< လုကာ 1 >
1 ၁ ရှေးဦးစွာမှစ၍ ကိုယ်တိုင်မြင်သောသက်သေဖြစ်လျက်၊ နှုတ်ကပတ်တော်မှုကို ဆောင်ရွက်သောသူ တို့သည်၊
Mi tampin eiho lah'a ana guilhung thilsoh ho chungchang sutdoh agouvin ahi.
2 ၂ ငါတို့သည် ထင်ရှားစွာဖြစ်လေပြီးသော အတ္ထုပ္ပတ္တိများကို ငါတို့အားကြားပြောသည် အစဉ်အတိုင်း မှတ်သားသောစာကို စီရင်ရေးထားသောသူ အများရှိကြသည်ဖြစ်၍၊
Amahon amittah'a mu seijui masaho thulhut amangchauvin ahi.
3 ၃ ငါသည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံတို့ကို ရှေ့ဦးစွာမှစ၍၊
Thil jouse abul'a pat phatah'a kholchil ahitoh lhon'in, keiman jong chingthei tah'a nangma dinga jihdoh ding kakigel lhah ahitai, jana sangpen chang Theophilus,
4 ၄ စေ့စေ့ဖွေရှာလိုက်စစ်ပြီးလျှင်၊ ကိုယ်တော်သင်ပြီးသောအကြောင်းအရာတို့ကိုသည် ဧကန်အမှန် ဖြစ် ကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အစဉ်အတိုင်းရေးထား၍ ကြားလိုက်မည်အကြံရှိပါ၏၊ အလွန်မြတ်သော သော်ဖိလု။
chutia chu thutah nana kihil jouse chu ahimong nai ti nanop nading ahi.
5 ၅ ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီးလက်ထက်၊ အဘိယအသင်းအဝင်ဖြစ်၍၊ ဇာခရိအမည် ရှိ သော ယဇ်ပုရောဟိတ်တပါးရှိ၏။ သူ၏ခင်ပွန်းသည် အာရုန်အမျိုးအနွယ်ဖြစ်၏။ သူ့အမည်ကား ဧလိရှဗက် တည်း။
Judea gam'a Herod leng ahi laiyin, Zechariah kiti Judah thempu khat ana um'in ahi. Ama chu Abijah thempu loi lah'a khat ahin chule a'inneipi Elizabeth jong chu Aaron thempu khailhah'a kon ahi.
6 ၆ ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ် တင်ခွင့်နှင့်လွတ်သဖြင့်၊ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ခြင်း ပါရမီရှိကြ၏။
Zechariah le Elizabeth chu Pathen mitmun achonpha lhon'in, Pakai dan thupeh le chon na dan jouse chingthei tah'a jui ahilhon'e.
7 ၇ ဧလိရှဗက်သည် မြုံသောကြောင့် သူတို့သည်သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ် ကြီးရင့်ကြ၏။
Elizabeth in nao avop theilou jeh chun cha aneilhon pon, chule ani lhon'in hateh'in ateh gel lhon tai.
8 ၈ ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့်၍၊ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင်၊
Nikhat Zechariah chun Hou'in sungah Pathen kin abolin, ajeh chu chuche hapta sunga chu mopohna chang ahi.
9 ၉ ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးထံချသဖြင့်၊ သူသည်ထာဝရဘုရား၏ ဗိမာန်တော်အတွင်းသို့ ဝင် ၍ နံ့သာပေါင်းကိုမီးရှို့၏။
Thempuho chonna ngai banga, ama chu Hou'in muntheng sunga lut'a chule thil namtui hal dinga lhendoh hi ahi.
10 ၁၀ ထိုသို့နံ့သာပေါင်းကို မီးရှို့သည့်အချိန်တွင်၊ လူအများအပေါင်းတို့သည် ပြင်၌ဆုတောင်းလျက် နေကြ ၏။
Thil namtui akihal jing laiyin, mipi tamtah pamlangah ading'un taona amang uve.
11 ၁၁ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည်ထင်ရှား၍၊ နံ့သာပေါင်းကိုရှို့သော ယဇ်ပလ္လင် လက်ျာဘက်၌ ရပ်နေသည်ကို၊
Zechariah muntheng sunga aumpet in Pakai vantil khat ahengah ahung kilah in, maicham phung jetlam a chun adingin ahi.
