ အသီးကိုရှာသော်လည်းမတွေ့။
ⲋ̅ⲁϥϫⲱ ⲇⲉ ⲛⲧⲉⲓⲡⲁⲣⲁⲃⲟⲗⲏ ϫⲉ ⲉⲛⲉⲟⲩⲛⲧⲉⲟⲩⲁ ⲟⲩⲃⲱ ⲛⲕⲛⲧⲉ ⲉⲥϫⲏⲟⲩ ϩⲙ ⲡⲉϥⲙⲁ ⲛⲉⲗⲟⲟⲗⲉ ⲁϥⲉⲓ ⲇⲉ ⲁϥϣⲓⲛⲉ ⲛⲥⲁⲡⲉⲥⲕⲁⲣⲡⲟⲥ ⲙⲡϥϩⲉ ⲉⲟⲩⲟⲛ ⲛϩⲏⲧⲥ
7 ထိုအခါ ဥယျာဉ်စောင့်အားလည်း၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍ အသီးကို ရှာသော်လည်း မတွေ့မရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကိုနှောင့်ရှက်ရသနည်းဟု အမိန့်ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင်၊ ယခုနှစ်ရှိပါစေဦး။
ⲍ̅ⲡⲉϫⲁϥ ⲇⲉ ⲛⲛⲁϩⲣⲙ ⲡⲉϭⲙⲉ ϫⲉ ⲉⲓⲥ ϣⲟⲙⲧⲉ ⲣⲣⲟⲙⲡⲉ ⲉⲓⲛⲏⲟⲩ ⲉⲓϣⲓⲛⲉ ⲛⲥⲁⲕⲁⲣⲡⲟⲥ ϩⲛ ϯⲃⲱ ⲛⲕⲛⲧⲉ ⲁⲩⲱ ⲛϯϩⲏⲩ ⲉⲩⲟⲛ ⲁⲛϣⲁⲁⲧⲥ ϭⲉ ⲉⲧⲃⲉ ⲟⲩ ⲥⲟⲩⲱⲥϥ ⲙⲡⲕⲉⲕⲁϩ
8 အကျွန်ုပ်သည် အပင်နားပတ်လည်ကို တူးဆွ၍ နောက်ချေးကို ဖို့ပါမည်။
ⲏ̅ⲛⲧⲟϥ ⲇⲉ ⲁϥⲟⲩⲱϣⲃ ⲡⲉϫⲁϥ ⲛⲁϥ ϫⲉ ⲡϫⲟⲉⲓⲥ ⲁⲗⲟⲕ ϩⲁⲣⲟⲥ ⲛⲧⲉⲓⲕⲉⲣⲟⲙⲡⲉ ϣⲁⲛϯϭⲣⲏ ⲙⲡⲉⲥⲕⲱⲧⲉ ⲧⲁϯⲙⲉϩⲣⲟ ⲛⲁⲥ
9 အသီးသီးကောင်း သီးပါလိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ်တော်မူပါဟု လျှောက်လေသည်ဟု မိန့် တော်မူ၏။
ⲑ̅ⲉϣⲱⲡⲉ ⲙⲉⲛ ⲉⲥϣⲁⲛⲧⲁⲩⲉⲕⲁⲣⲡⲟⲥ ⲉⲃⲟⲗ ⲛⲧⲕⲉⲣⲟⲙⲡⲉ ⲁⲕⲕⲁⲁⲥ ⲉϣⲱⲡⲉ ⲙⲙⲟⲛ ⲁⲕϣⲁⲁⲧⲥ
10 ၁၀ တနေ့သော ဥပုသ်နေ့၌ ယေရှုသည် တရားစရပ်တွင် ဆုံးမဩဝါဒပေးတော်မူသောအခါ၊
ⲓ̅ⲛⲉϥϯ ⲥⲃⲱ ⲇⲉ ⲡⲉ ϩⲛ ⲟⲩⲉⲓ ⲛⲛⲥⲩⲛⲁⲅⲱⲅⲏ ⲙⲡⲥⲁⲃⲃⲁⲧⲟⲛ
11 ၁၁ တဆယ်ရှစ်နှစ်ပတ်လုံး နတ်စွဲ၍ရောဂါနှိပ်စက်ခြင်းကို ခံရသော မိန်းမတယောက်ရှိ၏။ ထိုမိန်းမသည် ကျောကုန်း၍ ကိုယ်ကို အလျှင်းမဆန့်နိုင်။
