< ဝတ်ပြုရာ 21 >

1 တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့အားဆင့်ဆို ရမည်မှာ၊ အမျိုးသားချင်း သေသောအတွက် သင်တို့တွင် အဘယ်သူမျှ ညစ်ညူးခြင်းမရှိရ။
And Jehovah said to Moses, Speak to the priests, the sons of Aaron, and say to them, There shall none defile himself for the dead among his people,
2 သို့ရာတွင် ပေါက်ဘော်ရင်းတည်းဟူသော မိဘ၊ သားသမီး၊ ညီအစ်ကို၊-
except for his kin, who is near to him: for his mother, and for his father, and for his son, and for his daughter, and for his brother.
3 လင်မနေသော ကညာနှမရင်းအတွက် ညစ်ညူးခြင်းကို ခံရသော အခွင့်ရှိ၏။
And for his sister a virgin, who is near to him, who has had no husband, for her he may defile himself.
4 အမျိုးသားချင်း သူကြီးအတွက်၊ ကိုယ်ကိုကိုယ်ရှုတ်ချ၍ ညစ်ညူးခြင်းမရှိရ။
He shall not defile himself, who is a chief man among his people, to profane himself.
5 ယဇ်ပုရောဟိတ်သည် ဆံပင်ကို မရိတ်ရ။ ပါးမုန်းကို မရိတ်ရ။ အသား၌ ခုတ်ရှခြင်းကို မပြုရ။
They shall not make baldness upon their head, neither shall they shave off the corner of their beard, nor make any cuttings in their flesh.
6 သူသည် မိမိဘုရားသခင်အဘို့ သန့်ရှင်းရမည်။ မိမိဘုရားသခင်၏ နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မိမိဘုရားသခင်၏ အစာအာဟာရကို ပူဇော်သော ကြောင့် သန့်ရှင်းခြင်းရှိရမည်။
They shall be holy to their God, and not profane the name of their God. For they offer the offerings of Jehovah made by fire, the bread of their God. Therefore they shall be holy.
7 သူသည် ပြည်တန်ဆာမိန်းမ၊ သီလပျက်သောမိန်းမ၊ လင်နှင့်ကွာသောမိန်းမနှင့် မစုံဘက်ရ။ မိမိဘုရား သခင်အဘို့ သန့်ရှင်း၏။
They shall not take a woman who is a harlot, or profane, neither shall they take a woman put away from her husband, for he is holy to his God.
8 သင်၏ ဘုရားသခင်ပွဲတော်ကို ဆက်သောကြောင့်၊ သူ့ကို သန့်ရှင်းစေ၍၊ သူသည် သင့်အဘို့ သန့်ရှင်းရမည်။ သင်တို့ကို သန့်ရှင်းစေသော ငါထာဝရဘုရား သန့်ရှင်း၏။
Thou shall sanctify him therefore, for he offers the bread of thy God. He shall be holy to thee, for I Jehovah, who sanctify you, am holy.
9 ယဇ်ပုရောဟိတ်သမီးသည်၊ ပြည်တန်ဆာလုပ်၍ ကိုယ့်ကိုကိုယ်ရှုတ်ချလျှင်၊ မိမိအဘကို ရှုတ်ချရာ ရောက်၏။ ထိုသူကို မီးရှို့ရမည်။
And the daughter of any priest, if she profanes herself by playing the harlot, she profanes her father. She shall be burnt with fire.
10 ၁၀ မိမိအမျိုးသားချင်းတို့တွင်၊ အဝတ်တန်ဆာဆင်လျက်၊ အရာ၌ ခန့်ထား၍ မိမိခေါင်းပေါ်မှာ ဆီလောင်းခြင်း ဘိသိက်ကိုခံသော ယဇ်ပုရောဟိတ်မင်းသည်၊ မိမိခေါင်း၌ တန်ဆာကို မချွတ်ရ။ မိမိအဝတ်ကို မဆုတ်ရ။
And he who is the high priest among his brothers, upon whose head the anointing oil is poured, and who is consecrated to put on the garments, shall not let the hair of his head go loose, nor tear his clothes,
11 ၁၁ အသေကောင်ကို မချဉ်းရ။ မိဘအတွက် ညစ်ညူးခြင်းကို မခံရ။
neither shall he go in to any dead body, nor defile himself for his father, or for his mother,
12 ၁၂ သန့်ရှင်းရာဌာနတော်ထဲက မထွက်ရ။ မိမိဘုရားသခင်၏ သန့်ရှင်းရာဌာနတော်ကို မရှုတ်မချရ။ အကြောင်းမူကား၊ မိမိဘုရားသခင်၏ ဘိသိက်ဆီနှင့်ဆိုင်သော သင်းကျစ်ကို ဆောင်းရသောသူ ဖြစ်၏။ ငါသည် ထာဝရဘုရား ဖြစ်၏။
neither shall he go out of the sanctuary, nor profane the sanctuary of his God, for the crown of the anointing oil of his God is upon him. I am Jehovah.
