< ဝတ်ပြုရာ 27 >
1 ၁ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
Og Herren talede til Mose og sagde:
2 ၂ လူသည် သစ္စာဂတိပြု၍ ပူဇော်လျှင်၊ ပူဇော်အပ်သော သူသည်၊ သင်အဘိုးပြတ်သည်အတိုင်း ထာဝရ ဘုရား၏ ဘဏ္ဍာတော် ဖြစ်ရမည်။
Tal til Israels Børn og du skal sige til dem: Naar nogen gør et særligt Løfte, efter din Vurdering paa Personer, til Herren,
3 ၃ သင်သည် အဘယ်မျှ အဘိုးပြတ်ရမည်နည်းဟူမူကား၊ ယောက်ျားကို အသက်နှစ်ဆယ်မှသည် ခြောက်ဆယ်တိုင်အောင်၊ အကျပ်တော်အလိုက် ငွေအကျပ်ငါးဆယ်နှင့် အဘိုးပြတ်ရမည်။
da skal din Vurdering være for en Mandsperson, fra den, som er tyve Aar gammel, og indtil den, som er tresindstyve Aar gammel, ja din Vurdering skal være halvtredsindstyve Sekel Sølv, efter Helligdommens Sekel.
4 ၄ မိန်းမဖြစ်လျှင်၊ ငွေအကျပ်သုံးဆယ်နှင့် အဘိုးပြတ်ရမည်။
Og dersom det er en Kvinde, da skal din Vurdering være tredive Sekel.
5 ၅ အသက်ငါးနှစ်မှသည် ဆယ်နှစ်တိုင်အောင်၊ ယောက်ျားကို အကျပ်နှစ်ဆယ်၊ မိန်းမကို အကျပ်တဆယ် နှင့် အဘိုးပြတ်ရမည်။
Og om nogen er fra fem Aar gammel og indtil ty ve Aar gammel, da skal din Vurdering være for en Mandsperson tyve Sekel, men for en Kvinde ti Sekel.
6 ၆ အသက်တလမှသည် ငါးနှစ်တိုင်အောင်၊ ယောက်ျားကို ငွေငါးကျပ်၊ မိန်းမကို သုံးကျပ်နှင့် အဘိုး ပြတ်ရမည်။
Og dersom nogen er fra een Maaned gammel og indtil fem Aar gammel, da skal din Vurdering være for et Drengebarn fem Sekel Sølv, og for et Pigebarn skal din Vurdering være tre Sekel Sølv.
7 ၇ အသက်ခြောက်ဆယ်လွန်လျှင်၊ ယောက်ျားကို ဆယ်ငါးကျပ်၊ မိန်းမကို တဆယ်နှင့် အဘိုးပြတ်ရမည်။
Men dersom nogen er fra tresindstyve Aar gammel og derover, dersom det er en Mandsperson, da skal din Vurdering være femten Sekel, og for en Kvinde ti Sekel.
8 ၈ သင်အဘိုးပြတ်သည်အတိုင်း၊ မတတ်နိုင်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ ချဉ်းကပ်၍၊ ယဇ်ပုရောဟိတ် သည် သစ္စာဂတိပြုသောသူ တတ်နိုင်သမျှအတိုင်း အဘိုးပြတ်ရမည်။
Men dersom han er for fattig til denne din Vurdering, da skal man stille ham for Præstens Ansigt, og Præsten skal vurdere ham; efter det, som dens Haand, der gjorde det Løfte, formaar, skal Præsten vurdere ham.
9 ၉ လူသည် တိရစ္ဆာန်ကို ထာဝရဘုရားအား ပူဇော်လျှင်၊ ပူဇော်သမျှသည် သန့်ရှင်းရမည်။
Og dersom det er Dyr, af hvilke de ville ofre et Offer for Herren, da skal alt det være helligt, som man giver Herren deraf.
10 ၁၀ ကောင်းသည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ၊ တကောင်အတွက် တကောင်ကို မလဲရ။ လဲလိုလျှင်၊ နှစ်ကောင် စလုံး သန့်ရှင်းရမည်။
Man skal ikke bytte det og ej veksle det, et godt for et slet, eller et slet for et godt; men dersom nogen dog veksler et Dyr for et andet Dyr, da skal det ske, at baade dette og det, som det veksles med, skal være helligt.
11 ၁၁ ထာဝရဘုရားအား မပူဇော်အပ်၊ မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင်၊ ယဇ်ပုရောဟိတ်အား ပြ၍၊
Men dersom det er urene Dyr, af hvilke de ikke skulle ofre Offer for Herren, da skal man stille samme Dyr for Præstens Ansigt.