ⲓ̅ⲁ̅ⲁⲩⲱ ⲉⲓⲥ ⲟⲩⲥϩⲓⲙⲉ ⲉⲣⲉⲟⲩⲡⲛⲁ ⲛϣⲱⲛⲉ ⲛⲙⲙⲁⲥ ⲙⲙⲛⲧϣⲙⲏⲛⲉ ⲣⲣⲟⲙⲡⲉ ⲉⲥⲟⲗⲉⲕ ⲉⲙⲙⲛϭⲟⲙ ⲙⲙⲟⲥ ⲉϥⲓϫⲱⲥ ⲉϩⲣⲁⲓ ⲉⲡⲧⲏⲣϥ
12 ၁၂ ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည် အနာရောဂါ နှင့် လွတ်၏ဟု မိန့်တော်မူလျက်၊
ⲓ̅ⲃ̅ⲁⲓⲏⲥ ⲇⲉ ⲛⲁⲩ ⲉⲣⲟⲥ ⲁϥⲙⲟⲩⲧⲉ ⲉⲣⲟⲥ ⲡⲉϫⲁϥ ⲛⲁⲥ ϫⲉ ⲧⲉⲥϩⲓⲙⲉ ⲧⲉⲕⲏ ⲉⲃⲟⲗ ϩⲙ ⲡⲟⲩϣⲱⲛⲉ
13 ၁၃ သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့်၊ သူသည် ချက်ခြင်းတည့်မတ်ခြင်းသို့ရောက်၍ ဘုရား သခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။
ⲓ̅ⲅ̅ⲁϥⲧⲁⲗⲟ ⲇⲉ ⲛⲧⲉϥϭⲓϫ ⲉϫⲱⲥ ⲁⲥⲧⲱⲟⲩⲛ ⲛⲧⲉⲩⲛⲟⲩ ⲁⲩⲱ ⲛⲉⲥϯ ⲉⲟⲟⲩ ⲙⲡⲛⲟⲩⲧⲉ
14 ၁၄ ထိုသို့ ဥပုသ်နေ့၌ ယေရှုသည် အနာရောဂါကိုငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူးသည် အမျက်ထွက်၍၊ အလုပ်လုပ်ရသော နေ့ရက်ခြောက်ရက်ရှိ၏။ ထိုနေ့ရက်တွင်လာ၍ အနာရောဂါငြိမ်းစေခြင်း ကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့၌ မလာမခံကြနှင့်ဟု ပရိသတ်တို့အားဆို၏။
ⲓ̅ⲇ̅ⲁⲡⲁⲣⲭⲓⲥⲩⲛⲁⲅⲱⲅⲟⲥ ⲇⲉ ⲟⲩⲱϣⲃ ⲉϥⲁⲅⲁⲛⲁⲕⲧⲓ ϫⲉ ⲁⲓⲏⲥ ⲣⲡⲁϩⲣⲉ ϩⲙ ⲡⲥⲁⲃⲃⲁⲧⲟⲛ ⲛⲉϥϫⲱ ⲇⲉ ⲙⲙⲟⲥ ⲛⲙⲙⲏⲏϣⲉ ϫⲉ ⲥⲟⲟⲩ ⲛϩⲟⲟⲩ ⲛⲉⲧⲉϣϣⲉ ⲉⲣϩⲱⲃ ⲛϩⲏⲧⲟⲩ ⲁⲙϩⲓⲧⲛ ϭⲉ ⲛϩⲏⲧⲟⲩ ⲛⲧⲉⲧⲛϫⲓⲡⲁϩⲣⲉ ⲛⲧⲉⲧⲛⲧⲙⲉⲓ ϩⲙ ⲡⲉϩⲟⲟⲩ ⲙⲡⲥⲁⲃⲃⲁⲧⲟⲛ
