< လုကာ 12 >

1 ထိုအခါ အတိုင်းမသိများစွာသော လူတို့သည်စုဝေး၍ အချင်းချင်း နင်းမိမတတ် နေကြသည်ရှိသော်၊ ယေရှုသည် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ လျှို့ဝှက်ခြင်းတည်းဟူသော ဖာရိရှဲတို့၏ တဆေးကို ရှေ့ဦးစွာ ကြဉ်ရှောင်ကြလော့။
ထိုအခါ အတိုင်းမသိ များစွာသော လူ တို့သည်စုဝေး ၍ အချင်းချင်း နင်းမိ မတတ် နေကြသည်ရှိသော်၊ ယေရှုသည် တပည့် တော်တို့အား မိန့် တော်မူသည်ကား၊ လျှို့ဝှက် ခြင်းတည်းဟူသောဖာရိရှဲ တို့၏ တဆေး ကို ရှေးဦးစွာ ကြဉ်ရှောင် ကြလော့။
2 ဖုံးထားလျက်ရှိသမျှတို့သည် ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။
ဖုံးထား လျက်ရှိ သမျှ တို့သည် ပွင့် လိမ့်မည်။ ဆိတ်ကွယ် ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှား လိမ့်မည်။
3 မှောင်မိုက်၌ သင်တို့ပြောသမျှသောအရာများကို သူတပါးတို့သည်အလင်း၌ နားကြားကြလိမ့်မည်။ သင်တို့သည် အခန်းထဲမှာ နားအပါး၌ ပြောသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလိမ့်မည်။
မှောင်မိုက် ၌ သင်တို့ပြော သမျှသောအရာ များကို သူတစ်ပါး တို့သည်အလင်း ၌ နားကြား ကြလိမ့်မည်။ သင်တို့သည် အခန်း ထဲမှာ နား အပါး၌ ပြော သောအရာ များကို အိမ်မိုး ပေါ်မှာ ဟစ်ကြော် ကြလိမ့်မည်။
4 ငါ့အဆွေတို့၊ သင်တို့အား ငါဆိုသည်ကား၊ ကိုယ်ခန္ဓာကိုသတ်၍ နောက်တဖန် အလျှင်းမပြုနိုင်သော သူတို့ကို မကြောက်ကြနှင့်။
ငါ့ အဆွေ တို့၊ သင် တို့အား ငါဆို သည်ကား၊ ကိုယ်ခန္ဓာ ကိုသတ် ၍ နောက်တစ်ဖန်အလျှင်း မ ပြု နိုင်သော သူတို့ ကို မ ကြောက် ကြနှင့်။
5 အဘယ်သူကို ကြောက်ရမည်နည်းဟူမူကား၊ ကိုယ်ခန္ဓာကိုသတ်ပြီးမှ ငရဲထဲသို့ ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကို ကြောက်ကြလော့။ (Geenna g1067)
အဘယ်သူ ကို ကြောက် ရမည်နည်းဟူမူကား ၊ ကိုယ်ခန္ဓါကိုသတ် ပြီးမှ ငရဲ ထဲသို့ ချ နိုင် သောသူ ကို ကြောက် ကြလော့။ ငါအမှန် ဆို သည်ကား၊ ထို သူကို ကြောက် ကြလော့။ (Geenna g1067)
6 စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဘိုးနှင့် ဝယ်ရသည်မဟုတ်လော။ ထိုစာငှက်တကောင်ကိုမျှ ဘုရားသခင်မေ့လျော့တော်မမူ။
စာငှက် ငါး ကောင်ကို အဿရိ နှစ် ပြားအဘိုးနှင့် ဝယ် ရသည်မ ဟုတ်လော။ ထိုစာငှက် တစ် ကောင်ကိုမျှ ဘုရားသခင် မေ့လျော့ တော်မ မူ။
7 သင်တို့ ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။ ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့ သည် စာငှက်အများတို့ထက်သာ၍ မြတ်ကြ၏။
သင် တို့ ဆံပင် သည်လည်း အကုန်အစင် ရေတွက် လျက်ရှိ၏။ ထိုကြောင့် မ ကြောက် ကြနှင့်။ သင်တို့သည်စာငှက် အများ တို့ထက် သာ၍မြတ်ကြ၏။
