< ဝတ်ပြုရာ 8 >
၁တစ်ဖန်ထာဝရဘုရားကမောရှေအား၊-
2 ၂ သင်သည် အာရုန်နှင့် သူ၏သားများ၊ အဝတ်များ၊ လိမ်းရန်ဆီ၊ အပြစ်ဖြေရာ ယဇ်ဘို့ နွားထီး၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့ မုန့်တတောင်းကိုယူ၍၊-
၂``အာရုန်နှင့်သူ၏သားတို့ကိုငါစံတော်မူရာ တဲတော်တံခါးဝသို့ခေါ်ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်ဝတ်စုံများ၊ သိက္ခာတင်ဆီ၊ အပြစ်ဖြေ ရာယဇ်အတွက်နွားပျိုတစ်ကောင်၊ သိုးထီးနှစ် ကောင်၊ တဆေးမဲ့မုန့်တစ်တောင်းကိုယူခဲ့လော့။-
3 ၃ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့သို့ ပရိသတ်အပေါင်းကို စည်ဝေးစေလော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
၃ထို့နောက်ဣသရေလအမျိုးသားအားလုံးကို ထိုနေရာ၌စုရုံးစေလော့'' ဟုမိန့်တော်မူသည်။
4 ၄ မောရှေပြု၍၊ ပရိသတ်တို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးကြ၏။
၄မောရှေသည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်းဆောင်ရွက်၏။ လူတို့စုဝေး ရောက်ရှိလာသောအခါ၊-
5 ၅ မောရှေကလည်း၊ ဤသို့ ထာဝရဘုရားမှာ ထားတော်မူပြီဟု ပရိသတ်တို့အား ပြောဆိုလျက်၊
၅မောရှေကသူတို့အား``ယခုငါပြုလုပ်မည့် အမှုသည် ထာဝရဘုရား၏အမိန့်တော်အရ ငါပြုလုပ်ခြင်းဖြစ်သည်'' ဟုဆိုလေ၏။
6 ၆ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့ကို ခေါ်ခဲ့၍ ရေချိုးပြီးလျှင်၊
၆ထို့နောက်မောရှေသည် ထာဝရဘုရားမိန့်မှာ တော်မူသည်အတိုင်း အာရုန်နှင့်သူ၏သား တို့ကိုရှေ့သို့ထုတ်ဆောင်၍ရေဆေးကြော စေ၏။-
7 ၇ အာရုန်ကို အင်္ကျီဝတ်စေ၍၊ ခါးပန်းကို စည်းစေလေ၏။ ဝတ်လုံနှင့် သင်တိုင်းကိုလည်း ခြုံစေ၍၊ ထူးဆန်းသော သင်တိုင်းခါးစည်းဖြင့် စည်းလေ၏။
၇အာရုန်အားအင်္ကျီ၊ ဝတ်ရုံနှင့်ခါးပန်းကို ခါးတွင်ဝတ်ဆင်ပေး၏။ ထိုနောက်သင်တိုင်း ကိုဝတ်ပေး၍လှပစွာရက်ထားသောခါး စည်းဖြင့်သင်တိုင်းကိုချည်နှောင်ပေး၏။-
8 ၈ ရင်ဖုံးကိုလည်း ဆင်စေ၍၊ ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားလေ၏။
၈ရင်ဖုံးကိုတပ်ဆင်ပေးပြီးလျှင်ရင်ဖုံးထဲ ၌ဥရိမ်နှင့်သုမိမ် ကိုထည့်ထား၏။-
9 ၉ သူ၏ခေါင်းပေါ်မှာ ဗေါင်းကိုတင်၍၊ သန့်ရှင်းသော ရွှေသင်းကျစ်ပြားကို ဗေါင်းရှေ့၌ တပ်လေ၏။
၉အာရုန်၏ဦးခေါင်းပေါ်တွင်ဗောင်းထုပ်ကိုတင်၍ ထာဝရဘုရားအားဆက်ကပ်သည့်အထိမ်း အမှတ်ဖြစ်သောရွှေသင်းကျစ်ကိုထာဝရ ဘုရားမိန့်မှာတော်မူသည့်အတိုင်းဗောင်း ထုပ်ရှေ့တွင်တပ်ဆင်ပေး၏။
10 ၁၀ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် လိမ်းရန်ဆီကိုယူ၍၊ တဲတော်နှင့် တဲတော် တန်ဆာရှိသမျှကို လိမ်းသဖြင့် သန့်ရှင်းစေ၏။