12 ၁၂ ဇာခရိသည်မြင်လျှင်၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့်ခြင်းသို့ရောက်၏။
Zechariah in hichu amuphat in akithing'in hatah in akicha tan ahi.
13 ၁၃ ကောင်းကင်တမန်ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်ပြုသော ပဌနာကိုနာခံတော်မူပြီ။ သင်၏ခင်ပွန်းဧလိရှဗက်သည် သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရ မည်။
Ahivangin vantil chun aseiyin, “Kicha hih'in Zechariah! Pathen in nataona asangtai. Na inneipi Elizabeth in chapa khat nahinpeh ding, chule amin John nasah ding ahi.
14 ၁၄ သင်သည်ဝမ်းသာရွင်မြူးခြင်း ရှိလိမ့်မည်။ ထိုသားကိုဘွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက်ခြင်းသို့ရောက်ကြလိမ့်မည်။
Nangman kipana lentah nanei ding, chule mi tampi ama pen a kipah ding ahi,
15 ၁၅ အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ စပျစ်ရည် နှင့်ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။
ijeh inem itile ama chu Pakai mitmua hung len ding. Aman ju kiti le khamna thei thil kiti atohkhah thei lou ding. Ama chu apen masang jenga jong Lhagao Theng dimset ding ahi.
16 ၁၆ ဣသရေလအမျိုးသား အမျိုးသားအများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြောင်းလဲ စေလိမ့်မည်။
Chule aman Israel mi tamtah Pakai a-Pathen'u henga alehei ding ahi.
17 ၁၇ အဘတို့နှင့် သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါ၎င်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဘို့အလိုငှါ ပြင်ဆင်သောလူမျိုးဖြစ်စေ ခြင်းငှါ ၎င်း၊ သူသည်ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်း ကင်တမန်ပြောဆို၏။
Ama chun Elijah lhagao le thahat aken ding ahi. Aman mipiho chu Pakai hung na dinga agontup ding ahi. Mipa te lung achate chunga aheiya chule doudal lungput neiho michonphaho chihna akisan sah ding ahi,” ati.
18 ၁၈ ဇာခရိကလည်း၊ ထိုသို့ဖြစ်လိမ့်မည်ကို အကျွန်ုပ်သည် အဘယ်သို့သိရပါမည်နည်း။ အကျွန်ုပ်သည် လူ အိုဖြစ်ပါ၏။ အကျွန်ုပ်မထားသည်လည်း အသက်အရွယ်ကြီးရင့်ပါပြီဟု ကောင်းကင်တမန်အား ပြောဆိုလျှင်၊
Zechariah chun vantil jah'a aseiyin, “Hitobang hi aso ding ken iti kahet thei ding ham? Tun keima kateh tan, chule ka inneipi jong kum tamtah alhing tai,” tin adong tai.
19 ၁၉ ကောင်းကင်တမန်က၊ ငါသည် ဘုရားသခင့်အထံတော်၌ ခစားသောဂါဗြေလဖြစ်၏။ သင့်ကို နှုတ် ဆက်၍ ဤဝမ်းမြောက်စရာသိတင်းကို ကြားပြောစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူ၏။
Chuin vantil chun aseiyin, “Keima Gabriel kahi! Pathen angsung tah a ding kahi. Ama ahi keima nahenga hiche kipana thupha podinga eihin sol ah;
20 ၂၀ သင်သည် ငါ့စကားကိုမယုံသောကြောင့် ဤအကြောင်းအရာမဖြစ်မှီနေ့တိုင်အောင် စကားမပြော နိုင်ဘဲ၊ အလျက်နေလိမ့်မည်။ ငါ့စကားသည်ကား၊ အချိန်တန်လျှင် ပြည့်စုံလိမ့်မည်ဟု ပြောဆို၏။
Ahinlah tun, nangman kasei natahsan pon, chujeh'a nangma nathipbeh ding chule nao apen tokah'a paothei louva naum ding ahitai. Ajeh chu kathusei chengse hi aphat cha guilhung tei ding ahi,” ati.
21 ၂၁ လူများတို့သည် ဇာခရိကို ငံ့လင့်၍၊ ဗိမာန်တော်အတွင်း၌ ကြာမြင့်စွာနေသည်ကိုအံ့ဩခြင်းရှိကြ၏။
Achutilai chun mipi hon Zechariah chu ahung potdoh ding angah jingun, ipi bol'a hibanga hi sot den hitam tin alungdong gam tauvin ahi.