8 ငါဆိုသည်ကား၊ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ဘုရားသခင်၏ ကောင်းကင်တမန်တို့ရှေ့ မှာ လူသားသည် ထိုသူကိုဝန်ခံမည်။
ငါဆို သည်ကား၊ အကြင်သူ သည် လူတို့ ရှေ့ မှာ ငါ့ ကိုဝန်ခံ အံ့။ ဘုရားသခင် ၏ ကောင်းကင် တမန်တို့ရှေ့ မှာ လူ သား သည် ထိုသူ ကိုဝန်ခံ မည်။
9 အကြင်သူသည် လူတို့ရှေ့မှာငါကိုငြင်းပယ်အံ့။ ဘုရားသခင်၏ ကောင်းကင်တမန်တို့ ရှေ့မှာထိုသူကို ငါငြင်းပယ်မည်။
အကြင်သူ သည် လူတို့ ရှေ့ မှာငါ့ ကိုငြင်းပယ် အံ့။ ဘုရားသခင် ၏ ကောင်းကင် တမန်တို့ ရှေ့ မှာထိုသူ ကို ငါငြင်းပယ် မည်။
10 ၁၀ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို ရနိုင်၏။ သန့်ရှင်း သော ဝိညာဉ်တော်ကို ကဲ့ရဲ့သောသူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို မရနိုင်ရာ။
၁၀လူ သား ကို နှုတ် ဖြင့်ပြစ်မှား သောသူ မည်သည်ကား ၊ အပြစ်နှင့်လွတ် စေခြင်းအခွင့်ကို ရနိုင်၏။ သန့်ရှင်း သော ဝိညာဉ် တော်ကို ကဲ့ရဲ့ သောသူ မည်သည်ကား အပြစ်နှင့်လွတ် စေခြင်းအခွင့်ကို မ ရနိုင်ရာ။
11 ၁၁ သင်တို့ကို တရားစရပ်သို့၎င်း၊ အကဲအမှူး၊ မင်းများရှေ့သို့၎င်း၊ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြန် ပြောရမည်ကို မစိုးရိမ်ကြနှင့်။
၁၁သင် တို့ကို တရားစရပ် သို့၎င်း ၊ အကဲအမှူး ၊ မင်း များရှေ့ သို့၎င်း၊ ပို့ဆောင် ကြသောအခါ အဘယ်သို့ ပြန်ပြော ရမည်ကို မ စိုးရိမ် ကြနှင့်။
12 ၁၂ အကြောင်းမူကား၊ ထိုခဏခြင်းတွင် အဘယ်သို့ပြောရမည်ကို သန့်ရှင်းသောဝိညာဉ်တော်သည် အကြံ ပေးမည်ဟု မိန့်တော်မူ၏။
၁၂အကြောင်းမူကား ၊ ထို ခဏခြင်း တွင် အဘယ်သို့ ပြော ရ မည်ကို သန့်ရှင်း သောဝိညာဉ် တော်သည် အကြံပေးမည် ဟု မိန့်တော်မူ၏။
13 ၁၃ လူအစုအဝေး၌ပါသော သူတယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်အစ်ကိုသည် အမွေဥစ္စာကို အကျွန်ုပ် အား ဝေပေးပါမည်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်လျှင်၊
၁၃လူအစုအဝေး ၌ ပါ သော သူတစ်ယောက်က၊ အရှင် ဘုရား၊ အကျွန်ုပ် အစ်ကို သည် အမွေ ဥစ္စာကို အကျွန်ုပ် အား ဝေပေး ပါမည်အကြောင်း အမိန့် ရှိတော်မူပါဟု လျှောက် လျှင်၊
14 ၁၄ ကိုယ်တော်က အချင်းလူ၊ အဘယ်သူသည် သင်တို့အမှုကို စီရင်ခွဲဝေပိုင်သောအခွင့်ကို ငါ့အား အပ် ပေးသနည်းဟု မေးတော်မူ၏။
၁၄ကိုယ်တော်က အချင်းလူ ၊ အဘယ်သူ သည် သင် တို့အမှုကိုစီရင် ခွဲဝေ ပိုင်သောအခွင့်ကို ငါ့ အား အပ်ပေး သနည်း ဟု မေး တော်မူ၏။
15 ၁၅ ထိုမှတပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော် လည်း စည်းစိမ်၌ အသက်မတည်ဟု မိန့်တော်မူ၏။