12 ၁၂ ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ် အဘိုးပြတ်ရမည်။ ယဇ်ပုရောဟိတ် ပြတ်သည် အတိုင်း အဘိုးရှိရမည်။
Og Præsten skal vurdere det, om det er godt eller slet; efter din, Præstens, Vurdering skal det være.
13 ၁၃ ပူဇော်သော သူသည် ရွေးလိုလျှင်၊ အဘိုးရင်းနှင့် ငါးစုတစုကို ထပ်၍ ပေးရမည်။
Men vil nogen dog løse det, da skal han give femte Delen til, over din Vurdering.
14 ၁၄ လူသည် မိမိအိမ်ကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊ ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ် အဘိုးပြတ်ရမည်။ ယဇ်ပုရောဟိတ်ပြတ်သည်အတိုင်း အဘိုးရှိရမည်။
Og naar nogen helliger sit Hus, at det skal være helligt for Herren, da skal Præsten vurdere det, om det er godt eller slet; lige som Præsten vurderer det, saa skal det staa fast.
15 ၁၅ ထိုအိမ်ကို သန့်ရှင်းစေသောသူ ရွေးလိုလျှင်၊ ပြတ်သောအဘိုးရင်းနှင့် ငါးစုတစုကို ပေး၍ အိမ်ကို ယူရမည်။
Men dersom han, som har helliget det, vil løse sit Hus, da skal han lægge den femte Del af din Vurderingssum til, saa maa det høre ham til.
16 ၁၆ လူသည် ကိုယ်ပိုင်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊ မုယောမျိုးစေ့ ကြဲရသည် အတိုင်း အဘိုးပြတ်ရမည်။ မျိုးစေ့ တဩမဲကြဲရသော လယ်ကို၊ ငွေအကျပ် ငါးဆယ်နှင့် အဘိုးပြတ် ရမည်။
Og dersom nogen helliger Herren noget af sin Ejendoms Ager, da skal din Vurdering være i Forhold til Udsæden derpaa, en Homer Bygsæd for halvtredsindstyve Sekel Sølv.
17 ၁၇ ယုဘိလနှစ်မှစ၍ မိမိလယ်ကို သန့်ရှင်းစေလျှင်၊ ပြတ်သည်အတိုင်း အဘိုးရှိရမည်။
Dersom han helliger sin Ager fra Jubelaaret, da skal den staa i Værd efter din Vurdering.
18 ၁၈ ယုဘိလနှစ်လွန်မှ မိမိလယ်ကို သန့်ရှင်းစေလျှင်၊ နောင် ယုဘိလနှစ်မှီအောင် လိုသေးသော နှစ်ပေါင်းကို၊ ယဇ်ပုရောဟိတ် ရေတွက်၍ ပြတ်သော အဘိုးရင်းငွေကို လျှော့ရမည်။
Men dersom han har helliget sin Ager efter Jubelaaret, da skal Præsten beregne ham dens Værd i Forhold til de Aar, som ere tilovers indtil Jubelaaret, og der skal afkortes i din Vurdering.
19 ၁၉ မိမိလယ်ကို သန့်ရှင်းစေသော သူသည် ရွေးလိုလျှင်၊ ပြတ်သော အဘိုးရင်းနှင့် ငါးစုတစုကို ပေး၍ လယ်ကို အပိုင်ယူရမည်။
Men dersom han, som helligede Ageren, vil endelig løse den, da skal han lægge den femte Part af din Vurderingssum dertil, saa skal den overdrages ham.
20 ၂၀ သို့မဟုတ် လယ်ကိုမရွေးလို၊ အခြားသောသူအား ရောင်းမိလျှင်၊ နောက်တဖန် မရွေးရ။-
Men dersom han ikke vil løse Ageren, og dersom man sælger Ageren til en anden Mand, da skal den ikke ydermere løses.
21 ၂၁ ယုဘိလနှစ်တွင် ထိုလယ်သည် အမှုလွတ်သောအခါ၊ ကျိန်ဆိုသောလယ်ကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်း၍ ယဇ်ပုရောဟိတ်၏ ဥစ္စာဖြစ်ရမည်။
Og den Ager skal være Herren en Hellighed, naar den gives fri i Jubelaaret, som en bandlyst Ager; den skal tilhøre Præsten som Ejendom.
22 ၂၂ လူသည် ကိုယ်ပိုင်ရင်းမဟုတ်၊ ဝယ်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊-
Men dersom nogen helliger Herren en Ager, som han har købt, som ikke er af hans Ejendoms Agre,
23 ၂၃ ယုဘိလနှစ်တိုင်အောင် ပြတ်သောအဘိုးကို၊ ယဇ်ပုရောဟိတ်ရေတွက်၍၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသောနေ့၌ အဘိုးပြတ်သောငွေကို ပေးရမည်။
da skal Præsten beregne ham din Vurderings Sum indtil Jubelaaret, saa skal han paa den samme Dag give din Vurdering, og den skal være Herren helliget.