၁၀ထိုနောက်မောရှေသည်သိက္ခာတင်ဆီကိုယူ ၍ ထာဝရဘုရားစံတော်မူရာတဲတော် နှင့်တဲတော်အတွင်းရှိပစ္စည်းတန်ဆာအား လုံးကိုလိမ်းလေ၏။ ဤနည်းအားဖြင့်ထာဝရ ဘုရားအားတဲတော်နှင့်တဲတော်ဆိုင်ရာ ပစ္စည်းရှိသမျှကိုဆက်ကပ်လေသည်။-
11 ၁၁ ထိုဆီကို ယဇ်ပလ္လင်ပေါ်မှာ ခုနစ်ကြိမ် ဖြန်း၍၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် ခြေထောက်ကို၎င်း၊ သန့်ရှင်စေခြင်းငှါ လိမ်းလေ၏။
၁၁ထိုနောက်မောရှေသည်ဆီအနည်းငယ်ကို ယူပြီးလျှင် ယဇ်ပလ္လင်နှင့်ယဇ်ပလ္လင်ဆိုင်ရာပစ္စည်း တန်ဆာတို့ကိုလည်းကောင်း၊ အင်တုံနှင့်၎င်း ၏အောက်ခြေကိုလည်းကောင်းခုနစ်ကြိမ် ဖျန်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။-
12 ၁၂ လိမ်းရန်ဆီကို အာရုန်ခေါင်းပေါ်မှာ လောင်း၍ သူ့ကိုသန့်ရှင်းစေခြင်းငှါ လိမ်းလေ၏။
၁၂တစ်ဖန်သူသည်ဆီအနည်းငယ်ကိုအာရုန် ၏ဦးခေါင်းပေါ်တွင်လောင်းလျက် ယဇ်ပုရော ဟိတ်အဖြစ်သိက္ခာတင်သည်။-
13 ၁၃ အာရုန်၏သားတို့ကိုလည်း အင်္ကျီဝတ်စေ၍၊ ခါးပန်းကို စည်းစေလျက်၊ ဦးထုပ်ကို ဆောင်းစေလေ၏။
၁၃ထိုနောက်မောရှေသည်ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းအာရုန်၏သားများကို ရှေ့သို့ခေါ်ဆောင်၍ အင်္ကျီများကိုဝတ်ဆင်ပေး ပြီးနောက်ခါးပန်းကိုခါးတွင်စည်းပေး၏။ ဦး ခေါင်းများပေါ်တွင်လည်းဦးထုပ်များကို ဆောင်းပေး၏။
14 ၁၄ ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း၊ အပြစ်ဖြေရာယဇ်ဘို့ နွားထီးကို ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်ကြ၏။
၁၄ထိုနောက်မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသည့်အတိုင်း အပြစ်ဖြေရာယဇ် ပူဇော်ရန်နွားပျိုကိုထုတ်ဆောင်ခဲ့၍ အာရုန် နှင့်သူ၏သားတို့အားနွား၏ဦးခေါင်းပေါ် တွင်လက်ကိုတင်စေသည်။-
15 ၁၅ နွားကိုသတ်၍၊ မောရှေသည် ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့၌ အသွေးကို လက်ညှိုးနှင့်ယူ၍ ထည့် သဖြင့်၊ ယဇ်ပလ္လင်ကို စင်ကြယ်စေပြီးမှ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်၍၊ ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်းစေ၏။
၁၅မောရှေသည်နွားကိုသတ်ပြီးလျှင်လက်ချောင်း ဖြင့်သွေးအနည်းငယ်ကိုယူ၍ ယဇ်ပလ္လင်ထောင့် များ၌ရှိသောအတက်များကိုသုတ်လိမ်း ခြင်း၊ ကျန်သောသွေးကိုယဇ်ပလ္လင်၏အောက် ခြေတွင်သွန်းလောင်းခြင်းဖြင့်ပလ္လင်ကိုဆက် ကပ်၍အပြစ်ဖြေရာယဇ်ပူဇော်နိုင်ရန် သန့်ရှင်းစေ၏။-
16 ၁၆ အအူကိုဖုံးသော ဆီဥရှိသမျှ၊ အသည်းပေါ်၌ရှိသော အမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏
၁၆မောရှေသည်ဝမ်းတွင်းသားမှအဆီအား လုံး၊ အသည်းမှအဆီ၊ ကျောက်ကပ်နှင့် ကျောက်ကပ်အဆီတို့ကိုထုတ်ယူ၍ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သည်။-