၁၅ထိုမှတစ်ပါးလောဘ လွန်ကျူးခြင်းကို သတိ နှင့် ကြဉ်ရှောင် ကြလော့။ အကြောင်းမူကား ၊ စည်းစိမ် ရှိသော်လည်း စည်းစိမ် ၌ အသက် မ တည် ဟု မိန့် တော်မူ၏။
16 ၁၆ တဖန် ဥပမာစကားကို မိန့်တော်မူသည်ကား၊ သူဌေးတဦး၌ မြေကောင်း၍ အသီးအနှံများလှ၏။
၁၆တစ်ဖန် ဥပမာ စကားကို မိန့် တော်မူသည်ကား၊ သူဌေး တစ်ဦး ၌ မြေ ကောင်း၍ အသီးအနှံ များလှ၏။
17 ၁၇ ထိုသူဌေးက၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာအရပ်မရှိ။
၁၇ထိုသူဌေးက၊ ငါသည် အဘယ်သို့ ပြု ရမည်နည်း။ အသီးအနှံ များကို သိုထား စရာအရပ် မ ရှိ ။
18 ၁၈ ပြုမည်အကြံမူကား၊ ငါ့တိုက်များကိုဖျက်၍ ကျယ်သောတိုက်တို့ကို တည်ပြီးမှ၊ ငါ၏ အသီးအနှံဥစ္စာ ရှိသမျှတို့ကို သိုထားမည်။
၁၈ပြု မည်အကြံမူကား၊ ငါ့ တိုက် များကိုဖျက် ၍ ကျယ် သောတိုက်တို့ကို တည် ပြီးမှ ၊ ငါ ၏ အသီးအနှံ ဥစ္စာ ရှိသမျှ တို့ကို သိုထား မည်။
19 ၁၉ ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထား လျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့။ ငါပြောမည်ဟု သူဌေးအကြံရှိ၏။
၁၉ငါ့ ဝိညာဉ် အားလည်း ၊ အချင်းဝိညာဉ် ၊ သင်သည် နှစ် ပေါင်းများစွာ သုံးဆောင်ရန် ဥစ္စာ များ ကိုသိုထား လျက်ရှိ ပြီ။ ငြိမ်ဝပ် စွာနေလော့။ စား သောက် ခြင်း၊ ပျော်မွေ့ ခြင်းကို ပြုလော့။ ငါပြော မည်ဟု သူဌေးအကြံရှိ ၏။
20 ၂၀ ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညဉ့်ပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာ အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေး အား မိန့်တော်မူ၏။
၂၀ထိုသို့ အကြံရှိစဉ်တွင်ဘုရားသခင် က၊ အချင်းလူမိုက် ၊ ယနေ့ညဉ့် ပင် သင် ၏ဝိညာဉ် ကို ရုပ်သိမ်း ရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင် သိုထားသော ဥစ္စာ ကို အဘယ်သူ ပိုင် မည်နည်းဟု သူဌေး အား မိန့် တော်မူ၏။
21 ၂၁ ထိုအတူ ကိုယ်အဘို့ ဘဏ္ဍာများကိုဆည်းဖူး၍၊ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူ မည်သည်ကား၊ ထိုသူဌေးနှင့်တူသည်ဟု မိန့်တော်မူ၏။
၂၁ထိုအတူ ကိုယ် အဘို့ ဘဏ္ဍာများကိုဆည်းဖူး ၍ ၊ ဘုရားသခင် ရှေ့ တော်၌ ဆင်းရဲ သောသူ မည်သည်ကား၊ ထိုသူဌေးနှင့်တူသည် ဟု မိန့်တော်မူ၏။
22 ၂၂ တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စားရမည်ဟူ၍ အသက်အဘို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟူ၍ ကိုယ်အဘို့ မစိုးရိမ်ကြနှင့်ဟု ငါဆို၏။
၂၂တစ်ဖန် တပည့် တော်တို့အား မိန့် တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စား ရမည်ဟူ၍အသက် အဘို့ မ စိုးရိမ် ကြနှင့်။ အဘယ်သို့ ဝတ် ရမည်ဟူ၍ကိုယ် အဘို့ မ စိုးရိမ်ကြနှင့်ဟု ငါဆို ၏။
