< ဝတ်ပြုရာ 2 >
1 ၁ ထာဝရဘုရားအား ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ မုန့်ညက်ကို ဆက်ရမည်။ မုန့်ညက်အပေါ်မှာ ဆီကိုလောင်း၍၊ လောဗန်ကိုလည်း ထည့်ပြီးမှ၊
Aa naho eo ty mibanabana enga-mahakama am’ Iehovà, le mona-disañe ty hengae’e, naho hañiliña’e menake, vaho hampipoha’e emboke;
2 ၂ အာရုန်၏သားယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တလက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှကို ယူ၍၊ ထိုအတွက် အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
hendese’e amo ana’ i Aharone mpisoroñeo, le hañakatse ty mahàtsa-pitàñe amo monao naho amo mena’eo mitraok’ amy ze hene embo’e, le hengae’ i mpisoroñey ho tiahy, hatoeñe amy kitreliy, enga oroañe an’ afo, hàñim-pañanintsiñe am’ Iehovà.
3 ၃ ကျန်ကြွင်းသော ဘောဇဉ် ပူဇော်သက္ကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဘို့ ဖြစ်ရမည်။ ထာဝရ ဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။
Ho a i Aharone naho o ana’eo ty tsy ri’ i mona nengaeñey; ie miava-do’e amo soroñañe am’Iehovào.
4 ၄ မီးဖို၌ ဖုတ်သောမုန့်ကို ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ ဆီနှင့် မုန့်ညက်ဖြင့် လုပ်သော တဆေးမဲ့ မုန့်ပြားသော်၎င်း၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်သော်၎င်း ဖြစ်ရမည်။
Aa ihe mibanabana enga-mahakama nimasaheñe an-toñake, le mofo tsy aman-dalivay ama’ mona linaro menake; ndra mofo tseake matify po-dalivay hinoso-menake.
5 ၅ သံပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ ဆီရော၍ တဆေးမပါသော မုန့်ညက် နှင့် လုပ်ရမည်။
Aa naho banabanae’o ty enga-mahakama nimasaheñe am-pinga, le ho mona tsy aman-dalivay linaro menake.
6 ၆ ထိုမုန့်ကို ချိုးဖဲ့၍ ဆီကို လောင်းရမည်။ ဘောဇဉ် ပူဇော်သက္ကာ ဖြစ်သတည်း။
Peñapeñafo vaho añiliño menake: enga-mahakama izay.
7 ၇ အိုးကင်းနှင့် ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ ဆီရောသော မုန့်ညက်နှင့် လုပ်ရမည်။
Aa naho banabanae’o ty enga-mahakama nimasaheñe am-balàñe, le hanoeñe ami’ty mona linaro menake.
8 ၈ ထိုဘောဇဉ် ပူဇော်သက္ကာအမျိုးမျိုးတို့ကို၊ ထာဝရဘုရား အထံတော်သို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ် အား ဆက်ပြီးမှ၊ သူသည် ယဇ်ပလ္လင်သို့ ဆောင်ခဲ့ရမည်။
Ie banabanae’o ho enga-mahakama am’ Iehovà, amy nanoeñe rezay, le hatolotse amy mpisoroñey le ie ty hanese aze mb’amy kitreliy mb’eo,
9 ၉ ထိုဘောဇဉ် ပူဇော်သက္ကာထဲက အတွက်အတာကို နှိုက်ယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။
le hangalà’ i mpisoroñey tiahy i enga mahakamay vaho hengae’e an-katoeñe amy kitreliy; ho enga oroañe añ’afo, hàñim-pañanintsiñe am’ Iehovà.
10 ၁၀ ကျန်ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဘို့ ဖြစ်ရမည်။ ထာဝရ ဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။
Le ho a i Aharone naho o ana’eo ty tsy ri’ i enga-mahakamay, ie miava-do’e amo soroñañe am’Iehovào.
11 ၁၁ ထာဝရဘုရားအား ဆက်သော ဘောဇဉ်ပူဇော်သက္ကာ၌ တဆေးမပါရ။ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုသောအခါ၊ တဆေးကို မီးမရှို့ရ။ ပျားရည်ကိုလည်း မရှို့ရ။
Tsy anoeñe aman-dalivay ze mahakama engaeñe am’ Iehovà; toe tsy hengaeñe an-katoeñe ho enga oroañe añ’afo am’Iehovà ty lalivay ndra tantele.
12 ၁၂ အဦးသီးသော အသီးအနှံကို ပူဇော်သော အမှုမှာ၊ တဆေးနှင့် ပျားရည်ကို၊ ထာဝရဘုရားအား ပူဇော်ရသော်လည်း၊ မွှေးကြိုင်ရာဘို့ ယဇ်ပလ္လင်ပေါ်မှာ မီးမရှို့ရ။
Mete engaeñe ho lengom-boa am’ Iehovà, f’ie tsy hengaeñe ho hàñim-pañanintsiñe an-kitrely.
13 ၁၃ ဘောဇဉ် ပူဇော်သက္ကာပြုလေရာရာ၌ ဆားခပ်ရမည်။ သင်ပြုသော ဘောဇဉ် ပူဇော်သက္ကာ၌၊ သင်၏ ဘုရားသခင် ပဋိညာဉ်ဆားကို မခပ်ဘဲမနေရ။
Mbore ho sirae’o aman-tsira ze hene mahakama engae’o, tsy hado’o tsy ho amy ze enga mahakama’o iaby ty siram-pañinan’ Añahare’o. Engao aman-tsira ze hene engae’o.
14 ၁၄ အဦးသီးသော အသီးအနှံကို၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ စပါးနှံကို အရည်စစ် အောင် မီးနားမှာ ထား၍၊ စပါးစေ့ကို ပွတ်ယူပြီးမှ၊-
Ie banabanae’o am’Iehovà ty enga-mahakama anoeñe loha-voñe, le ampemba vao natono an’ afo, voam-bora’e vao nilisaneñe ro hengaeñe ho enga-mahakaman-dengo’e.
15 ၁၅ ဆီကိုလောင်း၍၊ လောဇန်ကိုတင်လျက်၊ ပူဇော်သက္ကာကို ပြုရမည်။ ဘောဇဉ် ပူဇော်သက္ကာ ဖြစ်သတည်း။
Hosoro menake le ampipoho emboke, enga-mahakama izay.
16 ၁၆ ပွတ်ယူသော စပါးစေ့အချို့၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ထိုဘောဇဉ် ပူဇော်သက္ကာအတွက် အတာကို၊ ယဇ်ပုရောဟိတ်သည် မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။
Hengae’ i mpisoroñey an-katoeñe ty tiahy amy ampemba-lisañey naho ty tampa’ i menakey vaho ty embo’e iaby ho enga oroañ’ an’ afo am’ Iehovà.