22 ၂၂ သူသည်ထွက်လာသောအခါ စကားမပြောနိုင်သည်ဖြစ်၍၊ ဗိမာန်တော်၌ ဗျာဒိတ်ရှုပါရုံကို မြင်ပြီဟု ရိပ်မိကြ၏။ ဇာခရိသည်သူတို့အား အရိပ်အမှတ်ကိုသာပေး၍ စကားအလျက်နေ၏။
Achainakeiya ahung potdoh phat chun ama apaodoh thei tapon ahi. Chuin amahon amaiso le apaotheilouva kon chun Hou'in muntheng sunga chu mu anei hinte ti ahedoh un ahi.
23 ၂၃ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသောအချိန်ကာလကုန်သောအခါ၊ ဇာခရိသည် မိမိအိမ်သို့ သွား လေ၏။
Zechariah in Hou'in a athempu natoh hapta alhin phat in inlam'a akile tan ahi.
24 ၂၄ ထိုနောက်သူ၏ခင်ပွန်း ဧလိရှဗက်သည် ပဋိသန္ဓေစွဲ၍၊
Phat chomkhat jouvin ajinu Elizabeth chu ahung gai paiyin chule lhanga jen potdoh louvin aum thipbeh tan ahi.
25 ၂၅ ငါသည်လူတို့တွင်ခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်းခြင်းငှါ ငါ့ကို ကြည့်ရှု တော်မူစဉ်တွင်၊ ဤကျေးဇူးတော်ကို ပြုတော်မူပြီဟုဆိုလျက်၊ ငါးလပတ်လုံး အိမ်တွင်း၌အောင်း၍ နေလေ၏။
“Pakai iti phat hitam!” tin aphongdoh in “Aman kacha neilou jeh'a jumna eilah mang peh tai,” ati.
26 ၂၆ ငါးလလွန်သောအခါ၊ ဂါလိလဲပြည်နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင့်၍၊
Elizabeth naovop kal lhagup lhin'in, Pathen in Gabriel vantil chu Galilee gam Nazareth kho ah,
27 ၂၇ မရှက်တင်သေးသော သတို့သမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလကို စေ လွှတ်တော်မူ၏။ သတို့သမီးကညာကား၊ မာရိအမည်ရှိ၏။
nungah theng Mary hengah asol'in ahi. Amanu chu Joseph kiti Leng David insung khailhah pasal khat toh kicheng dinga got'a um ahitai.
28 ၂၈ ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေ သတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို၏။
Gabriel chu amanu hengah akilah in aseitai, “Chibai, sahluttah nu! Pakaiyin naumpi,” ati.
29 ၂၉ မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆတ်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင်၍နေ၏။
Lungdong le lung kika lahlah pum in Mary'in vantil thusei chu ipi tina ahi agel tai.
30 ၃၀ ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာ ရပြီ။
“Kicha hih'in Mary,” tin vantil chun aseitan ahi, “Ajeh chu nangman Pathen lunglhaina nakimutai!”
31 ၃၁ သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရ မည်။
“Nangma gaiyin natin chapa khat nahin ding chule amin Yeshua nasah ding ahi.
32 ၃၂ ထိုသားသည်ကား၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်သခင်သည် သူ့အားပေးတော်မူ မည်။
Ama hung len ding chule Chungnung pen Chapa kiti ding ahi. Pakai Pathen in apu David laltouna apehding ahi.
33 ၃၃ ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံး ခြင်းမရှိရဟုပြောဆို၏။ (aiōn )
Chule Israel chunga tonsot'a vai apoh ding, alenggam in beitih aneilou ding ahi!” ati. (aiōn )
34 ၃၄ မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်ယောက်ျားနှင့် မဆက်ဆံ ပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။
Mary'n vantil chu adongin, “Hinlah, hichu iti hithei ding ham? Keima nungah theng kahi,” ati.
35 ၃၅ ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော် မူ၍၊ အမြင့်ဆုံးသောဘုရား၏တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။
Vantil chun adonbut in, “Lhagao Theng nachunga hung chu ding, chule chungnung pen thanei na in nalekhu ding ahi. Hijeh a chu naosen apeng ding chu atheng hiding chule ama chu Pathen Chapa kiti ding ahi.
