< ဝတ်ပြုရာ 7 >

1 ဒုစရိုက်ဖြေသော ယဇ်ပူဇော်ခြင်းတရားဟူမူကား၊ အလွန်သန့်ရှင်းပေ၏။
And this, is the law of the guilt-bearer, —most holy, it is!
2 မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၌ ဒုစရိုက်ဖြေသော ယဇ်ကောင်ကို သတ်၍ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။
In the place where they slay the ascending-sacrifice, shall they slay the guilt-bearer; and, the blood thereof, shall one dash against the altar, round about;
3 အမြီးနှင့်တကွ အအူကို ဖုံးသောဆီဥ၊
and, as for all the fat thereof, one shall bring near therefrom, —the fat-tail, and the fat that covereth the inwards;
4 ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်း ပေါ်၌ရှိသော အမြှေးတည်းဟူသော ဆီဥရှိသမျှကိုယူ၍ ဆက်လျှင်၊-
and the two kidneys, with the fat that is upon them, which is upon the loins, —and the caul upon the liver, up to the kidneys, shall he remove it.
5 ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုရမည်။ ဒုစရိုက်ဖြေရာယဇ် ဖြစ်သတည်း။
And the priest shall make a perfume with them at the altar, an altar-flame unto Yahweh—a guilt-bearer, it is,
6 အသားကို ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည်၊ သန့်ရှင်းရာဌာန၌ စားရကြမည်။ အလွန်သန့်ရှင်းပေ၏။
Any male among the priests, may eat thereof, —in a holy place, shall it be eaten, most holy, it is.
7 အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်၏ တရားတပါးတည်းဖြစ်၍၊ ဒုစရိုက်အပြစ် ဖြေခြင်းကို ပြုသော ယဇ်ပုရောဟိတ်သည် ယူရမည်။
As the sin-bearer, so the guilt-bearer, —one law, for them, —the priest who maketh a propitiatory-covering, therewith, —to him, shall it belong,
8 လူတစုံတယောက် ပြုသော မီးရှို့ရာယဇ်ကို ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ မိမိပူဇော်သော ယဇ်ကောင်အရေကိုယူရမည်။
And, as for the priest who bringeth near the ascending-sacrifice of any man, the skin of the ascending-sacrifice which he hath brought near, to the priest himself, shall it belong.
9 မီးဖို၌ ဖုတ်သော ဘောဇဉ်ပူဇော်သက္ကာ၊ အိုးကင်း၊ သံပြားပူနှင့် လုပ်သော အရာရှိသမျှကို ပူဇော် သော ယဇ်ပုရောဟိတ်သည် ယူရမည်။
And as for any meal-offering that may be baked in an oven, or anything that hath been prepared in a boiler or on a girdle, to the priest that bringeth it near—to him, shall it belong,
10 ၁၀ ဆီထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ၊ ဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အာရုန်၏ သားအပေါင်း တို့သည် အညီအမျှ ယူရကြရမည်။
And, as for any meal-offering overflowed with oil or dry, —to all the sons of Aaron, shall it belong, to one as much as to another.
11 ၁၁ ထာဝရဘုရားအား ပြုရသော မိဿဟာယယဇ် ပူဇော်ခြင်းတရားဟူမူကား၊
And, this, is the law of the peace-offering which one may bring near unto Yahweh.
12 ၁၂ ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်လျှင်၊ ကျေးဇူးတော် ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့ မုန့်ပြား၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ်၊ ဆီရောသော မုန့်ညက်နှင့် လုပ်၍ ကြော်သော မုန့်ပြားတို့ကို ပူဇော်ရမည်။
If, for thanksgiving, he bring it near, then shall he bring near, with the thanksgiving sacrifice perforated cakes unleavened, overflowed with oil, and wafers unleavened anointed with oil, —and of fine flour moistened, perforated cakes overflowed with oil.
13 ၁၃ ထိုမုန့်ပြားမှ တပါး၊ မိဿဟာယ ပူဇော်သက္ကာနှင့်ဆိုင်သော ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ၊ တဆေးပါသော မုန့်ကိုလည်း ပူဇော်ရမည်။
With perforated cakes of leavened bread, shall he bring near his oblation, with his peace-offering of thanksgiving,
14 ၁၄ ပူဇော်သက္ကာရှိမျှအထဲက မုန့်တလုံးကို ထာဝရဘုရားအား ချီမြှောက်သော ပူဇော်သက္ကာပြု၍ ထိုမုန့်ကို မိဿဟာယယဇ် အသွေးဖြန်းသောယဇ် ပုရောဟိတ်ယူရမည်။
Then shall he bring near therefrom one of each oblation, a heave-offering unto Yahweh, —to the priest who dasheth [against the altar] the blood of the peace-offering—to him, shall it belong.
