< ဝတ်ပြုရာ 22 >
1 ၁ တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-
І Господь промовляв до Мойсея, говорячи:
2 ၂ အာရုန်နှင့်သူ၏သားတို့သည် ငါ့အဘို့ သန့်ရှင်းစေသောအရာအားဖြင့်၊ သန့်ရှင်းသော ငါ၏ နာမတော်ကို မရှုတ်မချဘဲ၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသော အရာများနှင့် ကိုယ်ကိုကိုယ် ကွာစေရမည် အကြောင်း ဆင့်ဆိုလော့။ ငါသည် ထာဝရဘုရားဖြစ်၏။
„Промовляй до Аарона й до синів його, і нехай вони обере́жно поводяться зо святощами Ізраїлевих синів, які вони посвячують Мені, і нехай не безчестять Мого святого Ймення. Я — Господь!
3 ၃ ထာဝရဘုရားအဘို့ ဣသရေလအမျိုးသား သန့်ရှင်းစေသဖြင့်၊ သန့်ရှင်းခြင်းရှိသော အရာတို့ကို၊ ကိုယ်မစင်ကြယ်လျက်နှင့် ချဉ်းကပ်သော ယဇ်ပုရောဟိတ် အမျိုးသား မည်သည်ကား၊ ငါ့ထံမှ ပယ်ရှင်းခြင်းကို ခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
Скажи їм: На ваші покоління кожен чоловік, що набли́зиться зо всякого вашого насіння до святощів, які Ізраїлеві сини посвятять Господе́ві, а нечистість його на нім, то буде винищена душа та з-перед лиця Мого. Я — Господь!
4 ၄ နူနာ၊ ရိနာစွဲသော အာရုန်၏ အမျိုးသား မည်သည်ကား၊ မစင်ကြယ်မှီတိုင်အောင် သန့်ရှင်းသော အရာကို မစားရ။ အသေကောင်နှင့်ဆိုင်၍ မသန့်ရှင်းသောအရာကို ထိသောသူ၊ သုတ်ရည်ထွက်သောသူ၊-
Кожен чоловік з Ааро́нового насіння, коли він прокаже́ний або течи́вий, не буде їсти зо святощів, аж поки очиститься. А хто доторкнеться всякого нечистого від мертвого тіла, або чоловік, що з нього вийде насіння лежа́ння,
5 ၅ ညစ်ညူးစေ၍ တွားတတ်သော တိရစ္ဆာန်ကိုထိသောသူ၊ ညစ်ညူးခြင်းတစုံတခုစွဲ၍ ညစ်ညူးသောသူ၊ ထိုသို့သောသူကို ထိသမျှသော သူတို့သည်၊-
або хто доторкнеться до всякого плазуна́, через якого він стане нечистий, або до людини́, через яку стане нечистий, через усяку нечистість її, —
6 ၆ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ ကိုယ်ကို ရေမချိုးဘဲနေလျှင်၊ သန့်ရှင်းသောအရာကို မစားရ။
особа, що доторкнеться до того, то стане нечиста аж до вечора, і не буде їсти зо святощів, поки не обмиє свого тіла в воді.
7 ၇ နေဝင်သောနောက်မှ သန့်ရှင်းခြင်းသို့ ရောက်သည်ဖြစ်၍၊ သန့်ရှင်းသောအရာသည် သူတို့ စားစရာဖြစ်သောကြောင့်၊ ထိုနောက်မှ စားရကြမည်။
А коли за́йде сонце, то стане він чистий, а потім буде їсти зо святощів, бо це хліб його.
8 ၈ အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူးစေ၍ မစားရ။ ငါသည် ထာဝရဘုရားဖြစ်၏။
Па́дла та розша́рпаного не буде він їсти, щоб не занечиститись ним. Я — Господь!
9 ၉ ယဇ်ပုရောဟိတ်တို့သည် ငါ့ပညတ်တော်ကို ဖျက်သဖြင့်၊ ကိုယ်အပြစ်ကိုခံလျက် မသေရမည်အကြောင်း ငါ့ပညတ်တရားကို စောက်ရှောက်ရကြမည်။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ၏။
І будуть вони стерегти́ Мої при́кази, — щоб не понести через те гріха́ на собі, і щоб не померти через нього, коли б збезче́стили їх. Я — Господь, що освячує їх!