36 ၃၆ ထိုမှတပါး၊ အမြုံမဟူ၍ခေါ်ဝေါ်သောသင်၏ အဆွေအမျိုးဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ၍ ယခု ခြောက်လအဝင်ရှိပြီ။
Ipi aval um ding ham, nasopinu Elizabeth in jong ateh nungin nao avop tai! Mi hon aching'ah ahi atiuvin, hinlah tun chapa khat avop'in lhagup alhingtai.
37 ၃၇ ဘုရားသခင်တတ်နိုင်တော်မမူသောအမှုမရှိဟု ပြောဆိုလျှင်၊
Ajeh chu Pathen dingin ima ahimo aumpoi” ati.
38 ၃၈ မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ် ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင်တမန်သည် မာရိထံမှသွားလေ၏။
Mary'n adonbut in, “Keima Pakai sohnu kahi, kachunga lhungding nasei jouse hung guilhung hen,” ati. Chuti chun vantil chun amanu chu adalhatai.
39 ၃၉ ထိုအခါမာရိသည်ထ၍၊ တောင်ကြားအရပ်၌ရှိသော ယုဒမြို့တမြို့သို့ အလျင်အမြန် သွားပြီးလျှင်၊
Ni phabep jouvin Mary jong Judea gam thinglhang lang,
40 ၄၀ ဇာခရိအိမ်သို့ဝင်၍ ဧလိရှဗက်ကို နှုတ်ဆက်လေ၏။
Zechariah chen na khoa chun acheloi chal'in ahi. Amanu insung alut in Elizabeth chu chibai aboh'e.
41 ၄၁ ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ရှိသောသူငယ်သည်ခုန်၍၊ မိမိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊
Mary'n chibai aboh gin ajah chun Elizabeth naosen chu a-oisung a chun ahung kichom in, chule Elizabeth chu Lhagao Theng adimset tan ahi.
42 ၄၂ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသောမင်္ဂလာရှိ၏။ သင်၏ဝမ်း၌ရှိသောသူငယ်သည်လည်း မြတ်စွာသော မင်္ဂလာရှိ၏။
Elizabeth in kipanan ka cheng ahinlon Mary jah'a chun aseitai, “Pathen in numei jouse chunga phatthei naboh ahitai, chule na cha jong anunnom'e.
43 ၄၃ အကျွန်ုပ်သခင်၏ မယ်တော်သည် အကျွန်ုပ်ဆီသို့ ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။
Ipi jeh'a hibanga jana kachan a ka pakai nu in eihung vil ham?
44 ၄၄ သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင်၊ အကျွန်ုပ်ဝမ်းထဲ၌ သူငယ်သည်ရွှင်မြူးသော စိတ်နှင့်ခုန်၏။
Nei lemna awcheng kajah chun kasunga naocha kipah in ahung kichom'e.
45 ၄၅ ယုံကြည်သောမိန်းမသည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရားမိန့်တော်မူသော စကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို၏။
Anun nom nahi, ajeh chu Pakaiyin aseichu abol ding ahi ti natahsan e,” ati.
46 ၄၆ မာရိကလည်း၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။
Mary'n adonbut in “Kalhagao vin Pakai achoi-an e.
47 ၄၇ ငါ့ကိုကယ်တင်တော်မူသောအရှင်ဘုရားသခင်ကို အမှီပြု၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။
Kalhagao eihuhhing pu Pathen chunga iti kipah thanom hitam!
48 ၄၈ အကြောင်းမူကား၊ မိမိကျွန်မ၏နှိမ့်ချသောအဖြစ်ကိုကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။
Ajeh chu aman asoh numei nu dinmun ave jingin, chule tua pat'a khang jousen nunnom eiti diu ahitai.
49 ၄၉ တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသည် အံ့ဘွယ်သောကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ၊ ထိုဘုရား ၏ နာမတော်သည် ရိုသေဘွယ်ဖြစ်တော်မူ၏။
Ajeh chu Hatchungnungpa chu atheng ahi, chule aman keima din thil loupi abol'e
50 ၅၀ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် သနားတော်မူခြင်း ကျေးဇူးကိုအစဉ်မပြတ်ခံစားကြ၏။
Aman ahepina akhang akhang'in ama gingte amusah jinge.
51 ၅၁ လက်ရုံးတော်အားဖြင့် တန်ခိုးကိုပြတော်မူပြီ။ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ။
Abanthahat chun kichat um tahtah thil abol'e! Aman mikiletsah le hoitho ho athecheh ji'e.