23 ၂၃ အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည်မဟုတ်လော။
၂၃အစာ ထက် အသက် မြတ်သည်မဟုတ်လော။ အဝတ် ထက် ကိုယ် မြတ်သည်မဟုတ်လော။
24 ၂၄ ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ စပါး ကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ။ သို့သော်လည်း ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။
၂၄ကျီးကန်း များကို ကြည့်ရှု ဆင်ခြင်ကြလော့။ ထိုငှက်တို့သည်မျိုးစေ့ကိုမ စိုက် မကြဲ၊ စပါး ကိုမ ရိတ်၊ စပါးကျီ မ ရှိ ၊ ဘဏ္ဍာတိုက် မ ရှိ။ သို့သော်လည်း ဘုရားသခင် သည် သူ တို့ကို ကျွေးမွေး တော်မူ၏။ ထိုငှက် တို့ထက် သင် တို့သည် အလွန် မြတ် သည်မဟုတ်လော။
25 ၂၅ အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တထောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။
၂၅အဘယ်သူ သည် စိုးရိမ် ခြင်းအားဖြင့် မိမိ အသက်တာ ကို တထောင် ခန့်မျှတိုးပွား စေနိုင် သနည်း။
26 ၂၆ ထိုသို့ အငယ်ဆုံးသောအမှုကိုမျှမတတ်နိုင်လျှင် ကြွင်းသောအမှုကို အဘယ်ကြောင့်စိုးရိမ်ကြသနည်း။
၂၆ထိုသို့ အငယ်ဆုံး သောအမှုကိုမျှ မတတ်နိုင် လျှင် ကြွင်း သောအမှု ကို အဘယ်ကြောင့် စိုးရိမ် ကြသနည်း။
27 ၂၇ နှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုအပင်တို့ သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှါမငင်မဝင့်။ သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး အဝတ်သည် ထိုအပင်တပင်မျှ၏အဝတ်ကို မမှီဟု ငါဆို၏။
၂၇နှင်းပင် တို့သည် အဘယ်သို့ သောအားဖြင့်ကြီးပွား သည်ကို ကြည့်ရှု ဆင်ခြင်ကြလော့။ ထိုအပင်တို့ သည် အလုပ် လည်းမ လုပ်၊ ချည် ဖြစ်စေခြင်းငှာမ ငင်မဝင့်။ သို့သော်လည်း ဘုန်းကြီး သော ရှောလမုန် မင်းကြီးအဝတ်သည် ထို အပင်တ ပင်မျှ ၏အဝတ်ကို မ မှီဟု ငါဆို ၏။
28 ၂၈ ယုံကြည်အားနည်းသောသူတို့၊ ယနေ့အသက်ရှင်လျက်၊ နက်ဖြန်မီးဖိုထဲသို့ရောက်သော တောမြက်ပင် ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကို အဝတ်နှင့် ဖုံးလွှမ်း တော်မူမည်မဟုတ်လော။
၂၈ယုံကြည် အားနည်းသောသူတို့၊ ယနေ့ အသက် ရှင်လျက်၊ နက်ဖြန် မီးဖို ထဲသို့ ရောက် သော တော မြက်ပင် ကို ဘုရားသခင် သည် ထိုသို့သော အဝတ် နှင့် ဖုံးလွှမ်းတော်မူလျှင် ၊ ထိုမျှမက သင် တို့ကို အဝတ်နှင့် ဖုံးလွှမ်းတော်မူမည်မဟုတ်လော။
29 ၂၉ ထိုကြောင့် အဘယ်သို့ စားရအံ့နည်း။ အဘယ်သို့ သောက်ရအံ့နည်းဟူ၍ မရှာဖွေကြနှင့်။ သောကမွှေ နှောက်ခြင်းလည်း မရှိကြနှင့်။