15 ၁၅ သခင်ဘုရားကလည်း၊ လျှို့ဝှက်သောသူ၊ သင်တို့ရှိသမျှသည် ဥပုသ်နေ့၌ မြင်း၊ နွားကို တင်းကုပ်မှ လွှတ်၍ ရေတိုက်ခြင်းငှါ ဆောင်သွားတတ်သည် မဟုတ်လော။
ⲓ̅ⲉ̅ⲁⲡϫⲟⲉⲓⲥ ⲇⲉ ⲟⲩⲱϣⲃ ⲡⲉϫⲁϥ ⲛⲁϥ ϫⲉ ⲛϩⲩⲡⲟⲕⲣⲓⲧⲏⲥ ⲙⲏ ⲙⲉⲣⲉⲡⲟⲩⲁ ⲡⲟⲩⲁ ⲙⲙⲱⲧⲛ ϩⲙ ⲡⲥⲁⲃⲃⲁⲧⲟⲛ ⲃⲗⲡⲉϥⲙⲁⲥⲉ ⲉⲃⲟⲗ ⲏ ⲡⲉϥⲓⲱ ϩⲙ ⲡⲉϥⲟⲩⲟⲙϥ ⲛϥϫⲓⲧϥ ⲛϥⲧⲥⲟϥ
16 ၁၆ တဆယ်ရှစ်နှစ်ပတ်လုံးစာတန်ချည်နှောင်သော အာဗြဟံ၏သမီးဖြစ်သော ဤမိန်းမကို ဤချည်နှောင် ခြင်းမှ ဥပုသ်နေ့၌ မလွှတ်ရသလောဟု မိန့်တော်မူ၏။
ⲓ̅ⲋ̅ⲧⲁⲓ ⲇⲉ ⲉⲧϣⲉⲉⲣⲉ ⲛⲁⲃⲣⲁϩⲁⲙ ⲧⲉ ⲉⲁⲡⲥⲁⲧⲁⲛⲁⲥ ⲙⲟⲣⲥ ⲓⲥ ⲙⲛ ⲧϣⲙⲏⲛⲉ ⲣⲣⲟⲙⲡⲉ ⲛϣϣⲉ ⲁⲛ ⲉⲃⲟⲗⲥ ⲛⲧⲉⲓⲙⲣⲣⲉ ⲙⲡⲉϩⲟⲟⲩ ⲙⲡⲥⲁⲃⲃⲁⲧⲟⲛ
17 ၁၇ ထိုသို့ မိန့်တော်မူပြီးမှ ရန်ဘက်နေသော သူအပေါင်းတို့သည် နှစ်သက်ဝမ်းမြောက်ကြ၏။
ⲓ̅ⲍ̅ⲉϥϫⲱ ⲇⲉ ⲛⲛⲁⲓ ⲁⲩϫⲓ ϣⲓⲡⲉ ⲧⲏⲣⲟⲩ ⲛϭⲓ ⲛⲉⲧϯ ⲟⲩⲃⲏϥ ⲁⲩⲱ ⲁⲡⲙⲏⲏϣⲉ ⲧⲏⲣϥ ⲣⲁϣⲉ ⲉϫⲛ ϩⲱⲃ ⲛⲓⲙ ⲉⲧⲧⲁⲓⲏⲟⲩ ⲉⲧϥⲓⲣⲉ ⲙⲙⲟⲟⲩ
18 ၁၈ တဖန် မိန့်တော်မူသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်အရာနှင့် တူသနည်း။ အဘယ် သို့ ပုံပြရအံ့နည်း။
ⲓ̅ⲏ̅ⲡⲉϫⲁϥ ϭⲉ ϫⲉ ⲉⲣⲉⲧⲙⲛⲧⲣⲣⲟ ⲙⲡⲛⲟⲩⲧⲉ ⲧⲛⲧⲱⲛ ⲉⲟⲩ ⲁⲩⲱ ⲉⲓⲛⲁⲧⲛⲧⲱⲛⲥ ⲉⲛⲓⲙ
19 ၁၉ လူသည် ယူ၍ ဥယျာဉ်၌စိုက်သော မုန်ညင်းစေ့နှင့်တူ၏။ ထိုအစေ့သည် ကြီးပွား၍ အပင်ကြီးဖြစ်၏။ မိုဃ်းကောင်းကင်ငှက်တို့သည်လည်း အကိုင်းအခက်တို့၌ နားနေမှီခိုကြသည်ဟု မိန့်တော်မူ၏။
ⲓ̅ⲑ̅ⲉⲥⲧⲛⲧⲱⲛ ⲉⲩⲃⲗⲃⲓⲗⲉ ⲛϣⲗⲧⲙ ⲉⲁⲩⲣⲱⲙⲉ ϫⲓⲧⲥ ⲁϥⲛⲟϫⲥ ⲉⲧⲉϥϣⲛⲏ ⲁⲥⲁⲓⲁⲉⲓ ⲁⲥⲣⲟⲩϣⲏⲛ ⲁⲛϩⲁⲗⲁⲧⲉ ⲛⲧⲡⲉ ⲟⲩⲱϩ ϩⲁⲛⲉⲥⲕⲗⲁⲇⲟⲥ