52 ၅၂ ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှချ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။
Leng chapate alaltounau-vakon in aloilhan mi kineosah te adomsang ji'e.
53 ၅၃ ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာကျွေး၍ ရတတ်သောသူတို့ကို လက်ချည်းလွှတ်လိုက်တော်မူပြီ။
Aman agilkel te thil pha phan avah in chule ahao te khutgoh keovin asoldoh ji'e
54 ၅၄ ငါတို့ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊
Aman asoh Israel akithopin khoto dingin ageldoh'e.
55 ၅၅ အာဗြဟံမှစသောသူ၏အမျိုးအနွယ်အား သနားခြင်းကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်းငှါ သတိထား ၍ မိမိကျွန် ဣသရေလကို မစတော်မူပြီဟုဆို၏။ (aiōn )
Ajeh chu aman hiche kitepna hi iputeu, Abraham, chule achate dinga asem ahi.” (aiōn )
56 ၅၆ မာရိသည်လည်း ဧလိရှဗက်ထံမှာ သုံးလခန့်နေပြီးမှ မိမိအိမ်သို့ပြန်လေ၏။
Mary chu Elizabeth koma lhathum tobang aum jouvin a'inlam ah akile tai.
57 ၅၇ ဧလိရှဗက်သည် ဘွားအံ့သောနေ့လစေ့သောအခါ သားယောက်ျားကိုဘွားမြင်၏။
Elizabeth chu anaoso phat alhin phat in amanun chapa khat ahingin ahi.
58 ၅၈ ထာဝရဘုရားသည် ထူးမြတ်သောသနားခြင်း ကျေးဇူးတော်ကို ဧလိရှဗက်အားပြုတော်မူသည်ကို၊ အိမ် နီးချင်းအဆွေအမျိုးတို့သည် ကြားလတ်သော်၊ သူနှင့်အတူ ဝမ်းမြောက်ဝမ်းသာကြ၏။
Chuleh aheng akom le asopi chengin Pakaiyin akhoto naho ajahdoh phat un, mijouse amanu toh akipah khom cheh tauve.
59 ၅၉ ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကို သူငယ်အားပေးအံ့သောငှါလာကြ၍၊ အဘ၏အမည် ဖြစ်သော ဇာခရိအမည်ဖြင့် မှည့်သောအခါ အမိက၊ ထိုသို့မမှည့်ရ။
Naosen chu niget alhin in, amaho abon'un cheptansah dingin ahung'un ahi. Amahon apa banga amin Zechariah sahding agouvin,
60 ၆၀ ယောဟန်အမည်ဖြင့် မှည့်ရမည်ဟုဆိုလျှင်၊ သူတို့က၊
ahivangin Elizabeth in, “Ahipoi, amin John ahi,” atitai.
61 ၆၁ ယောဟန်အမည်ဖြင့် သင်၏အဆွေအမျိုးတွင် တယောက်ကိုမျှမမှည့်ဟုဆို၍၊
“Ipi natim?” tin amaho ahung eojah jengun “Na insung uvah hitobang min chu aum khapoi,” atiuve.
62 ၆၂ အဘသည်အဘယ်သို့မှည့်စေလိုသနည်းဟု အမှတ်အားဖြင့်မေးကြ၏။
Hijeh chun naosen min chu apan ipi akisah nom am ti mit-heiyin adongun ahi.
63 ၆၃ အဘသည်လည်း သင်ပုံးကိုတောင်း၍၊ သူ၏အမည်ကားယောဟန်ဖြစ်၏ဟု ရေးလေသော်၊ ထိုသူ အ ပေါင်းတို့သည် အံ့ဩခြင်းရှိကြ၏။
Aman lekhasutna pheng athum'in, mijouse lungdong in alhan “Amin John ahi” tin ahinjih e.
64 ၆၄ ထိုခဏခြင်းတွင် ဇာခရိသည်နှုတ်ဖွင့်ခြင်း၊ လျှာလွတ်ခြင်းရှိသည်ဖြစ်၍၊ စကားအားဖြင့် ဘုရားသခင် ၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
Chutah chun Zechariah jong ahung paothei tan chule Pathen avahchoi pan tai.