၂၉ထိုကြောင့် အဘယ်သို့ စား ရအံ့နည်း။ အဘယ်သို့ သောက် ရအံ့နည်းဟူ၍မ ရှာဖွေ ကြနှင့်။ သောက မွှေနှောက်ခြင်းလည်း မ ရှိကြနှင့်။
30 ၃၀ ထိုအရာများကို လောကီသားအမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို သင်တို့အဘ သိတော်မူ၏။
၃၀ထို အရာများကို လောကီသား အမျိုးမျိုး တို့သည် ရှာဖွေ တတ်ကြ၏။ ထို အရာများကို သင်တို့သည် အသုံးလို ကြောင်း ကို သင် တို့အဘ သိ တော်မူ၏။
31 ၃၁ သင်တို့မူကား ဘုရားသခင်၏ နိုင်ငံတော်ကို ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော် မူလတံ့။
၃၁သင်တို့မူကား ဘုရားသခင် ၏ နိုင်ငံ တော်ကို ရှာ ကြလော့။ နောက်မှ ထို အရာများကို ထပ် ၍ပေးတော်မူလတံ့။
32 ၃၂ သိုးစုငယ်၊ သင်တို့သည် မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အား နိုင်ငံကိုပေးခြင်းငှါ အလို ရှိတော်မူ၏။
၃၂သိုးစု ငယ် ၊ သင်တို့သည် မ ကြောက် ကြနှင့်။ သင် တို့အဘ သည် သင် တို့အား နိုင်ငံ ကိုပေး ခြင်းငှာအလိုရှိ တော်မူ၏။
33 ၃၃ သင်တို့ဥစ္စာများကို ရောင်း၍ ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ မဆွေးမဟောင်းတတ်သော အိတ် တို့ကို ကိုယ်သုံးဘို့ လုပ်ကြလော့။ သူခိုးမရောက်၊ ပိုးများမဖျက်ဆီးရာအရပ်၊ ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင် သော ဘဏ္ဍာကို ဆည်းဖူးကြလော့။
၃၃သင် တို့ဥစ္စာ များကို ရောင်း ၍ ဆင်းရဲသားတို့အား စွန့်ကြဲ ကြလော့။ မ ဆွေးမဟောင်းတတ် သော အိတ် တို့ကို ကိုယ် သုံးဘို့ လုပ် ကြလော့။ သူခိုး မ ရောက် ၊ ပိုး များမ ဖျက်ဆီး ရာအရပ် ၊ ကောင်းကင် ဘုံ၌ မကုန်မဆုံး နိုင် သော ဘဏ္ဍာ ကို ဆည်းဖူးကြလော့။
34 ၃၄ အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့စိတ်နှလုံးရောက် တတ်၏။
၃၄အကြောင်းမူကား ၊ အကြင်အရပ် ၌ သင် တို့၏ဘဏ္ဍာ ရှိ ၏။ ထို အရပ်သို့ သင် တို့စိတ် နှလုံးရောက် တတ်၏။
35 ၃၅ သင်တို့သည် ခါးပန်းစည်းလျက်၊ ဆီမီးထွန်းလျက်နေသဖြင့်၊
၃၅သင် တို့သည် ခါးပန်း စည်း လျက်၊ ဆီမီး ထွန်း လျက်နေသဖြင့် ၊
36 ၃၆ သခင်သည် မင်္ဂလာဆောင်ပွဲမှ ပြန်လာ၍ တံခါးကိုခေါက်သောအခါ ချက်ခြင်းဖွင့်ခြင်းငှါ သခင် လာမည်ကို မြော်လင့်၍နေသော ကျွန်ကဲ့သို့ ရှိနေကြလော့။
၃၆သခင် သည် မင်္ဂလာဆောင်ပွဲ မှ ပြန်လာ ၍ တံခါးကိုခေါက် သောအခါ ချက်ခြင်း ဖွင့် ခြင်းငှာ သခင် လာ မည်ကို မြော်လင့် ၍နေသောကျွန် ကဲ့သို့ ရှိနေကြလော့။
37 ၃၇ အကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ၍တွေ့၏။ ထိုကျွန်တို့သည် မင်္ဂလာ ရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ကျွန်တို့ကို စားပွဲ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင် လာ၍ သူတို့အားလုပ်ကျွေးလိမ့်မည်။