13 ၁၃ ယဇ်ပုရောဟိတ်မင်းသည်၊ အပျိုကညာနှင့်သာစုံဘက်ရမည်။
And he shall take a wife in her virginity.
14 ၁၄ မုတ်ဆိုးမ၊ လင်နှင့်ကွာသောမိန်းမ၊ သီလပျက်သောမိန်းမ၊ ပြည်တန်ဆာမိန်းမနှင့် မစုံဘက်ရ။ မိမိအမျိုးသားချင်း အပျိုကညာနှင့်သာ စုံဘက်ရမည်။
A widow, or one divorced, or a profane woman, a harlot, these he shall not take, but he shall take to wife a virgin of his own people.
15 ၁၅ မိမိသားကို၊ အမျိုးသားချင်းတို့တွင် မရှုတ်မချရ။ ငါထာဝရဘုရားသည်၊ ယဇ်ပုရောဟိတ်မင်းကို သန့်ရှင်းစေသည်ဟု မိန့်တော်မူ၏။
And he shall not profane his seed among his people, for I am Jehovah who sanctifies him.
16 ၁၆ တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ၊-
And Jehovah spoke to Moses, saying,
17 ၁၇ သင်၏ အမျိုးအစဉ်အဆက်တွင် ကိုယ်၌အပြစ်ရှိသောသူသည်၊ မိမိဘုရားသခင်၏ ပွဲတော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။
Speak to Aaron, saying, Whoever he is of thy seed throughout their generations who has a blemish, let him not approach to offer the bread of his God.
18 ၁၈ မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ နှာခေါင်းပိသောသူ၊ အင်္ဂါပိုလွန်သောသူ၊-
For whatever man he is who has a blemish, he shall not approach: not a blind man, or a lame man, or he who has a flat nose, or anything superfluous,
19 ၁၉ လက်ကျိုးသောသူ၊ ခြေကျိုးသောသူ၊
or a man who is broken-footed, or broken-handed,
20 ၂၀ ကျောကုန်းသောသူ၊ ပုသောသူ၊ မျက်စိနာသောသူ၊ ဝဲစွဲသောသူ၊ ယားနာစွဲသောသူ၊ ဝှေးစေ့ပျက်သော သူသည် မချဉ်းမကပ်ရ။-
or crook-backed, or a dwarf, or who has a blemish in his eye, or is scurvy, or scabbed, or has his testicles broken.
21 ၂၁ ယဇ်ပုရောဟိတ် အာရုန်အမျိုးတွင်၊ ကိုယ်၌ အပြစ်ပါသောသူ တစုံတယောက်မျှ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ ကိုယ်၌ အပြစ်ပါသောကြောင့်၊ မိမိဘုရားသခင်၏ မုန့်တော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ -
No man of the seed of Aaron the priest, who has a blemish, shall come near to offer the offerings of Jehovah made by fire; he has a blemish, he shall not come near to offer the bread of his God.
22 ၂၂ သန့်ရှင်းသော မုန့်ဖြစ်စေ၊ အလွန်သန့်ရှင်းသော မုန့်ဖြစ်စေ၊ မိမိဘုရားသခင်၏ မုန့်တော်ကို စားရမည်။
He shall eat the bread of his God, both of the most holy, and of the holy,
23 ၂၃ ကိုယ်၌ အပြစ်ပါသောကြောင့်၊ ငါ့သန့်ရှင်းရာ ဌာနအရပ်တို့ကို ရှုတ်ချမည်ကို စိုးရိမ်၍၊ ကုလားကာ အတွင်းသို့ မဝင်ရ။ ယဇ်ပလ္လင်သို့ မချဉ်းမကပ်ရ။ ငါထာဝရဘုရားသည် ထိုအရပ်တို့ကို သန့်ရှင်းစေ သည်ဟု မိန့်တော်မူ၏။
only he shall not go in to the veil, nor come near to the altar, because he has a blemish, that he not profane my sanctuaries, for I am Jehovah who sanctifies them.
24 ၂၄ မောရှေသည် အာရုန်နှင့် သူ၏သား ဣသရေလ အမျိုးသားအပေါင်းတို့အား ဆင့်ဆိုလေ၏။
So Moses spoke to Aaron, and to his sons, and to all the sons of Israel.

< ဝတ်ပြုရာ 21 >