< ဝတ်ပြုရာ 6 >
1 ၁ တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
Na Awurade ka kyerɛɛ Mose sɛ,
2 ၂ တစုံတယောက်သောသူသည် သူတပါးအပ်နှံသော ဥစ္စာအတွက် ပေါင်ထားသော ဥစ္စာအတွက်၊ မိမိနှင့် စပ်ဆိုင်သောသူအား မုသားစကားကို ပြောသော်၎င်း၊ သူဥစ္စာကို အနိုင်အထက်ယူသော်၎င်း၊ မိမိနှင့် စပ်ဆိုင်သောသူကို လှည့်စား သော်၎င်း၊
“Sɛ obi yɛ bɔne tia me, sɛ ebia, ɔmpɛ sɛ ɔsane de biribi a wɔde ama no asie kɔto baabi a ɛda anaasɛ ɔbɔ korɔno, anaa ɔsisi ne yɔnko,
3 ၃ ပျောက်သောဥစ္စာကို တွေ့သောအခါ၊ မုသာစကားကိုပြော၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုသော်၎င်း၊ ထိုသို့သော ဒုစရိုက်တစုံတခုကို ပြု၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊
anaa ɔtu ahunu na ɔka ntam sane wɔ ho sɛ dekodeɛ no nni ne nkyɛn a,
4 ၄ ထိုသူသည် ပြစ်မှား၍ အပြစ်ရောက်သောကြောင့်၊ အနိုင်အထက်ယူသော ဥစ္စာ၊ လှည့်စား၍ ရသော ဥစ္စာ ၊ သူတပါး အပ်နှံသော ဥစ္စာ၊ ပျောက်၍တွေ့သော ဥစ္စာ၊
sɛ obi yɛ bɔne na ɔdi ho fɔ a, ɔbɛsane de ne korɔnodeɛ no anaa ne tintinnyɛdeɛ anaa deɛ wɔde maa no sieeɛ anaa agyapadeɛ a wɔde ahyɛ ne nsa, anaa adeɛ a ayera no aba.
5 ၅ မဟုတ်မမှန်ဘဲ ကျိန်ဆို၍၊ ရသောဥစ္စာ အဘိုးနှင့်တကွ၊ ငါးစုတစုကို ထပ်၍ ဒုစရိုက်ဖြေသော ယဇ်ပူဇော်သောနေ့၌ ဥစ္စာရှင်အား ပြန်ပေးရမည်။
Biribiara a waka ho ntanhunu no nso, ɔbɛsane de ne nyinaa aba na ɔde ho mfɛntom ɔha mu nkyɛmu aduonu aka ho abrɛ onipa ko a ne dea no, ɛda a ɔrebɔ afɔdie ho afɔdeɛ no.
6 ၆ ဒုစရိုက်ဖြေရာယဇ်ကို ပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ ဒုစရိုက်ဖြေရာယဇ်တည်းဟူ သော အပြစ်မပါသော သိုးထီးကို၊ ထာဝရဘုရားထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။
Nʼafɔdie ho afɔrebɔdeɛ no bɛyɛ odwennini a ɔnni dɛm. Ɛsɛ sɛ ɔdi ɛboɔ biara a wɔbɛbɔ no no. Ɔde no bɛma ɔsɔfoɔ
7 ၇ ယဇ်ပုရောဟိတ်သည် ထိုသူအဘို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူပြစ်မှား သမျှသော အပြစ်လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။
na ɔsɔfoɔ no de no ayɛ mpatadeɛ ama no wɔ Awurade anim na wɔde ne bɔne akyɛ no.”