၃၇အကြင် ကျွန် တို့သည် စောင့် လျက်နေသည်ကို သခင် သည်ပြန်လာ ၍တွေ့ ၏။ ထို ကျွန်တို့သည် မင်္ဂလာ ရှိကြ၏။ ငါအမှန် ဆို သည်ကား၊ သခင်သည် ခါးပန်းစည်း လျက် ကျွန် တို့ကို စားပွဲ ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ ၍သူ တို့အားလုပ်ကျွေး လိမ့်မည်။
38 ၃၈ နှစ်ချက်တီးအချိန်ဖြစ်စေ၊ သုံးချက်တီးအချိန်ဖြစ်စေ၊ သခင်သည်လာ၍ ထိုသို့တွေ့လျှင်၊ ထိုကျွန်တို့ သည် မင်္ဂလာရှိကြ၏။
၃၈နှစ်ချက်တီး အချိန်ဖြစ်စေ ၊ သုံးချက်တီး အချိန်ဖြစ်စေ ၊ သခင် သည်လာ၍ ထိုသို့ တွေ့ လျှင်၊ ထို ကျွန်တို့ သည် မင်္ဂလာ ရှိ ကြ၏။
39 ၃၉ အိမ်ရှင်သည် သူခိုးလာမည်အချိန်နာရီကို သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့်နေ လိမ့်မည်ကို သင်တို့သိကြ၏။
၃၉အိမ်ရှင် သည် သူခိုး လာ မည်အချိန်နာရီ ကို သိ ရလျှင် ၊ မိမိ အိမ် ကို မ ထွင်း မဖောက်စေခြင်းငှာစောင့်နေလိမ့်မည်ကို သင်တို့သိ ကြ၏။
40 ၄၀ ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်ဟု မိန့်တော်မူ၏။
၄၀ထိုကြောင့် သင် တို့သည် ပြင်ဆင် လျက်နေ ကြလော့။ အကြောင်းမူကား ၊ သင်တို့မ ထင်မှတ် သောအချိန် ၌ လူ သား သည် ကြွလာ လိမ့်မည် ဟု မိန့်တော်မူ၏။
41 ၄၁ ပေတရုကလည်း၊ သခင်၊ ဤဥပမာကို အကျွန်ုပ်တို့အားသာ မိန့်တော်မူသလော။ လူအပေါင်းတို့အား မိန့်တော်မူသလောဟု မေးလျှောက်လျှင်၊
၄၁ပေတရု ကလည်း ၊ သခင် ၊ ဤ ဥပမာ ကို အကျွန်ုပ် တို့အား သာ မိန့် တော်မူသလော။ လူအပေါင်း တို့အား မိန့်တော်မူသလောဟု မေးလျှောက် လျှင်၊
42 ၄၂ သခင်ဘုရားက၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေ ခြင်းငှါ အအုပ်အချုပ်ခန့်ထား၍ သစ္စာနှင့်၎င်း၊ သတိပညာနှင့်၎င်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။
၄၂သခင် ဘုရားက၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန် လျှင် အစားအသောက် တို့ကို ဝေဖန် စေခြင်းငှာအအုပ်အချုပ် ခန့်ထား ၍ သစ္စာ နှင့်၎င်း၊ သတိပညာ နှင့်၎င်းပြည့်စုံသောကျွန် ကား အဘယ်သူ နည်း။
43 ၄၃ အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည် ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာ ရှိ၏။
၄၃အကြင်ကျွန်သည် ဤသို့ ပြု လျက်နေသည်ကို အရှင် သည် ပြန်လာ ၍တွေ့ ၏။ ထို ကျွန် သည် မင်္ဂလာ ရှိ၏။
44 ၄၄ ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌ အပ်လိမ့်မည်။
၄၄ငါအမှန် ဆို သည်ကား၊ အရှင်သည် မိမိ ဥစ္စာ ရှိသမျှ တို့ကို ထိုကျွန် ၌ အပ် လိမ့်မည်။