17 ၁၇ အရေ၊ အသား၊ ချေးနုနှင့်တကွ နွားကောင်ကို၊ တပ်ပြင်မှာ ရှို့ရ၏။
၁၇သူသည်နွားသားရေအသားနှင့်အူများ အပါအဝင်ကျန်သောအပိုင်းတို့ကို ထာ ဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း စခန်းအပြင်ဘက်၌မီးရှို့လေသည်။
18 ၁၈ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ပြုသော သိုးထီးကိုလည်း ဆောင်ခဲ့၍၊ အာရုန် နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ကြ၏။
၁၈ထို့နောက်မောရှေသည်မီးရှို့ရာယဇ်ကိုပူဇော် ရန်သိုးထီးကိုထုတ်ဆောင်ခဲ့၍ အာရုန်နှင့်သူ ၏သားတို့အားသိုး၏ဦးခေါင်းပေါ်တွင် လက်ကိုတင်စေ၏။-
19 ၁၉ သိုးကိုသတ်ပြီးလျှင်၊ မောရှေသည် အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းလေ၏။
၁၉မောရှေသည်သိုးကိုသတ်ပြီးလျှင် သွေးကို ယဇ်ပလ္လင်လေးဘက်ပေါ်သို့ပက်ဖျန်းလေ သည်။-
20 ၂၀ သိုးကိုလည်း အပိုင်းပိုင်းဖြတ်ပြီးလျှင်၊ ခေါင်းမှစ၍ သားတများနှင့် ဆီဥကို မီးရှို့လေ၏။
၂၀မောရှေသည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်း သိုးကိုအပိုင်းပိုင်းဖြတ်ပြီး လျှင်ဝမ်းတွင်းသားနှင့်နောက်ခြေတို့ကိုရေ နှင့်ဆေး၍ သိုး၏ဦးခေါင်း၊ အဆီမှစ၍ တစ်ကောင်လုံးကိုမီးရှို့ပူဇော်လေသည်။ ဤ မီးရှို့ရာယဇ်သည်ပူဇော်သကာဖြစ်၍ ၎င်း ၏ရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။
21 ၂၁ ဝမ်းထဲ၌ရှိသော အရာနှင့်ခြေတို့ကို ဆေးကြော၍၊ သိုးတကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။ မွှေးကြိုင်ရာဘို့ မီးရှို့သော ယဇ်ဖြစ်သတည်း။ မီးဖြင့် ထာဝရဘုရားအားပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။
၂၁
22 ၂၂ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အခြားသောသိုး၊ အရာ၌ ခန့်ထားရာ သိုးကိုဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည် မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ကြ၏။
၂၂ထိုနောက်မောရှေသည်ယဇ်ပုရောဟိတ်များ ကိုသိက္ခာတင်ရာ၌ပူဇော်ရန် ဒုတိယသိုး ထီးကိုယူဆောင်ခဲ့၍ အာရုန်နှင့်သူ၏သား တို့ကသိုး၏ဦးခေါင်းပေါ်တွင်လက်ကို တင်ကြသည်။-
23 ၂၃ သိုးကို သတ်ပြီးမှ၊ မောရှေသည် အသွေးကိုယူ၍၊ အာရုန်၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၌ ၎င်း၊ လက်ျာခြေမ၌၎င်း၊ ထည့်လေ၏။
၂၃မောရှေသည်သိုးကိုသတ်ပြီးလျှင်သွေး အနည်းငယ်ကိုယူ၍ အာရုန်၏လက်ယာ နားပျဉ်းကိုလည်းကောင်း၊ လက်ယာလက်မ နှင့်လက်ယာခြေမတို့ကိုလည်းကောင်း သုတ်လေသည်။-
24 ၂၄ အာရုန်၏ သားတို့ကိုလည်း ခေါ်ခဲ့၍၊ သူတို့လက်ျာနားပျဉ်း၊ လက်ျာလက်မ၊ လက်ျာခြေမတို့၌ အသွေးကိုထည့်ပြီးမှ၊ ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းလေ၏။