20 ၂၀ တဖန် မိန့်တော်မူသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။
ⲕ̅ⲡⲉϫⲁϥ ⲟⲛ ϫⲉ ⲉⲓⲛⲁⲧⲛⲧⲛ ⲧⲙⲛⲧⲣⲣⲟ ⲙⲡⲛⲟⲩⲧⲉ ⲉⲟⲩ
21 ၂၁ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ် သော တဆေးနှင့်တူသည်ဟု မိန့်တော်မူ၏။
ⲕ̅ⲁ̅ⲉⲥⲧⲛⲧⲱⲛ ⲉⲩⲑⲁⲃ ⲉⲁⲩⲥϩⲓⲙⲉ ϫⲓⲧϥ ⲁⲥⲛⲟϫϥ ⲉϣⲟⲙⲛⲧ ⲛϣⲓ ⲛⲛⲟⲓⲧ ϣⲁⲛⲧϥϫⲓⲑⲁⲃ ⲧⲏⲣϥ
22 ၂၂ ထိုအခါ ယေရှုသည် မြို့ရွာတို့ကို ဒေသစာရီလှည့်လည်လျက်၊ ဆုံးမဩဝါဒပေးလျက်၊ ယေရုရှလင်မြို့ သို့ ခရီးသွားတော်မူ၏။
ⲕ̅ⲃ̅ⲛⲉϥⲙⲟⲟϣⲉ ⲇⲉ ⲕⲁⲧⲁⲡⲟⲗⲓⲥ ⲁⲩⲱ ⲕⲁⲧⲁϯⲙⲉ ⲉϥϯ ⲥⲃⲱ ⲉϥⲃⲏⲕ ⲉϩⲣⲁⲓ ⲉⲑⲓⲉⲣⲟⲥⲟⲗⲩⲙⲁ
23 ၂၃ လူတဦးကလည်း၊ သခင်၊ ကယ်တင်ခြင်းသို့ ရောက်သောသူတို့သည် များသလော၊ နည်းသလောဟု မေးလျှောက်လျှင်၊
ⲕ̅ⲅ̅ⲡⲉϫⲁⲩ ⲇⲉ ⲛⲁϥ ϫⲉ ⲡϫⲟⲉⲓⲥ ⲛϩⲉⲛⲕⲟⲩⲓ ⲛⲉⲧⲛⲁⲟⲩϫⲁⲓ ⲛⲧⲟϥ ⲇⲉ ⲡⲉϫⲁϥ ⲛⲁⲩ ϫⲉ
24 ၂၄ ကျဉ်းမြောင်းသောတံခါးဝကို ဝင်ခြင်းငှါ ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား၊ အများသော သူတို့သည် ဝင်ခြင်းငှါအလိုရှိသော်လည်း မစွမ်းနိုင်ကြဟု ငါဆို၏။
ⲕ̅ⲇ̅ⲁⲅⲱⲛⲓⲍⲉ ⲉⲃⲱⲕ ⲉϩⲟⲩⲛ ϩⲓⲧⲛ ⲧⲡⲩⲗⲏ ⲉⲧϭⲏⲟⲩ ϯϫⲱ ⲙⲙⲟⲥ ⲛⲏⲧⲛ ϫⲉ ⲟⲩⲛϩⲁϩ ⲛⲁϣⲓⲛⲉ ⲛⲥⲁⲃⲱⲕ ⲉϩⲟⲩⲛ ⲛⲥⲉⲧⲙⲉϣϭⲙϭⲟⲙ
25 ၂၅ အိမ်ရှင်သည် တခါထ၍ တံခါးကို ပိတ်ပြီးမှ၊ သင်တို့သည် ပြင်၌ရပ်၍ တံခါးကိုခေါက်လျက်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့အားဖွင့်ပါဟု တောင်းလျှောက်သော်လည်း၊ သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ပြန်ပြောလိမ့်မည်။