24 ၂၄ ယုဘိလနှစ်ရောက်သောအခါ၊ ထိုလယ်ကို အရင်ပိုင်၍ ရောင်းသောသူ လက်သို့ ပြန်စေရမည်။
Udi Jubelaaret skal Ageren komme igen til den, hvem han købte den af, til ham, hvis Ejendom i Landet den var.
25 ၂၅ အဘိုးပြတ်လေရာရာ၌ အကျပ်တော်အလိုက် ပြတ်ရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။
Og al din Vurdering skal ske efter Helligdommens Sekel; en Sekel skal være tyve Gera.
26 ၂၆ ထာဝရဘုရား ပိုင်ထိုက်သော တိရစ္ဆာန်သားဦးကို၊ အဘယ်သူမျှ မသန့်ရှင်းစေရ။ နွားဖြစ်စေ၊ သိုးဆိတ် ဖြစ်စေ၊ ထာဝရဘုရားဥစ္စာဖြစ်၏။
Dog det førstefødte, hvilket formedelst Førstefødselen hører Herren til, iblandt Dyr, det skal ingen hellige ham; være sig Okse eller Faar, saa hører det Herren til.
27 ၂၇ မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင်၊ အဘိုးပြတ်သည်အတိုင်း ရွေး၍၊ ငါးစုတစုကို ထပ်၍ ပေးရမည်။ မရွေးလိုလျှင်၊ အဘိုးပြတ်သည်အတိုင်း ရောင်းရမည်။
Og dersom det er et urent Dyr, da skal man løse det efter din Vurdering og lægge den femte Part deraf dertil; og dersom det ikke løses, da skal det sælges efter din Vurdering.
28 ၂၈ သို့ရာတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ကိုယ်ပိုင်ရင်းလယ်ဖြစ်စေ၊ ထာဝရဘုရားအား ကျိန်ဆို၍ ပူဇော်သမျှကို မရောင်းမရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအား အလွန်သန့် ရှင်းရမည်။-
Dog skal intet bandlyst Gods, som nogen under Band har helliget Herren, af alt det hans er, enten af Mennesker eller Dyr eller af hans Ejendoms Mark, sælges eller løses; thi alt saadant bandlyst Gods er højhelligt for Herren.
29 ၂၉ လူကိုပင် ကျိန်ဆို၍ ပူဇော်လျှင်၊ နောက်တဖန် မရွေးရ၊ သတ်ရမည်။
Intet bandlyst, som vorder bandlyst iblandt Mennesker, skal løses, det skal visselig dødes.
30 ၃၀ စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသော အသီးအနှံ ဆယ်စုတစုသည် ထာဝရဘုရား၏ ဘဏ္ဍာတော် ဖြစ်၏။ ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။
Og al Tienden af Landet, af Jordens Sæd og af Træers Frugt, hører Herren til; den er helliget for Herren.
31 ၃၁ ဆယ်စုတစုကို ရွေးလိုလျှင်၊ အဘိုးရင်းနှင့်ငါးစုတစုကို ထပ်၍ ပေးရမည်။
Men vil nogen dog løse noget af sin Tiende, da skal han lægge den femte Part deraf dertil.
32 ၃၂ နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌ သွားသမျှသော အကောင် ဆယ်စုတစုသည်၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းရမည်။
Og al Tiende af stort Kvæg og smaat Kvæg, af alt det, som gaar forbi under Kæppen, den Tiende skal være Herren en Hellighed.
33 ၃၃ ကောင်းသလော၊ ညံ့သလောဟု မမေးမစစ်ရ။ တကောင်အတွက် တကောင်ကို မလဲရ။ လဲလိုလျှင် နှစ်ကောင်စလုံး သန့်ရှင်းရမည်။ အလျှင်းမရွေးရဟု မိန့်တော်မူ၏။
Man skal ikke undersøge, om det er godt eller slet, og ikke veksle det; men dersom man dog veksler det, da skal det ske, at baade dette og det, som det veksles med, skal være en Hellighed, det skal ikke løses.
34 ၃၄ ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဘို့ မောရှေ၌ ထားတော်မူသော ပညတ်တော်များ ဖြစ်သတည်း။
Disse ere Budene, hvilke Herren befalede Mose til Israels Børn, paa Sinai Bjerg.