8 ၈ တဖန်မောရှေအား ထာဝရဘုရားက၊
Afei, Awurade ka kyerɛɛ Mose sɛ,
9 ၉ သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရသော မီးရှို့ရာ ယဇ်ပူဇော်ခြင်းတရားဟု မူကား၊ ယဇ်ကောင်ကို၊ ယဇ်ပလ္လင် ထင်းမီးပေါ်မှာ တညဉ့်လုံး နံနက်တိုင်အောင်ရှိစေ၍၊ ယဇ်ပလ္လင်မီးသည် အစဉ်လောင်ရမည်။
“Fa saa mmara a ɛfa ɔhyeɛ afɔdeɛ ho yi ma Aaron ne ne mmammarima. ‘Wɔbɛgya ɔhyeɛ afɔrebɔdeɛ no wɔ ogya no so anadwo mu no nyinaa a afɔrebukyia ogya no gu so rehye.
10 ၁၀ ယဇ်ပုရောဟိတ်သည် ပိတ်အင်္ကျီ၊ ပိတ်ပေါင်းဘီကို ဝတ်လျက်၊ ယဇ်ပလ္လင်ပေါ်မှာ ကျွမ်းလောင်သော မီးရှို့ရာ ယဇ်ပြာကို ကျုံး၍ ပလ္လင်အနားမှာ ထားရမည်။
Adeɛ kye a, ɔsɔfoɔ no bɛhyɛ nʼasɔfotadeɛ nahanaha wɔ aseɛ na wahyɛ atadetam korɔ no ara bi ngugusoɔ na wakɔpra ɔhyeɛ afɔdeɛ nsõ no de agu afɔrebukyia no nkyɛn.
11 ၁၁ တဖန် အဝတ်ကိုလဲ၍၊ ထိုပြာကို တပ်ပြင်၌ ရှင်းလင်းသောအရပ်သို့ ယူသွားရမည်။
Afei, ɔbɛsesa ne ntadeɛ no na wasoa nsõ no afiri beaeɛ hɔ de akɔgu beaeɛ foforɔ a wɔate hɔ no.
12 ၁၂ ယဇ်ပလ္လင်မီးသည် မသေဘဲ အစဉ်လောင်ရမည်။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်း ထင်းမီးထည့်၍၊ ထင်းပေါ်မှာ မီးရှို့ရာယဇ်ကို ခင်းရမည်။ ထိုပလ္လင်ပေါ်မှာလည်း၊ မိဿဟာယယဇ်ဆီဥကို မီးရှို့ရမည်။
Saa ɛberɛ yi nyinaa ɛsɛ sɛ ogya a ɛwɔ afɔrebukyia no so no dɛre. Ɛnsɛ sɛ ɛdum. Anɔpa biara ɔsɔfoɔ no de ogya foforɔ bɛhyɛ mu na ɔde ɛda biara ɔhyeɛ afɔdeɛ agu so, na wahye sradeɛ a wɔde bɔ ɛda biara asomdwoeɛ afɔdeɛ no.
13 ၁၃ ယဇ်ပလ္လင်မီးသည် အလျှင်းမသေဘဲ၊ အစဉ်မပြတ်လောင်ရမည်။
Ɛsɛ sɛ ɛberɛ biara ogya no kɔ so dɛre. Ɛnsɛ sɛ ɛdum.
14 ၁၄ ဘောဇဉ် ပူဇော်သက္ကာ တရားဟူမူကား၊ အာရုန်၏သားတို့သည် ထိုပူဇော်သက္ကာကို ထာဝရ ဘုရားထံတော်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သောအခါ၊
“‘Atokoɔ afɔdeɛ ho mmara nso nie: Aaron mmammarima bɛgyina afɔrebukyia no anim na wɔde atokoɔ afɔrebɔ no ama Awurade.
15 ၁၅ ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်တလက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ပူဇော်သက္ကာ အတွက်အတာကိုယူ၍ ထာဝရဘုရားအား မွှေးကြိုင်စရာဘို့၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
Ɔsɔfoɔ no bɛsa asikyiresiam a wɔayam no muhumuhu no ne nsabuo ma na ɔde ngo ne aduhwam afra ahye no wɔ afɔrebukyia no so sɛ ananmusideɛ ama Awurade; na Awurade ani bɛsɔ.