65 ၆၅ အိမ်နီးချင်းရှိသမျှတို့သည် ကြောက်ရွံ့ခြင်းရှိကြ၍ ထိုအမှုအရာများသည် ယုဒပြည်တောင်ကြား အရပ် တို့၌ အနှံ့အပြားကျော်စောလေ၏။
Akimvel'a cheng chengse din kichatna alhung tan chule Judea thinglhang gam sungse ah thilsoh umchan chu akithejal soh tai.
66 ၆၆ ကြားသောသူအပေါင်းတို့သည် နှလုံးထဲ၌မှတ်သား၍၊ ဤသူငယ်သည် အဘယ်သို့သောသူဖြစ်လိမ့် မည်နည်းဟုဆိုကြ၏။ ထာဝရဘုရား၏ လက်တော်သည်လည်း သူငယ်နှင့်အတူရှိတော်မူ၏။
Chuche thilsoh jajouse chun athilsoh hochu alungin aching geh'un, “Hiche chapang hi ipibep ahungsoh tadem?” atiuvin ahi.
67 ၆၇ သူ၏အဘ ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည်ဝလျက်၊
Chuin apa Zechariah chu Lhagao Theng adimset tan chule hiche gaothu hi aphongdoh in ahi:
68 ၆၈ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်းသောပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့ သည် ရန်သူဘေးနှင့်ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တသက်လုံးသန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကိုရဲရင့်စွာပြုရသောအခွင့်ကိုပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်း ဂတိတော်တည်း ဟူသောသန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်၎င်း၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူ သော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်၎င်း၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်း ကျေးဇူး ကိုပြုတော်မူ၍၊ ငါတို့ကိုရန်သူလက်မှ၎င်း၊ မုန်းသောသူရှိသမျှတို့လက်မှ၎င်း ကယ်လွှတ်မည်အကြောင်း၊ ကယ် လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အားပေါ်ထွန်းစေတော်မူပြီ။ (aiōn )
Vahchoiyun Pakai, Israel Pathen chu; ajehchu aman amite avil'in alhatdoh tai
Aman huhhing hattah khat asoh David khailhah a kon in eipeuve.
Athemgao thengte henga malaiya akitepna banga (aiōn )
Tua eiho igalmiteu vakon le eihotbolteu va kona huhdoh a umding ihitauve.
Aman ipu ipateu khotonan akitepna thengho ageldoh jingin–
Akitepna ipuluiyu Abraham koma anakitepna bangtah in
i-galmiteuva kon in eihuhdoh uve, Pathen kichatna beihel'a ijen thei nadiuvin
Then na le chondihna a ihin laiseuva dingin
76 ၇၆ အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ ပရောဖက်ဟုခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။
“Chule kachapa, nangma chungnung pen themgao kiti ding nahi; ajeh chu nangman Pakai lampi semtoh sa nakoi ding ahi.
77 ၇၇ အကြောင်းမူကား၊ ငါတို့ဘုရားသခင်၏ သနားတော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ်ဖြေ၍ ကယ် တင်ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင်၏လူမျိုးအား ဘော်ပြသဖြင့်၊ ထာဝရဘုရား၏ လမ်းခရီးတော် ကို ပြင်ဆင်ခြင်းငှါ သင်သည် ရှေ့တော်၌သွားရလိမ့်မည်။
Nangman amite, achonset nau ngaidam na'a kona huhhingna akimudoh nadiu naseipeh ding ahi.
78 ၇၈ ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့်၊ ကောင်းကင်မှနေ အာရုဏ်သည် ငါတို့အပေါ်သို့ တက် သဖြင့်၊
Pathen mikhotona nemheo vanga jingkhovah chu van'a kona eiho chunga hung kisukeh go ahitai.
79 ၇၉ မှောင်မိုက်နှင့်သေမင်း၏ အရိပ်ထဲတွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်း၍၊ ငါတို့အား ငြိမ်သက် ခြင်းလမ်းကို ပြလျက်ရှိသည်ဟု ပရောဖက်ဥာဏ်နှင့် ဟောလေ၏။
Muthim'a touho le thina lim'a touho vah pedinga, chule chamna lampi komu peh dinga ahi,” ati.
80 ၈၀ ထိုသူငယ်သည်ကား၊ ကြီးပွား၍ ဥာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဣသရေလလူတို့အား မထင်ရှားမှီ တိုင် အောင် တောအရပ်၌နေလေ၏။
John chu ahung khanglen in chule lhagaovin ahung hatdoh in ahi. Chule Israel koma lhangphonga natoh apat kahsen ama gamthip lah dungah aumin ahi.