15 ၁၅ ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်သော မိဿဟာယယဇ်အသားကို၊ ပူဇော်သော နေ့ခြင်းတွင် စားရမည်။ နံနက်တိုင်အောင် မကြွင်းစေရ။
But, as for the flesh of his peace-offering of thanksgiving, on the day of bringing it near, shall it be eaten, —he shall not leave thereof until morning,
16 ၁၆ သို့မဟုတ် သစ္စာပြု၍ ယဇ်ပူဇော်သည်ဖြစ်စေ၊ ကိုယ်အလိုအလျောက် ပူဇော်သည်ဖြစ်စေ၊ ပူဇော်သော နေ့ခြင်းတွင်၊ ယဇ်အသားကို စား၍ အကြွင်းကိုလည်း နက်ဖြန်နေ့စားရမည်။
But, if, a vow or a freewill offering, be his sacrifice of oblation, in the day he bringeth near his sacrifice, shall it be eaten, and on the morrow, then may the remainder thereof, be eaten;
17 ၁၇ ကြွင်းသေးသော အသားကိုလည်း သန်ဘက်နေ့၌ မီးရှို့ရမည်။
but as for the remainder of the flesh of the sacrifice, on the third day—in fire, shall it be consumed.
18 ၁၈ မိဿဟာယယဇ် အသားအနည်းငယ်ကို၊ သန်ဘက်နေ့၌ စားမိလျှင် စိတ်တော်နှင့်မတွေ့။ ပူဇော်သော သူသည် အကျိုးကိုမရ။ ရွံရှာဘွယ် ဖြစ်လိမ့်မည်။ စားသောသူသည် ကိုယ်အပြစ်ကို ခံရလိမ့်မည်။
And, if any of the flesh of his peace-offering, be at all eaten, on the third day, he that brought it near [shall not be accepted] it shall not be reckoned to him, unclean, shall it be, —and the person who shall eat thereof, shall bear his iniquity.
19 ၁၉ မစင်ကြယ်သောအရာနှင့် ထိမိသောယဇ်သားကို မစားရ။ မီးရှို့ရမည်။ စင်ကြယ်သော သူတို့သာ လျှင် ထိုယဇ်သားကို စားရကြမည်။
And, the flesh that toucheth anything unclean, shall not be eaten, in fire, shall it be consumed, —but, as for the [other] flesh, any one who is clean, may eat flesh.
20 ၂၀ ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယယဇ်သားကို အကြင်သူသည် မစင်ကြယ်သော အပြစ်ရှိ လျက်နှင့် စားမိ၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်။
But as for the person who shall eat flesh from the peace-offering, which pertaineth unto Yahweh, while his uncleanness is on him, then shall that person be cut off from among his kinsfolk.
21 ၂၁ အကြင်သူသည်လည်း၊ လူ၌ မစင်ကြယ်သော အရာ၊ မစင်ကြယ်သောသား၊ မစင်ကြယ်သော ပိုးရွအစ ရှိသော၊ မစင်ကြယ်သောအရာ တစုံတခုကို ထိမိ၍၊ ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယ ယဇ်သားကို စား၏ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
Yea, as for, any person, whensoever he shall touch anything unclean—the uncleanness of man or an unclean beast, or any unclean disgusting thing, —and then eateth of the flesh of a peace-offering that pertaineth unto Yahweh, then shall that person be cut off from among his kinsfolk.
22 ၂၂ တဖန် မောရှေအား ထာဝရဘုရားက၊ - သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သိုး၊ ဆိတ်၊ နွားဆီဥကို အလျှင်မစားရ၊
And Yahweh spake unto Moses, saying—
23 ၂၃
Speak unto the sons of Israel, saying, —No fat, of ox or sheep or goat, shall ye eat:
24 ၂၄ အလိုလိုသေသော တိရစ္ဆာန်ဆီဥ၊ သားရဲကိုက်၍ သေသော တိရစ္ဆာန်ဆီဥကို အခြားသို့ သုံးရသော် လည်း၊ အလျှင်းမစားရ။-
and though the fat of what dieth of itself and the fat of that which has been torn in pieces, may be used for any other service, yet shall ye, in nowise eat it.
25 ၂၅ အကြင်သူသည် ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုသော တိရစ္ဆာန်ဆီဥကို စား၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်။
Nay, as touching any one who eateth the fat of any beast, wherefrom he might bring near an altar-flame unto Yahweh, then shall the person that eateth be cut off from among his kinsfolk.
26 ၂၆ သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သားသွေးမှစ၍ အသွေးမည်မျှကို မစားရ။
And no manner of blood, shall ye eat, in any of your dwellings, —whether of bird or of beast:
27 ၂၇ အကြင်သူသည် တစုံတခုသော အသွေးကို စား၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
as touching any person who eateth any manner of blood, then shall that person be cut off from among his kinsfolk.
