< ဝတ်ပြုရာ 20 >
1 ၁ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
Господ говори още на Моисея, казвайки:
2 ၂ ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့် ပစ်ရကြမည်။
Да речеш на израилтяните: Който от израилтяните, или от заселените в Израиля чужденци, даде от семето си на Молоха, непременно да се умъртви; людете на земята да го убият с камъни.
3 ၃ ငါ့သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေလျက်၊ ငါ့သန့်ရှင်းသော နာမတော်ကို ရှုတ်ချလျက်၊ မိမိ သားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူကို၊ ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
Също Аз ще насоча лицето Си против оня човек и ще го изтребя изсред людете му, защото е дал от семето си на Молоха, та е омърсил светилището Ми и е осквернил светото Ми Име.
4 ၄ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သော သူကို ပြည်သားတို့သည် အမှုမထား မသတ်ဘဲ နေလျှင်၊-
И ако по какъв да е начин людете на земята затворят очите си, за да не видят тоя човек, когато дава от семето си на Молоха, и не го погубят,
5 ၅ ထိုသို့ နေသောသူနှင့် သူ၏ အိမ်သူအိမ်သားတို့ကို ငါသည် မျက်နှာထား၍ ထိုသူကို၎င်း၊ သူနှင့်အတူ မောလုတ်ဘုရားထံ၍ မှားယွင်းသောသူကို၎င်း၊ သူတို့အမျိုးမှ ပယ်ရှင်းမည်။
тогава Аз ще насоча лицето Си против тоя човек и против семейството му, и ще изтребя изсред людете им него и всички, които го последват в блудството, за да блудствуват след Молоха.
6 ၆ လမ်းလွဲ၍ နတ်ဝင်သူ၊ စုန်းလုပ်သူနောက်သို့ လိုက်လျက်၊ မှားယွင်းသောသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
И човек, който се отнесе към запитвачите на зли духове и към врачовете за да блудствува след тях, против оня човек Аз ще насоча лицето Си и ще го изтребя изсред людете му.
7 ၇ သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်း စေ၍၊ သန့်ရှင်းခြင်းရှိကြလော့။
И тъй, осветете се и бъдете свети, защото Аз съм Господ вашият Бог;
8 ၈ ငါ့နည်းနိဿယတို့ကို ကျင့်ဆောင်ရကြမည်။ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရား ဖြစ်၏။
и да пазите повеленията Ми и да ги вършите. Аз съм Господ, Който ви освещавам.
9 ၉ မိဘကို ကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သော အပြစ်ရှိ၏။
Всеки, който прокълне баща си или майка си, непременно да се умъртви; баща си или майка си е проклел; кръвта му да бъде върху него.
10 ၁၀ သူ့မယားကို ပြစ်မှားသောသူသည် မှားယွင်းသော မိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။
Ако прелюбодействува някой с чужда жена, тоест, ако прелюбодействува някой с жената на ближния си, непременно да се умъртви и прелюбодеецът и прелюбодейката.
11 ၁၁ ကိုယ်အဘ၏ မယားနှင့်သင့်နေသောသူသည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
Който легне с жената на баща си, бащината голота е открил; непременно и двамата да се умъртвят; кръвта им да бъде върху тях.
12 ၁၂ ယောက်ျားသည် ကိုယ်ချွေးမနှင့် သင့်နေလျှင်၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဘွယ်သော ရောနှောခြင်း ကို ပြုသောကြောင့် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
И ако някой легне със снаха си, непременно и двамата да се умъртвят; мърсота са извършили; кръвта им да бъде върху тях.
13 ၁၃ မိန်းမနှင့်ပေါင်းဘော်သကဲ့သို့ ယောက်ျားခြင်းပေါင်းဘော်လျှင် ထိုသူနှစ်ယောက်တို့သည်၊ ရွံရှာဘွယ် သောအမှုကို ပြုသောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
Ако някой легне с мъжко, като с женско, и двамата са извършили гнусота; непременно да се умъртвят; кръвта им да бъде върху тях.
14 ၁၄ ယောက်ျားသည် သမီးနှင့်အမိကို မယားပြုလျှင်၊ မတရားသောအမှုဖြစ်၏။ သင်တို့တွင် မတရားသော အမှုမရှိစေခြင်းငှါ၊ ထိုသူသုံးယောက်တို့ကို မီးရှို့ရမည်။
Ако някой вземе жена и майка й, това е беззаконие; с огън да се изгорят и той и те, за да няма беззаконие между вас.
15 ၁၅ ယောက်ျားသည် တိရစ္ဆာန်နှင့် ပေါင်းဘော်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန်ကို လည်း သတ်ရမည်။
Ако някой се съвъкупи с животно, той непременно да се умъртви, и животното да убиете.
16 ၁၆ မိန်းမသည်လည်း၊ မိမိနှင့်တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကိုခံလျှင်၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
И ако се приближи жена при какво да е животно, за да се съвъкупи с него, да убиеш и жената и животното; непременно да се умъртвят; кръвта им да бъде върху тях.
17 ၁၇ ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သော မိမိနှမနှင့်သင့်နေလျှင်၊ မတရားသော အမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ ရှေ့မှောက်၌ ပယ်ရှင်းခြင်းကို ခံရကြမည်။ ထိုယောက်ျား သည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကို ခံရမည်။
Ако някой вземе сестра си, дъщеря на баща си, или дъщеря на майка си, и види голотата й, и тя види неговата голота, това е нечестие, да се изтребят пред очите на людете си; голотата на сестра си е открил; ще носи беззаконието си.