ⲕ̅ⲉ̅ⲉϥϣⲁⲛⲡϩⲛⲧⲱⲟⲩⲛ ⲛϭⲓ ⲡϫⲟⲉⲓⲥ ⲛϥϣⲧⲁⲙ ⲙⲡⲣⲟ ⲧⲉⲧⲛⲁⲁⲣⲭⲓ ⲛⲧⲱϩⲙ ⲉⲡⲣⲟ ⲉⲧⲉⲧⲛⲁϩⲉⲣⲁⲧ ⲧⲏⲩⲧⲛ ϩⲓⲃⲟⲗ ⲉⲧⲉⲧⲛϫⲱ ⲙⲙⲟⲥ ϫⲉ ⲡϫⲟⲉⲓⲥ ⲁⲩⲱⲛ ⲛⲁⲛ ϥⲛⲁⲟⲩⲱϣⲃ ⲇⲉ ⲛϥϫⲟⲟⲥ ⲛⲏⲧⲛ ϫⲉ ⲛϯⲥⲟⲟⲩⲛ ⲙⲙⲱⲧⲛ ⲁⲛ ϫⲉ ⲛⲧⲉⲧⲛ ϩⲉⲛⲉⲃⲟⲗ ⲧⲱⲛ
26 ၂၆ ထိုအခါ သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် အထံတော်၌ စားသောက်ပါပြီ။ အကျွန်ုပ်တို့နေသော မြို့ ရွာ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူပြီဟု လျှောက်ပြန်သော်လည်း၊
ⲕ̅ⲋ̅ⲧⲟⲧⲉ ⲧⲉⲧⲛⲁⲁⲣⲭⲓ ⲛϫⲟⲟⲥ ϫⲉ ⲁⲛⲟⲩⲱⲙ ⲙⲡⲉⲕⲙⲧⲟ ⲉⲃⲟⲗ ⲁⲩⲱ ⲁⲛⲥⲱ ⲁⲕϯ ⲥⲃⲱ ⲛⲁⲛ ϩⲛ ⲛⲉⲛⲡⲗⲁⲧⲓⲁ
27 ၂၇ သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ငါဆိုပြီ။ မတရားသောအမှုကိုပြုသော သူ အပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြဟု ပြောလိမ့်မည်၊
ⲕ̅ⲍ̅ⲁⲩⲱ ϥⲛⲁϫⲟⲟⲥ ⲛⲏⲧⲛ ϫⲉ ⲛϯⲥⲟⲟⲩⲛ ⲙⲙⲱⲧⲛ ⲁⲛ ϫⲉ ⲛⲧⲉⲧⲛ ϩⲉⲛⲉⲃⲟⲗ ⲧⲱⲛ ⲥⲁϩⲉⲧⲏⲩⲧⲛ ⲉⲃⲟⲗ ⲙⲙⲟⲓ ⲛⲉⲣⲅⲁⲧⲏⲥ ⲧⲏⲣⲟⲩ ⲙⲡϫⲓ ⲛϭⲟⲛⲥ
28 ၂၈ ထိုအခါ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှစသော ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏ နိုင်ငံတော် ထဲသို့ ဝင်၍၊ သင်တို့သည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရသောအခါငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိလတံ့။