၂၄ထို့နောက်အာရုန်၏သားတို့ကိုခေါ်ပြီးလျှင် သူတို့၏လက်ယာနားပျဉ်းများ၊ လက်ယာ လက်မများနှင့်လက်ယာခြေမများကို သိုးသွေးဖြင့်သုတ်လေသည်။ မောရှေသည် ကျန်သောသွေးကိုယဇ်ပလ္လင်လေးဘက်ပေါ် သို့ပက်ဖျန်းလေသည်။-
25 ၂၅ ဆီဥ၊ အမြီး၊ အအူကို ဖုံးသောဆီဥ၊ အသည်းပေါ်၌ ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက် ကပ်ကိုဖုံးသော ဆီဥ၊ လက်ျာပခုံး၊-
၂၅သူသည်သိုး၏အဆီ၊ ဆူဖြိုးသောအမြီး၊ ဝမ်းတွင်းသားမှအဆုံးအပိုင်း၊ အသည်း မှအဆီ၊ ကျောက်ကပ်နှင့်ကျောက်ကပ်အဆီ၊ လက်ယာပေါင်တို့ကိုထုတ်ယူသည်။-
26 ၂၆ ထာဝရဘုရားရှေ့တော်၌ ထားသော တဆေးမဲ့ မုန့်တောင်းထဲက တဆေးမဲ့ မုန့်တလုံး၊ ဆီနှင့် လုပ်သော မုန့်ပြားတပြား၊ မုန့်ကြွပ်တချပ်ကိုယူ၍၊ မုန့်များကို ဆီဥနှင့်လက်ျာ ပခုံးပေါ်မှာ ထည့်ပြီး လျှင်၊-
၂၆ထို့နောက်သူသည်ထာဝရဘုရားအားဆက် ကပ်ထားသောတဆေးမဲ့မုန့်တောင်းထဲမှမုန့်၊ ဆီနှင့်လုပ်သောမုန့်၊ မုန့်ကြွပ်တို့ကိုတစ်ခု စီယူ၍သိုးအဆီနှင့်လက်ယာပေါင်အပေါ် တွင်တင်သည်။-
27 ၂၇ အာရုန်၏လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကို ထား၍၊ ထာဝရဘုရားရှေ့တော်၌၊ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော်သက္ကာပြုလေ၏။
၂၇သူသည်၎င်းတို့ကိုအာရုန်နှင့်သူ၏သားတို့ လက်သို့ပေးအပ်သဖြင့် သူတို့သည်ထာဝရ ဘုရားအားအထူးပူဇော်သကာအဖြစ် ဆက်သကြသည်။-
28 ၂၈ ထိုအရာတို့ကို သူတို့လက်မှခံယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့်အတူ ရှို့လေ၏။ မွှေးကြိုင် သော အနံ့ရှိ၍ အရာ၌ ခန့်ထားရာ ယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။
၂၈ထို့နောက်မောရှေသည်ထိုပူဇော်သကာများ ကိုသူတို့ထံမှပြန်ယူသဖြင့် သူသည် သိက္ခာ တင်ရာပူဇော်သကာအဖြစ်ယဇ်ပလ္လင်ပေါ် ရှိမီးရှို့ရာယဇ်ကောင်အပေါ်သို့တင်လျက် မီးရှို့လေသည်။ ထိုပူဇော်သကာသည်ထာဝရ ဘုရားအားပူဇော်သောပူဇော်သကာဖြစ်၍ ၎င်း၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။-
29 ၂၉ ထိုနောက် မောရှေသည် ရင်ပတ်ကို ယူ၍၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော်သက္ကာပြုလေ၏။ အရာ၌ ခန့်ထားရာ သိုး၏ ရင်ပတ်သည် မောရှေ၏အဘို့ ဖြစ်သတည်း။
၂၉ထို့နောက်မောရှေသည်သိုး၏ရင်ပုံသားကို အထူးပူဇော်သကာအဖြစ် ထာဝရဘုရား အားဆက်ကပ်လေသည်။ ထိုရင်ပုံသားမှာ သိက္ခာတင်ရာယဇ်ကောင်မှမောရှေပိုင်ဝေစု ဖြစ်သည်။ မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသမျှအတိုင်းဆောင်ရွက်လေ သည်။
30 ၃၀ တဖန် ယဇ်ပလ္လင်ပေါ်မှာရှိသော အသွေးနှင့် လိမ်းရန်ဆီကိုယူ၍ အာရုန်နှင့် သူ၏ အဝတ်၌၎င်း၊ သူ၏သားတို့နှင့်သူတို့အဝတ်၌၎င်း၊ ဖြန်းသဖြင့်၊ အာရုန်မှစ၍ သားများ၊ အဝတ်များတို့ကို သန့်ရှင်းစေ လေ၏။