16 ၁၆ ကြွင်းသောအရာတို့ကို၊ အာရုန်နှင့် သူ၏သားတို့သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်း တွင်၊ သန့်ရှင်းရာဌာန၌ တဆေးမပါဘဲ စားရမည်။
Ɔsa ne nsabuo ma wie a, deɛ ɛbɛka no yɛ Aaron ne ne mmammarima dea a wɔbɛdie. Wɔbɛdi a wɔremfa mmɔreka mfra wɔ Ahyiaeɛ Ntomadan no adihɔ hɔ.
17 ၁၇ ထိုမုန့်ညက်ကို တဆေးထည့်၍ မုန့်မလုပ်ရ။ မီးဖြင့် ငါ့အား ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်ညက် ကို သူတို့အဘို့ ဖြစ်စေခြင်းငှါ ငါပေးပြီ။ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကဲ့သို့ အလွန်သန့်ရှင်း ပေ၏။
Si so dua sɛ, sɛ wɔto a, wɔmmfa mmɔreka mfra mu. Mede saa ɔhyeɛ afɔdeɛ a wɔbɔ maa me no bi ama asɔfoɔ no. Esiane sɛ ne nyinaa yɛ bɔne ne afɔdie ho afɔrebɔ enti, ɛyɛ kronkron.
18 ၁၈ အာရုန်၏ သားယောက်ျားအပေါင်းတို့သည် စားရကြမည်။ မီးဖြင့် ထာဝရဘုရားအား ပြုသော ပူဇော်သက္ကာကို ကိုင်သောသူအပေါင်းတို့သည် သန့်ရှင်းကြမည်ဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်းဟု မိန့်တော်မူ၏။
Aaron asefoɔ mmarima ne asɔfoɔ na wɔnni mfiri awoɔ ntoatoasoɔ so nkɔsi awoɔ ntoatoasoɔ so. Nanso asɔfoɔ no nko ara na wɔnni afɔrebɔdeɛ a wɔabɔ no ogya so ama Awurade no.’”
19 ၁၉ တဖန်ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊
Awurade ka kyerɛɛ Mose sɛ,
20 ၂၀ အာရုန်နှင့် သူ၏သားတို့သည် ဘိသိက်ခံသောနေ့မှစ၍၊ ထာဝရဘောဇဉ် ပူဇော်သက္ကာဖြစ်စေခြင်း ငှါ၊ မုန့်ညက်တဩမဲကို၊ နံနက်တဝက်၊ ညတဝက် ထာဝရဘုရားအား ပူဇော်ရမည်။
“Ɛda a wɔbɛsra Aaron ne ne mmammarima ngo no, ɛsɛ sɛ wɔde asikyiresiam lita mmienu ne fa brɛ Awurade. Wɔde fa bɛba anɔpa na wɔde fa aba anwummerɛ.
21 ၂၁ ထိုမုန့်ညက်ကို ဆီထည့်၍၊ သံပြားပူနှင့် မုန့်လုပ်ပြီးမှ၊ ဆောင်ခဲ့၍ ချိုးဖဲ့သဖြင့် ဘောဇဉ်ပူဇော်သက္ကာ အကျိုးအပဲ့တို့ကို ထာဝရဘုရားအား မွှေးကြိုင်စရာဘို့ ပူဇော်ရမည်။
Wɔde ngo bɛfra ato wɔ dadeɛ apaawa so. Ɛsɛ sɛ wɔto no yie na wɔde brɛ Awurade sɛ nʼafɔrebɔdeɛ a ɛsɔ nʼani yie.
22 ၂၂ အာရုန်အရာ၌ ဘိသိက်ခံသော သားသည်လည်း၊ ထိုပူဇော်သက္ကာကို ပြုရမည်။ ထာဝရဘုရားအဘို့ ထာဝရပညတ်တော် ဖြစ်သတည်း။
Ɔsɔfoɔ a ɔfiri Aaron mmammarima mu a wɔrehyɛ no ɔsɔfoɔ ma wasi nʼagya anan no de bɛma Awurade sɛdeɛ wɔahyɛ ho mmara afebɔɔ sɛ wɔnhye ne nyinaa no.