ⲕ̅ⲏ̅ⲉⲣⲉⲡⲣⲓⲙⲉ ⲛⲁϣⲱⲡⲉ ⲙⲙⲁⲩ ⲛⲙⲡϭⲁϩϭϩ ⲛⲛⲟⲃϩⲉ ⲉⲧⲉⲧⲛϣⲁⲛⲛⲁⲩ ⲉⲁⲃⲣⲁϩⲁⲙ ⲙⲛ ⲓⲥⲁⲁⲕ ⲙⲛ ⲓⲁⲕⲱⲃ ⲙⲛ ⲛⲉⲡⲣⲟⲫⲏⲧⲏⲥ ⲧⲏⲣⲟⲩ ϩⲛ ⲧⲙⲛⲧⲣⲣⲟ ⲙⲡⲛⲟⲩⲧⲉ ⲉⲩⲛⲟⲩϫⲉ ⲇⲉ ⲙⲙⲱⲧⲛ ⲉⲃⲟⲗ
29 ၂၉ ထိုအခါ အရှေ့အနောက်တောင်မြောက်အရပ် လေးမျက်နှာကလာ၍ ဘုရားသခင်၏ နိုင်ငံတော်ထဲ တွင် လျောင်းရကြလတံ့။
ⲕ̅ⲑ̅ⲥⲉⲛⲏⲩ ⲉⲃⲟⲗ ϩⲛ ⲣⲣⲁ ϣⲁ ⲛⲙ ⲣⲣⲁ ϩⲱⲧⲡ ⲛⲙ ⲡⲉⲙϩⲓⲧ ⲛⲙ ⲡⲣⲏⲥ ⲛⲥⲉⲛⲟϫⲟⲩ ϩⲛ ⲧⲙⲛⲧⲣⲣⲟ ⲙⲡⲛⲟⲩⲧⲉ
30 ၃၀ နောက်ကျသောသူအချို့တို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအချို့တို့သည် နောက်ကျ ကြလိမ့်မည်ဟု မိန့်တော်မူ၏။
ⲗ̅ⲉⲓⲥ ϩⲏⲏⲧⲉ ⲛϩⲁⲉ ⲛⲁⲣϣⲟⲣⲡ ⲛⲧⲉⲛϣⲟⲣⲡ ⲣϩⲁⲉ
31 ၃၁ ထိုအခါ ဖာရိရှဲအချို့တို့သည် အထံတော်သို့လာ၍၊ ဤအရပ်မှ ထွက်သွားပါ။ ဟေရုဒ်မင်းသည် ကိုယ် တော်ကိုသတ်မည် အကြံရှိပါသည်ဟု လျှောက်ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွားကြလော့။
ⲗ̅ⲁ̅ϩⲛ ⲧⲉⲩⲛⲟⲩ ⲇⲉ ⲉⲧⲙⲙⲁⲩ ⲁϩⲉⲛⲫⲁⲣⲓⲥⲥⲁⲓⲟⲥ ϯⲡⲉⲩⲟⲩⲟⲓ ⲉⲣⲟϥ ⲉⲩϫⲱ ⲙⲙⲟⲥ ϫⲉ ⲃⲱⲕ ⲉⲃⲟⲗ ⲛⲅⲗⲟ ϩⲙ ⲡⲉⲓⲙⲁ ϫⲉ ϩⲏⲣⲱⲇⲏⲥ ⲟⲩⲉϣⲙⲟⲟⲩⲧⲕ
32 ၃၂ ယခုနေ့နှင့် နက်ဖြန်နေ့၌ နတ်ဆိုးတို့ကိုနှင်ထုတ်၍ အနာရောဂါကိုငြိမ်းစေ၏။ သုံးရက်မြောက်သော နေ့၌ စုံလင်ခြင်းသို့ ရောက်မည်အရာကို ထိုမြေခွေးအား ပြောကြလော့။
ⲗ̅ⲃ̅ⲁϥⲟⲩⲱϣⲃ ⲇⲉ ⲡⲉϫⲁϥ ⲛⲁⲩ ϫⲉ ⲃⲱⲕ ⲁϫⲓⲥ ⲛⲧⲉⲓⲃⲁϣⲟⲣ ϫⲉ ⲉⲓⲥ ϩⲏⲏⲧⲉ ϯⲛⲉϫⲇⲁⲓⲙⲱⲛⲓⲟⲛ ⲉⲃⲟⲗ ⲁⲩⲱ ϯⲉⲓⲣⲉ ⲛϩⲉⲛⲧⲁⲗϭⲟ ⲙⲡⲟⲟⲩ ⲛⲙⲣⲁⲥⲧⲉ ⲁⲩⲱ ϯⲛⲁϫⲱⲕ ⲛⲥⲁⲣⲁⲥⲧⲉ