45 ၄၅ သို့မဟုတ်မူကား၊ အကြင်ကျွန်က၊ ငါ့အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည်နှင့် ကျွန်ချင်း ယောက်ျားမိန်းမတို့ကို ရိုက်ပုတ်လျက်၊ စားသောက်ယစ်မူးလျက် နေ၏။
၄၅သို့မဟုတ် မူကား ၊ အကြင် ကျွန် က၊ ငါ့ အရှင် လာ ခဲ လိမ့်မည်ဟု စိတ် ထဲ၌ အောက်မေ့သည် နှင့်ကျွန်ချင်း ယောက်ျားမိန်းမ တို့ကို ရိုက်ပုတ် လျက်၊ စား သောက် ယစ်မူး လျက် နေ၏။
46 ၄၆ ထိုကျွန်မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည် ရောက်လာလျှင်၊ ထိုကျွန်ကို ပြင်းစွာ ဆုံးမကွပ်မျက်၍ သစ္စာမရှိသောသူတို့နှင့်တကွ နေရာချလတံ့။
၄၆ထို ကျွန် မ ကြည့် မမျှော်သောနေ့ရက် ၊ မ ကြား မသိသောအချိန် နာရီ၌ သခင် သည် ရောက်လာ လျှင်၊ ထိုကျွန် ကို ပြင်းစွာဆုံးမကွပ်မျက် ၍ သစ္စာ မရှိသောသူ တို့နှင့်တကွ နေရာချ လတံ့။
47 ၄၇ အကြင်ကျွန်သည် မိမိသခင်၏ အလိုကိုသိလျက်နှင့် အသင့်မနေ၊ သခင်၏အလိုကို မဆောင်၊ ထိုကျွန် သည် များစွာသော ဒဏ်ကိုခံရ၏။
၄၇အကြင် ကျွန် သည် မိမိ သခင် ၏ အလို ကိုသိ လျက်နှင့် အသင့် မ နေ၊ သခင် ၏အလို ကိုမဆောင် ၊ ထိုကျွန် သည် များစွာ သောဒဏ် ကိုခံရ၏။
48 ၄၈ သခင်၏အလိုကို မသိဘဲလျက်၊ ဒဏ်ခံထိုက်သောအမှုကို ပြုမိသောသူမူကား၊ အနည်းငယ်သော ဒဏ် ကိုသာ ခံရ၏။ အကြင်သူသည် အများကိုဆပ်ရ၏။ အကြင်သူ၌ များစွာသောဥစ္စာကို အပ်နှင်း၏။ ထိုသူကို များစွာတောင်းလိမ့်မည်။
၄၈သခင်၏အလိုကို မ သိ ဘဲလျက်၊ ဒဏ် ခံထိုက် သောအမှုကို ပြု မိသောသူ မူကား ၊ အနည်းငယ်သော ဒဏ် ကိုသာ ခံရ၏။ အကြင်သူ သည် များစွာ သောကျေးဇူး ကိုခံ၏။ ထိုသူသည်အများ ကိုဆပ် ရ၏။ အကြင်သူ ၌ များစွာ သောဥစ္စာကို အပ်နှင်း ၏။ ထိုသူ ကို များစွာ တောင်း လိမ့်မည်။
49 ၄၉ မြေပေါ်၌ မီးလောင်စေခြင်းငှါ ငါလာသတည်း။ ထိုမီးမညှိမှီတိုင်အောင် ငါ၏အလိုမပြည့်စုံ။ ဗတ္တိဇံ တခုကိုလည်း ငါခံစရာရှိ၏။
၄၉မြေ ပေါ်၌ မီး လောင် စေခြင်းငှာငါလာ သတည်း။ ထိုမီး မညှိမှီတိုင်အောင်ငါ၏အလို မပြည့်စုံ။ ဗတ္တိဇံ တစ်ခုကိုလည်း ငါခံ စရာရှိ၏ ။
50 ၅၀ ထိုဗတ္တိဇံကို မခံမှီတိုင်အောင် ငါသည် အလွန်ငြီးငွေ့သောစိတ်ရှိ၏။
၅၀ထို ဗတ္တိဇံကို မ ခံ မှီတိုင်အောင်ငါသည် အလွန်ငြီးငွေ့သော စိတ်ရှိ၏။
51 ၅၁ မြေပေါ်၌ ငြိမ်သက်ခြင်းကို ပေးအံ့သောငှါ ငါလာသည်ဟု ထင်ကြသလော။ ထိုသို့သောအလိုငှါ ငါလာ သည်မဟုတ်။ အချင်းချင်းကွဲပြားစေခြင်းငှါ ငါလာသည်ဟု ငါဆို၏။
၅၁မြေ ပေါ်၌ ငြိမ်သက် ခြင်းကို ပေး အံ့သောငှာငါလာ သည်ဟု ထင် ကြသလော။ ထိုသို့သောအလိုငှာ ငါလာ သည်မ ဟုတ်။ အချင်းချင်းကွဲပြား စေခြင်းငှာငါလာသည်ဟု ငါဆို ၏။
52 ၅၂ အဘယ်သို့နည်းဟူမူကား၊ ယခုမှစ၍ အိမ်တအိမ်၌နေသော လူငါးယောက်တို့သည် နှစ်ယောက်တစု သုံးယောက်တစုအချင်းချင်း ကွဲပြားလိမ့်မည်။