၃၀ထို့နောက်မောရှေသည်သိက္ခာတင်ဆီအနည်း ငယ်နှင့်ယဇ်ပလ္လင်ပေါ်တွင်ရှိသောသွေးအနည်း ငယ်ကိုယူ၍ အာရုန်နှင့်သူ၏သားများအပေါ် သို့လည်းကောင်း၊ သူတို့၏အဝတ်များအပေါ် သို့လည်းကောင်းပက်ဖျန်းလေသည်။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့်သူသည် အာရုန်နှင့် သူ၏သားများနှင့်တကွသူတို့ဝတ်ဆင် သောအဝတ်များကို ထာဝရဘုရားထံ ဆက်ကပ်လေသည်။
31 ၃၁ မောရှေသည်၊ အာရုန်နှင့် သူ၏သားတို့အားလည်း၊ ထိုသိုး၏ အသားကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ ပြုတ်ကြလော့။ ထာဝရဘုရားက၊ အာရုန်နှင့် သူ၏သားတို့သည် ထိုအသားကို စားရ ကြမည်ဟု ငါ့အား မှာထားတော်မူသည်အတိုင်း၊ ထိုအသားကို၎င်း၊ အရာ၌ ခန့်ထားရာ မုန့်တောင်း ၌ရှိသောမုန့်ကို၎င်း၊ ထိုအရပ်၌ စားကြလော့။
၃၁ထို့နောက်မောရှေကအာရုန်နှင့်သူ၏သား တို့အား``ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်း သိုး၏အသားကိုထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝအနီးတွင် ပြုတ်၍ ထိုအသားကိုသိက္ခာတင်ရာမုန့် တောင်းထဲမှမုန့်နှင့်စားကြလော့။-
32 ၃၂ ကျန်ကြွင်းသော အသားနှင့် မုန့်ကိုမီးရှို့ရမည်။
၃၂ကြွင်းကျန်သောအသားနှင့်မုန့်ကိုမီးရှို့ ရမည်။
33 ၃၃ သင်တို့ကို အရာ၌ ခန့်ထားရာ ကာလခုနစ်ရက်မစေ့မှီ ပရိတ်သတ်စည်းဝေးရာ တဲတော်တံခါးပြင် သို့ မထွက်ရကြ။ ခုနစ်ရက်ပတ်လုံး အရာ၌ ခန့်ထားခြင်း မင်္ဂလာကို ဆောင်ရကြမည်။
၃၃သင်တို့သည်သိက္ခာတင်မင်္ဂလာကာလခုနစ် ရက်မစေ့မီ တဲတော်တံခါးအပြင်သို့မ ထွက်ရ။-
34 ၃၄ ယနေ့ပြုသည်အတိုင်း သင်တို့အဘို့ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း ထာဝရဘုရား မှာထား တော်မူပြီ။
၃၄သင်တို့အပြစ်ပြေစေရန်အတွက်ငါတို့ ယနေ့ပြုသောအမှုသည် ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်းဖြစ်သည်။-
35 ၃၅ ထိုကြောင့် သင်တို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား မှာ၊ ခုနစ်ရက်ပတ်လုံး နေ့ညဉ့်မပြတ်နေ၍၊ ထာဝရဘုရား အမှုတော်ကို စောင့်ရကြမည်။ ထိုသို့ ငါ့အားမှာထားတော်မူပြီးဟု ဆင့်ဆိုသည်ဖြစ်၍၊-
၃၅သင်တို့သည်တဲတော်တံခါးဝတွင်ထာဝရ ဘုရားမိန့်မှာတော်မူသမျှကို ခုနစ်ရက် ပတ်လုံးနေ့ညမပြတ်ဆောင်ရွက်လျက်နေ ရမည်။ သင်တို့သည်မိန့်မှာတော်မူသည် အတိုင်းမဆောင်ရွက်လျှင် သေရလိမ့်မည် ဟုထာဝရဘုရားကငါ့အားမိန့်တော် မူပြီ'' ဟူ၍ဆင့်ဆိုလေသည်။-
36 ၃၆ မောရှေအားဖြင့် ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ အာရုန်နှင့် သူ၏သားတို့သည် ပြုကြ၏။
၃၆သို့ဖြစ်၍အာရုန်နှင့်သူ၏သားတို့သည် မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာ တော်မူချက်တို့ကိုဆောင်ရွက်ကြလေ သည်။