33 ၃၃ သို့သော်လည်း ယခုနေ့၊ နက်ဖြန်နေ့၊ သန်ဘက်နေ့၌ ငါသွားရသေး၏။ အကြောင်းမူကား၊ ယေရုရှလင် မြို့မှတပါး အခြားသောအရပ်၌ အဘယ်ပရောဖက်မျှ မဆုံးရာ။
ⲗ̅ⲅ̅ⲡⲗⲏⲛ ϩⲁⲡⲥ ⲉⲧⲣⲁⲣⲡⲟⲟⲩ ⲛⲙⲣⲁⲥⲧⲉ ⲧⲁⲃⲱⲕ ⲛⲥⲁⲣⲁⲥⲧⲉ ϫⲉ ⲛⲥⲧⲟ ⲁⲛ ⲉⲧⲣⲉⲡⲣⲟⲫⲏⲧⲏⲥ ⲙⲟⲩ ⲡⲃⲟⲗ ⲛⲑⲓⲉⲣⲟⲥⲟⲗⲩⲙⲁ
34 ၃၄ အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကိုသတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ် သောသူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့ သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိ၏။ သင်မူကား အလိုမရှိ။
ⲗ̅ⲇ̅ⲑⲓⲉⲣⲟⲥⲟⲗⲩⲙⲁ ⲑⲓⲉⲣⲟⲥⲟⲗⲩⲙⲁ ⲧⲉⲧⲙⲟⲩⲟⲩⲧ ⲛⲛⲉⲡⲣⲟⲫⲏⲧⲏⲥ ⲉⲧϩⲓⲱⲛⲉ ⲉⲛⲉⲛⲧⲁⲩⲧⲁⲩⲟⲟⲩ ϣⲁⲣⲟⲥ ϩⲁϩ ⲛⲥⲟⲡ ⲁⲓⲟⲩⲉϣ ⲥⲉⲩϩⲛⲟⲩϣⲏⲣⲉ ⲉϩⲟⲩⲛ ⲛⲑⲉ ⲛⲟⲩϩⲁⲗⲏⲧ ⲉϣⲁϥⲥⲱⲟⲩϩ ⲉϩⲟⲩⲛ ⲛⲛⲉϥⲙⲁⲥ ϩⲁⲛⲉϥⲧⲛϩ ⲁⲩⲱ ⲙⲡⲉⲧⲛⲟⲩⲱϣ
35 ၃၅ သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက်ကျန်ရစ်ရ၏။ ငါဆိုသည်ကား၊ ထာဝရဘုရား၏ အခွင့်နှင့်ကြွလာသောသူသည် မင်္ဂလာရှိစေသောဟု သင်တို့မပြောမှီတိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့ မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ၏။
ⲗ̅ⲉ̅ⲉⲓⲥ ϩⲏⲏⲧⲉ ⲥⲉⲛⲁⲕⲁⲡⲉⲧⲛⲏⲓ ⲉⲣⲱⲧⲛ ϯϫⲱ ⲙⲙⲟⲥ ⲛⲏⲧⲛ ϫⲉ ⲛⲛⲉⲧⲛⲛⲁⲩ ⲉⲣⲟⲓ ϣⲁⲛⲧⲉⲧⲛϫⲟⲟⲥ ϫⲉ ϥⲥⲙⲁⲙⲁⲁⲧ ⲛϭⲓ ⲡⲉⲧⲛⲏⲟⲩ ϩⲙ ⲡⲣⲁⲛ ⲙⲡϫⲟⲉⲓⲥ

< လုကာ 13 >