23 ၂၃ ယဇ်ပုရောဟိတ်အတွက် ပြုသောဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အကုန်အစဉ် မီးရှို့ရမည်။ အလျှင်းမစားရဟု မိန့်တော်မူ၏
Ɔsɔfoɔ biara atokoɔ afɔdeɛ a ɔbɛbɔ no, ɛsɛ sɛ wɔhye ne nyinaa. Ɛnsɛ sɛ wɔdi.”
24 ၂၄ တဖန်မောရှေအား ထာဝရဘုရား မိန့်တော်မူသည်မှာ၊
Afei Awurade ka kyerɛɛ Mose sɛ,
25 ၂၅ သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရသော အပြစ်ဖြေရာယဇ် ပူဇော်ခြင်းတရားဟူမူကား၊ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်၌ ထာဝရဘုရားရှေ့တော်မှာ အပြစ်ဖြေရာယဇ်ကို သတ်ရမည်။ အလွန်သန့်ရှင်းပေ၏။
“Ka kyerɛ Aaron ne ne mmammarima sɛ bɔne afɔrebɔ ho mmara nie: Saa afɔrebɔdeɛ yi ho yɛ kronkron yie enti ɛsɛ sɛ wɔkum no Awurade anim wɔ beaeɛ a wɔkum ɔhyeɛ afɔrebɔdeɛ wɔ hɔ no.
26 ၂၆ အပြစ်ဖြေဘို့ ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌ စားရမည်။
Ɛsɛ sɛ ɔsɔfoɔ a ɔyɛ afɔrebɔ no ho adwuma no we afɔrebɔdeɛ no wɔ Ahyiaeɛ Ntomadan no adihɔ hɔ.
27 ၂၇ ထိုအသားကို ထိသမျှသည် သန့်ရှင်း၏။ အသွေးဖြန်းသမျှသော အဝတ်တို့ကို သန့်ရှင်းရာဌာန၌ လျော်ရမည်။
Wɔn a wɔate wɔn ho a wɔyɛ asɔfoɔ nko ara na wɔwɔ ho kwan sɛ wɔde wɔn nsa ka ɛnam no bi; na sɛ ɛba sɛ aboa no mogya bi pete wɔn ntadeɛ mu a, ɛsɛ sɛ wɔsi ntadeɛ no wɔ beaeɛ a wɔate ho hɔ.
28 ၂၈ ထိုအသားပြုတ်သော မြေအိုးကို ခွဲရမည်။ ကြေးဝါအိုးဖြစ်လျှင် ပွတ်၍ ရေနှင့်ဆေးရမည်။
Kukuo a wɔnoaa ɛnam no wɔ mu no, ɛsɛ sɛ wɔbɔ no; na sɛ ɛyɛ kɔbere nso a, ɛsɛ sɛ wɔtwi mu, na wɔde nsuo hohoro mu nyinaa yie.
29 ၂၉ ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည် စားရကြမည်။
Ɔbarima biara a ɔfra asɔfoɔ no mu no bɛdi afɔrebɔdeɛ no bi—wɔn nko ara—ɛfiri sɛ, ɛyɛ kronkron yie.
30 ၃၀ အလွန်သန့်ရှင်းပေ၏။ အပြစ်ဖြေရာယဇ် အသွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေခြင်းငှါ၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အတွင်းသို့ ဆောင်ခဲ့လျှင်၊ ထိုယဇ်အသားကို မစားရ။ မီးရှို့ရမည်။
Sɛ wɔde bɔne ho afɔrebɔdeɛ no mogya no bi kɔ Ahyiaeɛ Ntomadan mu hɔ de kɔyɛ mpatadeɛ wɔ kronkronbea hɔ a, ɔsɔfoɔ biara renwe bi. Ɛsɛ sɛ wɔde ogya hye aboa no nyinaa wɔ Awurade anim.