28 ၂၈ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားအား မိဿဟာယ ယဇ်ကို ပူဇော်သောသူသည်၊
And Yahweh spake unto Moses, saying,
29 ၂၉ မိမိပူဇော်သော ယဇ်အထဲက၊ ထာဝရ ဘုရားအား ဆက်ဘို့ရာ ဆောင်ခဲ့ရမည်။
Speak unto the sons of Israel saying, —He that offereth his peace-offering unto Yahweh, shall bring in his own oblation unto Yahweh out of his peace-offering:
30 ၃၀ ထာဝရဘုရားရှေ့တော်၌ ရင်ပတ်ကိုချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာ ပြုစေခြင်းငှါ၊ ရင်ပတ်နှင့် ဆီဥတည်းဟူသော မီးဖြင့် ထာဝရဘုရားအား ပူဇော်သောအရာကို ကိုယ်တိုင် ဆောင်ခဲ့ရမည်။ -
his own hands shall bring in the altar-flames of Yahweh, —the fat with the breast, he shall bring it in, the breast, to wave it as a wave-offering before Yahweh.
31 ၃၁ ယဇ်ပုရောဟိတ်သည်၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍၊ ရင်ပတ်ကို အာရုန်နှင့် သူ၏သားတို့သည် ယူရကြမည်။
Then shall the priest make a perfume with the fat at the altar, —and the breast shall be for Aaron and for his sons.
32 ၃၂ မိဿဟာယယဇ်ထဲက လက်ျာပခုံးကို ချီမြှောက်သော ပူဇော်သက္ကာဘို့ ယဇ်ပုရောဟိတ်အား ပေးရ မည်။
But, the right shoulder, shall ye give as a heave-offering, unto the priest, —from among your peace-offerings
33 ၃၃ မိဿဟာယယဇ် အသွေးနှင့်ဆီဥကို၊ အာရုန်၏သားတို့တွင် ပူဇော်သောသူသည်၊ လက်ျာပခုံးကို မိမိအဘို့ယူရမည်။
he that bringeth near the blood of the peace-offerings and the fat from among the sons of Aaron, to him, shall belong the right shoulder for a portion.
34 ၃၄ ဣသရေလ အမျိုးသားတို့ပြုသော မိဿဟာယယဇ်များထဲက ချီလွှဲသော ရင်ပတ်၊ ချီမြှောက်သော ပခုံးကို ငါနှုတ်ယူ၍ ဣသရေလအမျိုးသားတို့တွင် ယဇ်ပုရောဟိတ် အာရုန်နှင့် သူ၏သားတို့အား ထာဝရ ပညတ်တော်အားဖြင့် ငါပေးပြီဟု မိန့်တော်မူ၏။
For, the wave-breast and the heave-shoulder, have I taken of the sons of Israel, out of their peace-offerings, —and have given them unto Aaron the priest and unto his sons as an age-abiding statute, from the sons of Israel.
35 ၃၅ ထိုသို့ အာရုန်နှင့် သူ၏သားတို့သည်၊ ထာဝရဘုရားရှေ့တော်မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင် ရွက်မည်အကြောင်း၊ သူတို့ကို ခန့်ထားသောနေ့၌၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သော သက္ကာများထဲက၊ သူတို့ခံရသောအဘို့ ဖြစ်၏။
This, is what pertaineth to the anointing of Aaron and to the anointing of his sons out of the altar-flames of Yahweh, —[granted] in the day when he brought them near, to minister as priests unto Yahweh:
36 ၃၆ ဣသရေလအမျိုးသားတို့လက်မှ ထိုသို့သောအဘို့ကို ခံရမည်အကြောင်း၊ သူတို့ကို ဘိသိက်ပေးသော မူနေ့၌၊ ထာဝရဘုရားမှာထားတော်မူ၏။ သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ် ဖြစ်သတည်း။
which Yahweh commanded to give them in the day when he anointed them, from among the sons of Israel, —an age-abiding statute to their generations.
37 ၃၇ ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့သည်၊ သိနာတော၌ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည် အကြောင်း မှာထားသောမူသောနေ့၌ သိနာတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေအား ပေးတော်မူသော မီးရှို့ရာယဇ်တရား၊ ဘောဇဉ် ပူဇော်သက္ကတရား၊ အပြစ်ဖြေရာယဇ်တရား၊ ဒုစရိုက် ဖြေရာ ယဇ်တရား၊ အရာ၌ ခန့်ထားရာ ယဇ်တရား၊
This is the law—for the ascending-sacrifice, for the meal-offering, and for the sin-bearer, and for the guilt-bearer, —and for the installation-offerings, and for the peace-offering:
38 ၃၈ မိဿဟာယယဇ်တရား ဖြစ်သတည်းဟု မိန့် တော်မူ၏။
which Yahweh commanded Moses in Mount Sinai, —in the day when he commanded the sons of Israel to bring near their oblations unto Yahweh in the desert of Sinai.

< ဝတ်ပြုရာ 7 >