18 ၁၈ ယောက်ျားသည် ဥတုရောက်လျက်ရှိသော မိန်းမနှင့်သင့်နေလျှင်၊ ထိုသူတို့သည် သဘောတူ၍ သွေး သွန်အနာကို ထင်ရှားစေသောကြောင့်၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကို ခံရကြမည်။
И който легне с жена, която е в нечистотата си, и открие голотата й, той е открил течението й, и тя е открила течението на кръвта си; за това, да се изтребят и двамата изсред людете си.
19 ၁၉ အဘ၏နှမ၊ အမိ၏ညီမနှင့်မသင့်မနေရ။ ထိုသို့သော ပေါက်ဘော်ရင်းနှင့် သင့်နေသောသူတို့သည် မိမိအပြစ်ကို ခံရကြမည်။
Голотата на майчината си сестра или на бащината си сестра да не откриеш; защото, който е сторил това, открил е голотата на близките си роднини; те ще носят беззаконието си.
20 ၂၀ အဘ၏ ညီအစ်ကိုမယားနှင့် သင့်နေလျှင်၊ အဘ၏ ညီအစ်ကိုနှင့်သာဆိုင်သော အရာကို ပြစ်မှား သောကြောင့်၊ ထိုသူတို့သည် မိမိအပြစ်ကိုခံရသဖြင့်၊ တသက်လုံးသားမရဘဲ နေရလိမ့်မည်။
И ако някой легне със стрина си, голотата на стрина си е открил; те ще носят греха си; бездетни ще умрат.
21 ၂၁ ညီအစ်ကို၏ မယားနှင့် သင့်နေလျှင် ညစ်ညူးသောအမှုဖြစ်၏။ ညီအစ်ကိုနှင့်သာ ဆိုင်သောအရာ ကိုပြစ်မှားသောကြောင့် ထိုသူတို့သည် သားမရဘဲနေရလိမ့်မည်။
И ако някой вземе братовата си жена, това е нечистота; братовата си голота е открил; баздетни ще останат.
22 ၂၂ သင်တို့ကို ငါ ပို့ဆောင်၍ နေရာချသော ပြည်သည် မအော့အန်စေခြင်းငှါ၊ သင်တို့သည် ငါစီရင် ထုံးဖွဲ့သမျှတို့ကို ကျင့်ဆောင်ရမည်။
Пазете, прочее, всичките Ми повеления и всичките Ми съдби та ги извършвайте, за да не ви избълва земята, гдето Аз ви завеждам да живеете в нея.
23 ၂၃ သင်တို့ရှေ့မှ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့၏ ဘာသာဓလေ့သို့ မလိုက်ရ။ သူတို့သည် ထိုသို့သော အမှုခပ်သိမ်းတို့ကို ပြုသောကြောင့် ငါရွံရှာ၏။
И да не ходите по обичаите на населението, което Аз изпъждам отпред вас; защото те извършиха всички тия гнусоти, и затова Аз се погнусих от тях.
24 ၂၄ သူတို့ပြည်တည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်ကို သင်တို့သည် အမွေခံစေခြင်းငှါ ငါအပိုင်ပေး မည်ဟု ငါ့အမိန့်တော်ရှိပြီ။ ငါသည် သင်တို့ကို အခြားသော အမျိုးနှင့်ခွဲထားသော သင်တို့ဘုရားသခင် ထာဝရဘုရားဖြစ်၏။
А на вас съм казал: Вие ще наследите земята им, и Аз ще я дам на вас за притежание, земя гдето текат мляко и мед. Аз съм Господ вашият Бог, който ви отделих от племената.
25 ၂၅ ထိုအကြောင်းကြောင့်၊ စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ စင်ကြယ်သောငှက်၊ မစင်ကြယ် သောငှက်တို့ကို ပိုင်းခြားရမည်။ ငါခွဲထားသည်အတိုင်း၊ မစင်ကြယ်သောသား၊ ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တစုံတခုအားဖြင့် ကိုယ်ကိုကိုယ် ရွံရှာဘွယ် မဖြစ်စေရ။
За това, правете разлика между чистите животни и нечистите, и между нечистите птици и чистите; и да не осквернявате себе си с животно, или с птица, или с какво да е що пълзи на земята, които Аз ви отделих като нечисти.
26 ၂၆ ငါထာဝရဘုရား သန့်ရှင်းသည်ဖြစ်၍၊ သင်တို့ကို ငါအလိုရှိသဖြင့်၊ အခြားသော အမျိုးနှင့် ခွဲထားသောကြောင့်၊ ငါ့အဘို့ သန့်ရှင်းခြင်းရှိရကြမည်။
И бъдете свети на Мене; защото Аз, Иеова съм свет, и ви отделих от племената за да бъдете Мои.
27 ၂၇ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ နတ်ဝင်သောသူ၊ စုန်းလုပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုသို့သောသူကို ခဲနှင့်ပစ်ရကြမည်။ သူ၌ သေထိုက်သော အပြစ်ရှိသည်ဟု မိန့်တော်မူ၏။
Също мъж или жена, която запитва зли духове, или е врач, непременно да се умъртви; с камъни да ги убият; кръвта им да бъде върху тях.