10 ၁၀ တပါးအမျိုးသားသည် သန့်ရှင်းသောအရာကို မစားရ။ ယဇ်ပုရောဟိတ်၌ တည်းနေသော ဧည့်သည် မစားရ။ သူငှါးလည်း မစားရ။
А кожен чужий не буде їсти святощів; осілий у священика й на́ймит не будуть їсти святощів.
11 ၁၁ ယဇ်ပုရောဟိတ်သည် ကိုယ်ငွေနှင့် ဝယ်သောသူ၊ သူ၏ အိမ်၌မွေးသောသူသည် သူ၏အစာကို စားရမည်။
А коли священик купить чоловіка, — купівля срібла його це, — той буде їсти їх, також уро́джений дому його, — вони будуть їсти його хліб.
12 ၁၂ ယဇ်ပုရောဟိတ်သမီးသည် တပါးအမျိုးသား၏ မယားဖြစ်လျှင်၊ သန့်ရှင်းသော ပူဇော်သက္ကာအရာကို မစားရ။
А священикова дочка́, коли буде видана чужому чоловікові, вона не буде їсти принесених святощів.
13 ၁၃ သို့ရာတွင် လင်သေသော်၎င်း၊ လင်နှင့်ကွာသော်၎င်း၊ သားမရှိဘဲ မိမိအဘအိမ်သို့ပြန်၍ ငယ်စဉ် အခါနေသကဲ့သို့ နေပြန်လျှင်၊ အဘ၏အစာကို စားရမည်။ တပါးအမျိုးသားမစားရ။
А священикова дочка́, коли буде вдова, або розве́дена, а дітей не має, і ве́рнеться до дому свого батька, — як за мо́лодости своєї, буде їсти з хліба ба́тька свого. А кожен чужий не буде їсти його.
14 ၁၄ လူသည် သန့်ရှင်းသောအရာကို မသိဘဲ စားမိလျှင်၊ စားမိသောအရာ၏ အဘိုးနှင့်တကွ ငါးစုတစု ကိုထပ်၍ ယဇ်ပုရောဟိတ်အား ပေးရမည်။
А чоловік, коли з'їсть святощі через по́милку, то докладе до неї п'яту частину її, і віддасть священикові ті святощі,
15 ၁၅ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအား ပူဇော်၍၊ သန့်ရှင်းသောအရာတို့ကို မရှုတ်မချရ။
і священики не збезчестять святощів Ізра́їлевих синів, що вони приносять Господе́ві,
16 ၁၆ ထိုအရာတို့ကို စားမိ၍ ပြစ်မှားသောအပြစ်ကို မခံစေရ။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ သည်ဟု မိန့်တော်မူ၏။
і не стягнуть на себе вини за провину їдження своїх святощів. Бо Я — Господь, що освячує їх“.
17 ၁၇ တဖန်မောရှေအား ထာဝရဘုရားက သင်သည် အာရုန်နှင့် သူ၏သား ဣသရေလအမျိုးသား အပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊-
I промовляв Господь до Мойсея, говорячи:
18 ၁၈ ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါး အမျိုးသားဖြစ်စေ၊ သစ္စာဂတိ ရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရ ဘုရားအား ပူဇော်လိုလျှင်၊-
„Промовляй до Ааро́на й до синів його, та до всіх Ізраїлевих синів, і скажеш їм: Кожен чоловік з Ізраїлевого дому та з прихо́дька між Ізраїлем, що принесе свою жертву за всякими своїми обі́тницями та за всякими дарува́ннями своїми, що принесе Господе́ві на цілопа́лення,
19 ၁၉ စိတ်တော်နှင့်တွေ့ခြင်းငှါ၊ အပြစ်မပါသောသိုး၊ ဆိတ်၊ နွားအထီးကို ပူဇော်ရမည်။
то нехай принесе на вподобання ваше безвадного самця́ з худоби великої, з овець і з кіз.
20 ၂၀ အပြစ်ပါသော အကောင်ကို မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။
Жодного, що в нім вада, не принесете, бо не буде воно на вподо́бання вас.