၅၂အဘယ်သို့ နည်းဟူမူကား၊ ယခု မှစ၍ အိမ် တ အိမ်၌ နေသော လူငါး ယောက်တို့သည် နှစ် ယောက်တစ်စုသုံး ယောက်တစ်စုအချင်းချင်းကွဲပြား လိမ့်မည်။
53 ၅၃ အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားလိမ့်မည်ဟု မိန့်တော်မူ၏။
၅၃အဘ နှင့် သား ၊ အမိ နှင့် သမီး ၊ ယောက္ခမ နှင့် ချွေးမ အချင်းချင်းကွဲပြား လိမ့်မည် ဟု မိန့် တော်မူ၏။
54 ၅၄ တဖန် လူအစုအဝေးတို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် အနောက်မျက်နှာ၌ မိုဃ်းရိပ်တက် သည်ကို မြင်သောအခါ မိုဃ်းရွာမည်ဟု ချက်ခြင်းဆိုတတ်၏။
၅၄တစ်ဖန် လူ အစုအဝေးတို့အား မိန့် တော်မူသည်ကား၊ သင်တို့သည် အနောက် မျက်နှာ၌ မိုဃ်းရိပ် တက် သည်ကို မြင် သောအခါ မိုဃ်း ရွာ မည်ဟု ချက်ခြင်း ဆို တတ်၏။ ဆိုသည်အတိုင်း လည်း ဖြစ် တတ်၏။
55 ၅၅ တောင်လေလာသည်ကို မြင်သောအခါ နေပူမည်ဟု ဆိုတတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ်တတ်၏။
၅၅တောင် လေလာ သည်ကို မြင်သောအခါ နေပူ မည်ဟု ဆို တတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ် တတ်၏။
56 ၅၆ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မြေကြီး၏မျက်နှာနှင့် မိုဃ်းကောင်းကင်၏မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ယခု ကပ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍ မသိနိုင်ကြသနည်း။
၅၆လျှို့ဝှက် သောသူတို့၊ သင်တို့သည် မြေကြီး ၏မျက်နှာနှင့် မိုဃ်းကောင်းကင် ၏မျက်နှာကို ပိုင်းခြား ၍ သိ နိုင်ကြ၏။ ယခု ကပ်ကာလ ကို အဘယ်ကြောင့် ပိုင်းခြား ၍ မ သိ နိုင်ကြသနည်း။
57 ၅၇ ထိုမှတပါးဖြောင့်မတ်ခြင်းတရားကို အဘယ်ကြောင့် အလိုအလျောက်ပိုင်းခြား၍ မသိကြသနည်း။
၅၇ထိုမှတစ်ပါး ဖြောင့်မတ် ခြင်းတရားကို အဘယ်ကြောင့် အလိုအလျောက် ပိုင်းခြား ၍ မ သိကြသနည်း။
58 ၅၈ သင်သည်တရားတွေ့ဘက်နှင့်အတူ မင်းထံသို့သွားသောအခါ အမှုပြေစေခြင်းငှါ လမ်း၌ကြိုးစားလော့။ သို့မဟုတ် တရားတွေ့ဘက်သည်တရားသူကြီးရှေ့သို့ဆွဲမည်။ တရားသူကြီးသည် လုလင်ခေါင်း၌အပ်၍၊ လုလင် ခေါင်းသည် ထောင်ထဲ၌ လှောင်ထားမည်။
၅၈သင်သည်တရားတွေ့ဘက် နှင့်အတူ မင်း ထံသို့ သွား သောအခါ အမှုပြေ စေခြင်းငှာလမ်း ၌ ကြိုးစား လော့။ သို့မဟုတ် တရားတွေ့ဘက်သည်တရားသူကြီး ရှေ့ သို့ဆွဲ မည်။ တရားသူကြီး သည် လုလင် ခေါင်း၌အပ် ၍၊ လုလင် ခေါင်းသည် ထောင် ထဲ၌ လှောင် ထားမည်။
59 ၅၉ လျော်ပြစ်ငွေရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရ၊ ငါဆိုသည်ဟု မိန့်တော်မူ၏။
၅၉လျော်ပြစ် ငွေ ရှိသမျှ ကို မ လျော်မှီတိုင်အောင်ထောင် ထဲကမ ထွက် ရ၊ ငါ ဆိုသည် ဟု မိန့်တော်မူ၏။

< လုကာ 12 >