< ဝတ်ပြုရာ 3 >

1 နွားကို မိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တကောင်ကောင်ကို ၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ရမည်။
နွား ကို မိဿဟာယ ယဇ်ပြုလိုလျှင် ၊ အပြစ် မပါသော အထီး အမ တကောင်ကောင်ကို၊ ထာဝရဘုရား ရှေ့ တော်၌ ဆက်ရမည်။
2 ပူဇော်သော နွား၏ ခေါင်းပေါ်မှာ မိမိလက်ကို တင်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည် ဖြန်းရမည်။
ပူဇော် သော နွား၏ ခေါင်း ပေါ် မှာ မိမိ လက် ကို တင် ၍ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ သတ် ပြီးလျှင် ၊ အာရုန် ၏သား ယဇ် ပုရောဟိတ်တို့သည်၊ အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
3 အအူကို ဖုံးသောဆီဥ၊ -
အအူ ကိုဖုံး သောဆီဥ ၊ အအူ နှင့်ဆိုင်သမျှ သောဆီဥ ၊ ခါး အတွင်းနား ၌ရှိသော ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ်၌ ရှိသောအမြှေး တို့ကို၊ မိဿဟာယ ယဇ်ကောင် ထဲက ယူ ၍ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာဘို့ဆက်ပြီးမှ၊
4 အအူနှင့် ဆိုင်သမျှသော ဆီဥ၊ ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ် ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ ရှိသော အမြှေးတို့ကို၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ၍ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ၊
5 အာရုန်၏ သားတို့သည် ယဇ်ပလ္လင်အပေါ်၌ရှိသော ထင်းမီးပေါ်မှာ တင်သော ယဇ်ကောင်နှင့်အတူ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
အာရုန် ၏ သား တို့သည် ယဇ် ပလ္လင်အပေါ် ၌ရှိသောထင်း မီး ပေါ် မှာ တင်သော ယဇ် ကောင်နှင့်အတူ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော်သက္ကာ ဖြစ်သတည်း။
6 ထာဝရဘုရားအား သိုး၊ ဆိတ်ကို၊ မိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီး အမတကောင် ကောင်ကို ဆက်ရမည်။
ထာဝရဘုရား အား သိုး ၊ ဆိတ်ကို၊ မိဿဟာယ ယဇ်ပြုလိုလျှင် ၊ အပြစ် မပါသော အထီး အမ တကောင် ကောင်ကို ဆက် ရမည်။
7 သိုးသငယ်ကို ပူဇော်လိုလျှင်၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ပြီးမှ၊
သိုးသငယ် ကို ပူဇော် လိုလျှင်၊ ထာဝရဘုရား ရှေ့ တော်၌ ဆက် ပြီးမှ၊
8 ပူဇော်သော သိုး၏ ခေါင်းပေါ်မှာ မိမိလက်ကို တင်၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှာ သတ်ပြီးလျင်၊ အာရုန်၏ သားတို့သည် အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည် ဖြန်းရမည်။
ပူဇော် သော သိုး၏ ခေါင်း ပေါ် မှာ မိမိ လက် ကို တင် ၍ ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှာ သတ် ပြီးလျှင် ၊ အာရုန် ၏ သား တို့သည် အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
9 အကောင်ဆီဥ၊ ကျောရိုးကတိတိဖြတ်သော အမြီးရှိသမျှ၊ အအူကို ဖုံးသော အဆီဥ၊ အအူနှင့် ဆိုင်သမျှသော အဆီဥ၊ -
အကောင်ဆီဥ ၊ ကျောရိုး ကတိတိဖြတ် သော အမြီး ရှိသမျှ ၊ အအူ ကို ဖုံး သော အဆီဥ ၊ အအူ နှင့် ဆိုင်သမျှ သောအဆီဥ၊
10 ၁၀ ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသော အမြှေးတို့ကို၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ၍ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ၊-
၁၀ခါး အတွင်းနား ၌ ရှိသော ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ် ၌ရှိသောအမြှေး တို့ကို၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ၍ ထာဝရဘုရား အား မီး ဖြင့် ပြုသောပူဇော်သက္ကာဘို့ ဆက် ပြီးမှ၊
11 ၁၁ ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ အစာအဟာရ ဖြစ်သတည်း။
၁၁ယဇ် ပုရောဟိတ်သည် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ အစာ အာဟာရ ဖြစ်သတည်း။
12 ၁၂ ဆိတ်ကို ပူဇော်လိုလျှင်၊ ထာဝရဘုရားရှေ့တော်၌ ဆက်ပြီးမှ၊-
၁၂ဆိတ် ကို ပူဇော် လိုလျှင် ၊ ထာဝရဘုရား ရှေ့ တော်၌ ဆက် ပြီးမှ ၊
13 ၁၃ ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှာ သတ်ပြီးလျှင်၊ အာရုန်၏ သားတို့သည် အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။
၁၃ဆိတ် ခေါင်း ပေါ် မှာ မိမိ လက် ကိုတင် ၍ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှာ သတ် ပြီးလျှင် ၊ အာရုန် ၏ သား တို့သည် အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
14 ၁၄ အအူကို ဖုံးသော ဆီဥ၊ အအူနှင့်ဆိုင်သမျှသော ဆီဥ၊-
၁၄အအူ ကို ဖုံး သော ဆီဥ ၊ အအူ နှင့်ဆိုင်သမျှ သောဆီဥ၊
15 ၁၅ ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ် ၌ရှိသော အမြှေးတို့ကို၊ မိမိပူဇော်သက္ကာထဲတွင် ယူ၍ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ၊-
၁၅ခါး အတွင်းနား ၌ရှိသော ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ် ၌ရှိသောအမြှေး တို့ကို၊ မိမိ ပူဇော် သက္ကာထဲ တွင် ယူ၍ ထာဝရဘုရား အား မီး ဖြင့် ပြုသောပူဇော်သက္ကာဘို့ ဆက် ပြီးမှ၊
16 ၁၆ ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မွှေးကြိုင်ရာဘို့ မီးဖြင့် ပြုသော ပူဇော်သက္ကာ အစာအဟာရ ဖြစ်သတည်း။ ဆီဥရှိသမျှကို ထာဝရဘုရားဆိုင်တော်မူ၏။
၁၆ယဇ် ပုရောဟိတ်သည် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ မွှေးကြိုင် ရာဘို့ မီး ဖြင့် ပြုသောပူဇော်သက္ကာ အစာ အာဟာရ ဖြစ်သတည်း။ ဆီဥ ရှိသမျှ ကို ထာဝရဘုရား ဆိုင်တော်မူ၏။
17 ၁၇ သင်တို့အမျိုး အစဉ်အဆက်တို့သည်၊ နေလေရာရာ၌ ဆီဥကိုမစားရ၊ အသွေးကို မစားရဟု ထာဝရ ပညတ်တော် ဖြစ်သည်ဟု မိန့်တော်မူ၏။
၁၇သင် တို့အမျိုး အစဉ်အဆက်တို့သည်၊ နေ လေ ရာရာ၌ ဆီဥ ကိုမ စား ရ၊ အသွေး ကို မစားရဟု ထာဝရ ပညတ် တော် ဖြစ်သည်ဟု မိန့်တော်မူ၏။

< ဝတ်ပြုရာ 3 >