21 ၂၁ သစ္စာဂတိရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာ သိုး၊ ဆိတ်၊ နွားကို ထာဝရဘုရားအား ယဇ်ပူဇော်လိုလျှင်၊ စိတ်တော်နှင့် တွေ့ခြင်းငှါ စုံလင်ရမည်။ အပြစ်တစုံတခုမျှ မရှိရ။
А чоловік, коли принесе Господе́ві мирну жертву на виразно ви́словлену обі́тницю або на дарунок, із худоби великої чи з худоби дрібної, — безвадна буде на вподо́бання, жодна вада не буде в ній:
22 ၂၂ မျက်စိကန်းသောအပြစ်၊ အရိုးကျိုးသောအပြစ်၊ အင်္ဂါချို့တဲ့သောအပြစ်၊ မြင်းဖုရှိသောအပြစ်၊ ဝဲနာ၊ ယားနာစွဲသောအပြစ်၊ တစုံတခုရှိလျှင်၊ ထာဝရဘုရားအား မပူဇော်ရ။ ယဇ်ပလ္လင်ပေါ်မှာ ထာဝရ ဘုရားအား မီးဖြင့် ပူဇော်သက္ကာမပြုရ။
сліпа, або зла́мана, або скалічена, або шолуди́ва, або коро́стява, або паршива, — не принесете тих Господеві, і жертви огняно́ї не дасте з них на жертівника для Господа.
23 ၂၃ သို့ရာတွင် အင်္ဂါပိုခြင်း၊ ချို့တဲ့ခြင်း အပြစ်ရှိသော သိုး၊ ဆိတ်၊ နွားကို အလိုလို ပူဇော်သက္ကာဘို့ ပူဇော်ရမည်။ သစ္စာဂတိနှင့်ဆိုင်၍ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။
А вола та вівцю з занадто довгим чи занадто коротким яким членом добровільно принесеш у жертву, а на обі́тницю вони не вгодні Богові.
24 ၂၄ ကြိတ်နယ် စုတ်ပြတ်ရာ အနာရှိသော အထီးကို ထာဝရဘုရားအား မပူဇော်ရ။ သင်တို့ပြည်၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမပြုရ။
А того, що має ядра розчавлені, чи збиті, чи відірвані, чи відрізані, — не піднесете Господе́ві, і в вашому Кра́ї не зробите того.
25 ၂၅ ထိုသို့သောအကောင်ကို တပါးအမျိုးသား ဆက်သော်လည်း ပျက်သောအပြစ်ပါသောကြောင့်၊ သင်တို့၏ ဘုရားသခင့်ပွဲတော်ဘို့ မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့ဟု မိန့်တော်မူ၏။
І з руки чужи́нця не принесете хліба нашого Бога зо всіх таких, бо в них зіпсуття їх, вада в них, — вони не будуть вгодні для вас“.
26 ၂၆ တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-
І Господь промовляв до Мойсея, говорячи:
27 ၂၇ သိုး၊ ဆိတ်၊ နွားတို့သည် မွေးဘွားသောအခါ ခုနစ်ရက်အတွင်းတွင် သားငယ်ကို အမိနှင့် မကွာစေရ။ အဋ္ဌမနေ့မှစ၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာဘို့တော်သင့်၏။
„Віл, або вівця, або коза, коли вродиться, то буде сім день під своєю матір'ю, а від дня во́сьмого й далі буде вгодне на жертву огняну́ для Господа.
28 ၂၈ နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ သားအမိနှစ်ကောင်ကို တနေ့ခြင်းတွင် မသတ်ရ။-
А корови та вівці, — її й маля́ її не заріжете одно́го дня.
29 ၂၉ ကျေးဇူးတော်ဝန်ခံရာယဇ်ကို ထာဝရဘုရားအား ပူဇော်လိုလျှင်၊ စိတ်တော်နှင့်တွေ့ခြင်းငှါ ပူဇော်လော့။ တနေ့ခြင်းတွင် စားရမည်။ နက်ဖြန်နေ့တိုင်အောင် မကြွင်းစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။
А коли будете прино́сити вдячну жертву для Господа, то приносьте так, щоб вона була вгодна.
30 ၃၀ သင်တို့သည် ငါ့ပညတ်တို့ကို ကျင့်စောင့်ရကြမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
Того дня буде вона з'їджена, — не зоставите з неї аж до ра́нку. Я — Господь!
31 ၃၁ သန့်ရှင်းသော ငါ၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရား သန့်ရှင်းတော်မူသည်ဟု ဣသရေလ အမျိုးသားတို့သည် ထင်မှတ်ရကြမည်။
І заповіді Мої будете додержувати, і будете виконувати їх. Я — Господь!
32 ၃၂ ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်ခြင်းငှါ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍၊ သန့်ရှင်းစေသော ထာဝရဘုရားဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
І не будете безчестити Мого святого Ймення, і Я буду освячений серед Ізраїлевих синів. Я — Господь, що освячує вас,
що вивів вас із єгипетського кра́ю, щоб бути вашим Богом. Я — Господь!“